တီးတိန်မြို့နယ်မှာ ယာဉ်တစ်စီးတိမ်းမှောက် လူနှစ်ဦးသေဆုံး


(Unicode)⤵⤵⤵
ချင်းပြည်နယ် တီးတိန်မြို့နယ် ထာလ်မွာလ်ကျေးရွာ (ရွာဟောင်း)နားမှာ မေ ၃၁ ရက်နေ့ မနက်ပိုင်းက ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် လူနှစ်ဦးသေဆုံးကြောင်း သိရပါတယ်။

အဆိုပါ ယာဉ်ဟာ ထာလ်မွာလ်ကျေးရွာ(ရွာဟောင်း)နေ ဦးဇင့်ခင်းဟန် ရဲ့ Forlandယာဉ်၊ ယာဉ်အမှတ်(5Q/5687)ဖြစ်ပြီး ကလေးမြို့မှ ဆန်အိတ်များ သယ်ဆောင်ပြီး ပြန်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ ဝဲဘက် ပေ (၁၀၀) ခန့် ချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမောင်နန်လမ့်ကျင့်နဲ့ ယာဉ်နောက်လိုက်မောင်ကပ်ရှန်းဒိတ်လန့် တို့ ယာဉ်တိမ်းမှောက်တဲ့ နေရမှာပဲ ပွဲချင်းပြီး သေဆုံးကြောင်းသိရတယ်။

သေဆုံးသူတွေကို နယ်မြေမီးသတ်တပ်ဖွဲ့ ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ကူညီဆောင်ရွက်ပေးခဲ့ပြီး SHALOM လူငယ်လူမှုကူညီရေးအသင်းပိုင်ယာဉ်နဲ့ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

သစ်ထူးလွင်
--------------------------------

(Zawgyi)⤵⤵⤵
တီးတိန္ၿမိဳ႕နယ္မွာ ယာဥ္တစ္စီးတိမ္းေမွာက္ လူႏွစ္ဦးေသဆုံး

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ ထာလ္မြာလ္ေက်း႐ြာ (႐ြာေဟာင္း)နားမွာ ေမ ၃၁ ရက္ေန႔ မနက္ပိုင္းက ယာဥ္တစ္စီးတိမ္းေမွာက္မႈေၾကာင့္ လူႏွစ္ဦးေသဆုံးေၾကာင္း သိရပါတယ္။

အဆိုပါ ယာဥ္ဟာ ထာလ္မြာလ္ေက်း႐ြာ(႐ြာေဟာင္း)ေန ဦးဇင့္ခင္းဟန္ ရဲ႕ Forlandယာဥ္၊ ယာဥ္အမွတ္(5Q/5687)ျဖစ္ၿပီး ကေလးၿမိဳ႕မွ ဆန္အိတ္မ်ား သယ္ေဆာင္ၿပီး ျပန္လာစဥ္ အရွိန္မထိန္းႏိုင္ဘဲ လမ္းရဲ႕ ဝဲဘက္ ေပ (၁၀၀) ခန႔္ ေခ်ာက္ထဲကို ထိုးက်တိမ္းေမွာက္ခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းေမာင္နန္လမ့္က်င့္နဲ႔ ယာဥ္ေနာက္လိုက္ေမာင္ကပ္ရွန္းဒိတ္လန္႔ တို႔ ယာဥ္တိမ္းေမွာက္တဲ့ ေနရမွာပဲ ပြဲခ်င္းၿပီး ေသဆုံးေၾကာင္းသိရတယ္။

ေသဆုံးသူေတြကို နယ္ေျမမီးသတ္တပ္ဖြဲ႕ ၀င္ေတြက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားသြားေရာက္ ကူညီေဆာင္႐ြက္ေပးခဲ့ၿပီး SHALOM လူငယ္လူမႈကူညီေရးအသင္းပိုင္ယာဥ္နဲ႔ တီးတိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရပါတယ္။

သစ္ထူးလြင္
တီးတိန်မြို့နယ်မှာ ယာဉ်တစ်စီးတိမ်းမှောက် လူနှစ်ဦးသေဆုံး တီးတိန်မြို့နယ်မှာ ယာဉ်တစ်စီးတိမ်းမှောက် လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.