ေတာင္ကုတ္ စည္ပင္ဥကၠ႒ အပါအဝင္ သုံးဦးကို အၾကမ္းဖက္ တိုက္ဖ်က္ေရးပုဒ္မနဲ႔ အမႈဖြင့္

ေတာင္ကုတ္ၿမိဳ႕နယ္တရား႐ုံးမွာ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ အပါအဝင္ သုံးဦးကို ၂၀၂၀ ေမ ၁၁ရက္ေန႔က ႐ုံးထုတ္စဥ္ / Photo: U Tin Nyo's facebook
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးေဇယ်ေက်ာ္၊ ၿမိဳ႕နယ္ စည္ပင္သာယာေရး ဥကၠ႒ေဟာင္း ဦးစန္းေဝနဲ႔ ရခိုင္အမ်ိဳးသားပါတီ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ဒုဥကၠ႒ ဦးေဝ ေသာင္းတို႔ သုံးဦးကို ၿမိဳ႕နယ္တရား႐ုံးက အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀ (က)နဲ႔ အမႈဖြင့္ၿပီး အခ်ဳပ္ယမန္ယူခဲ့တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးတင္ညိဳက ေျပာပါတယ္။

“ေတာင္ကုတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးေဇယ်ေက်ာ္၊ အရင္က ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ လုပ္ခဲ့တဲ့ ဦးစန္းေဝ၊ ကြၽန္ေတာ္တို႔ ရခိုင္အမ်ိဳးသားပါတီက ၿမိဳ႕နယ္ အလုပ္အမႈေဆာင္ ဒုဥကၠ႒ ဦးေဝေသာင္း ဒီေန႔မနက္မွာ ဖမ္းတယ္။ အဲဒီ သုံးဦးကို ေတာင္ကုတ္ၿမိဳ႕နယ္ တရား႐ုံးက ဒီေန႔မွာပဲ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀ (က) နဲ႔ အခ်ဳပ္ယမန္ယူတယ္ေလ။”

ရခိုင္အမ်ိဳးသားပါတီ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ဒုဥကၠ႒ ဦးေဝေသာင္းကိုေတာ့ ဒီကေန႔မနက္ပိုင္းက ဖမ္းဆီး ေခၚေဆာင္သြားတာျဖစ္ၿပီး သုံးဦးလုံးကို ဒီကေန႔ တရား႐ုံးထုတ္ အမႈဖြင့္ ယမန္ယူခဲ့တာလို႔ ေရွ႕ေန ဦးတင္ညိဳက ေျပာပါတယ္။

အလားတူ စည္ပင္ဥကၠ႒ေဟာင္း ဦးစန္းေဝကို ေမလ ၁၀ ရက္ မေန႔က ဖမ္းဆီးသြားတာျဖစ္ပါတယ္။ အလားတူ လက္ရွိစည္ပင္ဥကၠ႒ ဦးေဇယ်ေက်ာ္ကို ၿပီးခဲ့တဲ့ ေမလ ၉ ရက္ေန႔က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ မႉးနဲ႔ သတင္းရဲတပ္ဖြဲ႕၊ တပ္မေတာ္ စစ္ဘက္ေရးရာ လုံၿခဳံေရးအဖြဲ႕ (စရဖ) အဖြဲ႕ေတြက လာေရာက္ ဖမ္းဆီးသြား တာျဖစ္ပါတယ္။

စည္ပင္ဥကၠ႒ ဦးေဇယ်ေက်ာ္ကို ဆက္လက္ ေမးျမန္းစစ္ေဆးခ်င္တာေၾကာင့္ ပုဒ္မတပ္ၿပီး ယမန္ ၁၅ ရက္ယူ တာလို႔ ဦးေဇယ်ေက်ာ္ရဲ႕ ဇနီးျဖစ္သူ ေဒၚဟန္စုက ေျပာပါတယ္။

“ယမန္ယူၿပီး ျပန္ထြက္လာေတာ့ သူ႔ကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ၅၀ (က)နဲ႔ ယမန္ ၁၅ ရက္ယူတယ္။ သူ႔ကို စိတ္မပူပါနဲ႔လို႔ ေျပာသြားတယ္။ သိရတာကေတာ့ စစ္ေဆးတဲ့အခါ ဒီဘက္မွာ သက္ေသအေထာက္ အထားလို႔ေပါ့ေနာ္ ဆက္ၿပီးေတာ့ စစ္ေဆးခ်င္ေသးလို႔ ပုဒ္မတပ္ၿပီးေတာ့ ယမန္ဆက္ယူတဲ့ သေဘာျဖစ္တယ္”

