တောင်ကိုရီးယားမှာ ကိုဗစ် တကြော့ပြန်ဖြစ်ပေါ်လာတာကြောင့် မြန်မာသံရုံး သတိပေးချက် ထုတ်ပြန်

တောင်ကိုရီးယားမှာ ကိုဗစ် ရောဂါ ရှိမရှိ စစ်ဆေးနေ
(Unicode)⤵⤵⤵
တောင်ကိုရီးယားနိုင်ငံမှာ တကြော့ပြန်ဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ ကျန်းမာရေးသတိနဲ့ ဘေးကင်းလုံခြုံအောင် နေထိုင်ကြဖို့ ဆိုးလ်မြို့ မြန်မာသံရုံးက တိုက်တွန်းလိုက်တဲ့ အကြောင်းကို တင်ပြချင်ပါတယ်။ ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။

ဆိုးလ်မြို့လယ် နိုက်ကလပ်တခုမှာ မေလလယ်ပိုင်းက ကိုဗစ်ပိုး ကူးစက်ခဲ့သလို ၊ ဆိုးလ်နဲ့ မနီးမဝေး ဖူချွန်းမြို့အခြေစိုက်တဲ့ Coupangအွန်လိုင်းကုမ္ပဏီက ဖြန့်ဖြူးလိုက်တဲ့ ပစ္စည်းတွေကတဆင့် ရောဂါကူးစက်မှု ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့ တရက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရသူ (၈၀)နီးပါးရှိခဲ့ပြီး ၊ မေလ(၂၉) သောကြာနေ့မှာတော့ (၆၀)နီးပါးရှိခဲ့တာပါ။

ဒါကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တကြော့ပြန်ဖြစ်လာချိန်မှာ မြန်မာနိုင်ငံသားတွေ ကျန်းမာရေးသတိနဲ့ နေထိုင်ပြီး ၊ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်တွေအတိုင်း လိုက်နာကြဖို့ မြန်မာသံရုံးက တိုက်တွန်းကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးရဲ့ အလုပ်သမားရေး သံအရာရှိ ဦးဇေယျာတင်ဝင်းထင်က VOA ကိုပြောပါတယ်။

" အခု ဒီရက်ပိုင်းအတွင်းမှာပဲ ဒုတိယ အကြော့အနေနဲ့ ပစ္စည်းပို့တဲ့ ကုမ္ပဏီကနေပြီး ပစ္စည်းမှာ ရောဂါပိုးကပ်ပြီး ပါလာတယ်။ အဲဒီကနေပြီးတော့ တဆင့် ပြန်ကူးစက်နေတယ်ဆိုတဲ့ သတင်းတွေ ရနေတယ်။ ကျနော်တို့ လူမျိုးတွေအနေနဲ့ အရင်ကလိုပဲ ကိုယ့်ကိုယ်ကို ကျန်းမာရေး ဂရုစိုက်ပြီးတော့ သတိနဲ့ သွားလာနေထိုင်ကြဖို့ ၊ အပြင်ထွက် သွားလာတာမျိုးတွေ ဈေးဝယ်ထွက်တာတွေက အစပေါ့ အဲဒါမျိုးနဲ့ မလိုလားအပ်တဲ့ ကူးစက်မှု ဖြစ်မှာကိုတော့ ကျနော့်အနေနဲ့ စိုးရိမ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ သံရုံးအနေနဲ့က ထပ်ပြီးတော့ သတိပေးချက် လှုံ့ဆော်သ ွားဖို့ရာအတွက် စီစဉ်ထားပါတယ်ခင်ဗျ။ "

ပစ္စည်းဖြန့်ဝေရေး Coupang ကုမ္ပဏီကနေ လူအမြောက်အများကို ကူးစက်နိုင်ခြေရှိတယ်လို့ ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန KCDC ကလည်း သတိပေးထားပါတယ်။

အခုတကြိမ် ကူးစက်တဲ့ ကိုဗစ်ပိုးဟာ အရင်ကထက် ပြင်းထန်တဲ့အမျိုးအစား ဖြစ်တယ်ဆိုတာ ကိုရီးယားသတင်းတွေမှာ ဖေါ်ပြကြောင်း အင်ချွန်းမြို့မှာနေတဲ့ ကိုရန်နိုင်ထ ွန်းက ပြောပါတယ်။

