မူဆယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ သယ်လာသူကို မမိသေး၊ တရုတ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေ

တရုတ်-မြန်မာ နယ်စပ်ဂိတ် တစ်နေရာ
(Unicode)⤵⤵⤵
တရုတ်-မြန်မာ နယ်စပ် မန့်ဝိန်း စစ်ဆေးရေးဂိတ်အနီးမှာ ရပ်နားထားတဲ့ တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားတစ်စီးပေါ်မှာ ငွေကျပ်သိန်းပေါင်း ၁ ထောင် ၃ ရာကျော်တန်ဖိုးရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

ကတ်ထူစက္ကူဖာ ၃၁၆ ဖာထဲက Shock Tube Detonator ဖောက်ခွဲရေးပစ္စည်းအချောင်း ၉ သောင်း ၅ ထောင်ကျော်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

"ဒါတွေက ကျောက်မိုင်း ခွဲရာမှာ သုံးနိုင်သလို လူသတ်မိုင်းအဖြစ်နဲ့လည်း သောင်းကျန်းသူတွေက သုံးနိုင်တာပဲ၊ ရှေ့ထွက်မိုင်းတို့ ကြီးကြပ်မိုင်းတို့ လုပ်ရာမှာ ဒါလေးတွေ ထည့်ပြီး သုံးလိုက်ရင် လူသေစေနိုင်တယ်" လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

တရုတ်နံပါတ်ပြား တပ်ဆင်ထားတဲ့ကားဟာ ၂ နိုင်ငံဝင်ထွက်ပေါက် မူဆယ်ဘက်အခြမ်းက အကောက်ခွန်ရုံးရှေ့မှာ ရပ်တန့်ထားစဉ် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

"ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ဟိုဘက်အခြမ်းက ကားတွေက ဒီဘက်က အစားထိုးယာဉ်မောင်းက မောင်းပို့ပြီး ဒီဘက်က ကိုယ်စားလှယ်က ယူရတာ" လို့ ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"တရုတ်နံပါတ်ပြားတပ်ထားတဲ့ ကားပေါ်မှာ ဖမ်းမိတာဆိုတော့ တရုတ်ကို ချိတ်ဆက်ပြီး ဒီကားတွေ စစ်ဆေးပေးဖို့ ရဲလုပ်ငန်းစဉ်အနေနဲ့ ဆက်လက် လုပ်ဆောင်နေတယ်" လို့လည်း ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

မူဆယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိတာဟာ အခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကုန်တုန်းကလည်း Electric Detonator အချောင်း ၅ သောင်းကျော်နဲ့ Shock Tube Detonator အချောင်း ၈ သောင်း ၈ ထောင်ကျော် ဖမ်းမိခဲ့ပါသေးတယ်။

ဒါ့အပြင် သိန္နီက ရေပူစစ်ဆေးရေးဂိတ်မှာလည်း မတ်လတုန်းက အလားတူ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိခဲ့ပါသေးတယ်။

ဒီဖြစ်စဉ်တွေမှာ ဖမ်းမိခဲ့သူတွေဟာ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ဆက်စပ်တယ်၊ အခုတခါ ဖမ်းမိမှုနဲ့ရော ဆက်စပ်မှု ရှိသလား လို့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဗညားဦးကို မေးရာမှာတော့ "မှောင်ခိုဆိုတော့ ချိတ်ဆက်နေတယ်၊ တရားခံတွေ မိမှပဲ အတိအကျ ပြောလို့ရပါမယ်" လို့ ဖြေပါတယ်။

"အခုတခါ ဖမ်းမိမှုမှာတော့ ကားပေါ်မှာ ပါလာသူတွေကို နာမည်တော့ ရထားပြီး လိုက်လံဖမ်းဆီးနေတယ်" လို့လည်း ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

လောလောဆယ်မှာတော့ ဖောက်ခွဲရေး ပစ္စည်းတွေ တရားမဝင် သယ်ဆောင်လာသူတွေကိုလည်း ပေါက်ကွဲစေတက်တဲ့ အရာဝတ္တုများဆိုင်ရာ ဥပဒေပုဒ်မ ၂၃ နဲ့ မူဆယ်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

