ရခုိင္နဲ႔ ျမစ္၀ကၽြန္းေပၚေဒသ အားျပင္းဆုိင္ကလုန္းမုန္တုိင္း ႐ုိက္ခတ္ခံရႏုိင္

(ဓာတ္ပံု - မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန - ေမ ၁၈၊ ၂၀၂၀)
(Zawgyi/Unicode)

ဘဂၤလားပင္လယ္ေအာ္မွာ လက္ရွိျဖစ္ေပၚေနတဲ့ ဆိုင္ကလုန္းမုန္တိုင္း Amphan ဟာ ဒီေန႔ ညေနပိုင္းမွာ အလြန္႔အလြန္အားေကာင္းတဲ့အဆင့္ကေန စူပါဆိုင္ကလုန္းမုန္တိုင္းအဆင့္ကို ေရာက္ရွိလာၿပီး တစ္နာရီ ၁၃၅ မိုင္ႏႈန္းအထိ ရွိေနတဲ့သတင္းကို တင္ျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပေပးပါမယ္။

ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ဆိုင္ကလုန္းမုန္တိုင္းဟာ စေနေန႔က ဆိုင္ကလုန္း မုန္တိုင္းအဆင့္ကို ေရာက္ရွိခဲ့ၿပီး ဒီကေန႔ မနက္ပိုင္းမွာ အလြန္႔အလြန္အားေကာင္းတဲ့ ဆိုင္ကလုန္းမုန္တိုင္း အျဖစ္ေျပာင္းလဲခဲ့တာပါ။

ဒီကေန႔ ညေနပိုင္းမွာေတာ့ အလြန္႔အလြန္အားေကာင္းတဲ့ ဆိုင္ကလုန္းမုန္တိုင္းအဆင့္ကေန ပိုၿပီးအားေကာင္းတဲ့ စူပါဆိုင္ကလုန္းမုန္တိုင္းအျဖစ္ ေရာက္ရွိလာေၾကာင္း မိုးေလ၀သနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနက ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာမိုးေက်ာ္ဦးက ေျပာပါတယ္။

“လက္ရွိကေတာ့ Super Cyclonic မုန္တိုင္းအဆင့္ကို ေရာက္သြားၿပီေပါ့ေနာ္။ ေလတိုက္ႏႈန္းကေတာ့ တစ္နာရီကို ၁၃၅ မိုင္ေလာက္ရွိတယ္။ အဲဒါကို သတင္းထုတ္ဖို႔ က်ေနာ္တို႔ တိုင္းထြာေနပါတယ္။”

တိုင္းထြာခ်က္ေတြအရ ဆိုင္ကလုန္း Amphan ဟာ ေျမာက္ဘက္ကို ဦးတည္ေရႊ႕လ်ားေနေၾကာင္းနဲ႔ လာမယ့္ ၂၀ ရက္ေန႔မွာ အိႏိၵယနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံအၾကားကေန ကုန္းတြင္းပိုင္းကို ၀င္ေရာက္ဖြယ္ရွိေၾကာင္းလည္း အခုလို ဆက္ေျပာပါတယ္။

"ခန္႔မွန္းထားတဲ့အတိုင္းပဲေပါ့ေနာ္။ လက္ရွိအခ်ိန္အထိေတာ့ မေျပာင္းေသးဘူး။ ၂၀ ရက္ေန႔ည၊ ညပိုင္းေလာက္မွာေပါ့။ အိႏိၵယႏိုင္ငံ အေနာက္ဘဂၤလားျပည္နယ္အစပ္နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အစပ္ေလာက္ကေနၿပီးေတာ့မွ ကမ္းကို ျဖတ္မယ္ေပါ့ေနာ္။ ဒီ ကမ႓ာမိုးေလ၀သ၊ မုန္တိုင္းစင္တာႀကီးေတြရဲ႕ ခန္႔မွန္းခ်က္ေတြအရ အကုန္လံုးက တစ္ခုနဲ႔ တစ္ခု မကြာဘူးေပါ့ေနာ္။ အားလံုးလည္းပဲ တူညီၿပီးသား နည္းနည္းေလးပဲ ကမ္း၀င္ဥစၥာေလးေတြမွာ နည္းနည္းေလးပဲ အခ်ိန္ကြာတယ္။ က်န္တာ အကုန္နီးပါးအတူျဖစ္တဲ့အတြက္ေၾကာင့္ လက္ရွိအေနအထားအရေတာ့ ခန္႔မွန္းထားတဲ့ လမ္းေၾကာင္း မေျပာင္းေသးဘူး။ ”

