ရန္ကုန္မွာ အလုပ္သမားအခြင့္အေရးေတာင္းဆုိသူေတြ ဖမ္းခံရ

မတ္လ ၂၆ ရက္ေန႔တုန္းက COVID-19 ကပ္ေရာဂါေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားတဲ့ အလုပ္သမားမ်ား ဆႏၵျပစဥ္
(Zawgyi/Unicode)

အလုပ္သမားအခြင့္အေရး ေတာင္းဆုိရာက အလုပ္သမားေတြနဲ႔ အလုပ္သမားေရး လႈပ္ရွားသူေတြ ဖမ္းဆီးခံေနရတဲ့အေၾကာင္းကုိ မ ဆုမြန္ေျပာျပမွာပါ။

COVID-19 ကပ္ေရာဂါေၾကာင့္ လုပ္ငန္းေတြ ရပ္နားထားရတဲ့အခ်ိန္မွာ လုပ္ခလစာျပည့္ ခံစားခြင့္ရရွိေရး ရန္ကုန္ၿမိဳ႕မွာ သပိတ္စခန္းဖြင့္ စက္ရံုအလုပ္သမားေတြ၊ အလုပ္သမားေရးလႈပ္ရွားသူေတြကုိ အာဏာပုိင္ေတြ ဆက္လက္ ဖမ္းဆီးေနတာပါ။ အလုပ္သမားေတြနဲ႔ အလုပ္ရွင္ၾကား အေစာပုိင္းမွာ ေဆြးေႏြးညွိႏႈိင္းထားတဲ့ Rainwear House ျမန္မာမိုးကာစက္ရံုက အလုပ္သမားေတြနဲ႔ ဘရိုက္ဘတ္ ေက်ာပိုးအိတ္စက္ရံုက အလုပ္သမားတခ်ိဳ႕ဟာလည္း အဂၤါေန႔မွာပဲ ဖမ္းဆီးခံခဲ့ရေၾကာင္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔က စက္႐ုံေရွ႕ ဆႏၵျပခဲ့ၾကတဲ့ Blue Diamond စက္႐ုံက အလုပ္သမားေခါင္းေဆာင္ ၂ ဦးနဲ႔ အလုပ္သမားေတြအျပင္ ဗမာႏုိင္ငံလုံးဆုိင္ရာ အလုပ္သမား သမဂၢမ်ားအဖဲြ႔ခ်ဳပ္ ေခါင္းေဆာင္ေတြကုိလည္း တနလၤာေန႔ကပဲ ဖမ္းဆီးၿပီး ေထာင္ဒဏ္ ၃ လ အျပစ္ေပးခဲ့တာပါ။

ဗမာႏုိင္ငံလံုးဆုိင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (ဗကသ) ရဲ႕ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ ဒုဥကၠ႒ ကုိေဝယံၿဖိဳးမုိးကေတာ့ အလုပ္ရွင္အလုပ္သမားျပသနာဟာ ဖိႏွိပ္မႈေတြနဲ႔ ေျပလည္မႈမရႏုိင္ဘူးလုိ႔ ဗီြအိ္ုေအကိုေျပာပါတယ္။

