ကုိဗစ္ကာလ လူမႈကြန္ယက္ေတြေပၚမွာ အမုန္းတရားျပန္႔ပြားတဲ့ ေရးသားမႈေတြ ပုိမ်ားလာ

၂၀၁၁ ႏို၀င္ဘာတုန္းက အင္တာနက္ ကေဖးဆိုင္တြင္ Facebook သံုးေနသူမ်ား
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေရာဂါျဖစ္ေနခ်ိန္ လူမႈကြန္ယက္ေပၚမွာ အမုန္းတရားအေျခခံတဲ့ ေျပာဆိုေရးသားမႈေတြ ပိုမ်ားလာတယ္လို႔ Synergy လူမႈသဟဇာတေဖာ္ေဆာင္ေရးအဖဲြ႔ အမႈေဆာင္ဒါ႐ိုက္တာ ကိုသက္ေဆြဝင္းက ေျပာပါတယ္။ ေ႐ြးေကာက္ပြဲ က်င္းပဖုိ႔႐ွိေနခ်ိန္မွာ ခုလိုအမုန္းစကားေတြကို အစိုးရက အေသအခ်ာကိုင္တြယ္ဖုိ႔ လိုအပ္တယ္လို႔ သူကေျပာပါတယ္။ ဘယ္လိုကိစၥမ်ဳိးေတြနဲ႔ ပတ္သက္လို႔ အမုန္းပြားေရးသားမႈေတြမ်ားေနသလဲဆိုတာကို ကိုသက္ေဆြဝင္းကို မစုျမတ္မြန္က ဆက္သြယ္ေမးထားပါတယ္။

ကိုသက္ေဆြဝင္း။ ။ ဒီရက္ပိုင္းအတြင္းမွာ ပံုစံတမ်ိဳးေျပာင္းတာေတြ႔ရတယ္။ ဒီ ၿပီးခဲ့တဲ့ ၃ ရက္ ၄ ရက္ကာလတုန္းကေတာ့ မိတၳီလာမွာျဖစ္သြားတဲ့ ပဋိပကၡကိစၥ ဗုဒၶဘာသာ၀င္ ဆရာ၀န္တေယာက္ကေနၿပီးေတာ့ ဘုန္းႀကီးေတြကို ေစာ္ကားတယ္ဆိုတဲ့ ပံုစံမ်ိဳး ျပႆနာေတြျဖစ္ၾကတာရွိတယ္ အဲဒီေတာ့ ဗုဒၶဘာသာ၀င္ေတြ အခ်င္းခ်င္း ေျပာၾကဆိုၾက ျပႆနာေတြျဖစ္ၾကနဲ႔ အဲလိုမ်ိဳးနဲ႔ ပတ္သက္ၿပီးေတာ့ အမုန္းစကားေတြ ျဖစ္ခဲ့တယ္။ အစိုးရကေန ေက်ာင္းသံုးစာအုပ္ေတြမွာ အသစ္ျပဌာန္းမယ့္ Sex Education နဲ႔ ပတ္သက္ၿပီးေတာ့ online မွာစၿပီး အျငင္းအခံုေတြျဖစ္ၾကတယ္။ အဲဒီအခ်ိန္မွာပဲ Progressive ျဖစ္တဲ့ အုပ္စုနဲ႔ Conservative ျဖစ္တဲ့ အုပ္စုနဲ႔ online မွာစၿပီးေတာ့ ေျပာၾကဆိုၾကတာနဲ႔ အမုန္းစကားေတြ က အဲဒီကေန စတယ္ တကယ္တမ္းက ။ COVID နဲ႔ တိုက္ရိုက္မဆိုင္ေပမယ့္ COVID ကာလမွာ အႏၱရာယ္ရွိတဲ့တခုအေနနဲ႔ က်ေနာ္တို႔ ျမင္လာရတယ္။

အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ မိတၳီလာမွာဆိုရင္လည္း အရင္တုန္းက မဘသ အဆက္အႏြယ္ေတြကေနၿပီးေတာ့ လံႈ႔ေဆာ္ၾကတာေတြ ေတြ႔ရတယ္။ Online မွာလည္း ေရးထားတဲ့ Screenshot ေတြ က်ေနာ္တို႔ ေတြ႔တယ္ အမ်ားႀကီးပဲ ရွိတယ္။ အဲဒါနဲ ႔တဆက္တည္း တလေက်ာ္၊ ၂ လေလာက္ရွိလာတဲ့ ကိစၥကေတာ့ ခရစ္ယာန္တရားေဟာဆရာေဒးဗစ္လားကိစၥ။ေဒးဗစ္လားကိစၥကို အေၾကာင္းျပဳၿပီးေတာ့ online မွာက ဘာသာေရးကို အေျခခံၿပီးလုပ္တဲ့ အမုန္းစကားေတြ ေတာ္ေတာ္မ်ားမ်ားျဖစ္ေနတာ ၾကာၿပီ။ အဲဒီမွာ တဘက္နဲ႔ တဘက္ ဆိုတာ ဒီတေခါက္နည္းနည္းထူးဆန္းတာက ေဒးဗစ္လား ကို အေၾကာင္းျပဳၿပီး ခရစ္ယာန္ကို တိုက္ၾကတာေပါ့ေနာ္ ။ အဲဒီမွာ ၂ ပုိင္း ဘာေတြ႔ရသလဲဆိုေတာ့ မြတ္ဆလင္ ေတြကလည္း ၀ိုင္းေျပာတယ္ ၊ဗုဒၶဘာသာ ေတြကလည္း ၀ိုင္းေျပာတယ္။ သူအရင္တုန္းက ေျပာခဲ့တဲ့ တရားေဟာထားခဲ့တဲ့ Video ဖိုင္ေတြရွိတယ္။ တျခား ဘာသာေတြကို challenge လုပ္ထားတဲ့ Video ဖိုင္ေတြရွိတယ္။ အဲဒါေတြ ထပ္တက္လာေတာ့ေဒးဗစ္လားက မေကာင္းတဲ့သူဆိုၿပီး ပံုေဖာ္ၾကၿပီးေတာ့ ၀ိုင္းေျပာတာေတြ အရမ္းမ်ားလာတယ္။ အဲဒီလို Post ေတြေအာက္မွာဆိုရင္ ခရစ္ယာန္ျဖစ္တယ္လို႔ ထင္ရတဲ့သူေတြနဲ႔ ခရစ္ယာန္မဟုတ္ဘူးလို႔ ထင္ရတဲ့လူေတြၾကားထဲမွာ Online မွာ ပဋိပကၡေတြ ေတာ္ေတာ္မ်ားမ်ား တက္လာတာေတြ႔ရတယ္။ ဒါက ဘာသာေရး ပဋိပကၡျဖစ္ဖို႔အတြက္ သြားတဲ့လမ္းေၾကာင္းေတြလို႔ က်ေနာ့္အေနနဲ႔ ယူဆတယ္။ စိတ္ပူရတယ္ေပါေ့နာ္။

မစုျမတ္မြန္။ ။ ျမန္မာႏိုင္ငံက ဗုဒၶဘာသာ၀င္ေတြ အမ်ားစုရွိတဲ့ ႏိုင္ငံျဖစ္ပါတယ္။ အဲဒီေတာ့ အစိုးရက ကိုင္တြယ္တဲ့ေနရာမွာေရာ မွ်မွ်တတ ကိုင္တြယ္ႏိုင္ဖို႔ ခက္ခဲႏိုင္တယ္လို႔ ျမင္သလားရွင့္။