မုန္တိုင္းဟာ ျမန္မာႏိုင္ငံကို ဦးမတည္ေပမဲ့ ရခိုင္နဲ႔ ျမစ္၀ကြ်န္းေပၚအပါအ၀င္ ကမ္း႐ိုးတမ္းေဒသေတြဟာ မုန္တိုင္းအ၀န္းအဝိုင္းထဲမွာ က်ေရာက္ေနတာေၾကာင့္ သတိထားၾကဖို႔လည္း ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။

“ရခိုင္တို႔ ျမစ္၀ကြ်န္းေပၚတို႔မွာေတာ့ မုန္တိုင္းေတာ့ တိုက္႐ိုက္ မက်ေရာက္ေပမဲ့ မုန္တိုင္းအရွိန္ေၾကာင့္ေပါ့။ ရခိုင္တို႔ဆိုရင္ အေပၚတက္လာရင္ အ၀န္းအဝိုင္းထဲမွာ နည္းနည္းေလး က်ေရာက္ေနတဲ့အခ်ိန္က်ေတာ့ ကမ္း႐ိုးတန္း တေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္ေတြမွာေတာ့ ရံဖန္ရံခါ မိုးသက္ေလျပင္းက်ၿပီး လိႈင္းျပင္းထန္မယ္ေပါ့။ အဲလို မိုးသက္ေလျပင္းက်တဲ့အခ်ိန္မွာလည္း ေျမျပင္ေရျပင္ေလဟာ တစ္နာရီ ၉၅ မိုင္ေလာက္အထိ တိုက္ႏိုင္တဲ့အေနအထားရွိတယ္ေပါ့ေနာ္။ အဓိကကေတာ့ သူ႔ရဲ႕ အလံုးအထည္က အေတာ္ေလး ႀကီးတယ္။ ကမ္း႐ိုးတန္း တေလွ်ာက္လံုး သတိထားႏိုင္မွ ရမွာ။ သူရဲ႕ဒီလိႈင္း ခန္႔မွန္းခ်က္ေတြမွာေတာ့ သူက ျမစ္၀ကြ်န္းေပၚေလာက္အထိမွာကို လိႈင္းက ၁၄ ေပ၊ ၁၅ေပေလာက္အထိရွိမယ္။ ေနာက္ရက္ေတြက်ရင္။”

မုန္တိုင္းဦးတည္ခ်က္ဟာ လက္ရွိေျမာက္ဘက္ကေန အေရွ႕ေျမာက္ဘက္ကို ေျပာင္းမယ္လာရင္ သတိထားဖို႔ လိုအပ္သလို ဒီရက္ပိုင္းအတြင္း ပင္လယ္ျပင္ခရီးသြားတာ၊ ငါးဖမ္းတာေတြကို ေရွာင္ရွားသင့္ေၾကာင္း သတိေပးေျပာဆိုထားပါတယ္။

ဒီလ ၂၀ရက္ေန႔၀န္းက်င္မွာ ျမန္မာျပည္ ေတာင္ပိုင္းကို အေနာက္ေတာင္မုတ္သုန္ေလ စတင္၀င္ေရာက္မွာျဖစ္သလို မုန္တိုင္းအရွိန္ေၾကာင့္လည္း မြန္၊တနသၤာရီ ကမ္း႐ိုးတန္းမွာ မိုးသက္ေလျပင္း က်ေရာက္ႏိုင္ေၾကာင္း၊ တစ္ခါတစ္ရံ မိုးသက္ေလျပင္းဟာ ၃၄ မိုင္ကေန မိုင္ ၄၀ထိ တိုက္ခတ္ႏိုင္ေၾကာင္းနဲ႔ မုန္တိုင္းေၾကာင့္ ျမန္မာျပည္အႏွံ႔ မိုးရရွိႏိုင္သလို ေနရာကြက္က်ား မိုးႀကီးႏိုင္တာေၾကာင့္ ေတာင္က်ေခ်ာင္းေတြမွာ လွ်ပ္တျပက္ ေရႀကီးတာနဲ႔ ေျမၿပိဳတာေတြကို သတိထားဖို႔ လိုေၾကာင္းလည္း ထုတ္ျပန္ထားပါတယ္။