“ကိုဗစ္၁၉ ကာကြယ္ေရးကာလမွာ စက္ရံုလုပ္ငန္းရွင္ေတြက ညႊန္ၾကားခ်က္ေတြကို ကိုယ္တုိင္ ခ်ိဳးေဖာက္ေနတာေတြရွိတယ္။ ကိုဗစ္၁၉ကို အေၾကာင္းျပၿပီး အလုပ္သမားဦးေရကို အဆမတန္ေလွ်ာ့ခ်ေနတာမ်ိဳးေတြရွိတယ္။ ဒီရက္ပိုင္းက စက္မႈဇံုေတြမွာ အလုပ္သမားေတြ လုပ္အားခ လစာထုတ္တဲ့ရက္ျဖစ္တယ္ အဲ့ဒီ့ရက္မွာ အလုပ္သမားေတြရဲ႕ လုပ္အားခ လစာကို တမင္ကိုအျပည့္အဝ မေပးတာမ်ိဳးေတြရွိတယ္။ ဒီလုိလုပ္ငန္းရွင္ေတြဘက္က လုပ္ခ်င္တုိင္းလုပ္ေနတဲ့ အေျခအေနအေပၚမွာက်ေတာ့ အေရးယူေဆာင္ရြက္တာမ်ိဳး ဘာမွမလုပ္ဘူး။ တဘက္မွာ ဘယ္လိုမွေရြးခ်ယ္စရာမရွိလို႔ ဒီလိုအလုပ္သမားအခြင့္အေရးေတြဆံုးရံႈးလို႔ ေတာင္းဆိုဖို႔ သပိတ္ေမွာက္ရတဲ့ အလုပ္သမားေတြကိုက်ေတာ့ ပုဒ္မမ်ိဳးစံုတပ္ၿပီး တရားစြဲတာေတြ ဖမ္းဆီးေထာင္ခ်တာမ်ိဳးေတြ လုပ္ေနတာေတြက အလုပ္ရွင္ အလုပ္သမားျပသနာေတြကို ေျပလည္ေအာင္ ေျဖရွင္းႏိုင္တဲ့ နည္းလမ္းလည္းမဟုတ္ဘူး။ အလုပ္သမားေတြရဲ႕ ဆံုးရႈံးနစ္နာမႈေတြကို လုိက္လံေျဖရွင္းေတာင္းဆိုေပးေနတဲ့ သမဂၢအလုပ္သမားေခါင္းေဆာင္ေတြမတရားဖမ္းဆီးေထာင္ခ်ေနတာေတြ ခ်က္ျခင္းရပ္ပါ က်ေနာ္တို႔ ရႈတ္ခ်တယ္။”

အခုလို အလုပ္သမားေခါင္းေဆာင္ေတြ အလုပ္ရွင္ေတြကို ဖမ္းဆီးေထာင္ခ်အေရးယူေနတာနဲ႔ပတ္သက္ၿပီး အလုပ္သမား လယ္သမားနဲ႔ စက္ရံုေပါင္းစံုက အလုပ္သမားသမဂၢေတြစုၿပီး ဖိအားေပးသြားမယ္လို႔လည္း ဗမာႏိုင္ငံလံုးဆုိင္ရာ ေတာင္သူလယ္သမားသမဂၢမ်ားအဖြဲ႔ရဲ႕ ဗဟိုစည္းရံုးေရးတာဝန္ခံ ကိုေသာင္းထိုက္က ေျပာပါတယ္။

“ မနက္ျဖန္ အစီအစဥ္ေတြကေတာ့NLD ရံုးကိုသြားၿပီး စာေပးဖို႔အစီအစဥ္ဆြဲေနၾကတယ္။ အဓိက ဆံုးျဖတ္ခ်က္ကေတာ့ သမဂၢေတြ စုၿပီးေတာ့ အစည္းအေဝးလုပ္ၾကမယ္။ ဆံုးျဖတ္ၾကမယ္။ စက္ရံုအသီးသီးက သမဂၢအလုပ္သမားေခါင္းေဆာင္ေတြ စုေဝးၿပီး ေတာင္းဆုိမႈေတြလုပ္မယ္။ ျဖစ္စဥ္က ပိုက္ဆံအိတ္ဘဘူးဒိုင္းမြန္းစက္ရံုမွာ သပိတ္ေမွာက္ေနတာၾကာၿပီ။ လုပ္အားခလစာ အျပည့္မေပးတာကို သပိတ္စခန္းျပန္ဖြင့္တာကို ေမ ၄ရက္ေန႔က ရဲအင္အား ၇၀ေလာက္နဲ႔ သပိတ္စခန္းကိုၿဖိဳခြဲၿပီး သပိတ္ေခါင္းေဆာင္ေတြအပါအဝင္ ဗမာႏုိင္ငံလံုးဆုိင္ရာအလုပ္သမားသမဂၢအဖြဲ႔ေခါင္းေဆာင္ ၄ဦးအပါအဝင္ ေျခာက္ေယာက္စလံုးကို ဖမ္းဆီးေခၚေဆာင္သြားၿပီး သပိတ္စခန္းကိုလည္း ဖ်က္ဆီးသြားတာ။ ညေန ၄နာရီမွာ ေျခာက္ေယာက္စလံုးကို ပုဒ္မ ၁၈၈နဲ႔ ေထာင္ဒဏ္ ၃လစီ ဒဂံု ဆိပ္ကမ္းတ၇ားရံုးမွာ ေထာင္ခ်လိုက္တယ္။ ဘလူးဒိုင္းမြန္းအပါအဝင္ ညဘက္မွာ ေနာက္ထပ္စက္ရံုက အလုပ္သမားေတြကိုလည္း ညဘက္ႀကီး အၾကမ္းဖက္ၿပီး ဝင္ဖမ္းတာေတြရွိတယ္။ မနက္က အလုပ္သမားေတြက ဒဂံုဆိပ္ကမ္းရဲစခန္းမွာ သြားေတြ႔ေတာ့ ရဲအာဏာပိုင္ေတြဘက္က ေပးမေတြ႔ဘူး အၾကမ္းဖက္ျခိမ္းေျခာက္တာေတြရွိတယ္။ အလုပ္သမားေတာင္းဆိုမႈေတြျဖစ္လာရင္ အၾကမ္းဖက္ၿဖိဳခြင္းမယ့္ အေနအထားျဖစ္လာတယ္။ ဘလူးဒိုင္းမြန္းက ေနာက္ထပ္ေခါင္းေဆာင္ေတြကိုလည္း ဖမ္းဝရမ္းထုတ္ထားတယ္ ရဲကားေတြနဲ႔ပတ္ၿပီး မနက္ကလည္း သမဂၢေခါင္းေဆာင္ေတြကို ဖမ္းဖို႔ လို္က္ပတ္ရွာေနတာေတြရွိတယ္။ အခုက အရင္စစ္အစိုးရတုန္းကလိုျဖစ္ေနတယ္ လူေတြကို ညဘက္ဝင္စီး ခ်က္ခ်င္းဖမ္း ခ်က္ျခင္းအမိန္႔ခ် ႏိုင့္ထက္စီးနင္းလုပ္လာတယ္။”

