လေပြင်းဒဏ်ကြောင့် မြေပုံဒုက္ခသည်စခန်း နေအိမ်များ ပျက်စီး

(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကိုင်းကြီးဒုက္ခသည်စခန်းကို လေပြင်းတိုက်ခတ်လို့ အဆောင်တွေ ပျက်စီးကုန်ပြီး စခန်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက် ည ၂ နာရီခန့်မှာ မြေပုံမြို့နယ်ထဲ လေမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် ကိုင်းကြီး ဒုက္ခသည်စခန်းမှာရှိတဲ့ အဆောင်တွေ အကုန်ပျက်ဆီးသွားခဲ့လို့ နေထိုင်ရေး အခက်အခဲကြုံနေရပြီး ဖြစ်သလိုနေရ တယ်လို့ အဲဒီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"အခုဆိုရင် မိုးတွင်းအချိန်ဖြစ်လို့ ခေါင်မိုးတွေလဲမရှိ၊ တာလပတ်တွေကလဲ လေအရမ်းတိုက်လို့ ဆွဲလို့မရဘူး။ အခုစားနပ်ရိက္ခာကလည်း နှစ်ပတ်စာလောက်ပဲ ရှိတော့တယ်။ အခု တာလပတ်တွေနဲ့ ဖြစ်သလိုအဆောင် လုပ်ပြီးနေနေရတယ်။ အခက်အခဲကတော့ အများကြီးရှိတယ်။ မိုးရွာလာရင် အောက်ကလည်း စိုစွတ်လာမယ်။ ရွာကို လဲသွားလို့မရ ။ ညကဆိုရင်လည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အလှမ်းဝေးပေမယ့် လုံ ခြုံမှုမရှိလို့ မပြန်ရဲသေးဘူး။"

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် မြေပုံမြို့ ကံ့ကော်ချောင်း၊ သပြေတိုး၊ ကမ်းနီနဲ့ ဂြမ့်ဟင်းခါးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေဟာ ကိုင်းကြီးဒုက္ခသည်စခန်းကို ထွက်ပြေးလာခဲ့တာ ငါးလ နီးပါးရှိ နေပါပြီ။ ကိုင်းကြီးဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၁၆၂ ဦး နေထိုင်ပါတယ်။

သူတို့ စားဝတ်နေရေးအတွက်ကို မြတန်ဆောင်းဖောင်ဒေးရှင်းနဲ့ ရင်ငွေ့ပန်းရက္ခိတကွန်ရက်တို့က တာဝန်ယူ ဆောင်ရွက်ပေးနေပေမယ့် ရေရှည်အတွက် အဆင်မပြေနိုင်ဘူးလို့ ရင်ငွေ့ပန်းရက္ခိတကွန်ရက် ဥက္ကဋ္ဌ ကိုရွှေစိုး က ပြောပါတယ်။

"မြေပုံမြို့နယ် ကမ်းကြီးစခန်းမှာ အခုလောလောဆယ်ကတော့ မိုးတွင်းအတွက် နေမယ့်အဆောင်တွေ မရှိဘူး။ စားနပ်ရိက္ခာလည်း သိပ်မဖူလှုံတော့ဘူး။သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများကြီးဒုက္ခရောက်တယ်။ အစိုးရအဖွဲ့က လှူဒါန်းတာမျိုးလည်းမရှိဘူး။ ဘယ်အဖွဲ့အစည်းကရောက်တာမှ မရှိဘူး။ လောလောဆယ်တော့ ကိုယ့်ဟာကိုယ်ပဲ အဆင်ပြေအောင် ရုန်းကန်နေရတယ်။"

အစိုးရဘက်ကတော့ သူတို့အသိအမှတ်ပြုတဲ့ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေကိုသာ ကူညီပေးနေတာ ကြောင့် ဒီဒုက္ခသည်တွေရဲ့ စားသောက်နေထိုင်ရေး အခက်ကြုံနေရတာဖြစ်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"အစိုးဘက်ကတော့ မိုးတွင်းမှာ ဒုက္ခသည်တွေအတွက် အိမ်ယာတွေ ဆောက်ပေးဖို့တော့ ရှိတယ်။ ဘယ်တော့လောက် ပြီးမလဲဆိုတာမသိဘူး။ ဒုက္ခသည်တွေက မြို့ပေါ်မှာရောနယ်မှာရော ပြန့်ကျဲပြီးတော့ ရှိတယ်။ အစိုးရကတော့ သူတို့အသိအမှတ်ပြုတဲ့  ဒုက္ခသည်စခန်းလောက်ကိုပဲ ဆန်ဖိုးလောက်ပေးတာ ရှိတယ်။ ဒီအပြင် စခန်းတွေကတော့ နီးစပ်ရာရွာတွေရဲ့ စေတနာရှင်တွေနဲ့ လည်ပတ်နေရတာပေါ့။ အခုလို မိုးတွင်းရောက်လာပြီ ဆိုတော့ သူတို့ရဲ့ နေရေးထိုင်ရေး အခက်အခဲတွေ ပိုရှိလာတယ်။ နောက်ပြီးတော့ လယ်ယာလုပ်ငန်းခွင်ကို သူတို့အနေနဲ့ ဝင်ဖို့အဆင်မပြေဘူး။ ကိုယ့်ရွာကို မသွားရဲတဲ့ အခြေအနေလည်းရှိတော့ ဒီကိစ္စကမိုးတွင်းကျရင် ပိုပြီးတော့ ပြဿနာဖြစ်လာနိုင်တယ်။"