တရား႐ုံးကေန အိမ္ျပန္ေရာက္ခ်ိန္မွာ ဦးေဇယ်ေက်ာ္ အပါအဝင္ သုံးဦးကို ရန္ကုန္ၿမိဳ႕ကို ေခၚေဆာင္သြားေၾကာင္း အသိတစ္ေယာက္က ဖုန္းဆက္ေျပာၾကားေၾကာင္း ဦးေဇယ်ေက်ာ္ရဲ႕ ဇနီး ေဒၚဟန္စုက ေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ RFA က သီးျခားအတည္ျပဳႏိုင္တာေတာ့ မရွိေသးပါဘူ။

လက္ရွိစည္ပင္ ဥကၠ႒ ဦးေဇယ်ေက်ာ္ဟာ စည္ပင္လုပ္ငန္းစဥ္ေတြကို ေဆာင္႐ြက္ေနသလို ေတာင္ကုတ္ၿမိဳ႕နယ္ ကိုဗစ္ ၁၉ ကာကြယ္ေရးလုပ္ငန္းေတြမွာလည္း ေဒသအာဏာပိုင္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနသူ ျဖစ္တယ္လို႔ ၿမိဳ႕ခံေတြက ဆိုပါတယ္။

သက္ဆိုင္ရာ တာဝန္ရွိသူေတြအေနနဲ႔ ဘာေၾကာင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ ယမန္ယူၿပီး စစ္ေဆးလဲဆိုတာ တိတိက်က် ေျပာဆိုတာ မရွိဘူးလို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေတာင္ကုတ္ၿမိဳ႕မရဲစခန္းက စခန္းမႉးလွတင့္ကို RFA က ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံ ေျဖၾကားတာ မရွိပါဘူး။

လူမႈကြန္ရက္မွာ ျပည္သူေတြ ထင္ေယာင္ထင္မွားျဖစ္ေအာင္ တင္တယ္ဆိုၿပီး စြပ္စြဲတယ္လို႔ ဦးေဇယ်ေက်ာ္က ဒီေန႔ ႐ုံးထုတ္မွာေျပာခဲ့ေၾကာင္းနဲ႔ စည္ပင္ဥကၠ႒ေဟာင္း ဦးစန္းေဝကေတာ့ ေတာင္ကုတ္ၿမိဳ႕နယ္ ဖြံ႕ၿဖိဳးေရးလုပ္ ငန္းေတြ သူ႔အေနနဲ႔ လုပ္ေဆာင္ခဲ့ေၾကာင္း၊ အခုလို စြပ္စြဲခံရတာဟာ ၿမိဳ႕နယ္ဖြံ႕ၿဖိဳးေရးကို မလိုလားသူေတြ ေၾကာင့္ျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ ေရွ႕ေန ဦးတင္ညိဳက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကလည္း ေတာင္ကုတ္ၿမိဳ႕နယ္တရား႐ုံးမွာ ဦးၿပဳံးခ်ိဳအပါအဝင္ ငါးဦးကို ယမန္ ၄ ရက္ယူထားတာရွိပါတယ္။

သူတို႔ ငါးဦးဟာ ဒီေန႔ ယမန္ေစ့လို႔ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၂ (က) နဲ႔ တရားစြဲတင္ လိုက္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးတင္ညိဳက ေျပာပါတယ္။

အဲဒါေၾကာင့္ ေတာင္ကုတ္ၿမိဳ႕နယ္မွာ အၾကမ္းဖက္မႈဥပေဒ ပုဒ္မ ၅၂ က နဲ႔ တရားစြဲတင္ခံရသူ ငါးဦး ရွိၿပီး ပုဒ္မ ၅၀ က နဲ႔ ယမန္ယူထားသူ သုံးဦး စုစုေပါင္း ရွစ္ဦးရွိပါတယ္။

အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀ (က)အရ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားရင္ အနည္းဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္ကေန အမ်ားဆုံး ေထာင္ဒဏ္ တစ္သက္ခ်မွတ္ႏိုင္ပါတယ္။

RFA Burmese
------------------------------
(Unicode)⤵⤵⤵
တောင်ကုတ် စည်ပင်ဥက္ကဋ္ဌ အပါအဝင် သုံးဦးကို အကြမ်းဖက် တိုက်ဖျက်ရေးပုဒ်မနဲ့ အမှုဖွင့်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ် စည်ပင်သာယာရေး ဥက္ကဋ္ဌဟောင်း ဦးစန်းဝေနဲ့ ရခိုင်အမျိုးသားပါတီ မြို့နယ်အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဝေ သောင်းတို့ သုံးဦးကို မြို့နယ်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)နဲ့ အမှုဖွင့်ပြီး အချုပ်ယမန်ယူခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။

“တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ အရင်က မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ ဦးစန်းဝေ၊ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက မြို့နယ် အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဝေသောင်း ဒီနေ့မနက်မှာ ဖမ်းတယ်။ အဲဒီ သုံးဦးကို တောင်ကုတ်မြို့နယ် တရားရုံးက ဒီနေ့မှာပဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) နဲ့ အချုပ်ယမန်ယူတယ်လေ။”

