အေအေဘက်ကဖမ်းသွားတဲ့ အမျိုးသမီး၂ ဦးနဲ့ ကလေးငယ်ကို ပြန်လွှတ်၊ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးထား

အေအေဘက်ကတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်အတွင်းက သဇင်မြိုင်ရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၄ဦးကျဆုံးခဲ့
(Unicode)⤵⤵⤵
မေလ ၂၉ ရက် နေ့မနက် ၂ နာရီကျော်မှာ ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ်အတွင်းက သဇင်မြိုင် န-တ-လ ကျေးရွာ ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော် အေအေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဖမ်းဆီးခံလိုက်ရတဲ့ ရဲတပ်ဖွဲ့မိသားစုဝင်တွေကို ပြန်လည်လွှတ်ပေးလိုက်ပြီ ဒေသခံတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်ဘက်က ဘီဘီစီကို အတည်ပြုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကလေးတစ်ဦး ပါဝင်တဲ့ မိသားစုဝင် ၃ ဦးဖမ်းဆီးခံလိုက်ရပြီး အမျိုးသမီးနှစ်ဦးနဲ့ ကလေးတစ်ဦးကိုတော့ မေ ၂၉ ရက် ညနေ ၅ နာရီလောက်မှာ ပြန်လည်လွှတ်ပေးခဲ့တာလို့ သဇင်မြိုင်ရွာသားတစ်ဦးကပြောပါတယ်။

အသက် ၂ နှစ် အရွယ် ကလေး ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ကို လုံခြုံစိတ်ချရပြီး အန္တရာယ် ကင်းတဲ့ နေရာမှာ တစ်ဦးကို ငွေ ၄၀,၀၀၀ ကျပ်စီ ပေးပြီး ပြန်လည် လွှတ်ပေးခဲ့တယ်လို့လည်း မေလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ရက္ခိုင့်တပ်တော် အေအေ ဘက်က သူ့ရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ပြန်လွတ်လာတဲ့ ပတ်သက်ပြီး ဘီဘီစီက တပ်မတော်သတင်းမှန် ပြန်ကြားရေးကို မေးမြန်းရာမှာတော့ ဒီသတင်းကို ကြားသိထားပြီး သူတို့အနေနဲ့ အခုလောလောဆယ်မှာ သီးခြား အတည်ပြု ပေးနိုင်ခြင်းတော့ မရှိဘူးလို့ မေလ ၃၀ ရက်နေ့ မနက်ပိုင်းက ပြန်လည် ဖြေကြားပါတယ်။

ဒေသခံတွေကတော့ ရဲတပ်ဖွဲ့ မိသားစုဝင် ၃ ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီဆိုတာကို ပြန်လွတ်ရာမှာပါဝင်တဲ့ ကလေးအမေ ဒေါ်ရွှေမိက သူမှာပါသွားတဲ့ဖုန်းနဲ့ အဆက်အသွယ်လုပ်လို့ သိရတာလို့ ဆိုပါတယ်။

"မနေ့က ညနေပိုင်းမှာပြန်လွတ်လာတယ်၊ အမျိုးသမီး နှစ်ယောက်နဲ့ နှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ပြန်လွှတ်လိုက်ပြီလို့ သိရတယ်"လို့ လုံခြုံရေး ကြောင့် အမည်မဖော်လိုတဲ့ သဇင်မြိုင်ကျေးရွာသား တစ်ဦးက ဘီဘီစီကို ၃၀ ရက်နေ့ မနက်ပိုင်း ကပြောပါတယ်။
 အေအေဘက်ကနေ ရဲစခန်းတွေကို မကြာခဏဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့
လက်ရှိမှာတော့ ပြန်လွတ်လာတဲ့ အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦးတို့ဟာ သဇင်မြိုင်ကျေးရွာကို ရောက်မလာသေးဘဲ စေတီပြင်ကျေးရွာမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

သူတို့ ၃ ဦးကိုတော့ အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဆီမှာ ကောင်းကောင်း မွန်မွန် အပ်နှံခဲ့တယ်လို့ အောက်ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွန်းကလည်း ဘီဘီစီကို အတည်ပြုပါတယ်။

