တရုတ်စီးပွားရေး ဘာတွေ ဆိုးနေလဲ

တရားဝင်ထုတ်ပြန်တဲ့ အလုပ်လက်မဲ့အရေအတွက်က သမိုင်းတလျှောက် အများဆုံးနားကို ကပ်နေပါပြီ၊ တကယ်က ဒီထက်ပိုများမယ်လို့ဆိုကြပါတယ်။
(Unicode)⤵⤵⤵
ခရစ်ရှ်မာ ဗာဆွာနီ အာရှ စီးပွားရေး သတင်းထောက်

တရုတ်နိုင်ငံစီးပွားရေး အချက်အလက်တွေနဲ့ပတ်သက်ပြီး သိပ်ယုံကြည်ထားလို့မရဘူးလို့ စီးပွားရေးပညာရှင်တွေပြောလေ့ရှိစဉ်မှာပဲ သူတို့တွေ နောက်ထပ် အခက်အခဲနဲ့ ကြုံရပါပြီ။ အဲဒါက အချက်အလက်ကို မရှိတော့ပါဘူး ဆိုတာပါ။

ဒီနှစ်အတွက် သူတို့စီးပွားရေးတိုးတက်မှု ရည်မှန်းချက် ကိန်းဂဏန်း အချက်အလက် မသတ်မှတ်တော့ဘူးလို့ တရုတ်အစိုးရက ပြောလိုက်ပါပြီ။

၁၉၉၀ ကစပြီး တနှစ်စီးပွားရေးတိုးတက်မှုနှုန်းက ဘယ်လောက်ရှိရမယ်ဆိုတဲ့ ရည်မှန်းချက်က နှစ်စဉ်ချမှတ်လာရာကနေ ရုတ်တရက် ဒီနှစ်မှာ မသတ်မှတ်တော့ပါဘူး။

တိုးတက်မှုနှုန်း ရည်မှန်းချက်သတ်မှတ်တာကို စွန့်လိုက်တာဟာ ကမ္ဘာ့ကပ်ဘေးလွန်ကာလ တရုတ်မှာ စီးပွားရေး ပြန်နာလန်ထူနိုင်ဖို့အရေး သိပ်ခက်ခဲတယ်ဆိုတာကို အသိအမှတ်ပြုတာလို့လည်း ဆိုနိုင်ပါတယ်။

စီးပွားရေး အရှိန်လျှော့ချထားတာကနေ ပြန်တင်လာနေတယ်ဆိုတာကို မကြာသေးခင်ကာလက ထွက်လာတဲ့ ကိန်းဂဏန်းတွေက ပြနေပေမယ့် နာလန်ထူပုံက တနေရာနဲ့တနေရာ မတူပါဘူး။

သတင်းကောင်းတွေ စပြောပါ့မယ်။

တရုတ်ကို ကပ်ရောဂါဆိုက်တဲ့အချိန်က စပြန်ကြည့်ရင် စက်ရုံတွေက ကုန်တွေ စပြန်ထုတ်လာပါပြီ။

ဧပြီလမှာ ကုန်ထွက်က မှန်းဆထားတာထက်ပိုပါတယ်။ ၃.၉% တက်လာခဲ့ပါတယ်။ အကျယ်အပြန့် လော့ခ်ဒေါင်းချထားချိန် ဒီနှစ်အစပိုင်း ၂လ အတွင်းမှာ ကုန်ထွက် ၁၃.၅% က ထိုးဆင်းသွားခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ရင် အခုတက်လာတဲ့ ပမာဏက အတော့်ကို များပါတယ်။

တခြားကိန်းဂဏန်းတချို့ကိုကြည့်မယ်ဆိုရင်လည်း ထူးထူးခြားခြားကောင်းမွန်တာကို တွေ့ရတော့ စီးပွားရေးပညာရှင်တွေ ပြောတဲ့ ဗီ ပုံစံ စီးပွားရေးနာလန်ထ (V-shaped recovery) တာမျိုးများလား တွေးစရာပါ။ အဲဒီ နာလန်ထပုံကတော့ ဗီ စာလုံးပုံလိုပဲ အစပိုင်းမှာ စီးပွားရေးက ခပ်မြန်မြန်နဲ့ထိုးဆင်းကျသွားမယ်၊ နောက်ခပ်မြန်မြန်ပဲ အရင်နေရာကိုပြန်ထိုးတက်လာတဲ့ အဖြစ်မျိုးပါ။

ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်စက်ရုံတွေထဲ အဓိကစက်ရုံ ၆ ခုရဲ့ ကျောက်မီးသွေး သုံးအားက မေလ အတွင်းမှာ အရင်တုန်းက အခြေအနေတွေထဲက တခုလို ပြန်ဖြစ်လာတယ်လို့ JP Morgan ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘဏ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ပါပါတယ်။

ဒီပမာဏဟာ အရင်သမိုင်းတလျှောက် ပျမ်းမျှကိန်းဂဏန်းရဲ့ ၁.၅% အထက်မှာ ရပ်တည်နေပါတယ်။ ဆိုလိုတာကတော့ စွမ်းအင်တောင်းဆိုမှုက ပုံမှန်အနေအထားကို ပြန်ရောက်လာပြီဆိုတဲ့ သဘောပါ။

လော့ခ်ဒေါင်းတွေနောက်ပိုင်း တရုတ်ရဲ့ မိုးကောင်းကင်ဟာ လေထုညစ်ညမ်းတာ ကင်းပပြီး ကြည်လင်နေတာ တွေ့ခဲ့ကြရပါတယ်။ အဲ အခုတော့ စီးပွားရေးလုပ်ငန်းတွေ နိုးထလာတဲ့အတူ ကြည်လင်တဲ့ ကောင်းကင်ဟာ မြင်ကွင်းကနေ ပျောက်ကွယ်သွားပါပြီ။