ကိုသက္ေဆြဝင္း။ ။ က်ေနာ္တို႔အဲဒါက စိတ္ပူရတယ္ ေစာင့္ၾကည့္ရမယ့္အေနအထား ေပါ့ေနာ္ ဘာျဖစ္လို႔လဲဆိုေတာ့ မိတၳီလာမွာဆိုရင္ သူမ်ားနဲ႔မဟုတ္ဘူး ဗုဒၶဘာသာ အခ်င္းခ်င္းျဖစ္တဲ့ျပႆနာ။ အဲဒီေတာ့ ေဒါသထြက္ေနတဲ့လူအုပ္က ထံုးစံအတိုင္းေပၚလာတယ္။ ၿပီးေတာ့ ရိုက္မယ္ ျပႆနာရွာမယ္ အထိ လုပ္တာေတြ႔ရတယ္။ ဒါေပမယ့္ ၀ိုင္းထိန္းလိုက္ႏိုင္တဲ့အတြက္ ဘာမွ ႀကီးႀကီးမားမား မျဖစ္သြားခဲ့ဘူးေပါ့ေနာ္။ အဲဒါေတာ့ အစိုးရရဲ႕ ကိုင္တြယ္ေျဖရွင္းမႈက အခရာက်တယ္။ တရားမွ်တမႈ တခုကို ေဖာ္ေဆာင္တဲ့ေနရာမွာ ေက်ာသားရင္သားမခြဲပဲ ၊ ဘက္လိုက္မႈမရွိပဲ လုပ္ႏိုင္ဖို႔လိုတယ္။ ဒါလဲက်ေနာ္ အျမဲတိုက္တြန္း ေတာင္းဆိုေနတာပဲေပါ့ေနာ္။ ဒါေပမယ့္ ဘယ္လိုပဲ ဆံုးျဖတ္ဆံုးျဖတ္ ၊ ဒါကေတာ့ ဆံုးျဖတ္ခ်က္ဆိုတာလည္း အစိုးရလုပ္လို႔ရတာမဟုတ္ဘူးေပါ့ေနာ္ တကယ္တမ္း တရားရံုးကေနၿပီးေတာ့ တရားသူၾကီး ဆံုးျဖတ္ရမယ့္ ကိစၥကို ။ ဒီလိုလုပ္လိုက္တဲ့ ဆံုးျဖတ္ခ်က္တခုအေပၚမွာ မူတည္ၿပီး ရေအာင္နည္းလမ္းရွာၿပီး ျပႆနာရွာမယ့္ သူေတြ ရွိေနဦးမွာေသခ်ာတယ္။ ဒါကို ဘယ္လို ကိုင္တြယ္ေျဖရွင္းမွာလဲဆိုတာကို မူတည္ၿပီးေတာ့ အစိုးရက အခုကတည္းကေန ႀကိဳစဥ္းစားရမယ္။ ေရြးေကာက္ပြဲနား နီးေလေလ ဒီ အမုန္းတရားျဖန္႔တဲ့ကိစၥေတြ ၊ ပဋိပကၡျဖစ္ေအာင္ ဖန္တီးမယ့္ ကိစၥေတြကေတာ့ နည္းလမ္းေပါင္းစံုနဲ႔ ျဖစ္လာမွာပါ။ အဲဒါေတြကို အစိုးရအေနနဲ႔ သတိထားၿပီး မျဖစ္မေန ကိုင္တြယ္ဖို႔လိုတယ္ ၿပီးေတာ ့အရပ္ဘက္ အဖြဲ႔အစည္းေတြနဲ႔ ေသခ်ာ ညိွႏိႈင္းပူးေပါင္းေဆာင္ရြက္ဖို႔လိုေနပါၿပီ။

မစုျမတ္မြန္။ ။ အခုလိုမ်ိဳး အမုန္းစကား ေတြျပန္႔တာက မ်ားေသာအားျဖင့္ Facebook လူမႈကြန္ယက္ေပၚမွာ ျပန္႕တာေပါ့ေလ အဲဒါဆိုေတာ့ Facebook က႑ကေရာ ၊ သူတို႔ ကိုင္တြယ္ပံုေရာ ဘယ္လိုျမင္ရပါသလဲ။

ကိုသက္ေဆြဝင္း။ ။ Facebook က က်ေနာ္နားလည္သေလာက္က လုပ္ေနတဲ့အေနအထားပဲ ရွိတယ္ေပါ့ေနာ္။ facebook content moderation ေတြ ၊ လူေတြကို ထားၿပီးေတာ့ လုပ္ေနတာမ်ိဳးေတြရွိတယ္။ ဒါေပမယ့္ အခုအထိကေတာ့ အားရေက်နပ္လို႔ရတဲ့အေနအထားေတြမရွိဘူး။ က်ေနာ္တုိ႔ Activist ေတြၾကားထဲမွာေတာင္မွ တခ်ိဳ႕ post ေတြ share လိုက္ရင္ ban ခံရတာေတြ ၊ျဖဳတ္ခံရတာေတြ ႀကံဳေနရတယ္။ ဒီအမုန္းစကားေတြကိုေတာ့ ေသေသခ်ာခ်ာ ထိထိေရာက္ေရာက္ တားဆီးႏိုင္ဖို႔ကေတာ့ မလုပ္ႏိုင္ေသးဘူး။ ဒါေပမယ့္ လုပ္တာကေတာ့ အရင္ကထက္စာရင္ ထိေရာက္လာတာကို ေတြ႔ရတယ္။ သို႔ေသာ္ ၁၀၀ ရာခိုင္ႏႈန္း က်ေနာ္တုိ႕ ေက်နပ္ေလာက္တဲ့အထိေတာ့ မဟုတ္ေနေသးဘူး။ ဒါေတြ ေသခ်ာတယ္ ဒီၾကားထဲမွာလည္း က်ေနာ္တို႔ အရပ္ဘက္ အဖြဲ႔အစည္းေတြနဲ႔ Facebook က တာ၀န္ရွိသူေတြနဲ႔လည္း ပူးေပါင္းေဆာင္ရြက္မႈေတြ ျမွင့္ဖို႔လိုတယ္။