"ပြန်လွှတ်ပေးတာဟုတ်ပါတယ်၊ လောလောဆယ်မှာတော့ သူတို့ကို ရသေ့တောင်ရဲစခန်းကိုသွားပို့ဖို့လုပ်နေပါတယ်၊ ပြီးမှပဲ သူတို့ကိစ္စကိုပြောပြနိုင်မှာပါ။"လို့ ဦးအောင်သန်းထွန်းက ဘီဘီစီရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားပါတယ်။

အောက်ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးက သူတို့သုံးဦးကို လက်ခံထားလိုက်ပြီး စေတီပြင် တိုက်နယ် ရဲစခန်းကို လွှဲပြောင်းပေးခဲ့ကာ အဲ့ဒီကနေတဆင့် ဒီကနေ့မှာ ရသေ့တောင်မြို့မစခန်းကို ထပ်မံပို့ဆောင်ပေးသွားမှာလည်းဖြစ်ပါတယ်။

အခု ပြန်လည်လွတ်မြောက်လာခဲ့သူ သုံးဦးတို့ဟာ ချင်းလူမျိုးတွေဖြစ်ကြပြီး သဇင်မြိုင်ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတွေရဲ့မိသားစုတွေဖြစ်ကြတယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။ ကာကယံရှင် ပြန် လွတ်လာသူတွေနဲ့ အဆက်အသွယ် ရနိုင်ဖို့ ဘီဘီစီက ဆက်သွယ်နေပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သဇင်မြိုင်ရဲကင်းစခန်းကို မေ ၂၉ ရက် ညနေပိုင်းမှာ ရဲတပ်ရင်းက အင်အား ထပ်မံ ဖြည့်တင်းထားရှိပြီး လောလောဆယ်မှာတော့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တောင်ပေါ်က အရန်ကင်းစခန်းမှာထားရှိတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်အတွင်းကလည်း ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ရ
ပျောက်ဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင် ၆ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးထားတယ်လို့ အေအေဘက်က ကြေညာထားပါတယ်။

' ' တပ်ဘက်ကတော့ လိုက်လံရှာဖွေတာတွေလုပ်နေပါတယ်'' လို့ ပျောက်ဆုံးနေတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

မေ ၂၉ ရက်မနက်ပိုင်းအစောပိုင်းမှာ ရသေ့တောင်မြို့နယ်၊ သဇင်မြိုင် ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်အပြီး အေအေဘက်က မေ ၂၉ ရက်ရက်စွဲနဲ့ သဘောထားထုတ်ပြန်ချက်တစ်ခုကို လည်း ထုတ်ပြန်ထားပါတယ်။

ဒီထဲမှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်စတဲ့ မြန်မာအစိုးရလက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ရခိုင်ပြည်နယ်ကနေ အမြန်ဆုံးထွက်ခွာရန် လိုလားတယ်လို့ ဖော်ပြထားပါတယ်။

မေ ၂၉ ရက်နေ့က အေအေအဖွဲ့ရဲ့ သဇင်မြိုင်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ရပါတယ်။ အေအေအဖွဲ့အနေနဲ့ သဇင်မြိုင်ရဲကင်းစခန်းတိုက်ခိုက်မှုမတိုင်ခင် ၂၀၁၉ ခုနှစ်အတွင်းမှာလည်းရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

၂၀၁၉ ဇန်နဝါရီ (၄) ရက်နေ့ကဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ကျောက်တောင် ရဲကင်းစခန်း (၄) ခုအားလည်းကောင်း၊ မတ်လ (၉) ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်း စခန်းအားလည်းကောင်း၊ ဧပြီလမှာ မြောက်ဉီးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်အား လည်းကောင်း၊ ဇူလိုင်လ မှာဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ တဲ့အတွက် အသီးသီး တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးခဲ့ရပါတယ်။

အေအေအဖွဲ့ရဲ့ ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ဖက်ပစ်မှတ် မဟုတ်သော နိုင်ငံတော်ရဲ့ တရားဉပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနဲ့ ရပ်ရွာအေးချမ်းသာ ယာရေးတို့ကို နှောင့်ယှက်ဖျက်ဆီးပြီးအကြမ်းဖက်မှုများ အမြဲမပြတ် ကျူးလွန်လျက်ရှိတဲ့အတွက် ထိရောက်သည့် တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေး ဆောင်ရွက်သွားမယ်လို့ မြန်မာ့တပ်မတော် ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

