

(Zawgyi)⤵⤵⤵






----------------------------------------------------

(Unicode)⤵⤵⤵
ကုန်လှောင်ရုံ ခေါင်းမိုးမှာ အလုပ်လုပ်နေသည့် အမျိုးသမီး သုံးဦး အောက်ပြုတ်ကျသေဆုံး

ဒီကနေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ကီလို၁၂၀ ဝေးတဲ့ ချွန်ဘူရီခရိုင် စီရာချာ မြို့မှာ ဆောက်လက်စ ကုန်လှောင်ရုံသစ်အဆောက်အဦး ခေါင်မိုးမှာ အလုပ်လုပ်နေကြတဲ့ ဆောက်လုပ်ရေး အလုပ်သမ အမျိုးသမီး သုံးဦး ဟာ ၁၅မီတာခန့် အမြင့် ခေါင်မိုးကနေ ပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမည်မဖေါ်လိုသူ ဆောက်လုပ်ရေး အလုပ်သမတစ်ဦးရဲ့ သတင်းဌာနကို ပြောဆိုချက်အရ သူမအပါအဝင် ကုန်လှောင်ရုံ ခေါင်းမိုးမှာ အလုပ်လုပ်နေသူ ခြောက်ဦးရှိနေကြောင်း သိရပါတယ်။

ခုလို အမျိုးသမီး သုံးဦးပြုတ်ကျသေဆုံးတာနဲ့ ပါတ်သက်ပြီ းNongkham ရဲစခန်းက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

သေဆုံးသူသုံးဦးဟာ ထိုင်းနိုင်ငံသူတွေဖြစ်ကြပါတယ်။

ကိုဗစ် -၁၉ ရောဂါပိုး အရေးပေါ်ကာလမှာ နိုင်ငံခြားသားအလုပ်သမားတွေ အများစုက ပြည်တော်ပြန်ကုန်ကြတာကြောင့် ထိုင်းဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ထိုင်း နိုင်ငံသား အလုပ်သမားတွေ အစားထိုး လုပ်ဆောင်လာကြ ပါတယ်။

ခုလို အမျိုးသမီး သုံးဦး လိမ့်ကျသေဆုံးရတာဟာ ဆောက်လုပ်ရေး မကျွမ်းကျင်မှုနဲ့ အမြင့်မှာ လုပ်ရတဲ့အခါ လုံခြုံရေးစနစ် တွေ လုပ်မထားလို့ ခုလိုဖြစ်ရတာလို့လည်း ထိုင်းသတင်းတွေမှရေးသားဖေါ်ပြထားပါတယ်။

Social Action for Children and Women - SAW
ကုန်လှောင်ရုံ ခေါင်းမိုးမှာ အလုပ်လုပ်နေသည့် အမျိုးသမီး သုံးဦး အောက်ပြုတ်ကျသေဆုံး ကုန်လှောင်ရုံ ခေါင်းမိုးမှာ အလုပ်လုပ်နေသည့် အမျိုးသမီး သုံးဦး အောက်ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 04:15 Rating: 5
Powered by Blogger.