ငွေသားထောက်ပံ့ကြေး ရသင့်သူစာရင်း ကောက်ယူတာမှာ သေချာစိစစ်နေရ


(Unicode)⤵⤵⤵
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားလူတွေ COVID ကာလ စားဝတ်နေရေး အဆင်ပြေစေဖို့ ဒုတိယအကြိမ်အဖြစ် ငွေသားထောက်ပံ့ကြေးပေးဖို့ အစီအစဉ်အတွက် မြို့နယ်အလိုက် စာရင်းကောက်ယူမှုတွေ ပြုလုပ်နေတာမှာ ဘယ်လို စိစစ်နေလဲဆိုတာ ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

COVID-19 ကပ်ရောဂါ အကြပ်အတည်းကာလမှာ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေနှင့် ဒုက္ခသည်စခန်းမှာရှိနေကြတဲ့သူတွေအတွက် ငွေသားထောက်ပံ့ကြေးကို ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ကြား သတ်မှတ်ပြီး ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။

ယခင် ပထမတစ်ကြိမ်ထောက်ပံ့ရိက္ခာ ဝေခဲ့တုန်းက စာရင်းအရ ပုံမှန်ဝင်ငွေ မရှိတဲ့ အိမ်ထောင်စု အရေအတွက်က ၄,၀၀၀,၀၀၀ နီးပါးရှိတဲ့အတွက် ဒီစာရင်းကို အခြေခံပြီး ပိုမိုမှန်ကန်တဲ့ အချက်အလက်တွေရနိုင်ဖို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောထားပါတယ်။

နိုင်ငံတော်ရဲ့ ဘတ်ဂျက် အလဟသ မဖြစ်စေဖို့အတွက် စားဝတ်နေရေး အခက်အခဲရှိအနေပြီး မဖြစ်မနေ ထောက်ပံ့ပေးဖို့ လိုအပ်တဲ့သူမျိုးကိုသာ ရွေးချယ်ပြီး စိစစ်ကောက်ယူနေတယ်လို့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေးမှုး ဦးနေမင်းထွန်းက VOA ကိုပြောပါတယ်။

“ပြောရမယ်ဆိုတချို့ကလည်း နိုင်ငံတော်ရဲ့ ထောက်ပံ့မှုကို အမှန်တကယ်လိုအပ်တဲ့သူတွေရှိသလို နိုင်ငံတော်ရဲ့ ထောက်ပံ့မှုကို လိုချင်တဲ့သူတွေလည်း ရှိကြတယ်ဗျ။ အရင်တုန်းက ရိက္ခာထောက်ပံ့မှု တုန်းကတော့ ဆန် ၈ ပြည်တို့ ပဲ တစ်ပိဿတို့ ကြက်သွန်တစ်ပိဿတို့နဲ့ သွားသော်ညားလည်းပဲ အခုအချိန်မှာ သူတို့ကြားမိတဲ့ အကြားလေးတွေကတော့ ငွေကြေးထောက်ပံ့မယ်ဆိုတဲ့အတွက် ဒီအပေါ်မှာ လိုချင်တဲ့ မိသားစုတွေနဲ့ မလိုအပ်ဘဲနဲ့ လိုချင်တဲ့သူတွေ ရှိလာတယ်ဆိုတဲ့ အနေအထားမျိုးလေးတွေ ရှိလာတယ်။ ဒါလေးတွေကို ကျနော်တို့အနေနဲ့ ဒါ အတတ်နိုင်ဆုံး စိစစ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။”

မင်္ဂလာတောင်ညွန့်မြို့နယ်မှာတော့ အရင် အခြေခံစားသောက်ကုန်တွေ ဝေပေးတုန်းကရှိတဲ့ စာရင်းအရ အိမ်ထောင်စုပေါင်း ၄,၆၀၀ ကျော်ကို အခြေခံပြီး စာရင်းပြန်ကောက်တဲ့အခါ ခု ငွေသား ထောက်ပံ့ကြေးအတွက် ပေးဖို့လို့အပ်တဲ့ အိမ်ထောင်စုပေါင်းက ၅,၀၀၀ ကျော်ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စာရင်းကောက်ယူရာမှာ အုပ်ချုပ်ရေးမှုးတွေဘက်က ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ခုလိုပြောပြပါတယ်။