BBC Burmese
---------------------------------
(Zawgyi)⤵⤵⤵
ေအေအဘက္ကဖမ္းသြားတဲ့ အမ်ိဳးသမီး၂ ဦးနဲ႔ ကေလးငယ္ကို ျပန္လႊတ္၊ ရဲတပ္ဖြဲ႕ဝင္ ၆ ဦးကို သုံ႔ပန္းအျဖစ္ဖမ္းဆီးထား

ေမလ ၂၉ ရက္ ေန႔မနက္ ၂ နာရီေက်ာ္မွာ ရေသ့ေတာင္ၿမိဳ႕နယ္ ေစတီျပင္တိုက္နယ္အတြင္းက သဇင္ၿမိဳင္ န-တ-လ ေက်း႐ြာ ရဲကင္းစခန္းကို ရကၡိဳင့္တပ္ေတာ္ ေအေအက ဝင္ေရာက္တိုက္ခိုက္ခဲ့ရာမွာ ဖမ္းဆီးခံလိုက္ရတဲ့ ရဲတပ္ဖြဲ႕မိသားစုဝင္ေတြကို ျပန္လည္လႊတ္ေပးလိုက္ၿပီ ေဒသခံေတြနဲ႔ ေဒသဆိုင္ရာ အာဏာပိုင္ဘက္က ဘီဘီစီကို အတည္ျပဳပါတယ္။

ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ကေလးတစ္ဦး ပါဝင္တဲ့ မိသားစုဝင္ ၃ ဦးဖမ္းဆီးခံလိုက္ရၿပီး အမ်ိဳးသမီးႏွစ္ဦးနဲ႔ ကေလးတစ္ဦးကိုေတာ့ ေမ ၂၉ ရက္ ညေန ၅ နာရီေလာက္မွာ ျပန္လည္လႊတ္ေပးခဲ့တာလို႔ သဇင္ၿမိဳင္႐ြာသားတစ္ဦးကေျပာပါတယ္။

အသက္ ၂ ႏွစ္ အ႐ြယ္ ကေလး ၁ ဦးနဲ႔ အမ်ိဳးသမီး ၂ ဦး ကို လုံၿခဳံစိတ္ခ်ရၿပီး အႏၲရာယ္ ကင္းတဲ့ ေနရာမွာ တစ္ဦးကို ေငြ ၄၀,၀၀၀ က်ပ္စီ ေပးၿပီး ျပန္လည္ လႊတ္ေပးခဲ့တယ္လို႔လည္း ေမလ ၂၉ ရက္ေန႔ ရက္စြဲနဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအ ဘက္က သူ႔ရဲ႕ ဝက္ဘ္ဆိုဒ္ စာမ်က္ႏွာမွာ ထုတ္ျပန္ထားပါတယ္။

ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ မိသားစုဝင္ေတြ ျပန္လြတ္လာတဲ့ ပတ္သက္ၿပီး ဘီဘီစီက တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးကို ေမးျမန္းရာမွာေတာ့ ဒီသတင္းကို ၾကားသိထားၿပီး သူတို႔အေနနဲ႔ အခုေလာေလာဆယ္မွာ သီးျခား အတည္ျပဳ ေပးႏိုင္ျခင္းေတာ့ မရွိဘူးလို႔ ေမလ ၃၀ ရက္ေန႔ မနက္ပိုင္းက ျပန္လည္ ေျဖၾကားပါတယ္။

ေဒသခံေတြကေတာ့ ရဲတပ္ဖြဲ႕ မိသားစုဝင္ ၃ ဦးကို ျပန္လည္လႊတ္ေပးလိုက္ၿပီဆိုတာကို ျပန္လြတ္ရာမွာပါဝင္တဲ့ ကေလးအေမ ေဒၚေ႐ႊမိက သူမွာပါသြားတဲ့ဖုန္းနဲ႔ အဆက္အသြယ္လုပ္လို႔ သိရတာလို႔ ဆိုပါတယ္။

"မေန႔က ညေနပိုင္းမွာျပန္လြတ္လာတယ္၊ အမ်ိဳးသမီး ႏွစ္ေယာက္နဲ႔ ႏွစ္ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္ကို ျပန္လႊတ္လိုက္ၿပီလို႔ သိရတယ္"လို႔ လုံၿခဳံေရး ေၾကာင့္ အမည္မေဖာ္လိုတဲ့ သဇင္ၿမိဳင္ေက်း႐ြာသား တစ္ဦးက ဘီဘီစီကို ၃၀ ရက္ေန႔ မနက္ပိုင္း ကေျပာပါတယ္။

