အမေရိကန်တဝန်း တရားမျှမှုတောင်းဆိုတဲ့ ဆန္ဒပြမှုတွေကနေ အဓိကရုဏ်းဖြစ်

ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့ စီအန်အန် သတင်းဌာနရုံးနားမှာ ရဲကားတစ်စီး မီးလောင်နေ
(Unicode)⤵⤵⤵
မင်နီယာပိုလိစ်မြို့မှာ လက်နက်မဲ့ လူမည်းအမျိုးသားတစ်ယောက်ကို ရဲဖမ်းစဉ် သေဆုံးခဲ့တာကို မကျေနပ်တဲ့အတွက် အမေရိကန်က မြို့ကြီးတွေမှာ ဆန္ဒပြကြသူတွေနဲ့ ရဲနဲ့ ထိပ်တိုက်တွေ့ဆုံ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။

နယူးယောက်၊ အတ္တလန္တာ နဲ့ တခြားနေရာတွေမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ သမ္မတ အိမ်ဖြူတော်ကိုလည်း အချိန်အခိုက်အတန့် အဝင်အထွက်တွေ ပိတ်ဆို့ထားခဲ့ရပါတယ်။

အသက် ၄၆ နှစ် အရွယ် ဂျော့ဖလွိုက်သေဆုံးမှုဟာ လူမည်း အမေရိကန်တွေ ရဲကြောင့် သေဆုံးခဲ့ရမှုတွေအပေါ် ဒေါသတွေကို ပြန်ဆွပေးခဲ့ပါတယ်။

ဆန္ဒပြမှုတွေဟာ မင်နီဆိုးတားမှာ အဆိုးရွားဆုံး ဖြစ်နေပါတယ်။ မင်နီယာပိုလစ်နဲ့ စိန့်ပေါမြို့မှာ ညမထွက်ရ အမိန့်တွေ ထုတ်ခဲ့ပါတယ်။
မင်နီယာပိုလိစ်
ဒါပေမဲ့ ဆန္ဒပြသမားတွေက သောကြာနေ့မှာ အမိန့်ကို ဖီဆန်ခဲ့ကြပါတယ်။

မီးလောင်မှုတွေ အထူးသဖြင့် ကားတွေ အများအပြား မီးလောင်နေတာတွေ့ရပြီး တချို့နေရာတွေကို မီးသတ်တွေ မသွားနိုင်ဘဲ ဖြစ်နေပါတယ်။

မြေပြင် ရဲအင်အားနည်းနေနေတဲ့ မင်နီယာပိုလိစ်မှာ လုယက်ဖျက်ဆီးတာတွေကိုလည်း ရုပ်သံပြကွက်တွေမှာ တွေ့နေရပါတယ်။

ညလယ်လောက်ကျမှ အမျိုးသားလုံခြုံရေး အဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တချို့ ရောက်လာပါတယ်။

မင်နီယာပိုလစ်ကို စေလွှတ်ဖို့ စစ်ဌာနချုပ် ပင်တာဂွန်ကလည်း စစ်တပ်ကို အသင့်ပြင်ခိုင်းထားပါတယ်။
ညပိုင်းမှာ အိမ်ဖြူတော်မှာ ဆန္ဒပြမှု ဆက်ဖြစ်
ဝါရှင်တန်မြို့တော် သမ္မတရုံးစိုက်တဲ့ အိမ်ဖြူတော်နားမှာ သေဆုံးသူ မစ္စတာဖလွိုက် ဓာတ်ပုံတွေ ဝှေ့ယမ်းပြီး သူနောက်ဆုံးပြောခဲ့တဲ့ "ကျွန်တော် အသက်ရှုလို့ မရတော့ဘူး" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ သောကြာနေ့ ညနေမှာ ဆန္ဒပြခဲ့ကြပါတယ်။

အတ္တလန္တာမှာတော့ လူတွေနဲ့ အိုးအိမ်အဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ တချို့နေရာတွေကို အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

စီအန်အန် သတင်းဌာနရုံးနားမှာ ဆန္ဒပြသမားတွေ စုဝေးရောက်လာပြီး တချို့အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ ရဲကားတွေကို မီးရှို့တာတွေ လုပ်ခဲ့ပါတယ်။

နယူးယောက် ဘရွတ်ကလင်း ခရိုင်မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ ရရာ လက်နက်ပစ္စည်းတွေနဲ့ ပစ်ပေါက်တာတွေ၊ မီးရှို့တာတွေ၊ ရဲကားတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။