“ကျနော်တို့က စာရင်းကောက်ယူဖို့ကို အချိန်လေးပေးပြီးတော့မှ ဆောင်ရွက်ခဲ့ပါတယ်။ ကောက်ယူတဲ့အချိန်မှာ အဲ့လို လာပြီးတော့ အဲ့လို တကယ် မြေပြင်ရပ်ကွက်ထဲမှာလည်းပဲ ကောက်ယူတဲ့ အချိန်မှာ ဆက်သွယ်လို့ မရတာမျိုးတွေရှိတယ်၊ နောက် တကယ် ရပ်ကွက်ထဲမှာမရှိဘူး၊ နောက် စာရင်းကောက်ယူတယ်ဆိုတဲ့ အသံကြားပြီးတဲ့ နောက်ပိုင်းကျမှ ပြန်ရောက်လာပြီတော့ သူတို့လည်း ဒီမှာ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီတယ် စာရင်းထဲ ထည့်ပေးပါ၊ ဘာညာ ဆိုတဲ့ အခါကျတော့ ကျနော်တို့ဆီမှာကျတော့ စာရင်းက အမြဲတမ်းကြီး အပြောင်းအလဲကြီး လုပ်နေလို့ မရနိုင်တဲ့ အခါကျတော့ အဲ့ဒီလိုမျိုး အခက်အခဲလေးတွေတော့ ရှိပါတယ်။”

ဒီလို ထောက်ပံ့ကြေးအတွက် စာရင်းကောက်ယူရာမှာ အမှန်တကယ်လိုအပ်နေတဲ့သူတွေ ဖြစ်မဖြစ်ဆိုတာက ရပ်ကွက်ရဲ့ ဆယ်အိမ်မှူးတွေနဲ့ ရာအိမ်မှူးတွေဆီမှာ အဓိက တာဝန်ရှိတယ်လို့ ရှမ်းပြည်တောင်ပိုင်း အေးသာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သူရက ဆိုပါတယ်။

“ကျနော်တို့ဆီမှာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အစည်းမှာပေါ့နော်။ အုပ်ချုပ်ရေးမှူး ရှိမယ်၊ အဲ့ဒီအောက်မှာ ရာအိမ်မှူး ရှိမယ်၊ ရာအိမ်မှူးတွေအောက်မှာ ဆယ်အိမ်မှူးတွေရှိမယ်။ ဒီအနေအထားမှာမှ ဆယ်အိမ်မှူးဆိုတဲ့ အနေအထားကတော့ အသိဆုံးပေါ့။ ဘာလို့လည်းဆိုတော့ သူအပါအဝင် ဆယ်အိမ်ပဲ ရှိတဲ့ အနေအထားမှာမှ ဘယ်သူက ဘယ်အနေအထားရှိတယ်ဆိုတာ သူအသိဆုံးပါပဲ။ ဒီလို ဆယ်အိမ်မှူးတွေ အဆိုပြုတဲ့ အနေအထားမှာမှ ကျနော်တို့က အခြေခံတာပေါ့ ဒီအဆင့်ဆင့် အခြေခံလာတဲ့ အပေါ်မှာမှ ဆယ်အိမ်မှူးက အခြေခံလားတယ်၊ အိုကေ၊ ရာအိမ်မှူးက ထောက်ခံလာမယ် အိုကေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး ထောက်ခံလာမယ်။ ဒီအနေအထားကို ကျနော်တို့ ရွေးချယ်ရတာပေါ့။”

အခု ပေးမယ့် ငွေသားထောက်ပံ့ကြေးကို တယ်လီဖုန်းတွေကနေတဆင့် Online Payment နဲ့ အိမ်ထောင်စုတွေဆီကို တိုက်ရိုက်ရောက်အောင် ပေးနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