တရုတ်ရဲ့ လေထုညစ်ညမ်းမှုအဆင့်က အရင်နှစ် အခုလို ကာလနဲ့ နှိုင်းရင် ကျော်တက်သွားပါပြီ။ စက်ရုံ အလုပ်ရုံတွေကထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ဘေးကာလကစလို့ ဒါ ပထမဆုံး ညစ်ညမ်းတာတွေ ပြန်ဖြစ်လာတာပါ။

ဒါတွေအားလုံးက တရုတ်ဟာ သူ့အရင် စီးပွားရေးဆီကို ဖြည်းဖြည်းချင်း ပြန်လာနေပြီဆိုတာ ပြနေသလိုပါ။

ဒါပေမဲ့ ပုံမှန်လိုဖြစ်ဖို့က ခက်နေတာအများကြီးပါ။ အားလုံးရဲ့ စီးပွားရေးတွေဘယ်လိုပုံမှန် ပြန်ဖြစ်ဖို့ ဘယ်လောက်ခက်မလဲဆိုတာ သူတို့အခက်အခဲတွေကိုကြည့်ရင် သိနိုင်ပါတယ်။

မကြာခင်ကထွက်လာတဲ့ လက်လီဆိုင် အရောင်းစာရင်းတွေအရ လူတွေ ဈေးဝယ်ထွက်ဖို့၊ ပစ္စည်းတွေဝယ်ကြဖို့ ဘယ်လောက်အခက်ကြုံနေလဲဆိုတာ ပြသနေပါတယ်။

ဧပြီလမှာ အရောင်းတွေ ၇% ကျဆင်းတယ်။ ဘယ်တော့မှ ပုံမှန်ရောင်းအားပြန်ရမလဲ ဆိုတာလည်း ဘယ်လိုမှ မှန်းဆမရသေးပါဘူး။ တရုတ်ပြည်သူအများအပြားက ကပ်ဘေးနောက်တကျော့ ပြန်လာမှာကိုစိုးရိမ်နေဆဲဖြစ်သလို အရင်လို သုံးစွဲတာမျိုးသူတို့မလုပ်တော့ပါဘူး။

ဒီတော့ တရုတ်ဟာ ဒီနှစ်အတွက်တိုးတက်မှုနှုန်း မသတ်မှတ်တော့တာ အဆန်းတော့မဟုတ်ပါဘူး။ ဒီအကျပ်အတည်းက ဘယ်လောက်နက်ရှိုင်းလဲ မှန်းဆရခက်တယ်ဆိုတာ တရုတ်အစိုးရက သိပါတယ်။

အလုပ်လက်မဲ့တွေ အများကြီးဖြစ်လာ

အလုပ်လက်မဲ့အရေအတွက်ကလည်း တရားဝင်ထုတ်ပြန်တဲ့စာရင်းတွေအရ ဧပြီလမှာ ၆% ရှိလာပါတယ်၊ ဒါဟာ မတ်လတုန်းကထက်များလာတာဖြစ်သလို ဟိုးအရင်သမိုင်းမှာဖြစ်ခဲ့တဲ့ အလုပ်လက်မဲ့နှုန်းတခု ဖြစ်ပါတယ်။

ဒါပေမဲ့ စီးပွားရေးပညာရှင်အများစုကတော့ တကယ့် ဂဏန်းက ဒီထက်ဆိုးမယ်လို့ ဆိုပါတယ်။

မြို့တွေဆီကို ရွှေ့ပြောင်းအလုပ်သမား ၅ ပုံ ၁ ပုံလောက်ကပြန် မရောက်လာနိုင်ကြသေးကြောင်းပြောရင်း "တကယ့် အလုပ်လက်မဲ့အရေအတွက်က ဒီထက် ၂ ဆလောက်ဖြစ်မယ်" လို့ Capital Economics သုတေသီများအဖွဲ့က ပြောပါတယ်။

တရုတ်စီးပွားရေးကို အမြဲချီးမြှောက်ပေးတဲ့ သတင်းစာလည်းဖြစ် တရုတ်ကွန်မြူနစ်အစိုးရရဲ့ အာဘော်တွေရေးတဲ့ သတင်းစာလည်းဖြစ်တဲ့ ဂလိုဘယ် တိုင်းမ်ကတောင် အလုပ်လက်မဲ့နှုန်းက အတော်ပြဿနာဖြစ်နေပြီဆိုတာကို ရေးပါတယ်။

စီးပွားရေးလုပ်ငန်းငယ်လေးတွေ အနေနဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်ရတာ၊ ဝန်ထမ်းအရေအတွက် လျှော့ချနေရတဲ့အတွက် "ပုဂ္ဂလိက ကဏ္ဍက တရုတ်အလုပ်သမားတွေ၊ ဝန်ထမ်းတွေအနေနဲ့ ၂၀၁၉ ခုနှစ်မှာ သူတို့ရခဲ့တဲ့ လစာမျိုးရနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ" လို့ အဲဒီသတင်းစာက ရေးပါတယ်။

အခြေအနေကကောင်းမလာခင် အခုထက်ထပ်ဆိုးနိုင်ပါတယ်။

ပီကင်း တက္ကသိုလ်က ပါမောက္ခ ဂျတ်စတင် ယီဖု လင်းက ဆင်းဟွာ တက္ကသိုလ်က မတ်လအတွင်းလုပ်ခဲ့တဲ့ စစ်တမ်းတခုကို ကိုးကားပြီး နောက်ထပ် ၃ လလောက် အတွင်းမှာ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းပေါင်း ၈၅% လောက်က ကြိုးစားရုန်းထကြရဦးမှာလို့ ရေးပါတယ်။

"စီးပွားရေးလုပ်ငန်းတွေ ဒေဝါလီခံသွားရတာတွေက အလုပ်လက်မဲ့တွေတိုးလာစေတယ်" လို့လည်း သူကဆိုပါတယ်။
၂၀၂၀ ခုနှစ်ဟာ နိုင်ငံတွင်းမှာ ဆင်းရဲမွဲတေမှုကို အဆုံးသတ်ဖို့ တရုတ်အစိုးရက ရည်မှန်းထားတဲ့နှစ်ပါ။
တရုတ်နိုင်ငံသားအများအပြားကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက အလုပ်ခန့်ထားတာဖြစ်တဲ့အတွက် တရုတ်စီးပွားရေးစနစ်က အမေရိကန်နဲ့ နှိုင်းစာရင် အလုပ်လက်မဲ့တွေကို ပြန်ပြီး မြန်မြန်အလုပ်ပေးနိုင်ပါတယ်။

