ရထားအႀကိတ္ခံရလို႔ အိႏၵိယအလုပ္သမား ၁၆ ေယာက္ေသဆုံး

အလုပ္သမားေတြ အထူးရထား၊ အထူးကားေတြနဲ႔ အိမ္ျပန္ႏိုင္ၿပီလို႔ အစိုးရကေၾကညာခဲ့
(Zawgyi)⤵⤵⤵
အိႏၵိယႏိုင္ငံ မဟာရတ္ရွထရာမွာ ရထားႀကိတ္မိလို႔ လူ ၁၆ ေယာက္ေသဆုံးခဲ့ပါတယ္။ ဒီျဖစ္စဥ္ကို စုံစမ္းစစ္ေဆးဖို႔ အိႏၵိယအရာရွိေတြက အမိန္႔ထုတ္လိုက္ပါၿပီ။

ေသဆုံးသူေတြဟာ ျပည္တြင္းေ႐ႊ႕ေျပာင္း အလုပ္သမားေတြပါ။ သူတို႔ဟာ ေလာ့ေဒါင္းေၾကာင့္ ကိုယ့္ရပ္ကိုယ့္႐ြာ မျပန္ႏိုင္ဘဲ ပိတ္မိေနၾကသူေတြပါ။ ရထားရဖို႔ ေမွ်ာ္လင့္ၿပီး ရထားလမ္းအတိုင္း ဘူတာ႐ုံရွိရာကို လမ္းေလွ်ာက္လာၾကရင္း လမ္းေပၚမွာ အိပ္ေပ်ာ္သြားၾကတဲ့အတြက္ အဲဒီအလုပ္သမား ၁၆ ေယာက္ဟာ ရထားအႀကိတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

အိႏၵိယအစိုးရက အခုေလာေလာဆယ္မွာ ျပည္တြင္းေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ႐ြာျပန္ႏိုင္ၾကဖို႔အတြက္ အထူးရထားေတြ စီစဥ္ေပးေနခ်ိန္ ျဖစ္ပါတယ္။

ပိတ္မိေနတဲ့ ေသာင္းခ်ီတဲ့ အလုပ္သမားေတြဟာ ၿမိဳ႕ကေန နယ္ကို ေျခလ်င္ခရီးနဲ႔ ျပန္သူက ျပန္ၾကသလို ဘူတာ႐ုံေတြရွိရာကို ေျခလ်င္သြားၿပီး ရထားရွာသူက ရွာၾကပါတယ္။

အိႏၵိယႏိုင္ငံမွာ ေက်းလက္က လူအမ်ားအျပားဟာ ၿမိဳ႕ျပတက္ၿပီး ဝင္ေငြေကာင္းမယ့္အလုပ္ကို ရွာေဖြလုပ္ကိုင္ၾကတာ ျဖစ္ပါတယ္။

အခုအလုပ္သမားေတြဟာ ၾသဂမ္ဂဘတ္ၿမိဳ႕ဆီ ဦးတည္ၿပီး ေစာေစာပိုင္းက လမ္းေလွ်ာက္လာၾကပါတယ္။

ေနာက္ပိုင္းမွာေတာ့ မီးရထားလမ္းအတိုင္းဆက္ေလွ်ာက္လာၾကတာလို႔ မီးရထား အရာရွိက ရွင္းျပပါတယ္။

၂၂ မိုင္အထိ လမ္းေလွ်ာက္လာၿပီးေနာက္ သူတို႔ဟာ ေမာပန္းႏြမ္းနယ္လာလို႔ အနားယူဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။

ေလာ့ေဒါင္းလုပ္ထားေတာ့ ရထားလမ္းေပၚမွာ ရထားေျပးမွာ မဟုတ္ဘူးလို႔ အလုပ္သမားေတြက ယူဆၿပီး ရထားသံလမ္းေပၚမွာပဲ အိပ္လိုက္ၾကတာလို႔ ေဒသတြင္းက သတင္းေတြအရ သိရပါတယ္။

