မြို့ပေါ်မှာမပေါက်ကွဲသေးတဲ့ ကျည်တွေမိုင်းတွေရှိ နေတဲ့ ပလက်ဝ

ပလက်ဝမြို့ ၊ ရိက္ခာရပ်ကွက် မှာ မိုင်းနင်းမိသူရှိ
(Unicode)⤵⤵⤵
ကိုဗစ် -၁၉ ရောဂါ ကာလအတွင်း တပ်မတော်ဘက်က အပစ်ရပ် ကြေညာထားပေမယ့်လည်း ပလက်ဝမြို့မှာ နေ့စဉ် တိုက်ပွဲတွေဖြစ်နေပြီး ပစ်ခတ်မှုတွေကြောင့် ကျရောက်လာတဲ့ လက်နက်ကြီးကျည်တွေ နဲ့ မြို့ပေါ်မှာရှိနေတဲ့ မိုင်းတွေကြောင့် ထိခိုက်မှုတွေဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့ ၊ ရိက္ခာရပ်ကွက် မှာ မေလ၂၃ ရက်နေ့က ဒေသခံ ဒေါ်မနီ ဟာ နေအိမ်အနီးမှာ စားစရာအတွက် ငှက်ပျောပင် ခုတ်သွားရာကနေ မိုင်းနင်းမိတာကြောင့် ပေါင်နဲ့ တင်ပါးမှာ မိုင်းစထိမှန်ပြီး ပလက်ဝမြို့မှာ ဆေးကုသ မှု ခံနေရဆဲဖြစ်တယ်လို့ ချင်းစစ်ဘေးရှောင် ပြည်သူများ အရေးပေါ် ကူညီရေးနဲ့ပြန်လည်ထူထောင်ရေး ကော်မတီ (RRCI) က မိုင်နန်းဝေက ဘီဘီစီကို ပြောပါတယ်။

" မိုင်းထိတဲ့ လူနာ အမျိုးသမီးမှာက ၃ နှစ်ခွဲ အရွယ် ကလေးတစ်ယောက်ရှိတယ်။ အမျိုးသားက ပလက်ဝကနေ ဆမီးကိုဆိုင်ကယ် ကယ်ရီ လိုက်သွားတာ ဧပြီလကတည်းက။ တိုက်ပွဲအခြေအနေနဲ့ သူ့အမျိုးသားက ပလက်ဝကို ပြန်မလာနိုင်တော့ ဆမီးမှာ ပိတ်မိနေတယ်။ ခုတော့လူနာအမျိုးသမီးရဲ့ ကလေးကို ရပ်ဆွေ ရပ်မျိုးတွေက ဝိုင်းထိန်းထားရတယ်" လို့ မိုင်နန်းဝေကပြောပြပါတယ်။

မိုင်းနင်းမိသူ ဒေါ်မနီဟာ ပလက်ဝဆေးရုံမှာပဲ ဆေးကုသမှု ခံယူနေရပြီး လက်ရှိ အခြေအနေမှာ အကူအညီတွေ လိုအပ်နေတုန်းဖြစ်တယ်လို့ မိုင်နန်းဝေက ဆိုပါတယ်။
ပလက်ဝမြို့ဟာ ကုန်းလမ်းကရော ရေလမ်းပါ အပိတ်ခံရတာကြောင့် တိုက်ပွဲရှောင်တွေ အများဆုံး ပိတ်မိနေတဲ့ မြိုဖြစ်
ပလက်ဝမြို့လယ်က မြန်မာ့စီးပွားရေးဘဏ်ပရဝဏ်မှာ ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းကလည်း လက်နက်ကြီးကျည်ကျတာကြောင့် ဘဏ်ဝန်ထမ်း အမျိုးသမီး တစ်ဦးနဲ့ ကလေး ၂ ဦးတို့ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မေလ ၁၆ ရက်နေ့ကလည်း ပလက်၀ ကုလားတန် မြစ်ကူးတံတာ အရှေ့ဖက် ကမ်းနားမှာ ည ၈ နာရီခန့်က လက်နက်ကြီးကျခဲ့ပါတယ်။