တရုတ်ပြည်သူတွေအနေနဲ့ စုဆောင်းထားငွေလည်း ပိုရှိသလို၊ မိသားစုဆီကလည်း အထောက်အပံ့ရတာကလည်း ပိုပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအများ အပြားကလည်း သူတို့ ဇာတိမြေမှာ မြေယာပိုင်ဆိုင်တာတွေရှိတဲ့အတွက် အဆိုးဆုံးအခြေအနေမှာတောင် သူတို့အတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ကြပါတယ်။

တရုတ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်း စင်တာ (Centre for China and Globalisation) က ဝန် ဟွေယောင် က "ရွှေ့ပြောင်းအလုပ်သမားတွေ သူတို့လယ်မြေပိုင်တွေရှိတဲ့ သူတို့ရွာတွေဆီ ပြန်တဲ့အခါမှာ တကယ့်အပြောင်းအလဲကို ခင်ဗျားတွေ့ရလိမ့်မယ်" လို့ ပြောပါတယ်။

"ဟုတ်တယ်၊ ခက်ခဲပင်ပန်းတာတွေရှိမယ်၊ ဒါပေမဲ့ တရုတ်နိုင်ငံပြင်ပကလူတွေနားမလည်တာက ကျွန်တော်တို့က အခက်အခဲဆိုတာ၊ ပင်ပန်းတာဆိုတာတွေကို ဘယ်လို သဘောထားလဲဆိုတာပါ၊ ခက်ခဲတာ၊ ပင်ပန်းတာဆိုတာမျိုးက သိပ်မဝေးတဲ့ကာလမှာ တရုတ်နိုင်ငံ သိပ်ကိုဆင်းရဲတုန်းက တရုတ်ပြည်သူတွေ ကြုံခဲ့ဖူးတဲ့အရာတွေပါ" လို့လည်း သူက ပြောပါတယ်။
 ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အခုတွေ့နေရတဲ့စီးပွားရေးဝန်းကျင်အခြေအနေက တရုတ်အဖို့အကြီးမားဆုံး စိန်ခေါ်မှုပါ
ဒီတကြိမ်က အရင်ကနဲ့သိပ်ကိုကွဲပြားပါတယ်

တရုတ်ကွန်မြူနစ်ပါတီဟာ စီးပွားရေး တိုးတက်မှုနှုန်း ဘယ်လောက်ရအောင် လုပ်ရမယ် ဆိုတဲ့ ရည်မှန်းချက်ချတာက တရုတ်ဟာ ဘယ်လောက်ကောင်းအောင်လုပ်နေသလဲဆိုတာကို ညွှန်းဆိုပြတဲ့ သဘောလည်း ပါပါတယ်။

ဒါပေမဲ့ ဒီတကြိမ်မှာတာ့ တကယ့်ကို ကွဲပြားသွားပါတယ်။ ဘာရည်မှန်းချက်မှ ချမထားဘူးဆိုတာပါ။ တရုတ်အဖို့ ဒီနှစ်ပိုင်းကာလတွေအတွင်း လက်ရှိကြုံနေရတဲ့ စီးပွားရေးဝန်းကျင်အခြေအနေတွေက အကြီးဆုံး စိန်ခေါ်မှုနဲ့တိုးနေတာဆိုတဲ့အချက်ကို မပစ်ပယ်နိုင်ပါဘူး။

ပြန်ကြည့်မယ်ဆိုရင် ၁၉၉၀ နှစ်တွေအတွင်းမှာ တရုတ်ဟာ စီးပွားရေးခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းခဲ့ရပါတယ်၊ ဥပမာ - လူတွေအများအပြား အလုပ်တွေပြုတ်ကုန်တာ ကြုံခဲ့ရပါတယ်။

အဲဒီအချိန်ကာလတုန်းက သူတို့စီးပွားရေးဟာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကပဲ လွှမ်းမိုးထားတာပါ။ အခြေခံအလုပ်သမားများစွာကိုသူတို့ အလုပ်ပေးထားနိုင်ခဲ့ပါတယ်။

စီးပွားရေးနှေးကွေးလာတဲ့အခါ အလုပ်သမားတွေ သန်းနဲ့ချီပြီး အလုပ်ဖြုတ်ခံရတယ်၊ အလုပ်လက်မဲ့တွေ မြန်မြန်ဆန်ဆန်ကို ထိုးတက်လာလိုက်တာဟာ အမျိုးသားအဆင့် စီးပွားရေးသုတေသနဗျူရိုက ထုတ်ပြန်ချက်တွေအရ နှစ်စဉ် ၁% စီ တက်လာခဲ့တာ တွေ့ရပါတယ်။

၁၉၉၅ မှာ အစိုးရပိုင်လုပ်ငန်းတွေက အလုပ်ခန့်တဲ့သူက နိုင်ငံမှာရှိတဲ့ အလုပ်သမားအားလုံးရဲ့ ၆၀% ရှိပြီး ၂၀၀၂ ကျတော့ အဲဒီအရေအတွက်က ၃၀% ကိုရောက်သွားပါတယ်။

ဒါပေမဲ့ တရုတ်ပြန်နာလန်ထူနိုင်ခဲ့ပါတယ်။ ပုဂ္ဂလိက ကဏ္ဍက ဝင်လာပြီး လူငယ်တွေကို အလုပ်ခန့်နိုင်င်ခဲ့ပါတယ်။
တရုတ်ကအလုပ်သမားတွေက အလုပ်ပြန်စလုပ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေကတော့ စိုးရိမ်တွန့်ဆုတ်နေရတဲ့ စီးပွားရေးထဲမှာပဲရှိနေမှာလို့ စီးပွားရေးပညာရှင် ဂျော့ခ်ျ မက်နပ်စ် က ပြော
အောက်စဖို့ တက္ကသိုလ် တရုတ်စင်တာက စီးပွားရေးပညာရှင် ဂျော့ခ်ျ မက်နပ်စ်က ဒီတကြိမ်ကဖြင့် အရင်ကနဲ့မတူပါဘူး။ ပုဂ္ဂလိက ကဏ္ဍတွေကလည်း ဖိအားတွေထဲမှာ ရှိနေတာလို့ ဆိုပါတယ်။

