ရန္ကုန္-စစ္ေတြ ကားလမ္းေဘးက လကၠာ႐ြာ မီးေလာင္

လူမေနေတာ့တဲ့ ႐ြာေတြမွာ မီးေလာင္ခဲ့
(Zawgyi)⤵⤵⤵
ေျမာက္ဦးၿမိဳ႕နယ္ ေျမာက္ပိုင္း ငါးမိုင္ခန႔္အကြာက လကၠာေက်း႐ြာမွာ ေမလ ၁၆ ရက္ ဒီကေန႔ ေန႔လယ္ပိုင္းမွာ မီးေလာင္ခဲ့တယ္လို႔ မ်က္ျမင္ေတြ႕သူ တစ္ဦးက ေျပာပါတယ္။

ရန္ကုန္-စစ္ေတြ ကားလမ္းမ နံေဘးမွာရွိတဲ့ လကၠာေက်း႐ြာမွာ မြန္းလြဲပိုင္း ၂ နာရီေက်ာ္ေလာက္က မီးစေလာင္ေနတာကို ေတြ႕ျမင္ေနရတယ္လို႔ လကၠာေက်း႐ြာရဲ႕ အေနာက္ဘက္ ႏွစ္မိုင္ခန္႔အကြာမွာရွိတဲ့ ဗူး႐ြက္မညႇိဳး ေက်း႐ြာသားတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ေန႔လယ္ ၁၂ နာရီေက်ာ္ေလာက္မွာ အင္အား ၅၀ ဝန္းက်င္ ေလာက္ပါဝင္တဲ့ တပ္မေတာ္ စစ္ေၾကာင္းတစ္ခု အဲဒီ႐ြာဘက္ကို ဝင္သြားခဲ့ၿပီး မၾကာခင္မွာ မီးစေလာင္တာကို ေတြ႕ရတယ္လို႔ ဗူး႐ြက္မညႇိဳး ေက်း႐ြာသားက ေျပာပါတယ္။

ဒီေဒသခံေတြရဲ႕ ေျပာဆိုခ်က္ကို တပ္မေတာ္ဘက္ကိုေတာ့ ေမးျမန္းလို႔ မရေသးပါဘူး။

"တပ္မေတာ္ စစ္ေၾကာင္းက ၁၂ နာရီေက်ာ္ေလာက္မွာ ဝင္သြားတယ္။ ပစ္သံတစ္ခ်က္ၾကား လိုက္ရတယ္။… အစပိုင္းမွာေတာ့ စက္႐ုံတစ္႐ုံေလာက္က စေလာင္တယ္လို႔ထင္တယ္။ … အိမ္ေျခ ၅၀ ေလာက္ေတာ့ ေလာင္သြားၿပီလို႔ ခန႔္မွန္းရတယ္"လို႔ ဗူး႐ြက္မညႇိဳး ေက်း႐ြာသားေတြက ေျပာပါတယ္။

မီးဟာ ႐ြာရဲ႕ အေနာက္ေတာင္ဘက္က စတင္ေလာင္ကြၽမ္းခဲ့ကာ တစ္နာရီေက်ာ္ေလာက္ အၾကာမွာေတာ့ ႐ြာေတာင္ဘက္ျခမ္း တစ္ျခမ္းလုံး ေလာင္ေနတာကို ျမင္ေနရတယ္လို႔ ဗူး႐ြက္မညႇိဳးေက်း႐ြာသားေတြက ေျပာပါတယ္။

အိမ္ေျခ ၃၀၀ ဝန္းက်င္ရွိၿပီး လူမေနေတာ့တဲ့ အဲဒီ႐ြာမွာ ညေန ၃ နာရီေက်ာ္အခ်ိန္ထိ မီးေလာင္ေနတာကို အနီးက႐ြာေတြက ျမင္ေတြ႕ေနရၿပီး အိမ္ေတြဘယ္ေလာက္ထိ ေလာင္ကြၽမ္းသြားၿပီလဲဆိုတာကို မသိႏိုင္ေသးဘူးလို႔ တိမ္ညိဳစစ္ေဘးေရွာင္စခန္းကို ေရာက္ရွိေနတဲ့ လကၠာေက်း႐ြာသား ဦးေမာင္ေစာသိန္းက ေျပာပါတယ္။
 ေက်ာက္ေတာ္နဲ႔ ရေသ့ေတာင္မွာ မီးေလာင္မႈေတြ အမ်ားဆုံးျဖစ္ခဲ့တယ္
လကၠာေက်း႐ြာဟာ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲျဖစ္စဥ္ ေနာက္ပိုင္းမွာ ေက်း႐ြာသားေတြ ထြက္ေျပးသြားခဲ့ၾကတာျဖစ္ၿပီး အဲ့ဒီေက်း႐ြာမွာ ျပန္လည္လာေရာက္ေနထိုင္သူေတြ မရွိေတာ့ေပမယ့္ ေန႔ဘက္မွာ သူတို႔ရဲ႕ ေနအိမ္ေတြနဲ႔ အလုပ္အကိုင္ေတြကို လာေရာက္ေစာင့္ေရွာက္ၾကသူ တခ်ိဳ႕ေတာ့ရွိေနတယ္လို႔ ဆိုပါတယ္။