မြန်မာ့တပ်မတော် နဲ့ အေအေတို့ကြား ၂၀၁၅ ခုနှစ် မတ်လကတည်းက ဖြစ်ပွားလာခဲ့တဲ့ တိုက်ပွဲတွေဟာ အခုဆိုရင် ပိုမို ပြင်းထန်လာပြီး ပလက်ဝမြို့ဟာ ကုန်းလမ်းကရော ရေလမ်းပါ အပိတ်ခံရတာကြောင့် တိုက်ပွဲရှောင်တွေ အများဆုံး ပိတ်မိနေတဲ့ မြို့ဖြစ်ပါတယ်။

ပလက်ဝမြို့နယ် တစ်ခုလုံးမှာ စစ်ဘေးရှောင် အိမ်ထောင်စု (၂၄၁၄)စု ၊ လူဦးရေ (၁၁၁၂၃)ဦး ရှိပြီး ရခိုင်ပြည်နယ်မှာလည်း ချင်းတိုင်းရင်းသား စစ်ဘေးရှောင် လူဦးရေဟာ (၇၀၀၀) ကျော်ရှိနေပါတယ်။

လက်ရှိ ပလက်ဝနဲ့ ရခိုင်ပြည်နယ်က ချင်းစစ်ဘေးရှောင်ဦးရေ စုစုပေါင်းမှာ တစ်သောင်းရှစ်ထောင် ကျော်ရှိတယ်လို့ ချင်းစစ်ဘေးရှောင် ပြည်သူများ အရေးပေါ် ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မတီ (RRCI) ရဲ့စာရင်းများအရ သိရပါတယ်။
မေလ ၂၅ ရက်နေ့မှာ ပလက်ဝမြို့တောင်ဘက်ခြမ်း ရပ်ကွက်ဖြစ်တဲ့ အိမ်တစ်အိမ်ကိုလက်နက်ကြီးကျ
နိုင်ငံအတွင်းတိုက်ပွဲတွေ ဖြစ်ရာဒေသတွေမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ နည်းသွားပေမယ့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့မှာတော့ နေ့တိုင်း ပစ်ခတ်သံတွေနဲ့ လက်နက်ကြီး ကျည်ပေါက်ကွဲတာတွေ၊ မိုင်းနင်းမိတာတွေဟာ ပလက်ဝမြို့ပေါ်မှတင် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၅ ရက်နေ့မှာ ပလက်ဝမြို့တောင်ဘက်ခြမ်း ရပ်ကွက်ဖြစ်တဲ့ အိမ်တစ်အိမ်ကို နေ့လည် ၁၁ နာရီလောက်မှာ လက်နက်ကြီးကျရောက်ခဲ့ပါတယ်။

လက်နက်ကြီးကျတဲ့ အတွက် ပလက်ဝဒေသခံ ဦးထောင်ကိန်းရဲ့ နေအိမ် မီးဖိုချောင်ခန်းမှာ ပျက်စီးသွားပြီး မိသားစုတွေမှာ အခုချိန်အထိ နားတွေအူနေတာကို ခံစားနေရတုန်း ဖြစ်တယ်လို့ နေအိမ်ပိုင်ရှင် ဦးထောင်ကိန်းရဲ့သား ကိုကျော်ခင်က ဘီဘီစီကို ပြောပါတယ်။
ပလက်ဝမြို့လယ်က မြန်မာ့စီးပွားရေးဘဏ် ကို ဧပြီလတုန်းက လက်နက်ကြီးကျ
ဧပြီ၂၂ ရက်နေ့ ညနေပိုင်းကလည်း ပလက်ဝမြို့ မြန်မာ့စီးပွားရေးဘဏ်ပရဝဏ် နဲ့ သာယာဝဆိပ်ကမ်းတို့ကို လက်နက်ကြီးကျည် နှစ်လုံးကျခဲ့ပြီး အမျိုးသမီးနှစ်ဦး ကလေးနှစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနေ့မှာပဲ လက်နက်ကြီးကျည် ငါးလုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး မပေါက်ကွဲသေးတဲ့ ကျည် သုံးလုံးမှာ ပလက်ဝမြို့ပေါ်မှာရှိနေပြီး ဆာလာအိတ်နဲ့ ဖုံးထားတယ်လို့ မိုင်နန်းဝေက ပြောပြပါတယ်။