" စိုးရိမ်စရာ ကောင်းတာက ပထမတခေါက် ကိုရီးယားနိုင်ငံမှာ ကူးစက်ခဲ့တဲ့ ဒီ ကိုဗစ်ရောဂါပိုးဟာ (အေ)အဆင့် ရှိတယ်လို့ သိရပါတယ်။ အခုတကြိမ်ကတော့ ကိုဗစ်ရောဂါပိုးဟာ ဥရောပနိုင်ငံတို့ အမေရိကနိုင်ငံတို့မှာ ဖြစ်ပေါ်ကူးစက်နေတဲ့ (စီ)အဆင့်ရှိတဲ့ ပိုးမျိုးပေါ့။ ပိုမိုပြီး ပြင်းထန်တဲ့ ပိုပြီးကြောက်စရာကောင်းတဲ့ ကိုဗစ်ပိုး ဆိုပြီးတော့ သူတို့က ပြောဆိုနေကြပါတယ်။ "

တောင်ကိုရီးယားနိုင်ငံဟာ ကိုဗစ်ရောဂါပိုးကို ဧပြီလထဲမှာ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လူတွေကြား ရောဂါကာကွယ်ရေးဆိုင်ရာ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကို မေလ(၆)ရက်မှာ ဖြေ လျော့လာပြီးနောက် စာသင်ကျောင်းတချို့ကို မေလ(၂၇) ဗုဒ္ဓဟူးနေ့က ပြန်ဖွင့်ပေးခဲ့တာပါ။ အခုတော့ ရောဂါကူးစက်မှုနှုန်း ပြန်တက်လာတာကြောင့် အနည်းဆုံး ကျောင်းပေါင်း (၂၀၀)လောက်ကို အစိုးရက ပြန်ပိတ်ခိုင်းလိုက်တယ်လို့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

" အဲဒီတော့ ကျောင်းတွေက ဇွန်လ ၃ ရက်မှာ ပြန်ဖွင့်တော့မယ်ဆိုပြီး အစိုးရက ကြေညာထားတဲ့ အချိန်အတောအတွင်းမှာပဲ ၊ အပြင်မှာရှိတဲ့ အလွတ်ပညာသင်ကျောင်း အတော်များများကတော့ ပြန်ဖွင့်လာကြတယ် ။ အဲလို ပြန်ဖွင့်လာပြီး ၄၈ နာရီလောက် အတွင်းမှာပဲ ကလေးတွေ ကျောင်းသားတွေ ရောဂါပိုး ကူးစက်မှု ဖြစ်ပေါ်လာတာကို တွေ့ရတယ်။ နေရာအနှံ့အပြားလိုလိုမှာ ဖြစ်လာတဲ့အတွက်ကြောင့် လက်ရှိအခြေနေမှာတော့ ကိုရီးယားဟာ ကိုဗစ် ဒုတိယလှိုင်းရိုက်ခတ်မှုကို ကြုံတွေ့နေရပြီလို့ ပြောလို့ရနိုင်ပါတယ်။ "

အခုလို ကိုဗစ်ရောဂါပိုး ကူးစက်နေချိန်မှာ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကနေ ရန်ကုန်လေဆိပ်ကြား ပျံသန်းပေးနေတဲ့ ကယ်ဆယ်ရေး လေယာဉ်တွေမှာ နိုင်ငံတကာရောက် ပိတ်မိနေတဲ့ မြန်မာတွေ သူ့အချိုးအစားအလိုက် အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ပေးနေကြောင်း သံအရာရှိ ဦးဇေယျာတင်ဝင်းထင်က က ပြောပါတယ်။

" ကျနော်တို့ ဒီမှာလည်း ဗီဇာသက်တမ်းကုန်ပြီး ပြန်ဖို့ စောင့်နေသူ ၂၀၀ ဝန်းကျင်လောက် ကျန်နေပါသေးတယ် ။ ကျနော်တို့ အနေနဲ့က အခြားနိုင်ငံတွေကိုလည်း ခ ွဲတမ်းအနေနဲ့ စီစဉ်ပေးရတာမျိုး ရှိတဲ့အတွက် ကိုရီးယားဘက်ကလိုက်မယ့် လူဦးရေ တဖြည်းဖြည်းချင်း လျှော့ပြီးတော့ စီစဉ်နေတာတွေတော့ ရှိတယ်။ ဒီ သောကြာနေ့ အခေါက်မှာဆိုရင် ကိုရီးယားဘက်ကနေပြီးတော့ပေါ့နော် သင်္ဘောသားတွေ ဘာတွေ အပါအဝင် မြန်မာနိုင်ငံသား ၃၅ ဦးကိုပဲ ပို့ပေးနိုင်တယ်။ "