Synergy လူမႈသဟဇာတေဖာ္ေဆာင္ေရးအဖဲြ႔ အမႈေဆာင္ဒါ႐ိုက္တာ ကိုသက္ေဆြဝင္းကို မစုျမတ္မြန္ ဆက္သြယ္ေမးျမန္းထားတာပါ။

စုမြတ်မွန်  / ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
ကိုဗစ်ကာလ လူမှုကွန်ယက်တွေပေါ်မှာ အမုန်းတရားပြန့်ပွားတဲ့ ရေးသားမှုတွေ ပိုများလာ

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါဖြစ်နေချိန် လူမှုကွန်ယက်ပေါ်မှာ အမုန်းတရားအခြေခံတဲ့ ပြောဆိုရေးသားမှုတွေ ပိုများလာတယ်လို့ Synergy လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းက ပြောပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေချိန်မှာ ခုလိုအမုန်းစကားတွေကို အစိုးရက အသေအချာကိုင်တွယ်ဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။ ဘယ်လိုကိစ္စမျိုးတွေနဲ့ ပတ်သက်လို့ အမုန်းပွားရေးသားမှုတွေများနေသလဲဆိုတာကို ကိုသက်ဆွေဝင်းကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

ကိုသက်ဆွေဝင်း။ ။ ဒီရက်ပိုင်းအတွင်းမှာ ပုံစံတမျိုးပြောင်းတာတွေ့ရတယ်။ ဒီ ပြီးခဲ့တဲ့ ၃ ရက် ၄ ရက်ကာလတုန်းကတော့ မိတ္ထီလာမှာဖြစ်သွားတဲ့ ပဋိပက္ခကိစ္စ ဗုဒ္ဓဘာသာဝင် ဆရာဝန်တယောက်ကနေပြီးတော့ ဘုန်းကြီးတွေကို စော်ကားတယ်ဆိုတဲ့ ပုံစံမျိုး ပြဿနာတွေဖြစ်ကြတာရှိတယ် အဲဒီတော့ ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်း ပြောကြဆိုကြ ပြဿနာတွေဖြစ်ကြနဲ့ အဲလိုမျိုးနဲ့ ပတ်သက်ပြီးတော့ အမုန်းစကားတွေ ဖြစ်ခဲ့တယ်။ အစိုးရကနေ ကျောင်းသုံးစာအုပ်တွေမှာ အသစ်ပြဌာန်းမယ့် Sex Education နဲ့ ပတ်သက်ပြီးတော့ online မှာစပြီး အငြင်းအခုံတွေဖြစ်ကြတယ်။ အဲဒီအချိန်မှာပဲ Progressive ဖြစ်တဲ့ အုပ်စုနဲ့ Conservative ဖြစ်တဲ့ အုပ်စုနဲ့ online မှာစပြီးတော့ ပြောကြဆိုကြတာနဲ့ အမုန်းစကားတွေ က အဲဒီကနေ စတယ် တကယ်တမ်းက ။ COVID နဲ့ တိုက်ရိုက်မဆိုင်ပေမယ့် COVID ကာလမှာ အန္တရာယ်ရှိတဲ့တခုအနေနဲ့ ကျနော်တို့ မြင်လာရတယ်။