မိုင်နန်းဝေက " ဆာလာအိတ်နဲ့ ဖုံးထားတယ်ဆိုတာ ကျွန်မတို့လည်း ခုမှ သိတာ။ ဘယ်သုံးနေရာလည်း ဆိုတာတော့ အတိအကျ မသိဘူး။ မြို့ပေါ်မှာလည်း ဘယ်သူမှ ပေါ်ပေါ်ထင်ထင် မသွားလာရဲဘူးလေ" လို့ ပြောပါတယ်။

နေ့စဉ် လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် ပလက်ဝမြို့သူ မြို့သားတွေဟာ လက်နက်ကြီးပစ်ခတ်သံ ငြိမ်မှ အပြင်ကို သွားလာ ကြသလို ညနေ ချောင်းတွင်း ရေချိုးဆင်းတာတွေကို လည်း အချိန်နဲ့ မြန်မြန်ဆန်ဆန် ချိုးနေရတဲ့အတွက် ကျီးလန့်စာစားဖြစ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
---------------------------------
(Zawgyi)⤵⤵⤵
ၿမိဳ႕ေပၚမွာမေပါက္ကြဲေသးတဲ့ က်ည္ေတြမိုင္းေတြရွိ ေနတဲ့ ပလက္ဝ

ကိုဗစ္ -၁၉ ေရာဂါ ကာလအတြင္း တပ္မေတာ္ဘက္က အပစ္ရပ္ ေၾကညာထားေပမယ့္လည္း ပလက္ဝၿမိဳ႕မွာ ေန႔စဥ္ တိုက္ပြဲေတြျဖစ္ေနၿပီး ပစ္ခတ္မႈေတြေၾကာင့္ က်ေရာက္လာတဲ့ လက္နက္ႀကီးက်ည္ေတြ နဲ႔ ၿမိဳ႕ေပၚမွာရွိေနတဲ့ မိုင္းေတြေၾကာင့္ ထိခိုက္မႈေတြျဖစ္ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ပလက္ဝၿမိဳ႕ ၊ ရိကၡာရပ္ကြက္ မွာ ေမလ၂၃ ရက္ေန႔က ေဒသခံ ေဒၚမနီ ဟာ ေနအိမ္အနီးမွာ စားစရာအတြက္ ငွက္ေပ်ာပင္ ခုတ္သြားရာကေန မိုင္းနင္းမိတာေၾကာင့္ ေပါင္နဲ႔ တင္ပါးမွာ မိုင္းစထိမွန္ၿပီး ပလက္ဝၿမိဳ႕မွာ ေဆးကုသ မႈ ခံေနရဆဲျဖစ္တယ္လို႔ ခ်င္းစစ္ေဘးေရွာင္ ျပည္သူမ်ား အေရးေပၚ ကူညီေရးနဲ႔ျပန္လည္ထူေထာင္ေရး ေကာ္မတီ (RRCI) က မိုင္နန္းေဝက ဘီဘီစီကို ေျပာပါတယ္။

" မိုင္းထိတဲ့ လူနာ အမ်ိဳးသမီးမွာက ၃ ႏွစ္ခြဲ အ႐ြယ္ ကေလးတစ္ေယာက္ရွိတယ္။ အမ်ိဳးသားက ပလက္ဝကေန ဆမီးကိုဆိုင္ကယ္ ကယ္ရီ လိုက္သြားတာ ဧၿပီလကတည္းက။ တိုက္ပြဲအေျခအေနနဲ႔ သူ႔အမ်ိဳးသားက ပလက္ဝကို ျပန္မလာႏိုင္ေတာ့ ဆမီးမွာ ပိတ္မိေနတယ္။ ခုေတာ့လူနာအမ်ိဳးသမီးရဲ႕ ကေလးကို ရပ္ေဆြ ရပ္မ်ိဳးေတြက ဝိုင္းထိန္းထားရတယ္" လို႔ မိုင္နန္းေဝကေျပာျပပါတယ္။

