ဟောင်ကောင်နဲ့ ဆက်ဆံရေး ကန်လျှော့ချမှု ဟောင်ကောင်တာဝန်ရှိသူတွေ ဝေဖန်

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေတဲ့ အမေရိကန်သမ္မတ Donald Trump. (မေ ၂၉၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်သမ္မတ Donald Trump ရဲ့ တရုတ်အစိုးရအပေါ် ရည်ရွယ်ပြီး ဟောင်ကောင်ကျွန်းနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ပိတ်ပင်မယ့် အစီအစဉ်ကို ဟောင်ကောင်အစိုးရ အရာရှိတွေ တန်ပြန်ရှုတ်ချ ဝေဖန်သွားပါတယ်။

“ဟောင်ကောင်အစိုးရကို ဒီလို လာခြိမ်းခြောက်လို့ ရမှာမဟုတ်ဘူး၊ အခု ဥပဒေသစ်ကိစ္စကို ဆက်လုပ်သွားမှာပဲ ဖြစ်တယ်” လို့ ဟောင်ကောင် လုံခြုံရေးဝန်ကြီး John Lee က သမ္မတ Trump ပြောသွားပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်ပြောသွားတာ ဖြစ်ပါတယ်။

“သမ္မတ Trump လုပ်ရပ်ရဲ့ အခြေခံဟာ လုံးဝမှားယွင်းပါတယ်၊ ဟောင်ကောင်ရဲ့ အမျိုးသားလုံခြုံရေး ဥပဒေဟာ တရားနည်းလမ်းကျဖြစ်ပြီး လိုကို လိုအပ်ပါတယ်” လို့ ဟောင်ကောင်တရားရေးဝန်ကြီး Teresa Cheng ကလည်း ပြောပါတယ်။

တရုတ်အစိုးရက ဟောင်ကောင်မှာ လုံခြုံရေးဥပဒေတွေ အသစ်ထုတ်ပြန်မယ့် အစီအစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သမ္မတ Donald Trump က ဟောင်ကောင်ကျွန်းအတွက် ထားတဲ့ အထူးဆက်ဆံရေးကို ဖျက်ပစ်မယ်လို့ သောကြာနေ့ကပဲ ပြောသွားတာ ဖြစ်ပါတယ်။

“တရုတ်အစိုးရဟာ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်ပြီး ပေးထားတဲ့ကတိကို ဖျက်တယ်၊ ဒီလို တရုတ်အစိုးရရဲ့ လုပ်ရပ်ဟာ ဟောင်ကောင်ကလူတွေ အတွက်ရော တရုတ်နိုင်ငံသားတွေနဲ့ ကမ္ဘာ့လူထုအတွက်ပါ သတင်းဆိုးဖြစ်တယ်” လို့ သောကြာနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

အမေရိကန်ပြည်ထောင်စုက ဟောင်ကောင်အတွက် အထူးအခွင့်အရေးတွေကို ပယ်ဖျက်မယ့်အပြင် ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အနှောင့်အယှက်ပေးတဲ့ ဘယ်သူူ့မဆိုကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ သမ္မတ Trump က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်တက္ကသိုလ်တွေက အရေးကြီး သုတေသန လုပ်ငန်းတွေကို ကာကွယ်ဖို့အတွက် လုံခြုံရေးအတွက် မသင်္ကာစရာရှိတဲ့သူတွေ တရုတ်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့် ဆိုင်းထားဖို့ ကြေညာချက်ထုတ်မယ်လို့လည်း ပြောပါတယ်။ ဒီလိုလုပ်ရင် တရုတ် ဘွဲ့လွန်ကျောင်းသား ၃၀၀၀ ကနေ ၅၀၀၀ လောက်ကို ရိုက်ခတ်မှု ဖြစ်စေမယ်လို့ အမေရိကန်အစိုးရ သတင်းရပ်ကွက်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
ေဟာင္ေကာင္နဲ႔ ဆက္ဆံေရး ကန္ေလွ်ာ့ခ်မႈ ေဟာင္ေကာင္တာဝန္ရွိသူေတြ ေဝဖန္

အေမရိကန္သမၼတ Donald Trump ရဲ႕ တ႐ုတ္အစိုးရအေပၚ ရည္႐ြယ္ၿပီး ေဟာင္ေကာင္ကြၽန္းနဲ႔ ပတ္သက္တဲ့ အခြင့္အေရးေတြ ပိတ္ပင္မယ့္ အစီအစဥ္ကို ေဟာင္ေကာင္အစိုးရ အရာရွိေတြ တန္ျပန္ရႈတ္ခ် ေဝဖန္သြားပါတယ္။

