ထိုင္းဘုန္းႀကီးေတြ ဦးေဆာင္တဲ့ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားမႈ

ပလတ္စတစ္အမႈိက္ ကင္းစင္ေရး ဦးေဆာင္လႈပ္ရွားေနသည့္ ထုိင္းႏုိင္ငံ Lamphun ၿမိဳ႕ Pa Book ဘုန္းႀကီးေက်ာင္းက ဘုန္းေတာ္ႀကီးမ်ားႏွင့္ ေဒသခံအခ်ဳိ႕။
(Zawgyi / Unicode)

ထိုင္းႏုိင္ငံ Lamphun ၿမိဳ႕ Pa Book ဘုန္းႀကီးေက်ာင္းက ဘုန္းေတာ္ႀကီးေတြ ေန႔စဥ္ေန႔တိုင္း ေျမကမၻာေန႔ကို ဘယ္လိုပံုစံ လိုက္နာ ဆင္ႏႊဲၾကပါသလဲ။ စြန္႔ပစ္ပစၥည္း ေလွ်ာ့ခ်တဲ့နည္းနဲ႔ မနက္ခင္းတိုင္း ဆြမ္းခံႂကြၾကတာျဖစ္ၿပီး Pa Book ရြာကိုလည္း စြန္႔ပစ္ပစၥည္းမရွိတဲ့ စံျပရြာတခုအျဖစ္ ဘုန္းေတာ္ႀကီးေတြက ေျပာင္းလဲလုိက္တာပါ။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ ဗီြအိုေအသတင္းေထာက္ Warangkana Chomchuem သတင္းေပးပို႔ထားတာကုိ မသိဂႌထုိက္ တင္ျပေပးထားပါတယ္။

Pa Book ေက်ာင္းမွာ သီတင္းသံုးတဲ့ ဘုန္းႀကီးေတြက ပလတ္စတစ္နဲ႔ အစားအေသာက္ ေလလြင့္မႈ လံုး၀မရွိေစေရး သူတို႔ကိုယ္တိုင္ ေဆာင္ရြက္ဖို႔ လြန္ခဲ့တဲ့ ႏွစ္ ၂၀ ကတည္းက ရည္မွန္းခ်က္ခ်ခဲ့တာပါ။ ဆြမ္းနဲ႔ ဆြမ္းဟင္းေတြကို ပန္းကန္လံုးနဲ႔ထည့္ၿပီး သယ္ယူတာေၾကာင့္ ပလတ္စတစ္ဘူးေတြ သံုးစရာ မလုိေတာ့ပါဘူး။ Pa Book ေက်ာင္းက လက္ေထာက္ ေက်ာင္းထိုင္ဆရာေတာ္ Pra Samutnatthee က အခုလို မိန္႔ပါတယ္။

“အစားအေသာက္ ေလလြင့္မႈ နည္းသြားသလို တႏွစ္ကို ပလတ္စတစ္အိတ္ ၇,၀၀၀ ေလာက္ သံုးစရာလည္း မလိုေတာ့ဘူးေပါ့။”

ႏွစ္စဥ္ အနည္းဆံုး စြန္႔ပစ္ပစၥည္း တန္ခ်ိန္ ၂၇ သန္းေလာက္ရွိၿပီး အဲဒီထဲမွာ ပလတ္စတစ္ စြန္႔ပစ္မႈက တန္ခ်ိန္ ၂ သန္းေလာက္ရွိတဲ့ ထုိင္းႏုိင္ငံအတြက္ေတာ့ Pa Book ဘုန္းႀကီးေက်ာင္းက စံျပတခု ျဖစ္ပါတယ္။ ပလတ္စတစ္နဲ႔ အဆင္သင့္ ထုပ္ပိုးေပးတဲ့ ခ်က္ျပဳတ္ၿပီးသား ဒါမွမဟုတ္လည္း အသင့္စားေတြကို ၀ယ္ၿပီး ဆြမ္းေလာင္းေလ့ ရွိၾကတဲ့အတြက္ ပထမေတာ့ လူေတြက ပလတ္စတစ္မသံုးဖို႔ ဆိုတာကို လက္မခံၾကပါဘူး။ ဒါကို ဘယ္လိုေျပာင္းလဲခဲ့ရလဲ ဆိုတာကို Pa Book ေက်ာင္းက ဒုတိယေက်ာင္းထိုင္ Pra Samutnatthee က အခုလို မိန္႔ပါတယ္။

“ဆြမ္းခံႂကြခ်ိန္ကို တနာရီ ေနာက္ဆုတ္ၿပီး မနက္ ၇ နာရီမွ သူတို႔ မနက္စာ ခ်က္ၿပီးခ်ိန္ေရာက္မွ ဆြမ္းခံပါတယ္။ ပလတ္စတစ္ မသံုးဖို႔လည္း အားလံုးကို ေျပာထားၿပီးသားပါ။ တေယာက္ေယာက္က ပလတ္စတစ္နဲ႔ထုပ္ၿပီး ဆြမ္းေလာင္းရင္လည္း တျခားလူေတြက ပလတ္စတစ္ မသံုးေတာ့ဘူးလို႔ ၀ိုင္းၿပီး ေျပာၾကပါတယ္။”