အဲဒါနဲ့ ပတ်သက်ပြီးတော့ မိတ္ထီလာမှာဆိုရင်လည်း အရင်တုန်းက မဘသ အဆက်အနွယ်တွေကနေပြီးတော့ လှုံ့ဆော်ကြတာတွေ တွေ့ရတယ်။ Online မှာလည်း ရေးထားတဲ့ Screenshot တွေ ကျနော်တို့ တွေ့တယ် အများကြီးပဲ ရှိတယ်။ အဲဒါနဲ့တဆက်တည်း တလကျော်၊ ၂ လလောက်ရှိလာတဲ့ ကိစ္စကတော့ ခရစ်ယာန်တရားဟောဆရာဒေးဗစ်လားကိစ္စ။ဒေးဗစ်လားကိစ္စကို အကြောင်းပြုပြီးတော့ online မှာက ဘာသာရေးကို အခြေခံပြီးလုပ်တဲ့ အမုန်းစကားတွေ တော်တော်များများဖြစ်နေတာ ကြာပြီ။ အဲဒီမှာ တဘက်နဲ့ တဘက် ဆိုတာ ဒီတခေါက်နည်းနည်းထူးဆန်းတာက ဒေးဗစ်လား ကို အကြောင်းပြုပြီး ခရစ်ယာန်ကို တိုက်ကြတာပေါ့နော် ။ အဲဒီမှာ ၂ ပိုင်း ဘာတွေ့ရသလဲဆိုတော့ မွတ်ဆလင် တွေကလည်း ဝိုင်းပြောတယ် ၊ဗုဒ္ဓဘာသာ တွေကလည်း ဝိုင်းပြောတယ်။ သူအရင်တုန်းက ပြောခဲ့တဲ့ တရားဟောထားခဲ့တဲ့ Video ဖိုင်တွေရှိတယ်။ တခြား ဘာသာတွေကို challenge လုပ်ထားတဲ့ Video ဖိုင်တွေရှိတယ်။ အဲဒါတွေ ထပ်တက်လာတော့ဒေးဗစ်လားက မကောင်းတဲ့သူဆိုပြီး ပုံဖော်ကြပြီးတော့ ဝိုင်းပြောတာတွေ အရမ်းများလာတယ်။ အဲဒီလို Post တွေအောက်မှာဆိုရင် ခရစ်ယာန်ဖြစ်တယ်လို့ ထင်ရတဲ့သူတွေနဲ့ ခရစ်ယာန်မဟုတ်ဘူးလို့ ထင်ရတဲ့လူတွေကြားထဲမှာ Online မှာ ပဋိပက္ခတွေ တော်တော်များများ တက်လာတာတွေ့ရတယ်။ ဒါက ဘာသာရေး ပဋိပက္ခဖြစ်ဖို့အတွက် သွားတဲ့လမ်းကြောင်းတွေလို့ ကျနော့်အနေနဲ့ ယူဆတယ်။ စိတ်ပူရတယ်ပေါေ့နာ်။

မစုမြတ်မွန်။ ။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အများစုရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီတော့ အစိုးရက ကိုင်တွယ်တဲ့နေရာမှာရော မျှမျှတတ ကိုင်တွယ်နိုင်ဖို့ ခက်ခဲနိုင်တယ်လို့ မြင်သလားရှင့်။