ရခိုင်အမျိုးသားပါတီ မြို့နယ်အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဝေသောင်းကိုတော့ ဒီကနေ့မနက်ပိုင်းက ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပြီး သုံးဦးလုံးကို ဒီကနေ့ တရားရုံးထုတ် အမှုဖွင့် ယမန်ယူခဲ့တာလို့ ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။

အလားတူ စည်ပင်ဥက္ကဋ္ဌဟောင်း ဦးစန်းဝေကို မေလ ၁၀ ရက် မနေ့က ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အလားတူ လက်ရှိစည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်ကို ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးနဲ့ သတင်းရဲတပ်ဖွဲ့၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) အဖွဲ့တွေက လာရောက် ဖမ်းဆီးသွား တာဖြစ်ပါတယ်။

စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်ကို ဆက်လက် မေးမြန်းစစ်ဆေးချင်တာကြောင့် ပုဒ်မတပ်ပြီး ယမန် ၁၅ ရက်ယူ တာလို့ ဦးဇေယျကျော်ရဲ့ ဇနီးဖြစ်သူ ဒေါ်ဟန်စုက ပြောပါတယ်။

“ယမန်ယူပြီး ပြန်ထွက်လာတော့ သူ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၅၀ (က)နဲ့ ယမန် ၁၅ ရက်ယူတယ်။ သူ့ကို စိတ်မပူပါနဲ့လို့ ပြောသွားတယ်။ သိရတာကတော့ စစ်ဆေးတဲ့အခါ ဒီဘက်မှာ သက်သေအထောက် အထားလို့ပေါ့နော် ဆက်ပြီးတော့ စစ်ဆေးချင်သေးလို့ ပုဒ်မတပ်ပြီးတော့ ယမန်ဆက်ယူတဲ့ သဘောဖြစ်တယ်”

တရားရုံးကနေ အိမ်ပြန်ရောက်ချိန်မှာ ဦးဇေယျကျော် အပါအဝင် သုံးဦးကို ရန်ကုန်မြို့ကို ခေါ်ဆောင်သွားကြောင်း အသိတစ်ယောက်က ဖုန်းဆက်ပြောကြားကြောင်း ဦးဇေယျကျော်ရဲ့ ဇနီး ဒေါ်ဟန်စုက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူ။

လက်ရှိစည်ပင် ဥက္ကဋ္ဌ ဦးဇေယျကျော်ဟာ စည်ပင်လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေသလို တောင်ကုတ်မြို့နယ် ကိုဗစ် ၁၉ ကာကွယ်ရေးလုပ်ငန်းတွေမှာလည်း ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေသူ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဘာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် ယမန်ယူပြီး စစ်ဆေးလဲဆိုတာ တိတိကျကျ ပြောဆိုတာ မရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းက စခန်းမှူးလှတင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

လူမှုကွန်ရက်မှာ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် တင်တယ်ဆိုပြီး စွပ်စွဲတယ်လို့ ဦးဇေယျကျော်က ဒီနေ့ ရုံးထုတ်မှာပြောခဲ့ကြောင်းနဲ့ စည်ပင်ဥက္ကဋ္ဌဟောင်း ဦးစန်းဝေကတော့ တောင်ကုတ်မြို့နယ် ဖွံ့ဖြိုးရေးလုပ် ငန်းတွေ သူ့အနေနဲ့ လုပ်ဆောင်ခဲ့ကြောင်း၊ အခုလို စွပ်စွဲခံရတာဟာ မြို့နယ်ဖွံ့ဖြိုးရေးကို မလိုလားသူတွေ ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း တောင်ကုတ်မြို့နယ်တရားရုံးမှာ ဦးပြုံးချိုအပါအဝင် ငါးဦးကို ယမန် ၄ ရက်ယူထားတာရှိပါတယ်။

သူတို့ ငါးဦးဟာ ဒီနေ့ ယမန်စေ့လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ တရားစွဲတင် လိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။

အဲဒါကြောင့် တောင်ကုတ်မြို့နယ်မှာ အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၅၂ က နဲ့ တရားစွဲတင်ခံရသူ ငါးဦး ရှိပြီး ပုဒ်မ ၅၀ က နဲ့ ယမန်ယူထားသူ သုံးဦး စုစုပေါင်း ရှစ်ဦးရှိပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်ချမှတ်နိုင်ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/three-people-chairman-of-taungup-case-opened-with-anti-terrorism-code-05112020083414.html
ေတာင္ကုတ္ စည္ပင္ဥကၠ႒ အပါအဝင္ သုံးဦးကို အၾကမ္းဖက္ တိုက္ဖ်က္ေရးပုဒ္မနဲ႔ အမႈဖြင့္ ေတာင္ကုတ္ စည္ပင္ဥကၠ႒ အပါအဝင္ သုံးဦးကို အၾကမ္းဖက္ တိုက္ဖ်က္ေရးပုဒ္မနဲ႔ အမႈဖြင့္ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.