မြန်မာလေကြောင်းလိုင်း MAI ဟာ ခရီးစဉ်တခေါက်ကို လူ(၁၂၀)နဲ့ (၁၃၀)ကြား သယ်ဆောင်လေ့ ရှိပါတယ်။ မေလ ၂၉ သောကြာနေ့ အင်ချွန်းကနေ ရန်ကုန်ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ မြန်မာနိုင်ငံသား ၉၄ ဦး ပါဝင်တယ်လို့ ဆိုးလ် မြန်မာသံရုံးက ပြောပါတယ်။

တောင်ကိုရီးယားမှာ အခုချိန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း (၁၁၄၀၀)ကျော်ရှိပြီး ၊ (၂၇၀)နီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

 ကိုဉာဏ်ဝင်းအောင်  / ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------------
(Zawgyi)⤵⤵⤵
ေတာင္ကိုရီးယားမွာ ကိုဗစ္ တေၾကာ့ျပန္ျဖစ္ေပၚလာတာေၾကာင့္ ျမန္မာသံ႐ုံး သတိေပးခ်က္ ထုတ္ျပန္

ေတာင္ကိုရီးယားႏိုင္ငံမွာ တေၾကာ့ျပန္ျဖစ္လာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ကိုရီးယားေရာက္ ျမန္မာႏိုင္ငံသားေတြ က်န္းမာေရးသတိနဲ႔ ေဘးကင္းလုံၿခဳံေအာင္ ေနထိုင္ၾကဖို႔ ဆိုးလ္ၿမိဳ႕ ျမန္မာသံ႐ုံးက တိုက္တြြန္းလိုက္တဲ့ အေၾကာင္းကို တင္ျပခ်င္ပါတယ္။ ကိုဉာဏ္ဝင္းေအာင္ ေျပာျပမွာပါ။

ဆိုးလ္ၿမိဳ႕လယ္ ႏိုက္ကလပ္တခုမွာ ေမလလယ္ပိုင္းက ကိုဗစ္ပိုး ကူးစက္ခဲ့သလို ၊ ဆိုးလ္နဲ႔ မနီးမေဝး ဖူခြၽန္းၿမိဳ႕အေျခစိုက္တဲ့ Coupangအြန္လိုင္းကုမၸဏီက ျဖန႔္ျဖဴးလိုက္တဲ့ ပစၥည္းေတြကတဆင့္ ေရာဂါကူးစက္မႈ ရွိခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ တရက္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိရသူ (၈၀)နီးပါးရွိခဲ့ၿပီး ၊ ေမလ(၂၉) ေသာၾကာေန႔မွာေတာ့ (၆၀)နီးပါးရွိခဲ့တာပါ။

ဒါေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈ တေၾကာ့ျပန္ျဖစ္လာခ်ိန္မွာ ျမန္မာႏိုင္ငံသားေတြ က်န္းမာေရးသတိနဲ႔ ေနထိုင္ၿပီး ၊ ေရာဂါကာကြယ္ေရးဆိုင္ရာ စည္းကမ္းခ်က္ေတြအတိုင္း လိုက္နာၾကဖို႔ ျမန္မာသံ႐ုံးက တိုက္တြန္းေၾကာင္း ဆိုးလ္ၿမိဳ႕ ျမန္မာသံ႐ုံးရဲ႕ အလုပ္သမားေရး သံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္က VOA ကိုေျပာပါတယ္။