လက္ရွိမွာေတာ့ ျပန္လြတ္လာတဲ့ အမ်ိဳးသမီး ၂ ဦးနဲ႔ ကေလး ၁ ဦးတို႔ဟာ သဇင္ၿမိဳင္ေက်း႐ြာကို ေရာက္မလာေသးဘဲ ေစတီျပင္ေက်း႐ြာမွာပဲ ရွိေနေသးတယ္လို႔ သိရပါတယ္။

သူတို႔ ၃ ဦးကိုေတာ့ ေအာက္ေက်ာင္းေတာင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးဆီမွာ ေကာင္းေကာင္း မြန္မြန္ အပ္ႏွံခဲ့တယ္လို႔ ေအာက္ေက်ာင္းေတာင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္သန္းထြန္းကလည္း ဘီဘီစီကို အတည္ျပဳပါတယ္။

"ျပန္လႊတ္ေပးတာဟုတ္ပါတယ္၊ ေလာေလာဆယ္မွာေတာ့ သူတို႔ကို ရေသ့ေတာင္ရဲစခန္းကိုသြားပို႔ဖို႔လုပ္ေနပါတယ္၊ ၿပီးမွပဲ သူတို႔ကိစၥကိုေျပာျပႏိုင္မွာပါ။"လို႔ ဦးေအာင္သန္းထြန္းက ဘီဘီစီရဲ႕ ေမးျမန္းမႈကို ျပန္လည္ ေျဖၾကားပါတယ္။

ေအာက္ေက်ာင္းေတာင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက သူတို႔သုံးဦးကို လက္ခံထားလိုက္ၿပီး ေစတီျပင္ တိုက္နယ္ ရဲစခန္းကို လႊဲေျပာင္းေပးခဲ့ကာ အဲ့ဒီကေနတဆင့္ ဒီကေန႔မွာ ရေသ့ေတာင္ၿမိဳ႕မစခန္းကို ထပ္မံပို႔ေဆာင္ေပးသြားမွာလည္းျဖစ္ပါတယ္။

အခု ျပန္လည္လြတ္ေျမာက္လာခဲ့သူ သုံးဦးတို႔ဟာ ခ်င္းလူမ်ိဳးေတြျဖစ္ၾကၿပီး သဇင္ၿမိဳင္ရဲကင္းစခန္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲဝန္ထမ္းေတြရဲ႕မိသားစုေတြျဖစ္ၾကတယ္လို႔လည္း ေဒသခံေတြက ေျပာဆိုပါတယ္။ ကာကယံရွင္ ျပန္ လြတ္လာသူေတြနဲ႔ အဆက္အသြယ္ ရႏိုင္ဖို႔ ဘီဘီစီက ဆက္သြယ္ေနပါတယ္။

တိုက္ပြဲျဖစ္ပြားခဲ့တဲ့ သဇင္ၿမိဳင္ရဲကင္းစခန္းကို ေမ ၂၉ ရက္ ညေနပိုင္းမွာ ရဲတပ္ရင္းက အင္အား ထပ္မံ ျဖည့္တင္းထားရွိၿပီး ေလာေလာဆယ္မွာေတာ့ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲမွာ ပါဝင္ခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို ေတာင္ေပၚက အရန္ကင္းစခန္းမွာထားရွိတယ္လို႔ သိရပါတယ္။

ေပ်ာက္ဆုံးေနတဲ့ ရဲတပ္ဖြဲ႕ဝင္ ၆ဦးကို သုံ႔ပန္းအျဖစ္ဖမ္းဆီးထားတယ္လို႔ ေအေအဘက္က ေၾကညာထားပါတယ္။

' ' တပ္ဘက္ကေတာ့ လိုက္လံရွာေဖြတာေတြလုပ္ေနပါတယ္'' လို႔ ေပ်ာက္ဆုံးေနတဲ့ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။