ကိုသက်ဆွေဝင်း။ ။ ကျနော်တို့အဲဒါက စိတ်ပူရတယ် စောင့်ကြည့်ရမယ့်အနေအထား ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ မိတ္ထီလာမှာဆိုရင် သူများနဲ့မဟုတ်ဘူး ဗုဒ္ဓဘာသာ အချင်းချင်းဖြစ်တဲ့ပြဿနာ။ အဲဒီတော့ ဒေါသထွက်နေတဲ့လူအုပ်က ထုံးစံအတိုင်းပေါ်လာတယ်။ ပြီးတော့ ရိုက်မယ် ပြဿနာရှာမယ် အထိ လုပ်တာတွေ့ရတယ်။ ဒါပေမယ့် ဝိုင်းထိန်းလိုက်နိုင်တဲ့အတွက် ဘာမှ ကြီးကြီးမားမား မဖြစ်သွားခဲ့ဘူးပေါ့နော်။ အဲဒါတော့ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုက အခရာကျတယ်။ တရားမျှတမှု တခုကို ဖော်ဆောင်တဲ့နေရာမှာ ကျောသားရင်သားမခွဲပဲ ၊ ဘက်လိုက်မှုမရှိပဲ လုပ်နိုင်ဖို့လိုတယ်။ ဒါလဲကျနော် အမြဲတိုက်တွန်း တောင်းဆိုနေတာပဲပေါ့နော်။ ဒါပေမယ့် ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ၊ ဒါကတော့ ဆုံးဖြတ်ချက်ဆိုတာလည်း အစိုးရလုပ်လို့ရတာမဟုတ်ဘူးပေါ့နော် တကယ်တမ်း တရားရုံးကနေပြီးတော့ တရားသူကြီး ဆုံးဖြတ်ရမယ့် ကိစ္စကို ။ ဒီလိုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တခုအပေါ်မှာ မူတည်ပြီး ရအောင်နည်းလမ်းရှာပြီး ပြဿနာရှာမယ့် သူတွေ ရှိနေဦးမှာသေချာတယ်။ ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမှာလဲဆိုတာကို မူတည်ပြီးတော့ အစိုးရက အခုကတည်းကနေ ကြိုစဉ်းစားရမယ်။ ရွေးကောက်ပွဲနား နီးလေလေ ဒီ အမုန်းတရားဖြန့်တဲ့ကိစ္စတွေ ၊ ပဋိပက္ခဖြစ်အောင် ဖန်တီးမယ့် ကိစ္စတွေကတော့ နည်းလမ်းပေါင်းစုံနဲ့ ဖြစ်လာမှာပါ။ အဲဒါတွေကို အစိုးရအနေနဲ့ သတိထားပြီး မဖြစ်မနေ ကိုင်တွယ်ဖို့လိုတယ် ပြီးတော့အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ သေချာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့လိုနေပါပြီ။

မစုမြတ်မွန်။ ။ အခုလိုမျိုး အမုန်းစကား တွေပြန့်တာက များသောအားဖြင့် Facebook လူမှုကွန်ယက်ပေါ်မှာ ပြန့်တာပေါ့လေ အဲဒါဆိုတော့ Facebook ကဏ္ဍကရော ၊ သူတို့ ကိုင်တွယ်ပုံရော ဘယ်လိုမြင်ရပါသလဲ။

ကိုသက်ဆွေဝင်း။ ။ Facebook က ကျနော်နားလည်သလောက်က လုပ်နေတဲ့အနေအထားပဲ ရှိတယ်ပေါ့နော်။ facebook content moderation တွေ ၊ လူတွေကို ထားပြီးတော့ လုပ်နေတာမျိုးတွေရှိတယ်။ ဒါပေမယ့် အခုအထိကတော့ အားရကျေနပ်လို့ရတဲ့အနေအထားတွေမရှိဘူး။ ကျနော်တို့ Activist တွေကြားထဲမှာတောင်မှ တချို့ post တွေ share လိုက်ရင် ban ခံရတာတွေ ၊ဖြုတ်ခံရတာတွေ ကြုံနေရတယ်။ ဒီအမုန်းစကားတွေကိုတော့ သေသေချာချာ ထိထိရောက်ရောက် တားဆီးနိုင်ဖို့ကတော့ မလုပ်နိုင်သေးဘူး။ ဒါပေမယ့် လုပ်တာကတော့ အရင်ကထက်စာရင် ထိရောက်လာတာကို တွေ့ရတယ်။ သို့သော် ၁၀၀ ရာခိုင်နှုန်း ကျနော်တို့ ကျေနပ်လောက်တဲ့အထိတော့ မဟုတ်နေသေးဘူး။ ဒါတွေ သေချာတယ် ဒီကြားထဲမှာလည်း ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ Facebook က တာဝန်ရှိသူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်ဖို့လိုတယ်။

Synergy လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းထားတာပါ။

စုမြတ်မွန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-hate-speech-/5428708.html
ကုိဗစ္ကာလ လူမႈကြန္ယက္ေတြေပၚမွာ အမုန္းတရားျပန္႔ပြားတဲ့ ေရးသားမႈေတြ ပုိမ်ားလာ ကုိဗစ္ကာလ လူမႈကြန္ယက္ေတြေပၚမွာ အမုန္းတရားျပန္႔ပြားတဲ့ ေရးသားမႈေတြ ပုိမ်ားလာ Reviewed by THITHTOOLWIN on 04:53 Rating: 5
Powered by Blogger.