"ကုန်သွယ်ရေးစစ်ပွဲကို အရင်တုန်းက ဘယ်သူမှ မပြောဘူး၊ တရုတ်မှာ လာလုပ်တဲ့ ကုန်ထုတ်လုပ်မှုတွေက အရင်ကအများကြီးရှိနေခဲ့တာပါ" "အခုအချိန်မှာ တရုတ်ပြင်ပ ကမ္ဘာ့နိုင်ငံတွေ စိုးရိမ်တွန့်ဆုတ်နေရတဲ့ စီးပွားရေးထဲမှာရှိနေကြတာ၊ ဝယ်လိုအားကလည်းမရှိဘူး၊ နိုင်ငံခြားကုန်သွယ်မှုဆိုတာကလည်း မရှိဘူး။ ကိုရိုနာဗိုင်းရပ်စ်အရေးမတိုင်မီက တရုတ်ရင်ဆိုင်နေရတာတွေက အခုကျ ပိုဆိုးလာတာပေါ့။"

'တရုတ် အိပ်မက်' အခက်ကြုံနေ

ပြီးခဲ့တဲ့နှစ်ပေါင်း ၄၀ တလျောက်လုံး တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ သူ့ပြည်သူတွေကို ရှင်းလင်းတဲ့ အာမခံချက်ပေးထားနိုင်ပါတယ်။ အဲဒါကတော့ ကျွန်ုပ်တို့ဟာ အသင်ပြည်သူတို့ရဲ့ ဘဝအရည်အသွေးတွေကို ဆက်လက်တိုးတက်အောင်လုပ်ပေးမယ်။ ပြည်သူတွေက အတူလိုက်ပါပါ။ ဒါဆို တရုတ်နိုင်ငံ လမ်းမှန်ပေါ်မှာ ရှိနေမယ် ဆိုတာပါ။

၂၀၁၂ မှာ ပြောခဲ့တဲ့ တရုတ်ခေါင်းဆောင် ရှီ ကျင့်ဖျင်ရဲ့ ပြည်သူတွေအတွက်အဲဒီ ကတိပြုချက်ဟာ "တရုတ် အိပ်မက်" အဖြစ် စံပြုခဲ့ကြတာပါ။

၂၀၂၀ ခုနှစ်ဟာ တရုတ်အဖို့ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ရောက်နေသေးတဲ့ သူ့ပြည်သူ သန်းပေါင်းများစွာရဲ့ လူမှုဘဝအဆင့်အတန်းနဲ့ အရည်သွေးတွေကို တိုးတက်အောင်လုပ်ပေးပြီး ဆင်းရဲမွဲတေမှုဆိုတာကို ဖယ်ရှားရှင်းလင်းမယ့်နှစ်အဖြစ် ရည်မှန်းထားတာပါ။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်က ဒီရည်မှန်းချက်အောင်မြင်ဖို့အတွက် အခက်အခဲကြုံစေပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ သမိုင်းမှာ ကြုံရတဲ့စီးပွားရေး အကျပ်အတည်းတွေထဲ ဒီတခါကြုံရတဲ့ ကျန်းမာရေးအကျပ်အတည်းက နိုင်ငံတွင်း လူမှုရေးတည်ငြိမ်မှုကို ပိုလို့ အကြီးအကျယ် ခြိမ်းခြောက်လာတာပါ။

သန်းပေါင်းများစွာသော လူငယ်မျိုးဆက်ဟာ သူတို့မိဘမျိုးဆက်တွေ မြင်ခဲ့ရတဲ့ အောင်မြင်မှု ပမာဏကို ကြုံရမယ်လို့ ဘယ်သူမှ အာမခံပြီးမပြောနိုင်ကြပါဘူး။ တရုတ်ကွန်မြူနစ်ပါတီအဖို့ သူ့ ကတိတွေဖြစ်တဲ့ ဓနဖွံ့ဖြိုးလာဖို့၊ အလုပ်အကိုင်ရှိဖို့၊ တည်ငြိမ်မှုရှိဖို့ စတာတွေကို ဆက်ပြီးထိန်းနေရမှာပါ။

ဒါ့ကြောင့် တရုတ်အဖို့ စီးပွားရေး နာလန်ထူဖို့က သိပ်အရေးပါပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနှုန်း သတ်မှတ်မထားတော့ အစိုးရအဖို့ ဒီအချိန် အလုပ်လုပ်ရတာမှ သိပ်ကိုလိုအပ်နေတဲ့ ပြောင်းလွယ်ပြင်လွယ်လုပ်နိုင်မှုကိုလည်း ရသွားတာပေါ့။

BBC Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္စီးပြားေရး ဘာေတြ ဆိုးေနလဲ

ခရစ္ရွ္မာ ဗာဆြာနီ အာရွ စီးပြားေရး သတင္းေထာက္

တ႐ုတ္ႏိုင္ငံစီးပြားေရး အခ်က္အလက္ေတြနဲ႔ပတ္သက္ၿပီး သိပ္ယုံၾကည္ထားလို႔မရဘူးလို႔ စီးပြားေရးပညာရွင္ေတြေျပာေလ့ရွိစဥ္မွာပဲ သူတို႔ေတြ ေနာက္ထပ္ အခက္အခဲနဲ႔ ႀကဳံရပါၿပီ။ အဲဒါက အခ်က္အလက္ကို မရွိေတာ့ပါဘူး ဆိုတာပါ။

ဒီႏွစ္အတြက္ သူတို႔စီးပြားေရးတိုးတက္မႈ ရည္မွန္းခ်က္ ကိန္းဂဏန္း အခ်က္အလက္ မသတ္မွတ္ေတာ့ဘူးလို႔ တ႐ုတ္အစိုးရက ေျပာလိုက္ပါၿပီ။