ဘုန္းႀကီးေက်ာင္းကစတဲ့ စြန္႔ပစ္ပစၥည္း ကင္းစင္ေရး ဦးေဆာင္ လမ္းျပမႈေၾကာင့္ပဲ ၂၀၁၆ ခုႏွစ္မွာ Pa Book ေဒသခံေတြ စၿပီး အမိႈက္ရွင္းခဲ့ၾကၿပီးပါၿပီ။ စားႂကြင္းစားက်န္ေတြကို ေျမၾသဇာလုပ္ပါတယ္။ ပလတ္စတစ္နဲ႔ ဖန္ထည္ေတြကိုလည္း ျပန္လည္အသံုးျပဳခဲ့ၾကပါတယ္။ ေဒသခံတဦးျဖစ္တဲ့ Saisupan Maneekan က အခုလို ေျပာပါတယ္။

“ဟင္းသီးဟင္းရြက္စိုက္ရတာ အဆင္ေျပတယ္၊ ေရႊ႕ရ ေျပာင္းရ လြယ္ပါတယ္။”

Pa Book ရြာက အမိႈက္ကင္းစင္တဲ့ စံျပရြာျဖစ္ၿပီး အမ်ိဳးသားအဆင့္ ဆုတံဆိပ္ေတြလည္းရ၊ ေနာက္ အမိႈက္ကင္းစင္ေရးကို လာေလ့လာသူကလည္း ေသာင္းနဲ႔ခ်ီ ရွိပါတယ္။ ရြာအုပ္ခ်ဳပ္ေရးမွဴး Sanan Somchan က အခုလို ေျပာပါတယ္။

“လူတိုင္းက ကိုယ့္အမိႈက္ကိုယ္ တာ၀န္ယူလိုက္ေတာ့ အမိႈက္လိုက္သိမ္းစရာ မလိုေတာ့တာ ျဖစ္ပါတယ္။”

ဒီအေျခအေနကို ထိန္းထားႏုိင္မလား။ ဒုတိယ ေက်ာင္းထိုင္ဘုန္းႀကီး Pra Samutnatthee က….

“ဘုန္းႀကီးေတြေျပာတာကို လူေတြက နားေထာင္ၾကလို႔ ဘုန္းႀကီးေတြက အေရးႀကီးပါတယ္။ ကိုးကြယ္ယံုၾကည္မႈ တခုတည္းတင္ မဟုတ္ဘဲ သဘာ၀ပတ္၀န္းက်င္ကိုပါ ဘုန္းႀကီးတို႔အေနနဲ႔ အေလးထား ေစာင့္ေရွာက္ပါတယ္” လုိ႔ မိန္႔ၾကားသြားပါတယ္။

မသိဂႌထုိက္ / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------

(Unicode)

ထိုင်းဘုန်းကြီးတွေ ဦးဆောင်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု

ထိုင်းနိုင်ငံ Lamphun မြို့ Pa Book ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးတွေ နေ့စဉ်နေ့တိုင်း မြေကမ္ဘာနေ့ကို ဘယ်လိုပုံစံ လိုက်နာ ဆင်နွှဲကြပါသလဲ။ စွန့်ပစ်ပစ္စည်း လျှော့ချတဲ့နည်းနဲ့ မနက်ခင်းတိုင်း ဆွမ်းခံကြွကြတာဖြစ်ပြီး Pa Book ရွာကိုလည်း စွန့်ပစ်ပစ္စည်းမရှိတဲ့ စံပြရွာတခုအဖြစ် ဘုန်းတော်ကြီးတွေက ပြောင်းလဲလိုက်တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Warangkana Chomchuem သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

Pa Book ကျောင်းမှာ သီတင်းသုံးတဲ့ ဘုန်းကြီးတွေက ပလတ်စတစ်နဲ့ အစားအသောက် လေလွင့်မှု လုံးဝမရှိစေရေး သူတို့ကိုယ်တိုင် ဆောင်ရွက်ဖို့ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ရည်မှန်းချက်ချခဲ့တာပါ။ ဆွမ်းနဲ့ ဆွမ်းဟင်းတွေကို ပန်းကန်လုံးနဲ့ထည့်ပြီး သယ်ယူတာကြောင့် ပလတ်စတစ်ဘူးတွေ သုံးစရာ မလိုတော့ပါဘူး။ Pa Book ကျောင်းက လက်ထောက် ကျောင်းထိုင်ဆရာတော် Pra Samutnatthee က အခုလို မိန့်ပါတယ်။