COVID ကာလ ငွေသားထောက်ပံ့ပေးမယ့် ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေက ပျံကျဈေးသည်၊ အငှားယာဉ်မောင်း၊ ကျပန်းလုပ်သား၊ ရေလုပ်သား၊ အလုပ်ကြမ်းသမား၊ ခြံလုပ်သား၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ နေ့စား ဒါမှမဟုတ် ယာယီဝန်ထမ်း၊ အခြားပုံမှန် ဝင်ငွေမရှိတဲ့ အလုပ်သမားတွေနဲ့ ကိုဗစ်ကြောင့် လတ်တလောမှာ အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် လူကယ်ပြန် ဝန်ကြီးဌာနကတဆင့် ပဋိပက္ခဒေသမှာ အိုးအိမ်စွန့်ခွာပြေးနေကြရတဲ့ IDP ပြည်တွင်းဒုက္ခသည်တွေကိုလည်းငွေသားကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------------------
(Zawgyi)⤵⤵⤵
ေငြသားေထာက္ပံ့ေၾကး ရသင့္သူစာရင္း ေကာက္ယူတာမွာ ေသခ်ာစိစစ္ေနရ

ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားလူေတြ COVID ကာလ စားဝတ္ေနေရး အဆင္ေျပေစဖို႔ ဒုတိယအႀကိမ္အျဖစ္ ေငြသားေထာက္ပံ့ေၾကးေပးဖို႔ အစီအစဥ္အတြက္ ၿမိဳ႕နယ္အလိုက္ စာရင္းေကာက္ယူမႈေတြ ျပဳလုပ္ေနတာမွာ ဘယ္လို စိစစ္ေနလဲဆိုတာ ေျပာျပပါမယ္။ ဒီအေၾကာင္း ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက တင္ျပေပးပါမယ္။

COVID-19 ကပ္ေရာဂါ အၾကပ္အတည္းကာလမွာ ျပည္သူေတြ စားဝတ္ေနေရး အဆင္ေျပေစဖို႔အတြက္ အစိုးရက ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြႏွင့္ ဒုကၡသည္စခန္းမွာရွိေနၾကတဲ့သူေတြအတြက္ ေငြသားေထာက္ပံ့ေၾကးကို ၃၀,၀၀၀ ကေန ၄၀,၀၀၀ ၾကား သတ္မွတ္ၿပီး ေထာက္ပံ့ေပးဖို႔ စီစဥ္ေနပါတယ္။

ယခင္ ပထမတစ္ႀကိမ္ေထာက္ပံ့ရိကၡာ ေဝခဲ့တုန္းက စာရင္းအရ ပုံမွန္ဝင္ေငြ မရွိတဲ့ အိမ္ေထာင္စု အေရအတြက္က ၄,၀၀၀,၀၀၀ နီးပါးရွိတဲ့အတြက္ ဒီစာရင္းကို အေျခခံၿပီး ပိုမိုမွန္ကန္တဲ့ အခ်က္အလက္ေတြရႏိုင္ဖို႔ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေနတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာထားပါတယ္။

ႏိုင္ငံေတာ္ရဲ႕ ဘတ္ဂ်က္ အလဟသ မျဖစ္ေစဖို႔အတြက္ စားဝတ္ေနေရး အခက္အခဲရွိအေနၿပီး မျဖစ္မေန ေထာက္ပံ့ေပးဖို႔ လိုအပ္တဲ့သူမ်ိဳးကိုသာ ေ႐ြးခ်ယ္ၿပီး စိစစ္ေကာက္ယူေနတယ္လို႔ ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္အေနာက္ပိုင္း အုပ္ခ်ဳပ္ေရးမႈး ဦးေနမင္းထြန္းက VOA ကိုေျပာပါတယ္။