၁၉၉၀ ကစၿပီး တႏွစ္စီးပြားေရးတိုးတက္မႈႏႈန္းက ဘယ္ေလာက္ရွိရမယ္ဆိုတဲ့ ရည္မွန္းခ်က္က ႏွစ္စဥ္ခ်မွတ္လာရာကေန ႐ုတ္တရက္ ဒီႏွစ္မွာ မသတ္မွတ္ေတာ့ပါဘူး။

တိုးတက္မႈႏႈန္း ရည္မွန္းခ်က္သတ္မွတ္တာကို စြန႔္လိုက္တာဟာ ကမာၻ႔ကပ္ေဘးလြန္ကာလ တ႐ုတ္မွာ စီးပြားေရး ျပန္နာလန္ထူႏိုင္ဖို႔အေရး သိပ္ခက္ခဲတယ္ဆိုတာကို အသိအမွတ္ျပဳတာလို႔လည္း ဆိုႏိုင္ပါတယ္။

စီးပြားေရး အရွိန္ေလွ်ာ့ခ်ထားတာကေန ျပန္တင္လာေနတယ္ဆိုတာကို မၾကာေသးခင္ကာလက ထြက္လာတဲ့ ကိန္းဂဏန္းေတြက ျပေနေပမယ့္ နာလန္ထူပုံက တေနရာနဲ႔တေနရာ မတူပါဘူး။

သတင္းေကာင္းေတြ စေျပာပါ့မယ္။

တ႐ုတ္ကို ကပ္ေရာဂါဆိုက္တဲ့အခ်ိန္က စျပန္ၾကည့္ရင္ စက္႐ုံေတြက ကုန္ေတြ စျပန္ထုတ္လာပါၿပီ။

ဧၿပီလမွာ ကုန္ထြက္က မွန္းဆထားတာထက္ပိုပါတယ္။ ၃.၉% တက္လာခဲ့ပါတယ္။ အက်ယ္အျပန႔္ ေလာ့ခ္ေဒါင္းခ်ထားခ်ိန္ ဒီႏွစ္အစပိုင္း ၂လ အတြင္းမွာ ကုန္ထြက္ ၁၃.၅% က ထိုးဆင္းသြားခဲ့တာနဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ အခုတက္လာတဲ့ ပမာဏက အေတာ့္ကို မ်ားပါတယ္။

တျခားကိန္းဂဏန္းတခ်ိဳ႕ကိုၾကည့္မယ္ဆိုရင္လည္း ထူးထူးျခားျခားေကာင္းမြန္တာကို ေတြ႕ရေတာ့ စီးပြားေရးပညာရွင္ေတြ ေျပာတဲ့ ဗီ ပုံစံ စီးပြားေရးနာလန္ထ (V-shaped recovery) တာမ်ိဳးမ်ားလား ေတြးစရာပါ။ အဲဒီ နာလန္ထပုံကေတာ့ ဗီ စာလုံးပုံလိုပဲ အစပိုင္းမွာ စီးပြားေရးက ခပ္ျမန္ျမန္နဲ႔ထိုးဆင္းက်သြားမယ္၊ ေနာက္ခပ္ျမန္ျမန္ပဲ အရင္ေနရာကိုျပန္ထိုးတက္လာတဲ့ အျဖစ္မ်ိဳးပါ။

ေက်ာက္မီးေသြးသုံး စြမ္းအင္ထုတ္စက္႐ုံေတြထဲ အဓိကစက္႐ုံ ၆ ခုရဲ႕ ေက်ာက္မီးေသြး သုံးအားက ေမလ အတြင္းမွာ အရင္တုန္းက အေျခအေနေတြထဲက တခုလို ျပန္ျဖစ္လာတယ္လို႔ JP Morgan ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာဘဏ္ရဲ႕ ထုတ္ျပန္ခ်က္ေတြမွာ ပါပါတယ္။

ဒီပမာဏဟာ အရင္သမိုင္းတေလွ်ာက္ ပ်မ္းမွ်ကိန္းဂဏန္းရဲ႕ ၁.၅% အထက္မွာ ရပ္တည္ေနပါတယ္။ ဆိုလိုတာကေတာ့ စြမ္းအင္ေတာင္းဆိုမႈက ပုံမွန္အေနအထားကို ျပန္ေရာက္လာၿပီဆိုတဲ့ သေဘာပါ။

ေလာ့ခ္ေဒါင္းေတြေနာက္ပိုင္း တ႐ုတ္ရဲ႕ မိုးေကာင္းကင္ဟာ ေလထုညစ္ညမ္းတာ ကင္းပၿပီး ၾကည္လင္ေနတာ ေတြ႕ခဲ့ၾကရပါတယ္။ အဲ အခုေတာ့ စီးပြားေရးလုပ္ငန္းေတြ ႏိုးထလာတဲ့အတူ ၾကည္လင္တဲ့ ေကာင္းကင္ဟာ ျမင္ကြင္းကေန ေပ်ာက္ကြယ္သြားပါၿပီ။

တ႐ုတ္ရဲ႕ ေလထုညစ္ညမ္းမႈအဆင့္က အရင္ႏွစ္ အခုလို ကာလနဲ႔ ႏႈိင္းရင္ ေက်ာ္တက္သြားပါၿပီ။ စက္႐ုံ အလုပ္႐ုံေတြကထြက္လာတဲ့ ဓာတ္ေငြ႕ေတြေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ေဘးကာလကစလို႔ ဒါ ပထမဆုံး ညစ္ညမ္းတာေတြ ျပန္ျဖစ္လာတာပါ။

ဒါေတြအားလုံးက တ႐ုတ္ဟာ သူ႔အရင္ စီးပြားေရးဆီကို ျဖည္းျဖည္းခ်င္း ျပန္လာေနၿပီဆိုတာ ျပေနသလိုပါ။

