သဇင်မြိုင် ရဲကင်းစခန်းအတိုက်ခံရမှု ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး


(Unicode)⤵⤵⤵
ရသေ့တောင်မြို့နယ်က သဇင်မြိုင်ရဲကင်းစခန်းကို အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ က မေ ၂၉ ရက် မနက် ၂ နာရီခန့်မှာ အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့တယ်လို့ တပ်မတော် ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး၊ ကလေး ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦး တို့ ပျောက်ဆုံးနေတယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။

ပျောက်ဆုံးနေသူတွေ အဖမ်းခံထားရသလား၊ ထွက်ပြေးနေသလားဆိုတာတော့ မသိသေးဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီ စခန်းမှာ ရဲအင်အား မများကြောင်းနဲ့ တိုက်ပွဲဖြစ်ရင်း လူစုကွဲသွားသူတွေထဲက ပြန်ရောက်လာသူ နေ့လယ် ၂ နာရီ ဝန်းကျင်အထိ ၇ ဦး ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

သဇင်မြိုင်ရဲကင်းစခန်းရဲ့ ပင်မစခန်းနေရာကို အေအေ အင်အား ၁၀၀ လောက်က ဒီနေ့ မနက် ၂ နာရီခန့်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားရာပြမြေပုံ
"တိုက်ပွဲ ၂ နာရီက စဖြစ်ပါတယ်။ လက်နက်တွေနဲ့ ပစ်နေကြတယ်။ စခန်းထဲမှာ ပစ်ကြပါတယ်။ ၃ နာရီကျော်လောက်မှာ ရပ်သွားပါတယ်။ စခန်းနဲ့ ရွာထိပ်က ပေ ၁၀၀ လောက်ဝေးပါတယ်။ နယ်ခြားစောင့် စခန်းပါ။ အဲဒီမှာ ရဲအင်အား ၃၀ ကျော်လောက်ရှိတယ်။ အေအေနဲ့ဖြစ်တာပါ။ လက်နက်ကြီးက ၃-၄ လုံးလောက်ပစ်တယ်။ လက်နက်ငယ်များတယ်။ "ရွာမှာ လက်ရှိအခြေအနေက ရွာသား ၁၀ ယောက်လောက်ရှိတယ်။ မိန်းမ ယောက်ျားပေါ့။ လူတွေက ကိုယ့်အိမ်မှာကိုယ် နေနေကြတယ်။ ကျန်တဲ့လူတွေက သိမ်တောင်၊ ကျောက်ရံ၊ မော်ထက်၊ စေတီပြင် ရွာတွေကိုသွားကြတယ်။

မနက်လင်းကတည်းက သွားတာပါ။ စစ်ကြောင်းတွေ ရောက်တာတော့မရှိဘူး။ စစ်ဆေးတာလည်းမရှိဘူး။ အေးအေးပါ။ အထိအခိုက်တော့ရှိတယ်။ အတိအကျမသိ။ မပြောနိုင်ဘူး။ သွားကြည့်လို့မရဘူး" လို့ အမည်မဖော်လိုတဲ့ သဇင်မြိုင် ကျေးရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီရဲစခန်းမှာ အခု ရဲတပ်ဖွဲ့ဝင်တွေ ရောက်နေပြီဖြစ်ပြီး အေအေက အဲဒီစခန်းကနေ ဆုတ်ခွာသွားပြီလို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီရဲကင်းစခန်းဟာ ၂၀၁၇ တိုက်ခိုက်မှုတွေ နောက်ပိုင်း လုံခြုံရေးထားပေးဖို့ အဲဒီအနားကရွာက တောင်းဆိုလို့ ရဲကင်းစခန်း ထားပေးခဲ့တဲ့ စခန်းဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
--------------------------------
(Zawgyi)⤵⤵⤵
သဇင္ၿမိဳင္ ရဲကင္းစခန္းအတိုက္ခံရမႈ ရဲတပ္ဖြဲ႕ဝင္ ၄ ဦး ေသဆုံး

ရေသ့ေတာင္ၿမိဳ႕နယ္က သဇင္ၿမိဳင္ရဲကင္းစခန္းကို ေအေအ ရခိုင္လက္နက္ကိုင္အဖြဲ႕ က ေမ ၂၉ ရက္ မနက္ ၂ နာရီခန႔္မွာ အင္အားအလုံးအရင္းနဲ႔ ဝင္တိုက္ခဲ့လို႔ ရဲတပ္ဖြဲ႕ဝင္ ၄ ဦးက်ဆုံးခဲ့တယ္လို႔ တပ္မေတာ္ ေျပာခြင့္ရသူက ဘီဘီစီကို ေျပာပါတယ္။

