ကျောက်ဆည်မြို့နယ်မှာ ဓါးနဲ့ခုတ်သတ်မှု ဖြစ်ပွား

သမီးဖြစ်သူကို နောက်ပြောင်သည့် ကိစ္စအပေါ် မကျေနပ်တာကြောင့် ဓါးနဲ့ခုတ်လို့ သေဆုံးသွားမှုကို ဖော်ထုတ်ဖမ်းဆီး။။ ဓာတ်ပုံ-Mandalay Police
(Unicode)⤵⤵⤵
ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှာ သမီးဖြစ်သူကို နောက်ပြောင်တဲ့ ကိစ္စအပေါ်  မကျေနပ်တာကြောင့်  ဓါးနဲ့ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 ကျောက်ဆည်မြို့နယ်၊ ကြောင်ကျေးရွာအုပ်စု၊ ရမန်းကျေးရွာဘောလုံးကွင်းမှာ လူသတ်မှုဖြစ် ပွားကြောင်းသတင်းအရ ရဲရွာနယ်မြေရဲစခန်းမှ ရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်များ သက်သေများနဲ့အတူ သွားရောက်စစ်ဆေးရာ ရမန်းကျေးရွာနေ နိုင်မင်းညီညီ (ခ)သားငယ် ၂၂ နှစ်ကို လည်ပင်း ဝဲဘက် ၄ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်နဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းရာ တစ်ရွာတည်းနေ ချစ်ကို ၂၇ နှစ်က သူရဲ့ သမီးဖြစ်သူကို နိုင်မင်းညီညီ(ခ)သားငယ်မှ နောက်ပြောင်တဲ့ကိစ္စ မကျေနပ်လို့ စကားများရာမှ အရိုးအသွား ၁၆ လက်မ၊ ဗျက် ၂ လက်မခန့်ရှိ အိမ်သုံးဓားမနဲ့ ၁ ချက်ခုတ်ခဲ့ တာကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ ချစ်ကို ကို ရဲရွာနယ်မြေရဲစခန်းမှ ရဲစခန်းမှူးနဲ့အဖွဲ့မှ  ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၅၀ အချိန် သူနေအိမ်မှာ ဖမ်းဆီးရမိခဲ့တာကြောင့် ရဲရွာ နယ်မြေရဲစခန်းက (ပ)၁၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါတယ်။

သစ်ထူးလွင်
----------------------------------------
(Zawgyi)⤵⤵⤵
ေက်ာက္ဆည္ၿမိဳ႕နယ္မွာ ဓါးနဲ႔ခုတ္သတ္မႈ ျဖစ္ပြား

ၿပီးခဲ့တဲ့ ေမလ ၂၈ ရက္ေန႔ ညေန ၅ နာရီခြဲအခ်ိန္က မႏၲေလးတိုင္း ေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္မွာ သမီးျဖစ္သူကို ေနာက္ေျပာင္တဲ့ ကိစၥအေပၚ  မေက်နပ္တာေၾကာင့္  ဓါးနဲ႔ခုတ္သတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။

 ေက်ာက္ဆည္ၿမိဳ႕နယ္၊ ေၾကာင္ေက်း႐ြာအုပ္စု၊ ရမန္းေက်း႐ြာေဘာလုံးကြင္းမွာ လူသတ္မႈျဖစ္ ပြားေၾကာင္းသတင္းအရ ရဲ႐ြာနယ္ေျမရဲစခန္းမွ ရဲစခန္းမႉးနဲ႔ တပ္ဖြဲ႕ဝင္မ်ား သက္ေသမ်ားနဲ႔အတူ သြားေရာက္စစ္ေဆးရာ ရမန္းေက်း႐ြာေန ႏိုင္မင္းညီညီ (ခ)သားငယ္ ၂၂ ႏွစ္ကို လည္ပင္း ဝဲဘက္ ၄ လက္မခန္႔ ျပတ္ရွဒဏ္ရာ ၁ ခ်က္နဲ႔ ေသဆုံးေနတာကို ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စုံစမ္းေမးျမန္းရာ တစ္႐ြာတည္းေန ခ်စ္ကို ၂၇ ႏွစ္က သူရဲ႕ သမီးျဖစ္သူကို ႏိုင္မင္းညီညီ(ခ)သားငယ္မွ ေနာက္ေျပာင္တဲ့ကိစၥ မေက်နပ္လို႔ စကားမ်ားရာမွ အ႐ိုးအသြား ၁၆ လက္မ၊ ဗ်က္ ၂ လက္မခန္႔ရွိ အိမ္သုံးဓားမနဲ႔ ၁ ခ်က္ခုတ္ခဲ့ တာေၾကာင့္ အခင္းျဖစ္ေနရာမွာ ေသဆုံးျခင္းျဖစ္ေၾကာင္း မႏၲေလးတိုင္း ေဒသႀကီး ရဲတပ္ဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဆိုပါျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူ ခ်စ္ကို ကို ရဲ႐ြာနယ္ေျမရဲစခန္းမွ ရဲစခန္းမႉးနဲ႔အဖြဲ႕မွ  ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ ညေန ၅ နာရီ ၅၀ အခ်ိန္ သူေနအိမ္မွာ ဖမ္းဆီးရမိခဲ့တာေၾကာင့္ ရဲ႐ြာ နယ္ေျမရဲစခန္းက (ပ)၁၄/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈဖြင့္ စစ္ေဆးေဆာင္႐ြက္လ်က္ရွိ ေၾကာင္းသတင္းရရွိပါတယ္။

သစ္ထူးလြင္

ကျောက်ဆည်မြို့နယ်မှာ ဓါးနဲ့ခုတ်သတ်မှု ဖြစ်ပွား ကျောက်ဆည်မြို့နယ်မှာ ဓါးနဲ့ခုတ်သတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.