ဒါေပမဲ့ ပုံမွန္လိုျဖစ္ဖို႔က ခက္ေနတာအမ်ားႀကီးပါ။ အားလုံးရဲ႕ စီးပြားေရးေတြဘယ္လိုပုံမွန္ ျပန္ျဖစ္ဖို႔ ဘယ္ေလာက္ခက္မလဲဆိုတာ သူတို႔အခက္အခဲေတြကိုၾကည့္ရင္ သိႏိုင္ပါတယ္။

မၾကာခင္ကထြက္လာတဲ့ လက္လီဆိုင္ အေရာင္းစာရင္းေတြအရ လူေတြ ေဈးဝယ္ထြက္ဖို႔၊ ပစၥည္းေတြဝယ္ၾကဖို႔ ဘယ္ေလာက္အခက္ႀကဳံေနလဲဆိုတာ ျပသေနပါတယ္။

ဧၿပီလမွာ အေရာင္းေတြ ၇% က်ဆင္းတယ္။ ဘယ္ေတာ့မွ ပုံမွန္ေရာင္းအားျပန္ရမလဲ ဆိုတာလည္း ဘယ္လိုမွ မွန္းဆမရေသးပါဘူး။ တ႐ုတ္ျပည္သူအမ်ားအျပားက ကပ္ေဘးေနာက္တေက်ာ့ ျပန္လာမွာကိုစိုးရိမ္ေနဆဲျဖစ္သလို အရင္လို သုံးစြဲတာမ်ိဳးသူတို႔မလုပ္ေတာ့ပါဘူး။

ဒီေတာ့ တ႐ုတ္ဟာ ဒီႏွစ္အတြက္တိုးတက္မႈႏႈန္း မသတ္မွတ္ေတာ့တာ အဆန္းေတာ့မဟုတ္ပါဘူး။ ဒီအက်ပ္အတည္းက ဘယ္ေလာက္နက္ရႈိင္းလဲ မွန္းဆရခက္တယ္ဆိုတာ တ႐ုတ္အစိုးရက သိပါတယ္။

အလုပ္လက္မဲ့ေတြ အမ်ားႀကီးျဖစ္လာ

အလုပ္လက္မဲ့အေရအတြက္ကလည္း တရားဝင္ထုတ္ျပန္တဲ့စာရင္းေတြအရ ဧၿပီလမွာ ၆% ရွိလာပါတယ္၊ ဒါဟာ မတ္လတုန္းကထက္မ်ားလာတာျဖစ္သလို ဟိုးအရင္သမိုင္းမွာျဖစ္ခဲ့တဲ့ အလုပ္လက္မဲ့ႏႈန္းတခု ျဖစ္ပါတယ္။

ဒါေပမဲ့ စီးပြားေရးပညာရွင္အမ်ားစုကေတာ့ တကယ့္ ဂဏန္းက ဒီထက္ဆိုးမယ္လို႔ ဆိုပါတယ္။

ၿမိဳ႕ေတြဆီကို ေ႐ႊ႕ေျပာင္းအလုပ္သမား ၅ ပုံ ၁ ပုံေလာက္ကျပန္ မေရာက္လာႏိုင္ၾကေသးေၾကာင္းေျပာရင္း "တကယ့္ အလုပ္လက္မဲ့အေရအတြက္က ဒီထက္ ၂ ဆေလာက္ျဖစ္မယ္" လို႔ Capital Economics သုေတသီမ်ားအဖြဲ႕က ေျပာပါတယ္။

တ႐ုတ္စီးပြားေရးကို အၿမဲခ်ီးေျမႇာက္ေပးတဲ့ သတင္းစာလည္းျဖစ္ တ႐ုတ္ကြန္ျမဴနစ္အစိုးရရဲ႕ အာေဘာ္ေတြေရးတဲ့ သတင္းစာလည္းျဖစ္တဲ့ ဂလိုဘယ္ တိုင္းမ္ကေတာင္ အလုပ္လက္မဲ့ႏႈန္းက အေတာ္ျပႆနာျဖစ္ေနၿပီဆိုတာကို ေရးပါတယ္။

စီးပြားေရးလုပ္ငန္းငယ္ေလးေတြ အေနနဲ႔ အလုပ္သမားေတြကို အလုပ္ျဖဳတ္ရတာ၊ ဝန္ထမ္းအေရအတြက္ ေလွ်ာ့ခ်ေနရတဲ့အတြက္ "ပုဂၢလိက က႑က တ႐ုတ္အလုပ္သမားေတြ၊ ဝန္ထမ္းေတြအေနနဲ႔ ၂၀၁၉ ခုႏွစ္မွာ သူတို႔ရခဲ့တဲ့ လစာမ်ိဳးရႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပဲ" လို႔ အဲဒီသတင္းစာက ေရးပါတယ္။

အေျခအေနကေကာင္းမလာခင္ အခုထက္ထပ္ဆိုးႏိုင္ပါတယ္။

ပီကင္း တကၠသိုလ္က ပါေမာကၡ ဂ်တ္စတင္ ယီဖု လင္းက ဆင္းဟြာ တကၠသိုလ္က မတ္လအတြင္းလုပ္ခဲ့တဲ့ စစ္တမ္းတခုကို ကိုးကားၿပီး ေနာက္ထပ္ ၃ လေလာက္ အတြင္းမွာ ပုဂၢလိကပိုင္ စီးပြားေရးလုပ္ငန္းေပါင္း ၈၅% ေလာက္က ႀကိဳးစား႐ုန္းထၾကရဦးမွာလို႔ ေရးပါတယ္။

"စီးပြားေရးလုပ္ငန္းေတြ ေဒဝါလီခံသြားရတာေတြက အလုပ္လက္မဲ့ေတြတိုးလာေစတယ္" လို႔လည္း သူကဆိုပါတယ္။

တ႐ုတ္ႏိုင္ငံသားအမ်ားအျပားကို ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းေတြက အလုပ္ခန႔္ထားတာျဖစ္တဲ့အတြက္ တ႐ုတ္စီးပြားေရးစနစ္က အေမရိကန္နဲ႔ ႏႈိင္းစာရင္ အလုပ္လက္မဲ့ေတြကို ျပန္ၿပီး ျမန္ျမန္အလုပ္ေပးႏိုင္ပါတယ္။