အိႏိၵယႏိုင္ငံ မိုးေလ၀သဌာနကေတာ့ ဆိုင္ကလုန္း Amphan ဟာ ဒီလ ၂၀ ရက္ေန႔ ေန႔ခင္း ၁၂ နာရီေလာက္မွာ အေနာက္ဘဂၤလားျပည္နယ္ကို ၀င္ေရာက္ႏိုင္ေၾကာင္း ခန္႔မွန္ထားသလို ထိခိုက္ႏိုင္တဲ့ေဒသက လူ ၁၁ သိန္းကို ေျပာင္းေရႊ႕ဖို႔ ျပင္ဆင္ေနပါတယ္။

မုိးေဇာ္  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------

[Unicode Version]

ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်ဒေသ အားပြင်းဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်ခံရနိုင်

ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း Amphan ဟာ ဒီနေ့ ညနေပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့အဆင့်ကနေ စူပါဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိလာပြီး တစ်နာရီ ၁၃၅ မိုင်နှုန်းအထိရှိနေတဲ့သတင်းကို တင်ပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ စနေနေ့က ဆိုင်ကလုန်း မုန်တိုင်းအဆင့်ကို ရောက်ရှိခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ပြောင်းလဲခဲ့တာပါ။

ဒီကနေ့ ညနေပိုင်းမှာတော့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကနေ ပိုပြီးအားကောင်းတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိလာကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးကျော်ဦးက ပြောပါတယ်။

“လက်ရှိကတော့ Super Cyclonic မုန်တိုင်းအဆင့်ကို ရောက်သွားပြီပေါ့နော်။ လေတိုက်နှုန်းကတော့ တစ်နာရီကို ၁၃၅ မိုင်လောက်ရှိတယ်။ အဲဒါကို သတင်းထုတ်ဖို့ ကျနော်တို့ တိုင်းထွာနေပါတယ်။”

တိုင်းထွာချက်တွေအရ ဆိုင်ကလုန်း Amphan ဟာ မြောက်ဘက်ကို ဦးတည်ရွှေ့လျားနေကြောင်းနဲ့ လာမယ့် ၂၀ ရက်နေ့မှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ဖွယ်ရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

"ခန့်မှန်းထားတဲ့အတိုင်းပဲပေါ့နော်။ လက်ရှိအချိန်အထိတော့ မပြောင်းသေးဘူး။ ၂၀ ရက်နေ့ည၊ ညပိုင်းလောက်မှာပေါ့။ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်အစပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစပ်လောက်ကနေပြီးတော့မှ ကမ်းကို ဖြတ်မယ်ပေါ့နော်။ ဒီ ကမ္ဘာမိုးလေဝသ၊ မုန်တိုင်းစင်တာကြီးတွေရဲ့ ခန့်မှန်းချက်တွေအရ အကုန်လုံးက တစ်ခုနဲ့ တစ်ခု မကွာဘူးပေါ့နော်။ အားလုံးလည်းပဲ တူညီပြီးသား နည်းနည်းလေးပဲ ကမ်းဝင်ဥစ္စာလေးတွေမှာ နည်းနည်းလေးပဲ အချိန်ကွာတယ်။ ကျန်တာအကုန်နီးပါးအတူဖြစ်တဲ့အတွက်ကြောင့် လက်ရှိအနေအထားအရတော့ ခန့်မှန်းထားတဲ့ လမ်းကြောင်း မပြောင်းသေးဘူး။ ”

မုန်တိုင်းဟာ မြန်မာနိုင်ငံကို ဦးမတည်ပေမဲ့ ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်အပါအဝင် ကမ်းရိုးတမ်းဒေသတွေဟာ မုန်တိုင်းအဝန်းအဝိုင်းထဲမှာ ကျရောက်နေတာကြောင့် သတိထားကြဖို့လည်း ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