“ေဟာင္ေကာင္အစိုးရကို ဒီလို လာၿခိမ္းေျခာက္လို႔ ရမွာမဟုတ္ဘူး၊ အခု ဥပေဒသစ္ကိစၥကို ဆက္လုပ္သြားမွာပဲ ျဖစ္တယ္” လို႔ ေဟာင္ေကာင္ လုံၿခဳံေရးဝန္ႀကီး John Lee က သမၼတ Trump ေျပာသြားၿပီး နာရီပိုင္းအတြင္းမွာပဲ ျပန္ေျပာသြားတာ ျဖစ္ပါတယ္။

“သမၼတ Trump လုပ္ရပ္ရဲ႕ အေျခခံဟာ လုံးဝမွားယြင္းပါတယ္၊ ေဟာင္ေကာင္ရဲ႕ အမ်ိဳးသားလုံၿခဳံေရး ဥပေဒဟာ တရားနည္းလမ္းက်ျဖစ္ၿပီး လိုကို လိုအပ္ပါတယ္” လို႔ ေဟာင္ေကာင္တရားေရးဝန္ႀကီး Teresa Cheng ကလည္း ေျပာပါတယ္။

တ႐ုတ္အစိုးရက ေဟာင္ေကာင္မွာ လုံၿခဳံေရးဥပေဒေတြ အသစ္ထုတ္ျပန္မယ့္ အစီအစဥ္ကို တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္သမၼတ Donald Trump က ေဟာင္ေကာင္ကြၽန္းအတြက္ ထားတဲ့ အထူးဆက္ဆံေရးကို ဖ်က္ပစ္မယ္လို႔ ေသာၾကာေန႔ကပဲ ေျပာသြားတာ ျဖစ္ပါတယ္။

“တ႐ုတ္အစိုးရဟာ ေဟာင္ေကာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ ပတ္သက္ၿပီး ေပးထားတဲ့ကတိကို ဖ်က္တယ္၊ ဒီလို တ႐ုတ္အစိုးရရဲ႕ လုပ္ရပ္ဟာ ေဟာင္ေကာင္ကလူေတြ အတြက္ေရာ တ႐ုတ္ႏိုင္ငံသားေတြနဲ႔ ကမာၻ႔လူထုအတြက္ပါ သတင္းဆိုးျဖစ္တယ္” လို႔ ေသာၾကာေန႔က အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။

အေမရိကန္ျပည္ေထာင္စုက ေဟာင္ေကာင္အတြက္ အထူးအခြင့္အေရးေတြကို ပယ္ဖ်က္မယ့္အျပင္ ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးကို အေႏွာင့္အယွက္ေပးတဲ့ ဘယ္သူူ႔မဆိုကိုလည္း ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္သြားမွာ ျဖစ္တယ္လို႔ သမၼတ Trump က ေျပာပါတယ္။

ဒါ့အျပင္ အေမရိကန္တကၠသိုလ္ေတြက အေရးႀကီး သုေတသန လုပ္ငန္းေတြကို ကာကြယ္ဖို႔အတြက္ လုံၿခဳံေရးအတြက္ မသကၤာစရာရွိတဲ့သူေတြ တ႐ုတ္ႏိုင္ငံကေန အေမရိကန္ျပည္ေထာင္စုကို ဝင္ေရာက္ခြင့္ ဆိုင္းထားဖို႔ ေၾကညာခ်က္ထုတ္မယ္လို႔လည္း ေျပာပါတယ္။ ဒီလိုလုပ္ရင္ တ႐ုတ္ ဘြဲ႕လြန္ေက်ာင္းသား ၃၀၀၀ ကေန ၅၀၀၀ ေလာက္ကို ႐ိုက္ခတ္မႈ ျဖစ္ေစမယ္လို႔ အေမရိကန္အစိုးရ သတင္းရပ္ကြက္က ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/hong-kong-china-us/5442258.html
ဟောင်ကောင်နဲ့ ဆက်ဆံရေး ကန်လျှော့ချမှု ဟောင်ကောင်တာဝန်ရှိသူတွေ ဝေဖန် ဟောင်ကောင်နဲ့ ဆက်ဆံရေး ကန်လျှော့ချမှု ဟောင်ကောင်တာဝန်ရှိသူတွေ ဝေဖန် Reviewed by THITHTOOLWIN on 23:01 Rating: 5
Powered by Blogger.