လတ်တလောမှာ မိုးတွင်းကာလလည်း ကျရောက်ပြီဖြစ်တဲ့အတွက် ဒုက္ခသည်တွေ နေထိုင်ဖို့ နေစရာ၊ စားဝတ် နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC တို့က စားနပ်ရိက္ခာအကူအညီ ပေးနေတာ ဖြစ်ပါတယ်။ လတ်တလော ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် ဧပြီလ တစ်လလုံးထောက်ပံ့မှုတွေ မရခဲ့ဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

"မြို့ပေါ်စခန်းတွေမှာတော့ ဘာပဲဖြစ်ဖြစ် စားသောက်ဖို့ကရှိနေတယ်။ မလောက်မဌရင်လည်း အတိုင်း အတာတစ်ခုအထိ စားသောက်ဖို့ ရှိနေတယ်။ နယ်စခန်းတွေမှာ ဧပြီလ တစ်လလုံး အစိုးရနဲ့ ICRC တို့လို WFP တို့ လိုအဖွဲ့တွေက ဆန်ထောက်ပံ့တဲ့ ကိစ္စတွေက ဧပြီတစ်လုံးမှာ မရှိခဲ့ဘူး။ တချို့ စခန်းတွေက မတ်လလယ်လောက် ကတည်းကမရှိဘူး။ အခု မေလမှာပဲ စခန်းတချို့မှာ စပြီးမှ ထောက်ပံ့နေရတယ်။ အဲဒါတွေလည်း စခန်းအကုန်ကို မရောက်သေးဘူး။ ပုံမှန်အခြေခံဆန်တို့ ဆီတို့ ပဲတို့တောင် ပုံမှန် မရခဲ့တာတွေ ရှိတယ်။ ဒီအခြေအနေမျိုးတွေ ကြောင့် နောက်ပိုင်းလတွေမှာ ပုံမှန်တောင် မထောက်ပံ့နိုင်ရင် နေထိုင်မှု အပိုင်းရော စားသောက်မှုအပိုင်းရော အရမ်းကိုခက်ခဲလာနိုင်တယ်။"

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲတွေကြောင့် နေ့စဉ်လိုလို အရပ်သားသေဆုံးမှု တွေရှိနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် နှစ်သိန်းနီးပါး ရှိနေပါတယ်။

ဖြူဖြူခိုင် / RFA Burmese
--------------------------------------
မြေပုံမြို့နယ် ကိုင်းကြီးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်များကို တွေ့ရစဉ် / Photo: ITshwetoe Seven
(Zawgyi)⤵⤵⤵
ေလျပင္းဒဏ္ေၾကာင့္ ေျမပုံဒုကၡသည္စခန္း ေနအိမ္မ်ား ပ်က္စီး

ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္ ကိုင္းႀကီးဒုကၡသည္စခန္းကို ေလျပင္းတိုက္ခတ္လို႔ အေဆာင္ေတြ ပ်က္စီးကုန္ၿပီး စခန္းမွာရွိတဲ့ စစ္ေဘးဒုကၡသည္ေတြ အခက္အခဲေတြ႕ေနရပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၂၇ ရက္ ည ၂ နာရီခန႔္မွာ ေျမပုံၿမိဳ႕နယ္ထဲ ေလမုန္တိုင္း တိုက္ခတ္ခဲ့တာေၾကာင့္ ကိုင္းႀကီး ဒုကၡသည္စခန္းမွာရွိတဲ့ အေဆာင္ေတြ အကုန္ပ်က္ဆီးသြားခဲ့လို႔ ေနထိုင္ေရး အခက္အခဲႀကဳံေနရၿပီး ျဖစ္သလိုေနရ တယ္လို႔ အဲဒီဒုကၡသည္စခန္းမွာ ေနထိုင္တဲ့ ဒုကၡသည္တစ္ဦးက ေျပာပါတယ္။