ဖမ္းဆီးမႈနဲ႔ ပတ္သက္လုိ႔ သက္ဆုိင္ရာ အာဏာပုိင္ေတြရဲ႕ တုံ႔ျပန္ခ်က္ေတာ့ လတ္တေလာ မသိရေသးပါဘူး။ ကပ္ေရာဂါနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ အလုပ္သမားေတြကုိ အခုလုိ ဖမ္းဆီးအေရးယူတဲ့လုပ္ရပ္ေတြကုိ ရပ္ဖုိ႔လည္း ဗကသအဖဲြ႔ကတနလၤာေန႔မွာပဲ ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားပါတယ္။ အလုပ္သမားေရး လုိက္ပါကူညီေနတဲ့ ဗကသအဖဲြ႔က ကုိေဝယံၿဖိဳးမုိးကေတာ့ အခက္အခဲ ႀကံဳေနရတဲ့ အလုပ္သမားေတြရဲ႕ အခက္အခဲကုိ စာနာေစခ်င္တယ္လုိ႔ ေျပာပါတယ္။

“အလုပ္သမားေတြက တကယ္ကို အခက္အခဲေတြ႔ေနၾကတာပါ ၿပီးေတာ့ အလုပ္သမားေတြ သပိတ္ေတြ ဆႏျပတုိင္း ေနာက္ကြယ္မွာ ေသြးထိုးလွံႈ႕ေဆာ္မႈေတြရွိတယ္ဆိုၿပီး ေျပာေနၾကတာလည္း မဟုတ္ဘူး သူတို႔ရဲ႕ လက္ေတြ႔ အေျခအေနက အရမ္းကို ခက္ခဲလာၾကတယ္ စားရေသာက္ရမဲ့ဘဝကိုေရာက္လာၾကတယ္။ အလုပ္သမားေတြကို မွီခိုေနၾကရတဲ့မိသားစုေတြရဲ႕ဘဝေတြကလည္း ဒုကၡမ်ိဳးစံု ၾကံဳေနၾကရတာ။ အဲ့လိုအေျခအေနမွာ ဒီလိုမ်ိဳး မေတာင္းလို႔ကို မရေတာ့တဲ့အေျခအေနမို႔ဆႏၵျပ သပိတ္တိုက္ပြဲဝင္ၾကတာ။ ကိုဗစ္ မတိုင္ခင္ကတည္းကိုက အလုပ္သမားျပႆနာေတြကို အလုပ္သမားအဖြဲ႔ခ်ဳပ္ေတြက ဝန္ၾကီးဌာနကို တင္ျပခဲ့တာေတြရွိတယ္။ အလုပ္သမားအခြင့္အေရးခ်ိဳးေဖာက္တဲ့စက္ရံုေတြကို တုိင္ၾကားတာမ်ိဳးေတြရွိတယ္ ဒါေတြကိုက်ေတာ့ အလုပ္စက္ရံုေတြကို စစ္ေဆးတာ ပိတ္သိမ္းတာမလုပ္ပဲ အလုပ္သမားအခြင့္အေရးလႈပ္ရွားသူေတြကိုသာ ဖမ္းဆီးေထာင္ခ်တာက အလုပ္သမားလူတန္းစားကိုပဲ အစိုးရက ဖိႏွိပ္ေနတယ္ဆိုတာျပေနတယ္။”