မိုင္းနင္းမိသူ ေဒၚမနီဟာ ပလက္ဝေဆး႐ုံမွာပဲ ေဆးကုသမႈ ခံယူေနရၿပီး လက္ရွိ အေျခအေနမွာ အကူအညီေတြ လိုအပ္ေနတုန္းျဖစ္တယ္လို႔ မိုင္နန္းေဝက ဆိုပါတယ္။

ပလက္ဝၿမိဳ႕လယ္က ျမန္မာ့စီးပြားေရးဘဏ္ပရဝဏ္မွာ ဧၿပီလ ၂၂ ရက္ေန႔ ညေနပိုင္းကလည္း လက္နက္ႀကီးက်ည္က်တာေၾကာင့္ ဘဏ္ဝန္ထမ္း အမ်ိဳးသမီး တစ္ဦးနဲ႔ ကေလး ၂ ဦးတို႔ ေသဆုံးခဲ့ပါတယ္။

ဒါ့အျပင္ ေမလ ၁၆ ရက္ေန႔ကလည္း ပလက္၀ ကုလားတန္ ျမစ္ကူးတံတာ အေရွ႕ဖက္ ကမ္းနားမွာ ည ၈ နာရီခန႔္က လက္နက္ႀကီးက်ခဲ့ပါတယ္။

ျမန္မာ့တပ္မေတာ္ နဲ႔ ေအေအတို႔ၾကား ၂၀၁၅ ခုႏွစ္ မတ္လကတည္းက ျဖစ္ပြားလာခဲ့တဲ့ တိုက္ပြဲေတြဟာ အခုဆိုရင္ ပိုမို ျပင္းထန္လာၿပီး ပလက္ဝၿမိဳ႕ဟာ ကုန္းလမ္းကေရာ ေရလမ္းပါ အပိတ္ခံရတာေၾကာင့္ တိုက္ပြဲေရွာင္ေတြ အမ်ားဆုံး ပိတ္မိေနတဲ့ ၿမိဳ႕ျဖစ္ပါတယ္။

ပလက္ဝၿမိဳ႕နယ္ တစ္ခုလုံးမွာ စစ္ေဘးေရွာင္ အိမ္ေထာင္စု (၂၄၁၄)စု ၊ လူဦးေရ (၁၁၁၂၃)ဦး ရွိၿပီး ရခိုင္ျပည္နယ္မွာလည္း ခ်င္းတိုင္းရင္းသား စစ္ေဘးေရွာင္ လူဦးေရဟာ (၇၀၀၀) ေက်ာ္ရွိေနပါတယ္။

လက္ရွိ ပလက္ဝနဲ႔ ရခိုင္ျပည္နယ္က ခ်င္းစစ္ေဘးေရွာင္ဦးေရ စုစုေပါင္းမွာ တစ္ေသာင္းရွစ္ေထာင္ ေက်ာ္ရွိတယ္လို႔ ခ်င္းစစ္ေဘးေရွာင္ ျပည္သူမ်ား အေရးေပၚ ကူညီေရးနဲ႔ ျပန္လည္ထူေထာင္ေရး ေကာ္မတီ (RRCI) ရဲ႕စာရင္းမ်ားအရ သိရပါတယ္။

