အမေရိကန်မှာ အောက်မေ့ဖွယ်နေ့ အခမ်းအနားတွေ အကန့်အသတ်နဲ့ ကျင်းပ

COVID-19 အန္တရာယ်ကြောင့် ကန့်သတ်ထားမှုတွေ ဖြေလျော့လိုက်ပြီးနောက် Maryland ပြည်နယ်ရှိ ကမ်းခြေတခုတွင် အနားယူ အပန်းဖြေသူတချို့။ (မေ ၂၃၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်နိုင်ငံတဝန်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်ရှိနေတဲ့ ကြားကပဲ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုတဲ့ Memorial Day အောက်မေ့ဖွယ်နေ့ အခမ်းအနားကို နိုင်ငံတဝန်းမှာ မနက်ဖြန် မေလ ၂၅ ရက် တနင်္လာနေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒါပေမယ့်လည်း ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် နိုင်ငံတဝန်းက မြို့တွေ အများအပြားမှာ ပုံမှန်ကျင်းပနေကြအတိုင်း ချီတက်လမ်းလျှောက်တာတွေ၊ ဂီတဖျော်ဖြေရေးပွဲတွေ၊ လူစုလူဝေး အခမ်းအနားတွေကို မလုပ်တော့ဘဲ အဲဒီနေရာမှာ အင်တာနက် အွန်လိုင်းကနေပဲ အခမ်းအနားတွေ ကျင်းပသွားမှာ ဖြစ်ပါတယ်။

နယူးဂျာစီပြည်နယ် Woodland Park မြို့နဲ့ ကယ်လီဖိုးနီးယားပြည်နယ် San Clemente မြို့ တာဝန်ရှိသူတွေကတော့ အခုလို အောက်မေ့ဖွယ်နေ့ အခမ်းအနားကို အင်တာနက် အွန်လိုင်းကနေလုပ်ဖို့ ဆုံးဖြတ်လိုက်ရတာဟာ လူထုစုဝေးမှုတွေကြောင့် ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း Wisconsin ပြည်နယ် Antigo မြို့နဲ့ တခြားမြို့တွေကတော့ အောက်မေ့ဖွယ်နေ့ ချီတက်လမ်းလျှောက်တဲ့ အခမ်းအနားတွေကို ကျင်းပသွားမှာဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူတွေကို နှာခေါင်းစည်းတွေတပ်ဖို့နဲ့ ခပ်ခွာခွာနေကြဖို့ ပြောထားပါတယ်။

ဝါရှင်တန်မြို့တော် လွှတ်တော်အဆောက်အအုံ အနောက်ဘက် မြက်ခင်းမှာ ကျင်းပတဲ့ အောက်မေ့ဖွယ်နေ့ အခမ်းအနား ဂီတဖျော်ဖြေရေးပွဲလိုမျိုး တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပတဲ့ အခမ်းအနားတွေကိုတော့ ပုံစံပြောင်းပြီး အင်တာနက် အွန်လိုင်းကနေပဲ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္မွာ ေအာက္ေမ့ဖြယ္ေန႔ အခမ္းအနားေတြ အကန္႔အသတ္နဲ႔ က်င္းပ

အေမရိကန္ႏုိင္ငံတ၀န္းမွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဆက္ရွိေနတဲ့ ၾကားကပဲ က်ဆုံးစစ္သည္ေတြကို ဂုဏ္ျပဳတဲ့ Memorial Day ေအာက္ေမ့ဖြယ္ေန႔ အခမ္းအနားကို ႏုိင္ငံတ၀န္းမွာ မနက္ျဖန္ ေမလ ၂၅ ရက္ တနလၤာေန႔မွာ က်င္းပသြားဖို႔ ရွိေနပါတယ္။

ဒါေပမယ့္လည္း ဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ ႏုိင္ငံတ၀န္းက ၿမိဳ႕ေတြ အမ်ားအျပားမွာ ပုံမွန္က်င္းပေနၾကအတုိင္း ခ်ီတက္လမ္းေလွ်ာက္တာေတြ၊ ဂီတေဖ်ာ္ေျဖေရးပဲြေတြ၊ လူစုလူေ၀း အခမ္းအနားေတြကို မလုပ္ေတာ့ဘဲ အဲဒီေနရာမွာ အင္တာနက္ အြန္လိုင္းကေနပဲ အခမ္းအနားေတြ က်င္းပသြားမွာ ျဖစ္ပါတယ္။

နယူးဂ်ာစီျပည္နယ္ Woodland Park ၿမိဳ႕နဲ႔ ကယ္လီဖိုးနီးယားျပည္နယ္ San Clemente ၿမိဳ႕ တာ၀န္ရွိသူေတြကေတာ့ အခုလို ေအာက္ေမ့ဖြယ္ေန႔ အခမ္းအနားကို အင္တာနက္ အြန္လိုင္းကေနလုပ္ဖို႔ ဆုံးျဖတ္လိုက္ရတာဟာ လူထုစုေ၀းမႈေတြေၾကာင့္ ဗုိင္းရပ္စ္ကူးစက္မႈေတြ ျဖစ္လာမွာကို စိုးရိမ္တာေၾကာင့္ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါေပမယ့္လည္း Wisconsin ျပည္နယ္ Antigo ၿမိဳ႕နဲ႔ တျခားၿမိဳ႕ေတြကေတာ့ ေအာက္ေမ့ဖြယ္ေန႔ ခ်ီတက္လမ္းေလွ်ာက္တဲ့ အခမ္းအနားေတြကို က်င္းပသြားမွာျဖစ္ၿပီး ဗုိင္းရပ္စ္ကူးစက္မႈေတြကို ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ လူေတြကို ႏွာေခါင္းစည္းေတြတပ္ဖို႔နဲ႔ ခပ္ခြာခြာေနၾကဖို႔ ေျပာထားပါတယ္။

၀ါရွင္တန္ၿမိဳ႕ေတာ္ လႊတ္ေတာ္အေဆာက္အအုံ အေနာက္ဘက္ ျမက္ခင္းမွာ က်င္းပတဲ့ ေအာက္ေမ့ဖြယ္ေန႔ အခမ္းအနား ဂီတေဖ်ာ္ေျဖေရးပဲြလိုမ်ိဳး တႏုိင္ငံလုံး အတုိင္းအတာနဲ႔ က်င္းပတဲ့ အခမ္းအနားေတြကိုေတာ့ ပုံစံေျပာင္းၿပီး အင္တာနက္ အြန္လိုင္းကေနပဲ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/us-memorial-day/5433614.html
အမေရိကန်မှာ အောက်မေ့ဖွယ်နေ့ အခမ်းအနားတွေ အကန့်အသတ်နဲ့ ကျင်းပ အမေရိကန်မှာ အောက်မေ့ဖွယ်နေ့ အခမ်းအနားတွေ အကန့်အသတ်နဲ့ ကျင်းပ Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.