ေမ ၂၉ ရက္မနက္ပိုင္းအေစာပိုင္းမွာ ရေသ့ေတာင္ၿမိဳ႕နယ္၊ သဇင္ၿမိဳင္ ရဲကင္းစခန္းကို ဝင္ေရာက္တိုက္ခိုက္အၿပီး ေအေအဘက္က ေမ ၂၉ ရက္ရက္စြဲနဲ႔ သေဘာထားထုတ္ျပန္ခ်က္တစ္ခုကို လည္း ထုတ္ျပန္ထားပါတယ္။

ဒီထဲမွာ ရခိုင္ျပည္နယ္အတြင္းမွာရွိတဲ့ တပ္မေတာ္၊ ရဲတပ္ဖြဲ႕၊ နယ္ျခားေစာင့္တပ္စတဲ့ ျမန္မာအစိုးရလက္ေအာက္ရွိ လက္နက္ကိုင္တပ္ဖြဲ႕အားလုံးကို ရခိုင္ျပည္နယ္ကေန အျမန္ဆုံးထြက္ခြာရန္ လိုလားတယ္လို႔ ေဖာ္ျပထားပါတယ္။

ေမ ၂၉ ရက္ေန႔က ေအေအအဖြဲ႕ရဲ႕ သဇင္ၿမိဳင္ရဲကင္းစခန္းကို ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၄ ဦးက်ဆုံးခဲ့ရပါတယ္။ ေအေအအဖြဲ႕အေနနဲ႔ သဇင္ၿမိဳင္ရဲကင္းစခန္းတိုက္ခိုက္မႈမတိုင္ခင္ ၂၀၁၉ ခုႏွစ္အတြင္းမွာလည္းရဲကင္းစခန္းေတြကို ဝင္ေရာက္တိုက္ခိုက္တာေတြရွိခဲ့ပါတယ္။

၂၀၁၉ ဇန္နဝါရီ (၄) ရက္ေန႔ကဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ကထီးလွ၊ ငျမင္းေဘာ္၊ ဂုပၸိနဲ႔ ေက်ာက္ေတာင္ ရဲကင္းစခန္း (၄) ခုအားလည္းေကာင္း၊ မတ္လ (၉) ရက္မွာ ပုဏၰားကြၽန္းၿမိဳ႕နယ္ရွိ ယိုးတ႐ုတ္ရဲကင္း စခန္းအားလည္းေကာင္း၊ ဧၿပီလမွာ ေျမာက္ဉီးၿမိဳ႕ရွိ ရဲတပ္ရင္းဌာနခ်ဳပ္အား လည္းေကာင္း၊ ဇူလိုင္လ မွာဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ေညာင္ေခ်ာင္းနယ္ေျမရဲကင္းစခန္းေတြကို ဝင္ေရာက္တိုက္ခိုက္ခဲ့ တဲ့အတြက္ အသီးသီး တိုက္ခိုက္ခဲ့ရာ ရဲတပ္ဖြဲ႕ဝင္ ၂၀ ေက်ာ္ က်ဆုံးခဲ့ရပါတယ္။

ေအေအအဖြဲ႕ရဲ႕ ရဲကင္းစခန္းေတြကို ဝင္ေရာက္တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး စစ္ဖက္ပစ္မွတ္ မဟုတ္ေသာ ႏိုင္ငံေတာ္ရဲ႕ တရားဉပေဒစိုးမိုးေရး၊ လမ္းပန္းဆက္သြယ္မႈ လုံၿခဳံေခ်ာေမြ႕ေစေရးနဲ႔ ရပ္႐ြာေအးခ်မ္းသာ ယာေရးတို႔ကို ေႏွာင့္ယွက္ဖ်က္ဆီးၿပီးအၾကမ္းဖက္မႈမ်ား အၿမဲမျပတ္ က်ဴးလြန္လ်က္ရွိတဲ့အတြက္ ထိေရာက္သည့္ တန္ျပန္အၾကမ္းဖက္မႈတိုက္ဖ်က္ေရး စစ္ဆင္ေရး ေဆာင္႐ြက္သြားမယ္လို႔ ျမန္မာ့တပ္မေတာ္ ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52833426
အေအေဘက်ကဖမ်းသွားတဲ့ အမျိုးသမီး၂ ဦးနဲ့ ကလေးငယ်ကို ပြန်လွှတ်၊ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးထား အေအေဘက်ကဖမ်းသွားတဲ့ အမျိုးသမီး၂ ဦးနဲ့ ကလေးငယ်ကို ပြန်လွှတ်၊ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးထား Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.