" အခု ဒီရက္ပိုင္းအတြင္းမွာပဲ ဒုတိယ အေၾကာ့အေနနဲ႔ ပစၥည္းပို႔တဲ့ ကုမၸဏီကေနၿပီး ပစၥည္းမွာ ေရာဂါပိုးကပ္ၿပီး ပါလာတယ္။ အဲဒီကေနၿပီးေတာ့ တဆင့္ ျပန္ကူးစက္ေနတယ္ဆိုတဲ့ သတင္းေတြ ရေနတယ္။ က်ေနာ္တို႔ လူမ်ိဳးေတြအေနနဲ႔ အရင္ကလိုပဲ ကိုယ့္ကိုယ္ကို က်န္းမာေရး ဂ႐ုစိုက္ၿပီးေတာ့ သတိနဲ႔ သြားလာေနထိုင္ၾကဖို႔ ၊ အျပင္ထြက္ သြားလာတာမ်ိဳးေတြ ေစ်းဝယ္ထြက္တာေတြက အစေပါ့ အဲဒါမ်ိဳးနဲ႔ မလိုလားအပ္တဲ့ ကူးစက္မႈ ျဖစ္မွာကိုေတာ့ က်ေနာ့္အေနနဲ႔ စိုးရိမ္ပါတယ္။ အဲဒီအတြက္ က်ေနာ္တို႔ သံ႐ုံးအေနနဲ႔က ထပ္ၿပီးေတာ့ သတိေပးခ်က္ လႈံ႕ေဆာ္သ ြားဖို႔ရာအတြက္ စီစဥ္ထားပါတယ္ခင္ဗ်။ "

ပစၥည္းျဖန႔္ေဝေရး Coupang ကုမၸဏီကေန လူအေျမာက္အမ်ားကို ကူးစက္ႏိုင္ေျခရွိတယ္လို႔ ကိုရီးယား ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးဌာန KCDC ကလည္း သတိေပးထားပါတယ္။

အခုတႀကိမ္ ကူးစက္တဲ့ ကိုဗစ္ပိုးဟာ အရင္ကထက္ ျပင္းထန္တဲ့အမ်ိဳးအစား ျဖစ္တယ္ဆိုတာ ကိုရီးယားသတင္းေတြမွာ ေဖၚျပေၾကာင္း အင္ခြၽန္းၿမိဳ႕မွာေနတဲ့ ကိုရန္ႏိုင္ထ ြန္းက ေျပာပါတယ္။

" စိုးရိမ္စရာ ေကာင္းတာက ပထမတေခါက္ ကိုရီးယားႏိုင္ငံမွာ ကူးစက္ခဲ့တဲ့ ဒီ ကိုဗစ္ေရာဂါပိုးဟာ (ေအ)အဆင့္ ရွိတယ္လို႔ သိရပါတယ္။ အခုတႀကိမ္ကေတာ့ ကိုဗစ္ေရာဂါပိုးဟာ ဥေရာပႏိုင္ငံတို႔ အေမရိကႏိုင္ငံတို႔မွာ ျဖစ္ေပၚကူးစက္ေနတဲ့ (စီ)အဆင့္ရွိတဲ့ ပိုးမ်ိဳးေပါ့။ ပိုမိုၿပီး ျပင္းထန္တဲ့ ပိုၿပီးေၾကာက္စရာေကာင္းတဲ့ ကိုဗစ္ပိုး ဆိုၿပီးေတာ့ သူတို႔က ေျပာဆိုေနၾကပါတယ္။ "

ေတာင္ကိုရီးယားႏိုင္ငံဟာ ကိုဗစ္ေရာဂါပိုးကို ဧၿပီလထဲမွာ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ လူေတြၾကား ေရာဂါကာကြယ္ေရးဆိုင္ရာ တင္းၾကပ္တဲ့ ကန႔္သတ္ခ်က္ေတြကို ေမလ(၆)ရက္မွာ ေျဖ ေလ်ာ့လာၿပီးေနာက္ စာသင္ေက်ာင္းတခ်ိဳ႕ကို ေမလ(၂၇) ဗုဒၶဟူးေန႔က ျပန္ဖြင့္ေပးခဲ့တာပါ။ အခုေတာ့ ေရာဂါကူးစက္မႈႏႈန္း ျပန္တက္လာတာေၾကာင့္ အနည္းဆုံး ေက်ာင္းေပါင္း (၂၀၀)ေလာက္ကို အစိုးရက ျပန္ပိတ္ခိုင္းလိုက္တယ္လို႔ ကိုရန္ႏိုင္ထြန္းက ေျပာပါတယ္။

