မလေးရှားမှာ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံနေ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂ဝ၂ဝ မေလ ၁၅ ရက်နေ့က နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် ‌ခေါ်ဆောင်လာစဥ်။ (Photo: BenarNews)
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မလေးရှားနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရှိနေတယ်လို့  ရိုက်တာသတင်းဌာနရဲ့ ဆောင်းပါးတပုဒ်မှာ ဒီနေ့ ရေးသားထားပါတယ်။

ကမ္ဘာ့နိုင်ငံတချို့ နည်းတူပဲ  နိုင်ငံခြားသား အလုပ်သမားတွေဟာ "ဗိုင်းရပ်စ်ပိုး သယ်ဆောင်လာသူတွေ၊ တိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုးတွေ" ဆိုပြီး လူမျိုးရေး မုန်းတီးမှုတွေကို မလေးရှားမှာလည်း တွေ့လာရတယ်လို့ ဆိုပါတယ်။

မလေးရှားဟာ မွတ်ဆလင်တိုင်းပြည်တခု ဖြစ်ပေမယ့် ကပ်ရောဂါကာလအတွင်း မလေးရှားရောက် ရိုဟင်ဂျာတွေကိုပါ နိုင်ငံခြားသားဆိုပြီး အလုပ်ထုတ်ပစ်တာတွေ ရှိနေတယ်လို့  ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ မလေးရှား လူ့အခွင့်အရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

မလေးရှားနိုင်ငံက စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းခွင်တွေမှာ နိုင်ငံခြားသား အလုပ်သမားတွေ အများဆုံး လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

RFA Burmese
------------------------------------------------
(Zawgyi)⤵⤵⤵





RFA Burmese
https://www.facebook.com/rfaburmese

မလေးရှားမှာ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံနေ မလေးရှားမှာ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံနေ Reviewed by THITHTOOLWIN on 22:46 Rating: 5
Powered by Blogger.