အမှုဖွင့်ခံထားရသူတွေထဲ ယာဉ်မောင်းပါသလားဆိုတဲ့ အမေးကိုတော့ "ယာဉ်မောင်းဆိုတာ သူတို့က အပ်လို့ မောင်းပေးရတာပဲ ရှိတာ၊ ယာဉ်မောင်းတိုင်း အပြစ်ရှိချင်မှ ရှိမှာ၊ လူတစ်ယောက်က လာအပ်တယ်၊ သူတို့က မောင်းပေးတယ်၊ မငြိစွန်းတဲ့သူတွေကိုတော့ အမှုထဲ ထည့်ဖွင့်လို့ မရဘူး" လို့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိအပြီး နောက်တနေ့ မေလ ၂၆ ရက်နေ့တုန်းကလည်း မူဆယ်မြို့ထဲ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတော့ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ မူဆယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါ့အပြင် မေလ ၁၁ ရက်နေ့တုန်းကလည်း မူဆယ်မြို့အဝင် Oriental Highway (OHC) တိုးဂိတ်ကို ဆိုင်ကယ်စီးလာသူ ၂ ဦးက အိတ်နဲ့ ထုတ်ထားတဲ့ ဗုံးနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့လို့ အဆောက်အဦးတဲ့ ပစ္စည်းတချို့ ပျက်စီးခဲ့သလို ဝန်ထမ်း ၁ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

BBC Burmese
--------------------------------------------------
(Zawgyi)⤵⤵⤵
မူဆယ္မွာ ေဖာက္ခြဲေရးပစၥည္းေတြ သယ္လာသူကို မမိေသး၊ တ႐ုတ္နဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေန

တ႐ုတ္-ျမန္မာ နယ္စပ္ မန႔္ဝိန္း စစ္ေဆးေရးဂိတ္အနီးမွာ ရပ္နားထားတဲ့ တ႐ုတ္နံပါတ္ျပားတပ္ ကုန္တင္ကားတစ္စီးေပၚမွာ ေငြက်ပ္သိန္းေပါင္း ၁ ေထာင္ ၃ ရာေက်ာ္တန္ဖိုးရွိတဲ့ ေဖာက္ခြဲေရးပစၥည္းေတြကို ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕က မတ္လ ၂၅ ရက္ေန႔က ဖမ္းမိခဲ့ပါတယ္။

ကတ္ထူစကၠဴဖာ ၃၁၆ ဖာထဲက Shock Tube Detonator ေဖာက္ခြဲေရးပစၥည္းအေခ်ာင္း ၉ ေသာင္း ၅ ေထာင္ေက်ာ္ကို ဖမ္းမိခဲ့တာျဖစ္ပါတယ္။

"ဒါေတြက ေက်ာက္မိုင္း ခြဲရာမွာ သုံးႏိုင္သလို လူသတ္မိုင္းအျဖစ္နဲ႔လည္း ေသာင္းက်န္းသူေတြက သုံးႏိုင္တာပဲ၊ ေရွ႕ထြက္မိုင္းတို႔ ႀကီးၾကပ္မိုင္းတို႔ လုပ္ရာမွာ ဒါေလးေတြ ထည့္ၿပီး သုံးလိုက္ရင္ လူေသေစႏိုင္တယ္" လို႔ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕ ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက ရဲမႉးႀကီး ဗညားဦးက ေျပာပါတယ္။

တ႐ုတ္နံပါတ္ျပား တပ္ဆင္ထားတဲ့ကားဟာ ၂ ႏိုင္ငံဝင္ထြက္ေပါက္ မူဆယ္ဘက္အျခမ္းက အေကာက္ခြန္႐ုံးေရွ႕မွာ ရပ္တန႔္ထားစဥ္ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

"ကိုဗစ္-၁၉ ကူးစက္မႈေတြေၾကာင့္ ဟိုဘက္အျခမ္းက ကားေတြက ဒီဘက္က အစားထိုးယာဥ္ေမာင္းက ေမာင္းပို႔ၿပီး ဒီဘက္က ကိုယ္စားလွယ္က ယူရတာ" လို႔ ျပည္နယ္ရဲတပ္ဖြဲ႕ တာဝန္ရွိသူက ေျပာပါတယ္။

"တ႐ုတ္နံပါတ္ျပားတပ္ထားတဲ့ ကားေပၚမွာ ဖမ္းမိတာဆိုေတာ့ တ႐ုတ္ကို ခ်ိတ္ဆက္ၿပီး ဒီကားေတြ စစ္ေဆးေပးဖို႔ ရဲလုပ္ငန္းစဥ္အေနနဲ႔ ဆက္လက္ လုပ္ေဆာင္ေနတယ္" လို႔လည္း ရွမ္းျပည္နယ္ ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက ရဲမႉးႀကီး ဗညားဦးက ေျပာပါတယ္။

