ကို႐ိုနာဗိုင္းရပ္စ္ - အိႏၵိယမွာ ကူးစက္မႈ အျမင့္ဆုံး ထိုးတက္

ကူးစက္မႈ အမ်ားအျပားေတြ႕ရွိတာနဲ႔ ပိတ္ထားတာေတြ ျပန္ေျဖေလွ်ာ့ဖို႔ လုပ္ခ်ိန္က တိုက္ဆိုင္ေနပါတယ္။
(Zawgyi)⤵⤵⤵
အိႏၵိယမွာ တစ္ေန႔တည္း ကူးစက္မႈ အမ်ားဆုံး အျဖစ္ ကူးစက္မႈ အသစ္ ၃၉၀၀ ကိုေတြ႕ရွိရတယ္လို႔ အိႏၵိယ က်န္းမာေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း လူနာသစ္ေတြ ကူးစက္မႈ ထပ္တိုးလာမႈအရ အိႏၵိယရဲ႕ ကူးစက္မႈ စုစုေပါင္း ၄၆,၄၃၃ ထိ ရွိလာပါၿပီ။

ပိုးစစ္တာေတြ တိုးလုပ္လာတဲ့အတြက္ ဒီလိုကူးစက္သူ အသစ္ေတြ ပိုမ်ားမ်ားေတြ႕လာတာ ျဖစ္ၿပီး တနလၤာေန႔က လူ ရွစ္ေသာင္းေက်ာ္ကို စစ္ခဲ့ပါတယ္။

အိႏၵိယမွာ မတ္လ ၂၄ ရက္ ကတည္းက ပိုးကူးစက္မႈ တားဆီးႏိုင္ေရး ပိတ္ဆို႔ထားတာေတြကို တခ်ိဳ႕ေနရာေတြမွာ ေျဖေလွ်ာ့ဖို႔ လုပ္ေနတုန္းမွာ အခုလို ကူးစက္မႈေတြ တိုးလာ ျဖစ္ပါတယ္။

ေစ်းဆိုင္ေလးေတြ ျပန္ဖြင့္တာ၊ ဝန္ထမ္းနည္းနည္းပဲ ႐ုံးျပန္တက္ၿပီး လုပ္ငန္းေတြ ျပန္ဖြင့္တာနဲ႔ တခ်ိဳ႕ေနရာေတြမွာ ကိုယ္ပိုင္ကားေတြ သြားလာေတြ ရွိေနပါၿပီ။ ဒါေပမဲ့ အမ်ားသုံး ကား၊ရထားေတြကေတာ့ ရပ္ထားတုန္းပါပဲ။

ဒါေပမဲ့ ကူးစက္မႈ ျမင့္ေနလို႔ ထိန္းခ်ဳပ္ဧရိယာ အျဖစ္ သတ္မွတ္ထားတဲ့ ေနရာေတြမွာေတာ့ ခုနက ေျဖေလွ်ာ့တာေတြ အက်ဳံးမဝင္ပါဘူး။

ကမာၻမွာ လူဦးေရ ဒုတိယ အမ်ားဆုံး ျဖစ္တဲ့ အိႏၵိယမွာ လူဦးေရနဲ႔ယွဥ္ရင္ ကူးစက္မႈက အခုထိ နည္းေနပါေသးတယ္။ ဒါေၾကာင့္ အစိုးရရဲ႕ ေလာ့ေဒါင္းလုပ္တဲ့ မူဝါဒက ေအာင္ျမင္တယ္လို႔ ဆိုႏိုင္ပါတယ္။

ဒါေပမဲ့ ေလာ့ေဒါင္းကို ေစာေစာ ျပန္ေျဖေလွ်ာ့လိုက္ရင္ သူတို႔လုပ္ထားတဲ့ အေျခအေနေကာင္းေတြ ျပန္ဆုံးရႈံးသြားႏိုင္တယ္လို႔ ပညာရွင္ေတြက သတိေပးထားပါတယ္။

တကယ္တမ္းမွာ အိႏၵိယ ကူးစက္မႈ အေျခအေနက အက်ဘက္ကို သြားေနတာ မေတြ႕ရေသးတာကို စိုးရိမ္မိတယ္လို႔ အိႏၵိယ ေဆးသိပၸံက ဒါ႐ိုက္တာ ရန္ဒိ ဂူလာရီယာက Indian Express သတင္းစာကို ေျပာပါတယ္။