ရဲတချို့ ဒဏ်ရာရခဲ့ပြီး လူအတော်များများကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
မျက်လုံးထဲ မျက်ရည်ယိုဓာတ်ငွေ့ဝင်တာကို နွားနို့လောင်းပြီးဆေးနေတဲ့ ဆန္ဒပြသူတချို့
ဒက်ထရွိုက်မှာတော့ ၁၉ နှစ် လူငယ်တစ်ဦး သေဆုံးသွားပြီး အဲဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲက စုံစမ်းစစ်ဆေးရေးတွေ လုပ်နေပါတယ်။ ဆန္ဒပြလူအုပ်ထဲကို ကားတစ်စီး တိုးဝင်လာပြီး လူအုပ်ထဲကို သေနတ်နဲ့ ပစ်ခဲ့ရာက အဲဒီလူငယ်သေဆုံးခဲ့တာပါ။

ဖီးနစ်မြို့နဲ့ ရဲတွေ ခဲတွေနဲ့ ပစ်ပေါက်ခံရတဲ့ ဒါလက်စ်မြို့တို့မှာ ရဲက မျက်ရည်ယိုဗုံးတွေ သုံးခဲ့ပါတယ်။

လော့စ်အိန်ဂျယ်လိစ်နဲ့ အုတ်ကလန်မြို့တို့မှာ ဆန္ဒပြသမားတွေက လမ်းတွေကို ပိတ်ဆို့ထားပါတယ်။ ပြတင်းပေါက်တွေကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး "ရဲတွေကို သတ်ပစ်" ဆိုတဲ့ စာသားတွေ နံရံတွေမှာ ရေးသွားပါတယ်။

လူမည်းအမျိုးသားကို ဖမ်းဆီးခဲ့တဲ့ မင်နီယာပိုလိစ်က ရဲတပ်ဖွဲ့ဝင်ကိုတော့ ရာထူးက ထုတ်ပယ်လိုက်ပြီ ဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်လို့ အရေးယူထား ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဒဲရက်ချော်ဗင်ဟာ တနင်္လာနေ့မှာ ပထမဆုံး တရားရုံးမှာ လာရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒဲရက်ချော်ဗင်
BBC Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္တဝန္း တရားမွ်မႈေတာင္းဆိုတဲ့ ဆႏၵျပမႈေတြကေန အဓိက႐ုဏ္းျဖစ္

မင္နီယာပိုလိစ္ၿမိဳ႕မွာ လက္နက္မဲ့ လူမည္းအမ်ိဳးသားတစ္ေယာက္ကို ရဲဖမ္းစဥ္ ေသဆုံးခဲ့တာကို မေက်နပ္တဲ့အတြက္ အေမရိကန္က ၿမိဳ႕ႀကီးေတြမွာ ဆႏၵျပၾကသူေတြနဲ႔ ရဲနဲ႔ ထိပ္တိုက္ေတြ႕ဆုံ အဓိက႐ုဏ္းေတြ ျဖစ္ခဲ့ပါတယ္။

နယူးေယာက္၊ အတၱလႏၲာ နဲ႔ တျခားေနရာေတြမွာ ဆူပူအၾကမ္းဖက္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ သမၼတ အိမ္ျဖဴေတာ္ကိုလည္း အခ်ိန္အခိုက္အတန္႔ အဝင္အထြက္ေတြ ပိတ္ဆို႔ထားခဲ့ရပါတယ္။

အသက္ ၄၆ ႏွစ္ အ႐ြယ္ ေဂ်ာ့ဖလြိဳက္ေသဆုံးမႈဟာ လူမည္း အေမရိကန္ေတြ ရဲေၾကာင့္ ေသဆုံးခဲ့ရမႈေတြအေပၚ ေဒါသေတြကို ျပန္ဆြေပးခဲ့ပါတယ္။

ဆႏၵျပမႈေတြဟာ မင္နီဆိုးတားမွာ အဆိုး႐ြားဆုံး ျဖစ္ေနပါတယ္။ မင္နီယာပိုလစ္နဲ႔ စိန္႔ေပါၿမိဳ႕မွာ ညမထြက္ရ အမိန္႔ေတြ ထုတ္ခဲ့ပါတယ္။

ဒါေပမဲ့ ဆႏၵျပသမားေတြက ေသာၾကာေန႔မွာ အမိန္႔ကို ဖီဆန္ခဲ့ၾကပါတယ္။

မီးေလာင္မႈေတြ အထူးသျဖင့္ ကားေတြ အမ်ားအျပား မီးေလာင္ေနတာေတြ႕ရၿပီး တခ်ိဳ႕ေနရာေတြကို မီးသတ္ေတြ မသြားႏိုင္ဘဲ ျဖစ္ေနပါတယ္။