ဒီတိုက္ခိုက္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၆ ဦး၊ ကေလး ၁ ဦးအပါအဝင္ မိသားစုဝင္ ၃ ဦး တို႔ ေပ်ာက္ဆုံးေနတယ္လို႔လည္း တပ္မေတာ္က သတင္းထုတ္ျပန္ ထားပါတယ္။

ေပ်ာက္ဆုံးေနသူေတြ အဖမ္းခံထားရသလား၊ ထြက္ေျပးေနသလားဆိုတာေတာ့ မသိေသးဘူးလို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

အဲဒီ စခန္းမွာ ရဲအင္အား မမ်ားေၾကာင္းနဲ႔ တိုက္ပြဲျဖစ္ရင္း လူစုကြဲသြားသူေတြထဲက ျပန္ေရာက္လာသူ ေန႔လယ္ ၂ နာရီ ဝန္းက်င္အထိ ၇ ဦး ရွိေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

သဇင္ၿမိဳင္ရဲကင္းစခန္းရဲ႕ ပင္မစခန္းေနရာကို ေအေအ အင္အား ၁၀၀ ေလာက္က ဒီေန႔ မနက္ ၂ နာရီခန႔္မွာ လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြက ျပန္လည္ခုခံခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ထားခဲ့ပါတယ္။

"တိုက္ပြဲ ၂ နာရီက စျဖစ္ပါတယ္။ လက္နက္ေတြနဲ႔ ပစ္ေနၾကတယ္။ စခန္းထဲမွာ ပစ္ၾကပါတယ္။ ၃ နာရီေက်ာ္ေလာက္မွာ ရပ္သြားပါတယ္။ စခန္းနဲ႔ ႐ြာထိပ္က ေပ ၁၀၀ ေလာက္ေဝးပါတယ္။ နယ္ျခားေစာင့္ စခန္းပါ။ အဲဒီမွာ ရဲအင္အား ၃၀ ေက်ာ္ေလာက္ရွိတယ္။ ေအေအနဲ႔ျဖစ္တာပါ။ လက္နက္ႀကီးက ၃-၄ လုံးေလာက္ပစ္တယ္။ လက္နက္ငယ္မ်ားတယ္။ "႐ြာမွာ လက္ရွိအေျခအေနက ႐ြာသား ၁၀ ေယာက္ေလာက္ရွိတယ္။ မိန္းမ ေယာက္်ားေပါ့။ လူေတြက ကိုယ့္အိမ္မွာကိုယ္ ေနေနၾကတယ္။ က်န္တဲ့လူေတြက သိမ္ေတာင္၊ ေက်ာက္ရံ၊ ေမာ္ထက္၊ ေစတီျပင္ ႐ြာေတြကိုသြားၾကတယ္။

မနက္လင္းကတည္းက သြားတာပါ။ စစ္ေၾကာင္းေတြ ေရာက္တာေတာ့မရွိဘူး။ စစ္ေဆးတာလည္းမရွိဘူး။ ေအးေအးပါ။ အထိအခိုက္ေတာ့ရွိတယ္။ အတိအက်မသိ။ မေျပာႏိုင္ဘူး။ သြားၾကည့္လို႔မရဘူး" လို႔ အမည္မေဖာ္လိုတဲ့ သဇင္ၿမိဳင္ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

အဲဒီရဲစခန္းမွာ အခု ရဲတပ္ဖြဲ႕ဝင္ေတြ ေရာက္ေနၿပီျဖစ္ၿပီး ေအေအက အဲဒီစခန္းကေန ဆုတ္ခြာသြားၿပီလို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

အဲဒီရဲကင္းစခန္းဟာ ၂၀၁၇ တိုက္ခိုက္မႈေတြ ေနာက္ပိုင္း လုံၿခဳံေရးထားေပးဖို႔ အဲဒီအနားက႐ြာက ေတာင္းဆိုလို႔ ရဲကင္းစခန္း ထားေပးခဲ့တဲ့ စခန္းျဖစ္တယ္လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52849733
သဇင်မြိုင် ရဲကင်းစခန်းအတိုက်ခံရမှု ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး သဇင်မြိုင် ရဲကင်းစခန်းအတိုက်ခံရမှု ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.