လူမႈကြန္ရက္မွာ ေဖာ္ျပထားတဲ့ ဓာတ္ပုံေတြထဲမွာ စားလက္စ ႐ိုတီ အပိုင္းအစေတြ ရထားသံလမ္းနားတဝိုက္ ျပန္႔က်ဲေနတာ ေတြ႕ရပါတယ္။

မတ္လ ၂၄ ရက္ေန႔မွာ ႐ုတ္တရက္ ေလာ့ေဒါင္း လုပ္လိုက္ေတာ့ အလုပ္ျပဳတ္သြားၾကၿပီး ထမင္းငတ္မွာ စိုးရိမ္တဲ့ အလုပ္သမားေတြဟာ သူတို႔နယ္ကို လမ္းေလွ်ာက္အိမ္ျပန္ဖို႔ ႀကိဳးစားလာၾကတာပါ။

အေဝးေျပးကားေတြ၊ ဘတ္စ္ကားေတြ၊ ရထားေတြကို ႐ုတ္တရက္ ပိတ္လိုက္ေတာ့ အလုပ္သမား အမ်ားအျပားမွာ ေျခလ်င္ေလွ်ာက္ဖို႔မွတပါး တျခားေ႐ြးစရာ မရွိေတာ့ပါဘူး။

အလုပ္သမားေတြ အခုလို ဒုကၡေရာက္ၾကရတဲ့ အတြက္ ႏိုင္ငံတဝန္းမွာ ေဒါသထြက္ေနၾကပါတယ္။

ဒီလေစာေစာပိုင္းမွာေတာ့ ပိတ္ဆို႔မႈကို ေလွ်ာ့ေပါ့ေပးခဲ့ၿပီး အလုပ္သမားေတြကို အထူးရထား၊ အထူးကားေတြစီစဥ္ၿပီး ကိုယ့္ရပ္ကိုယ့္႐ြာ ျပန္ခြင့္ျပဳေၾကာင္း အစိုးရေၾကညာခဲ့ပါတယ္။

မဟာရာရွထရာျပည္နယ္ ၾသရမ္ဂဘတ္ၿမိဳ႕မွာ ျဖစ္ပြားတဲ့ အသက္ဆုံးရႈံးရေလာက္တဲ့အထိျဖစ္ခဲ့တဲ့ မေတာ္တဆမႈနဲ႔ ပတ္သက္ၿပီး အလြန္အမင္း စိတ္ဆင္းရဲ ဝမ္းနည္းမိပါတယ္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရန္ဒရာမိုဒီက ဆိုပါတယ္။

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵
ရထားအကြိတ်ခံရလို့ အိန္ဒိယအလုပ်သမား ၁၆ ယောက်သေဆုံး

အိန္ဒိယနိုင်ငံ မဟာရတ်ရှထရာမှာ ရထားကြိတ်မိလို့ လူ ၁၆ ယောက်သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ အိန္ဒိယအရာရှိတွေက အမိန့်ထုတ်လိုက်ပါပြီ။

သေဆုံးသူတွေဟာ ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားတွေပါ။ သူတို့ဟာ လော့ဒေါင်းကြောင့် ကိုယ့်ရပ်ကိုယ့်ရွာ မပြန်နိုင်ဘဲ ပိတ်မိနေကြသူတွေပါ။ ရထားရဖို့ မျှော်လင့်ပြီး ရထားလမ်းအတိုင်း ဘူတာရုံရှိရာကို လမ်းလျှောက်လာကြရင်း လမ်းပေါ်မှာ အိပ်ပျော်သွားကြတဲ့အတွက် အဲဒီအလုပ်သမား ၁၆ ယောက်ဟာ ရထားအကြိတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက အခုလောလောဆယ်မှာ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေ ရွာပြန်နိုင်ကြဖို့အတွက် အထူးရထားတွေ စီစဉ်ပေးနေချိန် ဖြစ်ပါတယ်။