"ေလာ့ေဒါင္းလုပ္ထားလို႔ ကူးစက္မႈက တန္းေနေပမယ့္ ကူးစက္မႈက ျပန္က်လာတာကို မေတြ႕ရေသးဘူး။ ဒါေၾကာင့္ စိတ္ပူမိတာ။ ဒါေၾကာင့္ ေနာက္ ေလးပတ္ ကေန ေျခာက္ပတ္က အရမ္း အရမ္း အေရးႀကီးတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ေလာ့ေဒါင္းက အၿမဲတမ္း လုပ္ထားလို႔မွ မရတာ" လို႔ သူက ေျပာပါတယ္။

ဒါေပမဲ့ ႏိုင္ငံစီးပြားေရးက ေတာ္ေတာ္ စိုးရိမ္ေနရၿပီး လူသန္းေပါင္းမ်ားစြာ ဝင္ေငြမရွိဘဲ ျဖစ္ေနခ်ိန္မွာ ႏိုင္ငံကို ျပန္ဖြင့္ဖို႔က လြဲလို႔ ေ႐ြးစရာ မ်ားမ်ားစားစား မရွိဘူးလို႔ လူေတာ္ေတာ္မ်ားမ်ားက ယူဆေနၾကပါတယ္။

ေလာ့ေဒါင္းလုပ္တာေတြ ေျဖေလွ်ာ့ရင္ ကူးစက္မႈ ျပန္ထိုးတက္သြားႏိုင္လို႔ မူဝါဒေတြ ခ်တဲ့အခါ ပါးနပ္ ဖို႔လိုတယ္လို႔ ဂ်ပန္ ဘ႑ာေရး ဝန္ေဆာင္မႈ ကုမၸဏီ ႏိုမူရာက ေျပာပါတယ္။

တျခားႏိုင္ငံေတြမွာလိုပဲ ကို႐ိုနာဗိုင္းရပ္စ္ မကူးစက္ျပန႔္ပြားေအာင္ တားဆီးရာမွာ ေရာဂါပိုး ရွိမရွိ စစ္ေဆးမႈဟာ အဓိက အေရးပါမွာ ျဖစ္တယ္။

ေရာဂါပိုး ရွိမရွိ စစ္ေဆးမႈ အနည္းဆုံး ကမာၻ႔ႏိုင္ငံေတြထဲမွာ တစ္ခုျဖစ္တဲ့ အိႏၵိယႏိုင္ငံအေနနဲ႔ စစ္ေဆးႏိုင္မႈအား ပိုေကာင္းလာဖို႔ ႀကိဳးပမ္းအားထုတ္မႈေတြ လုပ္ခဲ့ပါတယ္။ သိပ္မၾကာခင္ တစ္ေန႔ကို လူတစ္သိန္းေလာက္ စ စစ္ေဆးႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အိႏၵိယ က်န္းမာေရး တာဝန္ရွိပုဂၢိဳလ္ေတြက ေျပာပါတယ္။

BBC Burmese
----------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - အိန္ဒိယမှာ ကူးစက်မှု အမြင့်ဆုံး ထိုးတက်

အိန္ဒိယမှာ တစ်နေ့တည်း ကူးစက်မှု အများဆုံး အဖြစ် ကူးစက်မှု အသစ် ၃၉၀၀ ကိုတွေ့ရှိရတယ်လို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူနာသစ်တွေ ကူးစက်မှု ထပ်တိုးလာမှုအရ အိန္ဒိယရဲ့ ကူးစက်မှု စုစုပေါင်း ၄၆,၄၃၃ ထိ ရှိလာပါပြီ။

ပိုးစစ်တာတွေ တိုးလုပ်လာတဲ့အတွက် ဒီလိုကူးစက်သူ အသစ်တွေ ပိုများများတွေ့လာတာ ဖြစ်ပြီး တနင်္လာနေ့က လူ ရှစ်သောင်းကျော်ကို စစ်ခဲ့ပါတယ်။

အိန္ဒိယမှာ မတ်လ ၂၄ ရက် ကတည်းက ပိုးကူးစက်မှု တားဆီးနိုင်ရေး ပိတ်ဆို့ထားတာတွေကို တချို့နေရာတွေမှာ ဖြေလျှော့ဖို့ လုပ်နေတုန်းမှာ အခုလို ကူးစက်မှုတွေ တိုးလာ ဖြစ်ပါတယ်။