ဒဂံုဆိပ္ကမ္းတရားရံုးက ပုဒ္မ ၁၈၈ နဲ႔ေထာင္ ၃လ ခ်လိုက္တဲ့အလုပ္သမားေခါင္းေဆာင္ေတြထဲမွာေတာ့ ဗမာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ကိုေက်ာ္မ်ိဳး၊ ကိုသက္ဦးေမာင္၊ကိုမ်ိဳးႀကီး၊ ကိုမင္းမင္းႏုိင္အပါအဝင္ သပိတ္စခန္းဖြင့္ရာမွာ ေခါင္းေဆာင္ခဲ့တဲ့ အလုပ္သမားေတြ ပါ၀င္ပါတယ္။ က်န္ဖမ္းဆီးထားသူေတြကုိလည္း စက္႐ုံပိတ္ဆို႔ဆႏၵျပမႈ လူစုလူေဝးလုပ္မႈေတြနဲ႔လည္း အမႈဖြင့္ထားပါတယ္။

မဆုမြန္ / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------

ရန်ကုန်မှာ အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေ ဖမ်းခံရ
(Unicode)

အလုပ်သမားအခွင့်အရေး တောင်းဆိုရာက အလုပ်သမားတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံနေရတဲ့အကြောင်းကို မ ဆုမွန်ပြောပြမှာပါ။

COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်နားထားရတဲ့အချိန်မှာ လုပ်ခလစာပြည့် ခံစားခွင့်ရရှိရေး ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့် စက်ရုံအလုပ်သမားတွေ၊ အလုပ်သမားရေးလှုပ်ရှားသူတွေကို အာဏာပိုင်တွေ ဆက်လက် ဖမ်းဆီးနေတာပါ။ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား အစောပိုင်းမှာ ဆွေးနွေးညှိနှိုင်းထားတဲ့ Rainwear House မြန်မာမိုးကာစက်ရုံက အလုပ်သမားတွေနဲ့ ဘရိုက်ဘတ် ကျောပိုးအိတ်စက်ရုံက အလုပ်သမားတချို့ဟာလည်း အင်္ဂါနေ့မှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က စက်ရုံရှေ့ ဆန္ဒပြခဲ့ကြတဲ့ Blue Diamond စက်ရုံက အလုပ်သမားခေါင်းဆောင် ၂ ဦးနဲ့ အလုပ်သမားတွေအပြင် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တွေကိုလည်း တနင်္လာနေ့ကပဲ ဖမ်းဆီးပြီး ထောင်ဒဏ် ၃ လ အပြစ်ပေးခဲ့တာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကတော့ အလုပ်ရှင်အလုပ်သမားပြသနာဟာ ဖိနှိပ်မှုတွေနဲ့ ပြေလည်မှုမရနိုင်ဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

“ကိုဗစ်၁၉ ကာကွယ်ရေးကာလမှာ စက်ရုံလုပ်ငန်းရှင်တွေက ညွှန်ကြားချက်တွေကို ကိုယ်တိုင် ချိုးဖောက်နေတာတွေရှိတယ်။ ကိုဗစ်၁၉ကို အကြောင်းပြပြီး အလုပ်သမားဦးရေကို အဆမတန်လျှော့ချနေတာမျိုးတွေရှိတယ်။ ဒီရက်ပိုင်းက စက်မှုဇုံတွေမှာ အလုပ်သမားတွေ လုပ်အားခ လစာထုတ်တဲ့ရက်ဖြစ်တယ် အဲ့ဒီ့ရက်မှာ အလုပ်သမားတွေရဲ့ လုပ်အားခ လစာကို တမင်ကိုအပြည့်အဝ မပေးတာမျိုးတွေရှိတယ်။ ဒီလိုလုပ်ငန်းရှင်တွေဘက်က လုပ်ချင်တိုင်းလုပ်နေတဲ့ အခြေအနေအပေါ်မှာကျတော့ အရေးယူဆောင်ရွက်တာမျိုး ဘာမှမလုပ်ဘူး။ တဘက်မှာ ဘယ်လိုမှရွေးချယ်စရာမရှိလို့ ဒီလိုအလုပ်သမားအခွင့်အရေးတွေဆုံးရှုံးလို့ တောင်းဆိုဖို့ သပိတ်မှောက်ရတဲ့ အလုပ်သမားတွေကိုကျတော့ ပုဒ်မမျိုးစုံတပ်ပြီး တရားစွဲတာတွေ ဖမ်းဆီးထောင်ချတာမျိုးတွေ လုပ်နေတာတွေက အလုပ်ရှင် အလုပ်သမားပြသနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ နည်းလမ်းလည်းမဟုတ်ဘူး။ အလုပ်သမားတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို လိုက်လံဖြေရှင်းတောင်းဆိုပေးနေတဲ့ သမဂ္ဂအလုပ်သမားခေါင်းဆောင်တွေမတရားဖမ်းဆီးထောင်ချနေတာတွေ ချက်ခြင်းရပ်ပါ ကျနော်တို့ ရှုတ်ချတယ်။”