" အဲဒီေတာ့ ေက်ာင္းေတြက ဇြန္လ ၃ ရက္မွာ ျပန္ဖြင့္ေတာ့မယ္ဆိုၿပီး အစိုးရက ေၾကညာထားတဲ့ အခ်ိန္အေတာအတြင္းမွာပဲ ၊ အျပင္မွာရွိတဲ့ အလြတ္ပညာသင္ေက်ာင္း အေတာ္မ်ားမ်ားကေတာ့ ျပန္ဖြင့္လာၾကတယ္ ။ အဲလို ျပန္ဖြင့္လာၿပီး ၄၈ နာရီေလာက္ အတြင္းမွာပဲ ကေလးေတြ ေက်ာင္းသားေတြ ေရာဂါပိုး ကူးစက္မႈ ျဖစ္ေပၚလာတာကို ေတြ႕ရတယ္။ ေနရာအႏွံ႔အျပားလိုလိုမွာ ျဖစ္လာတဲ့အတြက္ေၾကာင့္ လက္ရွိအေျခေနမွာေတာ့ ကိုရီးယားဟာ ကိုဗစ္ ဒုတိယလႈိင္း႐ိုက္ခတ္မႈကို ႀကဳံေတြ႕ေနရၿပီလို႔ ေျပာလို႔ရႏိုင္ပါတယ္။ "

အခုလို ကိုဗစ္ေရာဂါပိုး ကူးစက္ေနခ်ိန္မွာ ေတာင္ကိုရီးယားႏိုင္ငံ အင္ခြၽန္းေလဆိပ္ကေန ရန္ကုန္ေလဆိပ္ၾကား ပ်ံသန္းေပးေနတဲ့ ကယ္ဆယ္ေရး ေလယာဥ္ေတြမွာ ႏိုင္ငံတကာေရာက္ ပိတ္မိေနတဲ့ ျမန္မာေတြ သူ႔အခ်ိဳးအစားအလိုက္ အိမ္ျပန္ႏိုင္ေရးအတြက္ စီစဥ္ေပးေနေၾကာင္း သံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္က က ေျပာပါတယ္။

" က်ေနာ္တို႔ ဒီမွာလည္း ဗီဇာသက္တမ္းကုန္ၿပီး ျပန္ဖို႔ ေစာင့္ေနသူ ၂၀၀ ဝန္းက်င္ေလာက္ က်န္ေနပါေသးတယ္ ။ က်ေနာ္တို႔ အေနနဲ႔က အျခားႏိုင္ငံေတြကိုလည္း ခ ြဲတမ္းအေနနဲ႔ စီစဥ္ေပးရတာမ်ိဳး ရွိတဲ့အတြက္ ကိုရီးယားဘက္ကလိုက္မယ့္ လူဦးေရ တျဖည္းျဖည္းခ်င္း ေလွ်ာ့ၿပီးေတာ့ စီစဥ္ေနတာေတြေတာ့ ရွိတယ္။ ဒီ ေသာၾကာေန႔ အေခါက္မွာဆိုရင္ ကိုရီးယားဘက္ကေနၿပီးေတာ့ေပါ့ေနာ္ သေဘၤာသားေတြ ဘာေတြ အပါအဝင္ ျမန္မာႏိုင္ငံသား ၃၅ ဦးကိုပဲ ပို႔ေပးႏိုင္တယ္။ "

ျမန္မာေလေၾကာင္းလိုင္း MAI ဟာ ခရီးစဥ္တေခါက္ကို လူ(၁၂၀)နဲ႔ (၁၃၀)ၾကား သယ္ေဆာင္ေလ့ ရွိပါတယ္။ ေမလ ၂၉ ေသာၾကာေန႔ အင္ခြၽန္းကေန ရန္ကုန္ပ်ံသန္းတဲ့ ေလယာဥ္ေပၚမွာ ျမန္မာႏိုင္ငံသား ၉၄ ဦး ပါဝင္တယ္လို႔ ဆိုးလ္ ျမန္မာသံ႐ုံးက ေျပာပါတယ္။

ေတာင္ကိုရီးယားမွာ အခုခ်ိန္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူေပါင္း (၁၁၄၀၀)ေက်ာ္ရွိၿပီး ၊ (၂၇၀)နီးပါး ေသဆုံးခဲ့ၿပီျဖစ္ပါတယ္။

 ကိုဉာဏ္ဝင္းေအာင္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-in-korea-warn-/5441933.html
တောင်ကိုရီးယားမှာ ကိုဗစ် တကြော့ပြန်ဖြစ်ပေါ်လာတာကြောင့် မြန်မာသံရုံး သတိပေးချက် ထုတ်ပြန် တောင်ကိုရီးယားမှာ ကိုဗစ် တကြော့ပြန်ဖြစ်ပေါ်လာတာကြောင့် မြန်မာသံရုံး သတိပေးချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.