“ေျပာရမယ္ဆိုတခ်ိဳ႕ကလည္း ႏိုင္ငံေတာ္ရဲ႕ ေထာက္ပံ့မႈကို အမွန္တကယ္လိုအပ္တဲ့သူေတြရွိသလို ႏိုင္ငံေတာ္ရဲ႕ ေထာက္ပံ့မႈကို လိုခ်င္တဲ့သူေတြလည္း ရွိၾကတယ္ဗ်။ အရင္တုန္းက ရိကၡာေထာက္ပံ့မႈ တုန္းကေတာ့ ဆန္ ၈ ျပည္တို႔ ပဲ တစ္ပိႆတို႔ ၾကက္သြန္တစ္ပိႆတို႔နဲ႔ သြားေသာ္ညားလည္းပဲ အခုအခ်ိန္မွာ သူတို႔ၾကားမိတဲ့ အၾကားေလးေတြကေတာ့ ေငြေၾကးေထာက္ပံ့မယ္ဆိုတဲ့အတြက္ ဒီအေပၚမွာ လိုခ်င္တဲ့ မိသားစုေတြနဲ႔ မလိုအပ္ဘဲနဲ႔ လိုခ်င္တဲ့သူေတြ ရွိလာတယ္ဆိုတဲ့ အေနအထားမ်ိဳးေလးေတြ ရွိလာတယ္။ ဒါေလးေတြကို က်ေနာ္တို႔အေနနဲ႔ ဒါ အတတ္ႏိုင္ဆုံး စိစစ္ၿပီးေတာ့ ေဆာင္႐ြက္လ်က္ရွိပါတယ္။”

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္မွာေတာ့ အရင္ အေျခခံစားေသာက္ကုန္ေတြ ေဝေပးတုန္းကရွိတဲ့ စာရင္းအရ အိမ္ေထာင္စုေပါင္း ၄,၆၀၀ ေက်ာ္ကို အေျခခံၿပီး စာရင္းျပန္ေကာက္တဲ့အခါ ခု ေငြသား ေထာက္ပံ့ေၾကးအတြက္ ေပးဖို႔လို႔အပ္တဲ့ အိမ္ေထာင္စုေပါင္းက ၅,၀၀၀ ေက်ာ္ရွိတယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

စာရင္းေကာက္ယူရာမွာ အုပ္ခ်ဳပ္ေရးမႈးေတြဘက္က ႀကဳံေတြ႕ေနၾကရတဲ့ အခက္အခဲေတြနဲ႔ ပတ္သက္လို႔ ရန္ကုန္တိုင္း မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ဝင္းက ခုလိုေျပာျပပါတယ္။

“က်ေနာ္တို႔က စာရင္းေကာက္ယူဖို႔ကို အခ်ိန္ေလးေပးၿပီးေတာ့မွ ေဆာင္႐ြက္ခဲ့ပါတယ္။ ေကာက္ယူတဲ့အခ်ိန္မွာ အဲ့လို လာၿပီးေတာ့ အဲ့လို တကယ္ ေျမျပင္ရပ္ကြက္ထဲမွာလည္းပဲ ေကာက္ယူတဲ့ အခ်ိန္မွာ ဆက္သြယ္လို႔ မရတာမ်ိဳးေတြရွိတယ္၊ ေနာက္ တကယ္ ရပ္ကြက္ထဲမွာမရွိဘူး၊ ေနာက္ စာရင္းေကာက္ယူတယ္ဆိုတဲ့ အသံၾကားၿပီးတဲ့ ေနာက္ပိုင္းက်မွ ျပန္ေရာက္လာၿပီေတာ့ သူတို႔လည္း ဒီမွာ သတ္မွတ္ထားတဲ့ အခ်က္ေတြနဲ႔ ကိုက္ညီတယ္ စာရင္းထဲ ထည့္ေပးပါ၊ ဘာညာ ဆိုတဲ့ အခါက်ေတာ့ က်ေနာ္တို႔ဆီမွာက်ေတာ့ စာရင္းက အၿမဲတမ္းႀကီး အေျပာင္းအလဲႀကီး လုပ္ေနလို႔ မရႏိုင္တဲ့ အခါက်ေတာ့ အဲ့ဒီလိုမ်ိဳး အခက္အခဲေလးေတြေတာ့ ရွိပါတယ္။”