"အခုဆိုရင္ မိုးတြင္းအခ်ိန္ျဖစ္လို႔ ေခါင္မိုးေတြလဲမရွိ၊ တာလပတ္ေတြကလဲ ေလအရမ္းတိုက္လို႔ ဆြဲလို႔မရဘူး။ အခုစားနပ္ရိကၡာကလည္း ႏွစ္ပတ္စာေလာက္ပဲ ရွိေတာ့တယ္။ အခု တာလပတ္ေတြနဲ႔ ျဖစ္သလိုအေဆာင္ လုပ္ၿပီးေနေနရတယ္။ အခက္အခဲကေတာ့ အမ်ားႀကီးရွိတယ္။ မိုး႐ြာလာရင္ ေအာက္ကလည္း စိုစြတ္လာမယ္။ ႐ြာကို လဲသြားလို႔မရ ။ ညကဆိုရင္လည္း လက္နက္ႀကီးေတြနဲ႔ ပစ္တယ္။ တိုက္ပြဲျဖစ္တဲ့ေနရာနဲ႔ အလွမ္းေဝးေပမယ့္ လုံ ၿခဳံမႈမရွိလို႔ မျပန္ရဲေသးဘူး။"

တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ ေျမပုံၿမိဳ႕ ကံ့ေကာ္ေခ်ာင္း၊ သေျပတိုး၊ ကမ္းနီနဲ႔ ျဂမ့္ဟင္းခါး႐ြာေတြမွာ ေနထိုင္တဲ့ ေဒသခံေတြဟာ ကိုင္းႀကီးဒုကၡသည္စခန္းကို ထြက္ေျပးလာခဲ့တာ ငါးလ နီးပါးရွိ ေနပါၿပီ။ ကိုင္းႀကီးဒုကၡသည္စခန္းမွာ ဒုကၡသည္ ၁၆၂ ဦး ေနထိုင္ပါတယ္။

သူတို႔ စားဝတ္ေနေရးအတြက္ကို ျမတန္ေဆာင္းေဖာင္ေဒးရွင္းနဲ႔ ရင္ေငြ႕ပန္းရကၡိတကြန္ရက္တို႔က တာဝန္ယူ ေဆာင္႐ြက္ေပးေနေပမယ့္ ေရရွည္အတြက္ အဆင္မေျပႏိုင္ဘူးလို႔ ရင္ေငြ႕ပန္းရကၡိတကြန္ရက္ ဥကၠ႒ ကိုေ႐ႊစိုး က ေျပာပါတယ္။

"ေျမပုံၿမိဳ႕နယ္ ကမ္းႀကီးစခန္းမွာ အခုေလာေလာဆယ္ကေတာ့ မိုးတြင္းအတြက္ ေနမယ့္အေဆာင္ေတြ မရွိဘူး။ စားနပ္ရိကၡာလည္း သိပ္မဖူလႈံေတာ့ဘူး။သက္ႀကီး႐ြယ္အိုနဲ႔ ကေလးငယ္ေတြ အမ်ားႀကီးဒုကၡေရာက္တယ္။ အစိုးရအဖြဲ႕က လႉဒါန္းတာမ်ိဳးလည္းမရွိဘူး။ ဘယ္အဖြဲ႕အစည္းကေရာက္တာမွ မရွိဘူး။ ေလာေလာဆယ္ေတာ့ ကိုယ့္ဟာကိုယ္ပဲ အဆင္ေျပေအာင္ ႐ုန္းကန္ေနရတယ္။"

အစိုးရဘက္ကေတာ့ သူတို႔အသိအမွတ္ျပဳတဲ့ ဒုကၡသည္စခန္းမွာေနထိုင္သူေတြကိုသာ ကူညီေပးေနတာ ေၾကာင့္ ဒီဒုကၡသည္ေတြရဲ႕ စားေသာက္ေနထိုင္ေရး အခက္ႀကဳံေနရတာျဖစ္တယ္လို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