တ႐ုတ္ျပည္သူေတြအေနနဲ႔ စုေဆာင္းထားေငြလည္း ပိုရွိသလို၊ မိသားစုဆီကလည္း အေထာက္အပံ့ရတာကလည္း ပိုပါတယ္။ ေ႐ႊ႕ေျပာင္းအလုပ္သမားအမ်ား အျပားကလည္း သူတို႔ ဇာတိေျမမွာ ေျမယာပိုင္ဆိုင္တာေတြရွိတဲ့အတြက္ အဆိုးဆုံးအေျခအေနမွာေတာင္ သူတို႔အတြက္ အေျခခံလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းႏိုင္ၾကပါတယ္။

တ႐ုတ္နဲ႔ ဂလိုဘယ္လိုက္ေဇးရွင္း စင္တာ (Centre for China and Globalisation) က ဝန္ ေဟြေယာင္ က "ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ သူတို႔လယ္ေျမပိုင္ေတြရွိတဲ့ သူတို႔႐ြာေတြဆီ ျပန္တဲ့အခါမွာ တကယ့္အေျပာင္းအလဲကို ခင္ဗ်ားေတြ႕ရလိမ့္မယ္" လို႔ ေျပာပါတယ္။

"ဟုတ္တယ္၊ ခက္ခဲပင္ပန္းတာေတြရွိမယ္၊ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံျပင္ပကလူေတြနားမလည္တာက ကြၽန္ေတာ္တို႔က အခက္အခဲဆိုတာ၊ ပင္ပန္းတာဆိုတာေတြကို ဘယ္လို သေဘာထားလဲဆိုတာပါ၊ ခက္ခဲတာ၊ ပင္ပန္းတာဆိုတာမ်ိဳးက သိပ္မေဝးတဲ့ကာလမွာ တ႐ုတ္ႏိုင္ငံ သိပ္ကိုဆင္းရဲတုန္းက တ႐ုတ္ျပည္သူေတြ ႀကဳံခဲ့ဖူးတဲ့အရာေတြပါ" လို႔လည္း သူက ေျပာပါတယ္။

ဒီတႀကိမ္က အရင္ကနဲ႔သိပ္ကိုကြဲျပားပါတယ္

တ႐ုတ္ကြန္ျမဴနစ္ပါတီဟာ စီးပြားေရး တိုးတက္မႈႏႈန္း ဘယ္ေလာက္ရေအာင္ လုပ္ရမယ္ ဆိုတဲ့ ရည္မွန္းခ်က္ခ်တာက တ႐ုတ္ဟာ ဘယ္ေလာက္ေကာင္းေအာင္လုပ္ေနသလဲဆိုတာကို ၫႊန္းဆိုျပတဲ့ သေဘာလည္း ပါပါတယ္။

ဒါေပမဲ့ ဒီတႀကိမ္မွာတာ့ တကယ့္ကို ကြဲျပားသြားပါတယ္။ ဘာရည္မွန္းခ်က္မွ ခ်မထားဘူးဆိုတာပါ။ တ႐ုတ္အဖို႔ ဒီႏွစ္ပိုင္းကာလေတြအတြင္း လက္ရွိႀကဳံေနရတဲ့ စီးပြားေရးဝန္းက်င္အေျခအေနေတြက အႀကီးဆုံး စိန္ေခၚမႈနဲ႔တိုးေနတာဆိုတဲ့အခ်က္ကို မပစ္ပယ္ႏိုင္ပါဘူး။

ျပန္ၾကည့္မယ္ဆိုရင္ ၁၉၉၀ ႏွစ္ေတြအတြင္းမွာ တ႐ုတ္ဟာ စီးပြားေရးခက္ခဲတဲ့ကာလေတြကို ျဖတ္သန္းခဲ့ရပါတယ္၊ ဥပမာ - လူေတြအမ်ားအျပား အလုပ္ေတြျပဳတ္ကုန္တာ ႀကဳံခဲ့ရပါတယ္။

အဲဒီအခ်ိန္ကာလတုန္းက သူတို႔စီးပြားေရးဟာ ႏိုင္ငံပိုင္ စီးပြားေရးလုပ္ငန္းေတြကပဲ လႊမ္းမိုးထားတာပါ။ အေျခခံအလုပ္သမားမ်ားစြာကိုသူတို႔ အလုပ္ေပးထားႏိုင္ခဲ့ပါတယ္။

စီးပြားေရးေႏွးေကြးလာတဲ့အခါ အလုပ္သမားေတြ သန္းနဲ႔ခ်ီၿပီး အလုပ္ျဖဳတ္ခံရတယ္၊ အလုပ္လက္မဲ့ေတြ ျမန္ျမန္ဆန္ဆန္ကို ထိုးတက္လာလိုက္တာဟာ အမ်ိဳးသားအဆင့္ စီးပြားေရးသုေတသနဗ်ဴ႐ိုက ထုတ္ျပန္ခ်က္ေတြအရ ႏွစ္စဥ္ ၁% စီ တက္လာခဲ့တာ ေတြ႕ရပါတယ္။

၁၉၉၅ မွာ အစိုးရပိုင္လုပ္ငန္းေတြက အလုပ္ခန႔္တဲ့သူက ႏိုင္ငံမွာရွိတဲ့ အလုပ္သမားအားလုံးရဲ႕ ၆၀% ရွိၿပီး ၂၀၀၂ က်ေတာ့ အဲဒီအေရအတြက္က ၃၀% ကိုေရာက္သြားပါတယ္။

ဒါေပမဲ့ တ႐ုတ္ျပန္နာလန္ထူႏိုင္ခဲ့ပါတယ္။ ပုဂၢလိက က႑က ဝင္လာၿပီး လူငယ္ေတြကို အလုပ္ခန႔္ႏိုင္င္ခဲ့ပါတယ္။