အခုလို အလုပ်သမားခေါင်းဆောင်တွေ အလုပ်ရှင်တွေကို ဖမ်းဆီးထောင်ချအရေးယူနေတာနဲ့ပတ်သက်ပြီး အလုပ်သမား လယ်သမားနဲ့ စက်ရုံပေါင်းစုံက အလုပ်သမားသမဂ္ဂတွေစုပြီး ဖိအားပေးသွားမယ်လို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂများအဖွဲ့ရဲ့ ဗဟိုစည်းရုံးရေးတာဝန်ခံ ကိုသောင်းထိုက်က ပြောပါတယ်။

“ မနက်ဖြန် အစီအစဉ်တွေကတော့NLD ရုံးကိုသွားပြီး စာပေးဖို့အစီအစဉ်ဆွဲနေကြတယ်။ အဓိက ဆုံးဖြတ်ချက်ကတော့ သမဂ္ဂတွေ စုပြီးတော့ အစည်းအဝေးလုပ်ကြမယ်။ ဆုံးဖြတ်ကြမယ်။ စက်ရုံအသီးသီးက သမဂ္ဂအလုပ်သမားခေါင်းဆောင်တွေ စုဝေးပြီး တောင်းဆိုမှုတွေလုပ်မယ်။ ဖြစ်စဉ်က ပိုက်ဆံအိတ်ဘဘူးဒိုင်းမွန်းစက်ရုံမှာ သပိတ်မှောက်နေတာကြာပြီ။ လုပ်အားခလစာ အပြည့်မပေးတာကို သပိတ်စခန်းပြန်ဖွင့်တာကို မေ ၄ရက်နေ့က ရဲအင်အား ၇၀လောက်နဲ့ သပိတ်စခန်းကိုဖြိုခွဲပြီး သပိတ်ခေါင်းဆောင်တွေအပါအဝင် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင် ၄ဦးအပါအဝင် ခြောက်ယောက်စလုံးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သပိတ်စခန်းကိုလည်း ဖျက်ဆီးသွားတာ။ ညနေ ၄နာရီမှာ ခြောက်ယောက်စလုံးကို ပုဒ်မ ၁၈၈နဲ့ ထောင်ဒဏ် ၃လစီ ဒဂုံ ဆိပ်ကမ်းတရားရုံးမှာ ထောင်ချလိုက်တယ်။ ဘလူးဒိုင်းမွန်းအပါအဝင် ညဘက်မှာ နောက်ထပ်စက်ရုံက အလုပ်သမားတွေကိုလည်း ညဘက်ကြီး အကြမ်းဖက်ပြီး ဝင်ဖမ်းတာတွေရှိတယ်။ မနက်က အလုပ်သမားတွေက ဒဂုံဆိပ်ကမ်းရဲစခန်းမှာ သွားတွေ့တော့ ရဲအာဏာပိုင်တွေဘက်က ပေးမတွေ့ဘူး အကြမ်းဖက်ခြိမ်းခြောက်တာတွေရှိတယ်။ အလုပ်သမားတောင်းဆိုမှုတွေဖြစ်လာရင် အကြမ်းဖက်ဖြိုခွင်းမယ့် အနေအထားဖြစ်လာတယ်။ ဘလူးဒိုင်းမွန်းက နောက်ထပ်ခေါင်းဆောင်တွေကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ် ရဲကားတွေနဲ့ပတ်ပြီး မနက်ကလည်း သမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဖို့ လိုက်ပတ်ရှာနေတာတွေရှိတယ်။ အခုက အရင်စစ်အစိုးရတုန်းကလိုဖြစ်နေတယ် လူတွေကို ညဘက်ဝင်စီး ချက်ချင်းဖမ်း ချက်ခြင်းအမိန့်ချ နိုင့်ထက်စီးနင်းလုပ်လာတယ်။”

ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တုံ့ပြန်ချက်တော့ လတ်တလော မသိရသေးပါဘူး။ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ အလုပ်သမားတွေကို အခုလို ဖမ်းဆီးအရေးယူတဲ့လုပ်ရပ်တွေကို ရပ်ဖို့လည်း ဗကသအဖွဲ့ကတနင်္လာနေ့မှာပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။ အလုပ်သမားရေး လိုက်ပါကူညီနေတဲ့ ဗကသအဖွဲ့က ကိုဝေယံဖြိုးမိုးကတော့ အခက်အခဲ ကြုံနေရတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲကို စာနာစေချင်တယ်လို့ ပြောပါတယ်။

“အလုပ်သမားတွေက တကယ်ကို အခက်အခဲတွေ့နေကြတာပါ ပြီးတော့ အလုပ်သမားတွေ သပိတ်တွေ ဆနပြတိုင်း နောက်ကွယ်မှာ သွေးထိုးလှှုံ့ဆော်မှုတွေရှိတယ်ဆိုပြီး ပြောနေကြတာလည်း မဟုတ်ဘူး သူတို့ရဲ့ လက်တွေ့ အခြေအနေက အရမ်းကို ခက်ခဲလာကြတယ် စားရသောက်ရမဲ့ဘဝကိုရောက်လာကြတယ်။ အလုပ်သမားတွေကို မှီခိုနေကြရတဲ့မိသားစုတွေရဲ့ဘဝတွေကလည်း ဒုက္ခမျိုးစုံ ကြုံနေကြရတာ။ အဲ့လိုအခြေအနေမှာ ဒီလိုမျိုး မတောင်းလို့ကို မရတော့တဲ့အခြေအနေမို့ဆန္ဒပြ သပိတ်တိုက်ပွဲဝင်ကြတာ။ ကိုဗစ် မတိုင်ခင်ကတည်းကိုက အလုပ်သမားပြဿနာတွေကို အလုပ်သမားအဖွဲ့ချုပ်တွေက ဝန်ကြီးဌာနကို တင်ပြခဲ့တာတွေရှိတယ်။ အလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့စက်ရုံတွေကို တိုင်ကြားတာမျိုးတွေရှိတယ် ဒါတွေကိုကျတော့ အလုပ်စက်ရုံတွေကို စစ်ဆေးတာ ပိတ်သိမ်းတာမလုပ်ပဲ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေကိုသာ ဖမ်းဆီးထောင်ချတာက အလုပ်သမားလူတန်းစားကိုပဲ အစိုးရက ဖိနှိပ်နေတယ်ဆိုတာပြနေတယ်။”

ဒဂုံဆိပ်ကမ်းတရားရုံးက ပုဒ်မ ၁၈၈ နဲ့ထောင် ၃လ ချလိုက်တဲ့အလုပ်သမားခေါင်းဆောင်တွေထဲမှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ကိုကျော်မျိုး၊ ကိုသက်ဦးမောင်၊ကိုမျိုးကြီး၊ ကိုမင်းမင်းနိုင်အပါအဝင် သပိတ်စခန်းဖွင့်ရာမှာ ခေါင်းဆောင်ခဲ့တဲ့ အလုပ်သမားတွေ ပါဝင်ပါတယ်။ ကျန်ဖမ်းဆီးထားသူတွေကိုလည်း စက်ရုံပိတ်ဆို့ဆန္ဒပြမှု လူစုလူဝေးလုပ်မှုတွေနဲ့လည်း အမှုဖွင့်ထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-worker-protest-leader-arrested-/5406438.html
ရန္ကုန္မွာ အလုပ္သမားအခြင့္အေရးေတာင္းဆုိသူေတြ ဖမ္းခံရ ရန္ကုန္မွာ အလုပ္သမားအခြင့္အေရးေတာင္းဆုိသူေတြ ဖမ္းခံရ Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.