မူဆယ္မွာ ေဖာက္ခြဲေရးပစၥည္းေတြ ဖမ္းမိတာဟာ အခုႏွစ္အတြင္း ဒုတိယအႀကိမ္ေျမာက္ ျဖစ္ၿပီး ၿပီးခဲ့တဲ့ မတ္လကုန္တုန္းကလည္း Electric Detonator အေခ်ာင္း ၅ ေသာင္းေက်ာ္နဲ႔ Shock Tube Detonator အေခ်ာင္း ၈ ေသာင္း ၈ ေထာင္ေက်ာ္ ဖမ္းမိခဲ့ပါေသးတယ္။

ဒါ့အျပင္ သိႏၷီက ေရပူစစ္ေဆးေရးဂိတ္မွာလည္း မတ္လတုန္းက အလားတူ ေဖာက္ခြဲေရးပစၥည္းေတြ ဖမ္းမိခဲ့ပါေသးတယ္။

ဒီျဖစ္စဥ္ေတြမွာ ဖမ္းမိခဲ့သူေတြဟာ ဘယ္လိုအဖြဲ႕အစည္းေတြနဲ႔ ဆက္စပ္တယ္၊ အခုတခါ ဖမ္းမိမႈနဲ႔ေရာ ဆက္စပ္မႈ ရွိသလား လို႔ ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက ရဲမႉးႀကီး ဗညားဦးကို ေမးရာမွာေတာ့ "ေမွာင္ခိုဆိုေတာ့ ခ်ိတ္ဆက္ေနတယ္၊ တရားခံေတြ မိမွပဲ အတိအက် ေျပာလို႔ရပါမယ္" လို႔ ေျဖပါတယ္။

"အခုတခါ ဖမ္းမိမႈမွာေတာ့ ကားေပၚမွာ ပါလာသူေတြကို နာမည္ေတာ့ ရထားၿပီး လိုက္လံဖမ္းဆီးေနတယ္" လို႔လည္း ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက ရဲမႉးႀကီး ဗညားဦးက ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ ေဖာက္ခြဲေရး ပစၥည္းေတြ တရားမဝင္ သယ္ေဆာင္လာသူေတြကိုလည္း ေပါက္ကြဲေစတက္တဲ့ အရာဝတၱဳမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၂၃ နဲ႔ မူဆယ္ၿမိဳ႕မ ရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။

အမႈဖြင့္ခံထားရသူေတြထဲ ယာဥ္ေမာင္းပါသလားဆိုတဲ့ အေမးကိုေတာ့ "ယာဥ္ေမာင္းဆိုတာ သူတို႔က အပ္လို႔ ေမာင္းေပးရတာပဲ ရွိတာ၊ ယာဥ္ေမာင္းတိုင္း အျပစ္ရွိခ်င္မွ ရွိမွာ၊ လူတစ္ေယာက္က လာအပ္တယ္၊ သူတို႔က ေမာင္းေပးတယ္၊ မၿငိစြန္းတဲ့သူေတြကိုေတာ့ အမႈထဲ ထည့္ဖြင့္လို႔ မရဘူး" လို႔ ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက ရဲမႉးႀကီး ဗညားဦးက ေျပာပါတယ္။

ေဖာက္ခြဲေရးပစၥည္းေတြ ဖမ္းမိအၿပီး ေနာက္တေန႔ ေမလ ၂၆ ရက္ေန႔တုန္းကလည္း မူဆယ္ၿမိဳ႕ထဲ ေပါက္ကြဲမႈ ၂ ႀကိမ္ ျဖစ္ခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာရေတာ့ ႀကီးႀကီးမားမား မရွိခဲ့ဘူးလို႔ မူဆယ္ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ဒါ့အျပင္ ေမလ ၁၁ ရက္ေန႔တုန္းကလည္း မူဆယ္ၿမိဳ႕အဝင္ Oriental Highway (OHC) တိုးဂိတ္ကို ဆိုင္ကယ္စီးလာသူ ၂ ဦးက အိတ္နဲ႔ ထုတ္ထားတဲ့ ဗုံးနဲ႔ လာေရာက္ပစ္ခတ္ တိုက္ခိုက္ခဲ့လို႔ အေဆာက္အဦးတဲ့ ပစၥည္းတခ်ိဳ႕ ပ်က္စီးခဲ့သလို ဝန္ထမ္း ၁ ဦးလည္း ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52816588
မူဆယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ သယ်လာသူကို မမိသေး၊ တရုတ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေ မူဆယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ သယ်လာသူကို မမိသေး၊ တရုတ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေ Reviewed by THITHTOOLWIN on 06:48 Rating: 5
Powered by Blogger.