ပိတ်မိနေတဲ့ သောင်းချီတဲ့ အလုပ်သမားတွေဟာ မြို့ကနေ နယ်ကို ခြေလျင်ခရီးနဲ့ ပြန်သူက ပြန်ကြသလို ဘူတာရုံတွေရှိရာကို ခြေလျင်သွားပြီး ရထားရှာသူက ရှာကြပါတယ်။

အိန္ဒိယနိုင်ငံမှာ ကျေးလက်က လူအများအပြားဟာ မြို့ပြတက်ပြီး ဝင်ငွေကောင်းမယ့်အလုပ်ကို ရှာဖွေလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

အခုအလုပ်သမားတွေဟာ သြဂမ်ဂဘတ်မြို့ဆီ ဦးတည်ပြီး စောစောပိုင်းက လမ်းလျှောက်လာကြပါတယ်။

နောက်ပိုင်းမှာတော့ မီးရထားလမ်းအတိုင်းဆက်လျှောက်လာကြတာလို့ မီးရထား အရာရှိက ရှင်းပြပါတယ်။

၂၂ မိုင်အထိ လမ်းလျှောက်လာပြီးနောက် သူတို့ဟာ မောပန်းနွမ်းနယ်လာလို့ အနားယူဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

လော့ဒေါင်းလုပ်ထားတော့ ရထားလမ်းပေါ်မှာ ရထားပြေးမှာ မဟုတ်ဘူးလို့ အလုပ်သမားတွေက ယူဆပြီး ရထားသံလမ်းပေါ်မှာပဲ အိပ်လိုက်ကြတာလို့ ဒေသတွင်းက သတင်းတွေအရ သိရပါတယ်။

လူမှုကွန်ရက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲမှာ စားလက်စ ရိုတီ အပိုင်းအစတွေ ရထားသံလမ်းနားတဝိုက် ပြန့်ကျဲနေတာ တွေ့ရပါတယ်။

မတ်လ ၂၄ ရက်နေ့မှာ ရုတ်တရက် လော့ဒေါင်း လုပ်လိုက်တော့ အလုပ်ပြုတ်သွားကြပြီး ထမင်းငတ်မှာ စိုးရိမ်တဲ့ အလုပ်သမားတွေဟာ သူတို့နယ်ကို လမ်းလျှောက်အိမ်ပြန်ဖို့ ကြိုးစားလာကြတာပါ။

အဝေးပြေးကားတွေ၊ ဘတ်စ်ကားတွေ၊ ရထားတွေကို ရုတ်တရက် ပိတ်လိုက်တော့ အလုပ်သမား အများအပြားမှာ ခြေလျင်လျှောက်ဖို့မှတပါး တခြားရွေးစရာ မရှိတော့ပါဘူး။

အလုပ်သမားတွေ အခုလို ဒုက္ခရောက်ကြရတဲ့ အတွက် နိုင်ငံတဝန်းမှာ ဒေါသထွက်နေကြပါတယ်။

ဒီလစောစောပိုင်းမှာတော့ ပိတ်ဆို့မှုကို လျှော့ပေါ့ပေးခဲ့ပြီး အလုပ်သမားတွေကို အထူးရထား၊ အထူးကားတွေစီစဉ်ပြီး ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ခွင့်ပြုကြောင်း အစိုးရကြေညာခဲ့ပါတယ်။

မဟာရာရှထရာပြည်နယ် သြရမ်ဂဘတ်မြို့မှာ ဖြစ်ပွားတဲ့ အသက်ဆုံးရှုံးရလောက်တဲ့အထိဖြစ်ခဲ့တဲ့ မတော်တဆမှုနဲ့ ပတ်သက်ပြီး အလွန်အမင်း စိတ်ဆင်းရဲ ဝမ်းနည်းမိပါတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52589774
ရထားအႀကိတ္ခံရလို႔ အိႏၵိယအလုပ္သမား ၁၆ ေယာက္ေသဆုံး ရထားအႀကိတ္ခံရလို႔ အိႏၵိယအလုပ္သမား ၁၆ ေယာက္ေသဆုံး Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.