ေအာက္စဖို႔ တကၠသိုလ္ တ႐ုတ္စင္တာက စီးပြားေရးပညာရွင္ ေဂ်ာ့ခ္် မက္နပ္စ္က ဒီတႀကိမ္ကျဖင့္ အရင္ကနဲ႔မတူပါဘူး။ ပုဂၢလိက က႑ေတြကလည္း ဖိအားေတြထဲမွာ ရွိေနတာလို႔ ဆိုပါတယ္။

"ကုန္သြယ္ေရးစစ္ပြဲကို အရင္တုန္းက ဘယ္သူမွ မေျပာဘူး၊ တ႐ုတ္မွာ လာလုပ္တဲ့ ကုန္ထုတ္လုပ္မႈေတြက အရင္ကအမ်ားႀကီးရွိေနခဲ့တာပါ" "အခုအခ်ိန္မွာ တ႐ုတ္ျပင္ပ ကမာၻ႔ႏိုင္ငံေတြ စိုးရိမ္တြန႔္ဆုတ္ေနရတဲ့ စီးပြားေရးထဲမွာရွိေနၾကတာ၊ ဝယ္လိုအားကလည္းမရွိဘူး၊ ႏိုင္ငံျခားကုန္သြယ္မႈဆိုတာကလည္း မရွိဘူး။ ကို႐ိုနာဗိုင္းရပ္စ္အေရးမတိုင္မီက တ႐ုတ္ရင္ဆိုင္ေနရတာေတြက အခုက် ပိုဆိုးလာတာေပါ့။"

'တ႐ုတ္ အိပ္မက္' အခက္ႀကဳံေန

ၿပီးခဲ့တဲ့ႏွစ္ေပါင္း ၄၀ တေလ်ာက္လုံး တ႐ုတ္ကြန္ျမဴနစ္ပါတီအေနနဲ႔ သူ႔ျပည္သူေတြကို ရွင္းလင္းတဲ့ အာမခံခ်က္ေပးထားႏိုင္ပါတယ္။ အဲဒါကေတာ့ ကြၽႏ္ုပ္တို႔ဟာ အသင္ျပည္သူတို႔ရဲ႕ ဘဝအရည္အေသြးေတြကို ဆက္လက္တိုးတက္ေအာင္လုပ္ေပးမယ္။ ျပည္သူေတြက အတူလိုက္ပါပါ။ ဒါဆို တ႐ုတ္ႏိုင္ငံ လမ္းမွန္ေပၚမွာ ရွိေနမယ္ ဆိုတာပါ။

၂၀၁၂ မွာ ေျပာခဲ့တဲ့ တ႐ုတ္ေခါင္းေဆာင္ ရွီ က်င့္ဖ်င္ရဲ႕ ျပည္သူေတြအတြက္အဲဒီ ကတိျပဳခ်က္ဟာ "တ႐ုတ္ အိပ္မက္" အျဖစ္ စံျပဳခဲ့ၾကတာပါ။

၂၀၂၀ ခုႏွစ္ဟာ တ႐ုတ္အဖို႔ ဆင္းရဲမြဲေတမႈ မ်ဥ္းေအာက္မွာ ေရာက္ေနေသးတဲ့ သူ႔ျပည္သူ သန္းေပါင္းမ်ားစြာရဲ႕ လူမႈဘဝအဆင့္အတန္းနဲ႔ အရည္ေသြးေတြကို တိုးတက္ေအာင္လုပ္ေပးၿပီး ဆင္းရဲမြဲေတမႈဆိုတာကို ဖယ္ရွားရွင္းလင္းမယ့္ႏွစ္အျဖစ္ ရည္မွန္းထားတာပါ။

ဒါေပမဲ့ ကို႐ိုနာဗိုင္းရပ္စ္က ဒီရည္မွန္းခ်က္ေအာင္ျမင္ဖို႔အတြက္ အခက္အခဲႀကဳံေစပါတယ္။

တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ သမိုင္းမွာ ႀကဳံရတဲ့စီးပြားေရး အက်ပ္အတည္းေတြထဲ ဒီတခါႀကဳံရတဲ့ က်န္းမာေရးအက်ပ္အတည္းက ႏိုင္ငံတြင္း လူမႈေရးတည္ၿငိမ္မႈကို ပိုလို႔ အႀကီးအက်ယ္ ၿခိမ္းေျခာက္လာတာပါ။

သန္းေပါင္းမ်ားစြာေသာ လူငယ္မ်ိဳးဆက္ဟာ သူတို႔မိဘမ်ိဳးဆက္ေတြ ျမင္ခဲ့ရတဲ့ ေအာင္ျမင္မႈ ပမာဏကို ႀကဳံရမယ္လို႔ ဘယ္သူမွ အာမခံၿပီးမေျပာႏိုင္ၾကပါဘူး။ တ႐ုတ္ကြန္ျမဴနစ္ပါတီအဖို႔ သူ႔ ကတိေတြျဖစ္တဲ့ ဓနဖြံ႕ၿဖိဳးလာဖို႔၊ အလုပ္အကိုင္ရွိဖို႔၊ တည္ၿငိမ္မႈရွိဖို႔ စတာေတြကို ဆက္ၿပီးထိန္းေနရမွာပါ။

ဒါ့ေၾကာင့္ တ႐ုတ္အဖို႔ စီးပြားေရး နာလန္ထူဖို႔က သိပ္အေရးပါပါတယ္။ ဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္း သတ္မွတ္မထားေတာ့ အစိုးရအဖို႔ ဒီအခ်ိန္ အလုပ္လုပ္ရတာမွ သိပ္ကိုလိုအပ္ေနတဲ့ ေျပာင္းလြယ္ျပင္လြယ္လုပ္ႏိုင္မႈကိုလည္း ရသြားတာေပါ့။

BBC Burmese
https://www.bbc.com/burmese/world-52823540
တရုတ်စီးပွားရေး ဘာတွေ ဆိုးနေလဲ တရုတ်စီးပွားရေး ဘာတွေ ဆိုးနေလဲ Reviewed by THITHTOOLWIN on 01:56 Rating: 5
Powered by Blogger.