"အစိုးဘက္ကေတာ့ မိုးတြင္းမွာ ဒုကၡသည္ေတြအတြက္ အိမ္ယာေတြ ေဆာက္ေပးဖို႔ေတာ့ ရွိတယ္။ ဘယ္ေတာ့ေလာက္ ၿပီးမလဲဆိုတာမသိဘူး။ ဒုကၡသည္ေတြက ၿမိဳ႕ေပၚမွာေရာနယ္မွာေရာ ျပန႔္က်ဲၿပီးေတာ့ ရွိတယ္။ အစိုးရကေတာ့ သူတို႔အသိအမွတ္ျပဳတဲ့  ဒုကၡသည္စခန္းေလာက္ကိုပဲ ဆန္ဖိုးေလာက္ေပးတာ ရွိတယ္။ ဒီအျပင္ စခန္းေတြကေတာ့ နီးစပ္ရာ႐ြာေတြရဲ႕ ေစတနာရွင္ေတြနဲ႔ လည္ပတ္ေနရတာေပါ့။ အခုလို မိုးတြင္းေရာက္လာၿပီ ဆိုေတာ့ သူတို႔ရဲ႕ ေနေရးထိုင္ေရး အခက္အခဲေတြ ပိုရွိလာတယ္။ ေနာက္ၿပီးေတာ့ လယ္ယာလုပ္ငန္းခြင္ကို သူတို႔အေနနဲ႔ ဝင္ဖို႔အဆင္မေျပဘူး။ ကိုယ့္႐ြာကို မသြားရဲတဲ့ အေျခအေနလည္းရွိေတာ့ ဒီကိစၥကမိုးတြင္းက်ရင္ ပိုၿပီးေတာ့ ျပႆနာျဖစ္လာႏိုင္တယ္။"

လတ္တေလာမွာ မိုးတြင္းကာလလည္း က်ေရာက္ၿပီျဖစ္တဲ့အတြက္ ဒုကၡသည္ေတြ ေနထိုင္ဖို႔ ေနစရာ၊ စားဝတ္ ေနေရးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္ေနၾကပါတယ္။ ရခိုင္ျပည္ေျမာက္ပိုင္းက စစ္ေဘးဒုကၡသည္ေတြကို လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ ႏိုင္ငံတကာ NGO အဖြဲ႕အစည္းေတြျဖစ္တဲ့ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP နဲ႔ ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႕ ICRC တို႔က စားနပ္ရိကၡာအကူအညီ ေပးေနတာ ျဖစ္ပါတယ္။ လတ္တေလာ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားေနမႈေၾကာင့္ ဧၿပီလ တစ္လလုံးေထာက္ပံ့မႈေတြ မရခဲ့ဘူးလို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး REC အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

"ၿမိဳ႕ေပၚစခန္းေတြမွာေတာ့ ဘာပဲျဖစ္ျဖစ္ စားေသာက္ဖို႔ကရွိေနတယ္။ မေလာက္မဌရင္လည္း အတိုင္း အတာတစ္ခုအထိ စားေသာက္ဖို႔ ရွိေနတယ္။ နယ္စခန္းေတြမွာ ဧၿပီလ တစ္လလုံး အစိုးရနဲ႔ ICRC တို႔လို WFP တို႔ လိုအဖြဲ႕ေတြက ဆန္ေထာက္ပံ့တဲ့ ကိစၥေတြက ဧၿပီတစ္လုံးမွာ မရွိခဲ့ဘူး။ တခ်ိဳ႕ စခန္းေတြက မတ္လလယ္ေလာက္ ကတည္းကမရွိဘူး။ အခု ေမလမွာပဲ စခန္းတခ်ိဳ႕မွာ စၿပီးမွ ေထာက္ပံ့ေနရတယ္။ အဲဒါေတြလည္း စခန္းအကုန္ကို မေရာက္ေသးဘူး။ ပုံမွန္အေျခခံဆန္တို႔ ဆီတို႔ ပဲတို႔ေတာင္ ပုံမွန္ မရခဲ့တာေတြ ရွိတယ္။ ဒီအေျခအေနမ်ိဳးေတြ ေၾကာင့္ ေနာက္ပိုင္းလေတြမွာ ပုံမွန္ေတာင္ မေထာက္ပံ့ႏိုင္ရင္ ေနထိုင္မႈ အပိုင္းေရာ စားေသာက္မႈအပိုင္းေရာ အရမ္းကိုခက္ခဲလာႏိုင္တယ္။"

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔တိုက္ပြဲေတြေၾကာင့္ ေန႔စဥ္လိုလို အရပ္သားေသဆုံးမႈ ေတြရွိေနၿပီး အိုးအိမ္စြန႔္ခြာထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ အေရအတြက္ ႏွစ္သိန္းနီးပါး ရွိေနပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
https://www.rfa.org/burmese/news/myaypon-refugees-homes-are-damaged-by-storm-wind-05302020040013.html
လေပြင်းဒဏ်ကြောင့် မြေပုံဒုက္ခသည်စခန်း နေအိမ်များ ပျက်စီး လေပြင်းဒဏ်ကြောင့် မြေပုံဒုက္ခသည်စခန်း နေအိမ်များ ပျက်စီး Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.