ဒီလို ေထာက္ပံ့ေၾကးအတြက္ စာရင္းေကာက္ယူရာမွာ အမွန္တကယ္လိုအပ္ေနတဲ့သူေတြ ျဖစ္မျဖစ္ဆိုတာက ရပ္ကြက္ရဲ႕ ဆယ္အိမ္မႉးေတြနဲ႔ ရာအိမ္မႉးေတြဆီမွာ အဓိက တာဝန္ရွိတယ္လို႔ ရွမ္းျပည္ေတာင္ပိုင္း ေအးသာယာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္သူရက ဆိုပါတယ္။

“က်ေနာ္တို႔ဆီမွာ ရပ္ကြက္အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမွာေပါ့ေနာ္။ အုပ္ခ်ဳပ္ေရးမႉး ရွိမယ္၊ အဲ့ဒီေအာက္မွာ ရာအိမ္မႉး ရွိမယ္၊ ရာအိမ္မႉးေတြေအာက္မွာ ဆယ္အိမ္မႉးေတြရွိမယ္။ ဒီအေနအထားမွာမွ ဆယ္အိမ္မႉးဆိုတဲ့ အေနအထားကေတာ့ အသိဆုံးေပါ့။ ဘာလို႔လည္းဆိုေတာ့ သူအပါအဝင္ ဆယ္အိမ္ပဲ ရွိတဲ့ အေနအထားမွာမွ ဘယ္သူက ဘယ္အေနအထားရွိတယ္ဆိုတာ သူအသိဆုံးပါပဲ။ ဒီလို ဆယ္အိမ္မႉးေတြ အဆိုျပဳတဲ့ အေနအထားမွာမွ က်ေနာ္တို႔က အေျခခံတာေပါ့ ဒီအဆင့္ဆင့္ အေျခခံလာတဲ့ အေပၚမွာမွ ဆယ္အိမ္မႉးက အေျခခံလားတယ္၊ အိုေက၊ ရာအိမ္မႉးက ေထာက္ခံလာမယ္ အိုေက၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး ေထာက္ခံလာမယ္။ ဒီအေနအထားကို က်ေနာ္တို႔ ေ႐ြးခ်ယ္ရတာေပါ့။”

အခု ေပးမယ့္ ေငြသားေထာက္ပံ့ေၾကးကို တယ္လီဖုန္းေတြကေနတဆင့္ Online Payment နဲ႔ အိမ္ေထာင္စုေတြဆီကို တိုက္႐ိုက္ေရာက္ေအာင္ ေပးႏိုင္ဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

COVID ကာလ ေငြသားေထာက္ပံ့ေပးမယ့္ ပုံမွန္ဝင္ေငြ မရွိတဲ့ အေျခခံလူတန္းစားေတြက ပ်ံက်ေဈးသည္၊ အငွားယာဥ္ေမာင္း၊ က်ပန္းလုပ္သား၊ ေရလုပ္သား၊ အလုပ္ၾကမ္းသမား၊ ၿခံလုပ္သား၊ ပုဂၢလိက လုပ္ငန္းေတြမွာလုပ္ကိုင္ေနတဲ့ ေန႔စား ဒါမွမဟုတ္ ယာယီဝန္ထမ္း၊ အျခားပုံမွန္ ဝင္ေငြမရွိတဲ့ အလုပ္သမားေတြနဲ႔ ကိုဗစ္ေၾကာင့္ လတ္တေလာမွာ အလုပ္လက္မဲ့ ျဖစ္ေနတဲ့သူေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ လူကယ္ျပန္ ဝန္ႀကီးဌာနကတဆင့္ ပဋိပကၡေဒသမွာ အိုးအိမ္စြန႔္ခြာေျပးေနၾကရတဲ့ IDP ျပည္တြင္းဒုကၡသည္ေတြကိုလည္းေငြသားကူညီေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-covid-stimulus-gov-plan/5437587.html
ငွေသားထောက်ပံ့ကြေး ရသင့်သူစာရင်း ကောက်ယူတာမှာ သေချာစိစစ်နေရ ငွေသားထောက်ပံ့ကြေး ရသင့်သူစာရင်း ကောက်ယူတာမှာ သေချာစိစစ်နေရ Reviewed by THITHTOOLWIN on 23:10 Rating: 5
Powered by Blogger.