“အစားအသောက် လေလွင့်မှု နည်းသွားသလို တနှစ်ကို ပလတ်စတစ်အိတ် ၇,၀၀၀ လောက် သုံးစရာလည်း မလိုတော့ဘူးပေါ့။”

နှစ်စဉ် အနည်းဆုံး စွန့်ပစ်ပစ္စည်း တန်ချိန် ၂၇ သန်းလောက်ရှိပြီး အဲဒီထဲမှာ ပလတ်စတစ် စွန့်ပစ်မှုက တန်ချိန် ၂ သန်းလောက်ရှိတဲ့ ထိုင်းနိုင်ငံအတွက်တော့ Pa Book ဘုန်းကြီးကျောင်းက စံပြတခု ဖြစ်ပါတယ်။ ပလတ်စတစ်နဲ့ အဆင်သင့် ထုပ်ပိုးပေးတဲ့ ချက်ပြုတ်ပြီးသား ဒါမှမဟုတ်လည်း အသင့်စားတွေကို ဝယ်ပြီး ဆွမ်းလောင်းလေ့ ရှိကြတဲ့အတွက် ပထမတော့ လူတွေက ပလတ်စတစ်မသုံးဖို့ ဆိုတာကို လက်မခံကြပါဘူး။ ဒါကို ဘယ်လိုပြောင်းလဲခဲ့ရလဲ ဆိုတာကို Pa Book ကျောင်းက ဒုတိယကျောင်းထိုင် Pra Samutnatthee က အခုလို မိန့်ပါတယ်။

“ဆွမ်းခံကြွချိန်ကို တနာရီ နောက်ဆုတ်ပြီး မနက် ၇ နာရီမှ သူတို့ မနက်စာ ချက်ပြီးချိန်ရောက်မှ ဆွမ်းခံပါတယ်။ ပလတ်စတစ် မသုံးဖို့လည်း အားလုံးကို ပြောထားပြီးသားပါ။ တယောက်ယောက်က ပလတ်စတစ်နဲ့ထုပ်ပြီး ဆွမ်းလောင်းရင်လည်း တခြားလူတွေက ပလတ်စတစ် မသုံးတော့ဘူးလို့ ဝိုင်းပြီး ပြောကြပါတယ်။”

ဘုန်းကြီးကျောင်းကစတဲ့ စွန့်ပစ်ပစ္စည်း ကင်းစင်ရေး ဦးဆောင် လမ်းပြမှုကြောင့်ပဲ ၂၀၁၆ ခုနှစ်မှာ Pa Book ဒေသခံတွေ စပြီး အမှိုက်ရှင်းခဲ့ကြပြီးပါပြီ။ စားကြွင်းစားကျန်တွေကို မြေသြဇာလုပ်ပါတယ်။ ပလတ်စတစ်နဲ့ ဖန်ထည်တွေကိုလည်း ပြန်လည်အသုံးပြုခဲ့ကြပါတယ်။ ဒေသခံတဦးဖြစ်တဲ့ Saisupan Maneekan က အခုလို ပြောပါတယ်။

“ဟင်းသီးဟင်းရွက်စိုက်ရတာ အဆင်ပြေတယ်၊ ရွှေ့ရ ပြောင်းရ လွယ်ပါတယ်။”

Pa Book ရွာက အမှိုက်ကင်းစင်တဲ့ စံပြရွာဖြစ်ပြီး အမျိုးသားအဆင့် ဆုတံဆိပ်တွေလည်းရ၊ နောက် အမှိုက်ကင်းစင်ရေးကို လာလေ့လာသူကလည်း သောင်းနဲ့ချီ ရှိပါတယ်။ ရွာအုပ်ချုပ်ရေးမှူး Sanan Somchan က အခုလို ပြောပါတယ်။

“လူတိုင်းက ကိုယ့်အမှိုက်ကိုယ် တာဝန်ယူလိုက်တော့ အမှိုက်လိုက်သိမ်းစရာ မလိုတော့တာ ဖြစ်ပါတယ်။”

ဒီအခြေအနေကို ထိန်းထားနိုင်မလား။ ဒုတိယ ကျောင်းထိုင်ဘုန်းကြီး Pra Samutnatthee က….

“ဘုန်းကြီးတွေပြောတာကို လူတွေက နားထောင်ကြလို့ ဘုန်းကြီးတွေက အရေးကြီးပါတယ်။ ကိုးကွယ်ယုံကြည်မှု တခုတည်းတင် မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ကိုပါ ဘုန်းကြီးတို့အနေနဲ့ အလေးထား စောင့်ရှောက်ပါတယ်” လို့ မိန့်ကြားသွားပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thai-monk-environmental-movement/5402814.html
ထိုင္းဘုန္းႀကီးေတြ ဦးေဆာင္တဲ့ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားမႈ ထိုင္းဘုန္းႀကီးေတြ ဦးေဆာင္တဲ့ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားမႈ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.