လကၠာေက်း႐ြာသားေတြဟာ အခုအခါမွာ တိမ္ညိဳ ဒုကၡသည္စခန္း၊ ဘုရားလွ ဒုကၡသည္စခန္း၊ ပီပင္ရင္းဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကၿပီး သူတို႔ရဲ႕ေက်း႐ြာကို ျပန္လည္သြားေရာက္ေနထိုင္ဖို႔အတြက္ လုံၿခဳံမႈမရွိေတာ့ဘူးလို႔ ေျပာပါတယ္။

ဗူး႐ြက္မညႇိဳး ေက်း႐ြာရဲ႕ အေရွ႕ဘက္ တံတားအနီးမွာ ည ၁၁ နာရီေလာက္က ၁၀ မိနစ္ခန႔္အၾကာ တိုက္ပြဲငယ္တစ္ခုျဖစ္ပြားတာ ရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေျမာက္ဦး ေျမာက္ပိုင္းဟာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့တဲ့ ေဒသတစ္ခု ျဖစ္ေပမယ့္ အခု ၂၀၂၀ အတြင္းမွာေတာ့ တိုက္ပြဲမရွိတာ ၂ လေက်ာ္ေလာက္ ရွိေနၿပီလည္း ျဖစ္ပါတယ္။

လကၠာေက်း႐ြာ အနီးဝန္းက်င္ဟာ တိုက္ပြဲေတြ မၾကာခဏ ျဖစ္ပြားခဲ့ဖူးတဲ့ ေနရာတစ္ခုျဖစ္ၿပီး ၿပီးခဲ့တဲ့လ အနည္းငယ္အတြင္းကလည္း တိုက္ပြဲေတြအတြင္း လက္နက္ႀကီးက်ည္ေတြ က်ေရာက္ၿပီး ေနအိမ္တစ္ေဆာင္ မီးေလာင္မႈ ျဖစ္ပြားခဲ့ဖူးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

လကၠာေက်း႐ြာအျပင္ အဲ့ဒီအနီးဝန္းက်င္မွာ ဗူး႐ြက္မညႇိဳး၊ ဘုရားႀကီး၊ ေအာက္သကန္၊ ေဝသာလီ၊ ေပါက္ေတာျပင္ စတဲ့ေက်း႐ြာေတြရွိေနၿပီး ေက်း႐ြာအမ်ားစုမွာေတာ့ လူေတြမေနၾကေတာ့ဘဲ စစ္ေဘးေရွာင္စခန္းေတြမွာ သြားေရာက္ေနထိုင္ေနၾကတာ တစ္ႏွစ္ေက်ာ္ခန႔္ ၾကာျမင့္ေနၿပီလည္း ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ တစ္ႏွစ္ေက်ာ္အၾကာ တိုက္ပြဲေတြအတြင္း မီးေလာင္ခဲ့တဲ့ ေက်း႐ြာေပါင္း ၃၂ ႐ြာထိ ရွိလာေနၿပီျဖစ္ကာ ေက်ာက္ေတာ္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ အမ်ားဆုံး ျဖစ္ၾကပါတယ္။

BBC Burmese
-------------------------------
(Unicode)⤵⤵⤵
ရန်ကုန်-စစ်တွေ ကားလမ်းဘေးက လက္ကာရွာ မီးလောင်

မြောက်ဦးမြို့နယ် မြောက်ပိုင်း ငါးမိုင်ခန့်အကွာက လက္ကာကျေးရွာမှာ မေလ ၁၆ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ မီးလောင်ခဲ့တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

ရန်ကုန်-စစ်တွေ ကားလမ်းမ နံဘေးမှာရှိတဲ့ လက္ကာကျေးရွာမှာ မွန်းလွဲပိုင်း ၂ နာရီကျော်လောက်က မီးစလောင်နေတာကို တွေ့မြင်နေရတယ်လို့ လက္ကာကျေးရွာရဲ့ အနောက်ဘက် နှစ်မိုင်ခန့်အကွာမှာရှိတဲ့ ဗူးရွက်မညှိုး ကျေးရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

နေ့လယ် ၁၂ နာရီကျော်လောက်မှာ အင်အား ၅၀ ဝန်းကျင် လောက်ပါဝင်တဲ့ တပ်မတော် စစ်ကြောင်းတစ်ခု အဲဒီရွာဘက်ကို ဝင်သွားခဲ့ပြီး မကြာခင်မှာ မီးစလောင်တာကို တွေ့ရတယ်လို့ ဗူးရွက်မညှိုး ကျေးရွာသားက ပြောပါတယ်။