ဈေးဆိုင်လေးတွေ ပြန်ဖွင့်တာ၊ ဝန်ထမ်းနည်းနည်းပဲ ရုံးပြန်တက်ပြီး လုပ်ငန်းတွေ ပြန်ဖွင့်တာနဲ့ တချို့နေရာတွေမှာ ကိုယ်ပိုင်ကားတွေ သွားလာတွေ ရှိနေပါပြီ။ ဒါပေမဲ့ အများသုံး ကား၊ရထားတွေကတော့ ရပ်ထားတုန်းပါပဲ။

ဒါပေမဲ့ ကူးစက်မှု မြင့်နေလို့ ထိန်းချုပ်ဧရိယာ အဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာတော့ ခုနက ဖြေလျှော့တာတွေ အကျုံးမဝင်ပါဘူး။

ကမ္ဘာမှာ လူဦးရေ ဒုတိယ အများဆုံး ဖြစ်တဲ့ အိန္ဒိယမှာ လူဦးရေနဲ့ယှဉ်ရင် ကူးစက်မှုက အခုထိ နည်းနေပါသေးတယ်။ ဒါကြောင့် အစိုးရရဲ့ လော့ဒေါင်းလုပ်တဲ့ မူဝါဒက အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ လော့ဒေါင်းကို စောစော ပြန်ဖြေလျှော့လိုက်ရင် သူတို့လုပ်ထားတဲ့ အခြေအနေကောင်းတွေ ပြန်ဆုံးရှုံးသွားနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

တကယ်တမ်းမှာ အိန္ဒိယ ကူးစက်မှု အခြေအနေက အကျဘက်ကို သွားနေတာ မတွေ့ရသေးတာကို စိုးရိမ်မိတယ်လို့ အိန္ဒိယ ဆေးသိပ္ပံက ဒါရိုက်တာ ရန်ဒိ ဂူလာရီယာက Indian Express သတင်းစာကို ပြောပါတယ်။

"လော့ဒေါင်းလုပ်ထားလို့ ကူးစက်မှုက တန်းနေပေမယ့် ကူးစက်မှုက ပြန်ကျလာတာကို မတွေ့ရသေးဘူး။ ဒါကြောင့် စိတ်ပူမိတာ။ ဒါကြောင့် နောက် လေးပတ် ကနေ ခြောက်ပတ်က အရမ်း အရမ်း အရေးကြီးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လော့ဒေါင်းက အမြဲတမ်း လုပ်ထားလို့မှ မရတာ" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံစီးပွားရေးက တော်တော် စိုးရိမ်နေရပြီး လူသန်းပေါင်းများစွာ ဝင်ငွေမရှိဘဲ ဖြစ်နေချိန်မှာ နိုင်ငံကို ပြန်ဖွင့်ဖို့က လွဲလို့ ရွေးစရာ များများစားစား မရှိဘူးလို့ လူတော်တော်များများက ယူဆနေကြပါတယ်။

လော့ဒေါင်းလုပ်တာတွေ ဖြေလျှော့ရင် ကူးစက်မှု ပြန်ထိုးတက်သွားနိုင်လို့ မူဝါဒတွေ ချတဲ့အခါ ပါးနပ် ဖို့လိုတယ်လို့ ဂျပန် ဘဏ္ဍာရေး ဝန်ဆောင်မှု ကုမ္ပဏီ နိုမူရာက ပြောပါတယ်။

တခြားနိုင်ငံတွေမှာလိုပဲ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ပြန့်ပွားအောင် တားဆီးရာမှာ ရောဂါပိုး ရှိမရှိ စစ်ဆေးမှုဟာ အဓိက အရေးပါမှာ ဖြစ်တယ်။

ရောဂါပိုး ရှိမရှိ စစ်ဆေးမှု အနည်းဆုံး ကမ္ဘာ့နိုင်ငံတွေထဲမှာ တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ စစ်ဆေးနိုင်မှုအား ပိုကောင်းလာဖို့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ခဲ့ပါတယ်။ သိပ်မကြာခင် တစ်နေ့ကို လူတစ်သိန်းလောက် စ စစ်ဆေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အိန္ဒိယ ကျန်းမာရေး တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52545320
ကို႐ိုနာဗိုင္းရပ္စ္ - အိႏၵိယမွာ ကူးစက္မႈ အျမင့္ဆုံး ထိုးတက္ ကို႐ိုနာဗိုင္းရပ္စ္ - အိႏၵိယမွာ ကူးစက္မႈ အျမင့္ဆုံး ထိုးတက္ Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.