ႏိုင္ငံအတြင္းတိုက္ပြဲေတြ ျဖစ္ရာေဒသေတြမွာ ပစ္ခတ္ တိုက္ခိုက္မႈေတြ နည္းသြားေပမယ့္ ခ်င္းျပည္နယ္ ေတာင္ပိုင္း ပလက္ဝၿမိဳ႕မွာေတာ့ ေန႔တိုင္း ပစ္ခတ္သံေတြနဲ႔ လက္နက္ႀကီး က်ည္ေပါက္ကြဲတာေတြ၊ မိုင္းနင္းမိတာေတြဟာ ပလက္ဝၿမိဳ႕ေပၚမွတင္ ျဖစ္ပြားေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေမလ ၂၅ ရက္ေန႔မွာ ပလက္ဝၿမိဳ႕ေတာင္ဘက္ျခမ္း ရပ္ကြက္ျဖစ္တဲ့ အိမ္တစ္အိမ္ကို ေန႔လည္ ၁၁ နာရီေလာက္မွာ လက္နက္ႀကီးက်ေရာက္ခဲ့ပါတယ္။

လက္နက္ႀကီးက်တဲ့ အတြက္ ပလက္ဝေဒသခံ ဦးေထာင္ကိန္းရဲ႕ ေနအိမ္ မီးဖိုေခ်ာင္ခန္းမွာ ပ်က္စီးသြားၿပီး မိသားစုေတြမွာ အခုခ်ိန္အထိ နားေတြအူေနတာကို ခံစားေနရတုန္း ျဖစ္တယ္လို႔ ေနအိမ္ပိုင္ရွင္ ဦးေထာင္ကိန္းရဲ႕သား ကိုေက်ာ္ခင္က ဘီဘီစီကို ေျပာပါတယ္။

ဧၿပီ၂၂ ရက္ေန႔ ညေနပိုင္းကလည္း ပလက္ဝၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္ပရဝဏ္ နဲ႔ သာယာဝဆိပ္ကမ္းတို႔ကို လက္နက္ႀကီးက်ည္ ႏွစ္လုံးက်ခဲ့ၿပီး အမ်ိဳးသမီးႏွစ္ဦး ကေလးႏွစ္ဦး ေသဆုံးခဲ့ပါတယ္။

အဲဒီေန႔မွာပဲ လက္နက္ႀကီးက်ည္ ငါးလုံးနဲ႔ ပစ္ခတ္ခဲ့တာျဖစ္ၿပီး မေပါက္ကြဲေသးတဲ့ က်ည္ သုံးလုံးမွာ ပလက္ဝၿမိဳ႕ေပၚမွာရွိေနၿပီး ဆာလာအိတ္နဲ႔ ဖုံးထားတယ္လို႔ မိုင္နန္းေဝက ေျပာျပပါတယ္။

မိုင္နန္းေဝက " ဆာလာအိတ္နဲ႔ ဖုံးထားတယ္ဆိုတာ ကြၽန္မတို႔လည္း ခုမွ သိတာ။ ဘယ္သုံးေနရာလည္း ဆိုတာေတာ့ အတိအက် မသိဘူး။ ၿမိဳ႕ေပၚမွာလည္း ဘယ္သူမွ ေပၚေပၚထင္ထင္ မသြားလာရဲဘူးေလ" လို႔ ေျပာပါတယ္။

ေန႔စဥ္ လက္နက္ႀကီးေတြပစ္ခတ္မႈေၾကာင့္ ပလက္ဝၿမိဳ႕သူ ၿမိဳ႕သားေတြဟာ လက္နက္ႀကီးပစ္ခတ္သံ ၿငိမ္မွ အျပင္ကို သြားလာ ၾကသလို ညေန ေခ်ာင္းတြင္း ေရခ်ိဳးဆင္းတာေတြကို လည္း အခ်ိန္နဲ႔ ျမန္ျမန္ဆန္ဆန္ ခ်ိဳးေနရတဲ့အတြက္ က်ီးလန္႔စာစားျဖစ္ေနတယ္လို႔ ေဒသခံေတြက ဘီဘီစီကို ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52799667
မြို့ပေါ်မှာမပေါက်ကွဲသေးတဲ့ ကျည်တွေမိုင်းတွေရှိ နေတဲ့ ပလက်ဝ မြို့ပေါ်မှာမပေါက်ကွဲသေးတဲ့ ကျည်တွေမိုင်းတွေရှိ နေတဲ့ ပလက်ဝ Reviewed by THITHTOOLWIN on 04:44 Rating: 5
Powered by Blogger.