“ရခိုင်တို့ မြစ်ဝကျွန်းပေါ်တို့မှာတော့ မုန်တိုင်းတော့ တိုက်ရိုက် မကျရောက်ပေမဲ့ မုန်တိုင်းအရှိန်ကြောင့်ပေါ့။ ရခိုင်တို့ဆိုရင် အပေါ်တက်လာရင် အဝန်းအဝိုင်းထဲမှာ နည်းနည်းလေး ကျရောက်နေတဲ့အချိန်ကျတော့ ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာတော့ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းပြင်းထန်မယ်ပေါ့။ အဲလို မိုးသက်လေပြင်းကျတဲ့အချိန်မှာလည်း မြေပြင်ရေပြင်လေဟာ တစ်နာရီ ၉၅ မိုင်လောက်အထိ တိုက်နိုင်တဲ့အနေအထားရှိတယ်ပေါ့နော်။ အဓိကကတော့ သူ့ရဲ့ အလုံးအထည်က အတော်လေး ကြီးတယ်။ ကမ်းရိုးတန်း တလျှောက်လုံး သတိထားနိုင်မှ ရမှာ။ သူရဲ့ဒီလှိုင်း ခန့်မှန်းချက်တွေမှာတော့ သူက မြစ်ဝကျွန်းပေါ်လောက်အထိမှာကို လှိုင်းက ၁၄ ပေ၊ ၁၅ပေလောက်အထိရှိမယ်။ နောက်ရက်တွေကျရင်။”

မုန်တိုင်းဦးတည်ချက်ဟာ လက်ရှိမြောက်ဘက်ကနေ အရှေ့မြောက်ဘက်ကို ပြောင်းမယ်လာရင် သတိထားဖို့ လိုအပ်သလို ဒီရက်ပိုင်းအတွင်း ပင်လယ်ပြင်ခရီးသွားတာ၊ ငါးဖမ်းတာတွေကို ရှောင်ရှားသင့်ကြောင်း သတိပေးပြောဆိုထားပါတယ်။

ဒီလ ၂၀ရက်နေ့ဝန်းကျင်မှာ မြန်မာပြည် တောင်ပိုင်းကို အနောက်တောင်မုတ်သုန်လေ စတင်ဝင်ရောက်မှာဖြစ်သလို မုန်တိုင်းအရှိန်ကြောင့်လည်း မွန်၊တနင်္သာရီ ကမ်းရိုးတန်းမှာ မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း၊ တစ်ခါတစ်ရံ မိုးသက်လေပြင်းဟာ ၃၄ မိုင်ကနေ မိုင် ၄၀ထိ တိုက်ခတ်နိုင်ကြောင်းနဲ့ မုန်တိုင်းကြောင့် မြန်မာပြည်အနှံ့ မိုးရရှိနိုင်သလို နေရာကွက်ကျား မိုးကြီးနိုင်တာကြောင့် တောင်ကျချောင်းတွေမှာ လျှပ်တပြက် ရေကြီးတာနဲ့ မြေပြိုတာတွေကို သတိထားဖို့ လိုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနကတော့ ဆိုင်ကလုန်း Amphan ဟာ ဒီလ ၂၀ ရက်နေ့ နေ့ခင်း ၁၂ နာရီလောက်မှာ အနောက်ဘင်္ဂလားပြည်နယ်ကို ဝင်ရောက်နိုင်ကြောင်း ခန့်မှန်ထားသလို ထိခိုက်နိုင်တဲ့ဒေသက လူ ၁၁ သိန်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။

မိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/mm-weather-cyclone-rakhine/5424279.html
ရခုိင္နဲ႔ ျမစ္၀ကၽြန္းေပၚေဒသ အားျပင္းဆုိင္ကလုန္းမုန္တုိင္း ႐ုိက္ခတ္ခံရႏုိင္ ရခုိင္နဲ႔ ျမစ္၀ကၽြန္းေပၚေဒသ အားျပင္းဆုိင္ကလုန္းမုန္တုိင္း ႐ုိက္ခတ္ခံရႏုိင္ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.