ဒီဒေသခံတွေရဲ့ ပြောဆိုချက်ကို တပ်မတော်ဘက်ကိုတော့ မေးမြန်းလို့ မရသေးပါဘူး။

"တပ်မတော် စစ်ကြောင်းက ၁၂ နာရီကျော်လောက်မှာ ဝင်သွားတယ်။ ပစ်သံတစ်ချက်ကြား လိုက်ရတယ်။… အစပိုင်းမှာတော့ စက်ရုံတစ်ရုံလောက်က စလောင်တယ်လို့ထင်တယ်။ … အိမ်ခြေ ၅၀ လောက်တော့ လောင်သွားပြီလို့ ခန့်မှန်းရတယ်"လို့ ဗူးရွက်မညှိုး ကျေးရွာသားတွေက ပြောပါတယ်။

မီးဟာ ရွာရဲ့ အနောက်တောင်ဘက်က စတင်လောင်ကျွမ်းခဲ့ကာ တစ်နာရီကျော်လောက် အကြာမှာတော့ ရွာတောင်ဘက်ခြမ်း တစ်ခြမ်းလုံး လောင်နေတာကို မြင်နေရတယ်လို့ ဗူးရွက်မညှိုးကျေးရွာသားတွေက ပြောပါတယ်။

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး လူမနေတော့တဲ့ အဲဒီရွာမှာ ညနေ ၃ နာရီကျော်အချိန်ထိ မီးလောင်နေတာကို အနီးကရွာတွေက မြင်တွေ့နေရပြီး အိမ်တွေဘယ်လောက်ထိ လောင်ကျွမ်းသွားပြီလဲဆိုတာကို မသိနိုင်သေးဘူးလို့ တိမ်ညိုစစ်ဘေးရှောင်စခန်းကို ရောက်ရှိနေတဲ့ လက္ကာကျေးရွာသား ဦးမောင်စောသိန်းက ပြောပါတယ်။

လက္ကာကျေးရွာဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ် နောက်ပိုင်းမှာ ကျေးရွာသားတွေ ထွက်ပြေးသွားခဲ့ကြတာဖြစ်ပြီး အဲ့ဒီကျေးရွာမှာ ပြန်လည်လာရောက်နေထိုင်သူတွေ မရှိတော့ပေမယ့် နေ့ဘက်မှာ သူတို့ရဲ့ နေအိမ်တွေနဲ့ အလုပ်အကိုင်တွေကို လာရောက်စောင့်ရှောက်ကြသူ တချို့တော့ရှိနေတယ်လို့ ဆိုပါတယ်။

လက္ကာကျေးရွာသားတွေဟာ အခုအခါမှာ တိမ်ညို ဒုက္ခသည်စခန်း၊ ဘုရားလှ ဒုက္ခသည်စခန်း၊ ပီပင်ရင်းဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပြီး သူတို့ရဲ့ကျေးရွာကို ပြန်လည်သွားရောက်နေထိုင်ဖို့အတွက် လုံခြုံမှုမရှိတော့ဘူးလို့ ပြောပါတယ်။

ဗူးရွက်မညှိုး ကျေးရွာရဲ့ အရှေ့ဘက် တံတားအနီးမှာ ည ၁၁ နာရီလောက်က ၁၀ မိနစ်ခန့်အကြာ တိုက်ပွဲငယ်တစ်ခုဖြစ်ပွားတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦး မြောက်ပိုင်းဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ဒေသတစ်ခု ဖြစ်ပေမယ့် အခု ၂၀၂၀ အတွင်းမှာတော့ တိုက်ပွဲမရှိတာ ၂ လကျော်လောက် ရှိနေပြီလည်း ဖြစ်ပါတယ်။

လက္ကာကျေးရွာ အနီးဝန်းကျင်ဟာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ဖူးတဲ့ နေရာတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းကလည်း တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပြီး နေအိမ်တစ်ဆောင် မီးလောင်မှု ဖြစ်ပွားခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက္ကာကျေးရွာအပြင် အဲ့ဒီအနီးဝန်းကျင်မှာ ဗူးရွက်မညှိုး၊ ဘုရားကြီး၊ အောက်သကန်၊ ဝေသာလီ၊ ပေါက်တောပြင် စတဲ့ကျေးရွာတွေရှိနေပြီး ကျေးရွာအများစုမှာတော့ လူတွေမနေကြတော့ဘဲ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်နေထိုင်နေကြတာ တစ်နှစ်ကျော်ခန့် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တစ်နှစ်ကျော်အကြာ တိုက်ပွဲတွေအတွင်း မီးလောင်ခဲ့တဲ့ ကျေးရွာပေါင်း ၃၂ ရွာထိ ရှိလာနေပြီဖြစ်ကာ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အများဆုံး ဖြစ်ကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52692682
ရန္ကုန္-စစ္ေတြ ကားလမ္းေဘးက လကၠာ႐ြာ မီးေလာင္ ရန္ကုန္-စစ္ေတြ ကားလမ္းေဘးက လကၠာ႐ြာ မီးေလာင္ Reviewed by THITHTOOLWIN on 22:38 Rating: 5
Powered by Blogger.