ေျမျပင္ ရဲအင္အားနည္းေနေနတဲ့ မင္နီယာပိုလိစ္မွာ လုယက္ဖ်က္ဆီးတာေတြကိုလည္း ႐ုပ္သံျပကြက္ေတြမွာ ေတြ႕ေနရပါတယ္။

ညလယ္ေလာက္က်မွ အမ်ိဳးသားလုံၿခဳံေရး အဖြဲ႕ေတြနဲ႔ ရဲတပ္ဖြဲ႕တခ်ိဳ႕ ေရာက္လာပါတယ္။

မင္နီယာပိုလစ္ကို ေစလႊတ္ဖို႔ စစ္ဌာနခ်ဳပ္ ပင္တာဂြန္ကလည္း စစ္တပ္ကို အသင့္ျပင္ခိုင္းထားပါတယ္။

ဝါရွင္တန္ၿမိဳ႕ေတာ္ သမၼတ႐ုံးစိုက္တဲ့ အိမ္ျဖဴေတာ္နားမွာ ေသဆုံးသူ မစၥတာဖလြိဳက္ ဓာတ္ပုံေတြ ေဝွ႔ယမ္းၿပီး သူေနာက္ဆုံးေျပာခဲ့တဲ့ "ကြၽန္ေတာ္ အသက္ရႈလို႔ မရေတာ့ဘူး" ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ေသာၾကာေန႔ ညေနမွာ ဆႏၵျပခဲ့ၾကပါတယ္။

အတၱလႏၲာမွာေတာ့ လူေတြနဲ႔ အိုးအိမ္အေဆာက္အအုံေတြကို အကာအကြယ္ေပးဖို႔ တခ်ိဳ႕ေနရာေတြကို အေရးေပၚအေျခအေန ေၾကညာထားပါတယ္။

စီအန္အန္ သတင္းဌာန႐ုံးနားမွာ ဆႏၵျပသမားေတြ စုေဝးေရာက္လာၿပီး တခ်ိဳ႕အေဆာက္အအုံေတြကို ဖ်က္ဆီးတာ၊ ရဲကားေတြကို မီးရႈိ႕တာေတြ လုပ္ခဲ့ပါတယ္။

နယူးေယာက္ ဘ႐ြတ္ကလင္း ခ႐ိုင္မွာေတာ့ ဆႏၵျပသူေတြနဲ႔ ရဲနဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ၾကပါတယ္။ ရရာ လက္နက္ပစၥည္းေတြနဲ႔ ပစ္ေပါက္တာေတြ၊ မီးရႈိ႕တာေတြ၊ ရဲကားေတြကို ဖ်က္ဆီးတာေတြ လုပ္ခဲ့ပါတယ္။

ရဲတခ်ိဳ႕ ဒဏ္ရာရခဲ့ၿပီး လူအေတာ္မ်ားမ်ားကိုလည္း ဖမ္းဆီးခဲ့ပါတယ္။

ဒက္ထ႐ြိဳက္မွာေတာ့ ၁၉ ႏွစ္ လူငယ္တစ္ဦး ေသဆုံးသြားၿပီး အဲဒီေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ရဲက စုံစမ္းစစ္ေဆးေရးေတြ လုပ္ေနပါတယ္။ ဆႏၵျပလူအုပ္ထဲကို ကားတစ္စီး တိုးဝင္လာၿပီး လူအုပ္ထဲကို ေသနတ္နဲ႔ ပစ္ခဲ့ရာက အဲဒီလူငယ္ေသဆုံးခဲ့တာပါ။

ဖီးနစ္ၿမိဳ႕နဲ႔ ရဲေတြ ခဲေတြနဲ႔ ပစ္ေပါက္ခံရတဲ့ ဒါလက္စ္ၿမိဳ႕တို႔မွာ ရဲက မ်က္ရည္ယိုဗုံးေတြ သုံးခဲ့ပါတယ္။

ေလာ့စ္အိန္ဂ်ယ္လိစ္နဲ႔ အုတ္ကလန္ၿမိဳ႕တို႔မွာ ဆႏၵျပသမားေတြက လမ္းေတြကို ပိတ္ဆို႔ထားပါတယ္။ ျပတင္းေပါက္ေတြကို ႐ိုက္ခ်ိဳးဖ်က္ဆီးခဲ့ၿပီး "ရဲေတြကို သတ္ပစ္" ဆိုတဲ့ စာသားေတြ နံရံေတြမွာ ေရးသြားပါတယ္။

လူမည္းအမ်ိဳးသားကို ဖမ္းဆီးခဲ့တဲ့ မင္နီယာပိုလိစ္က ရဲတပ္ဖြဲ႕ဝင္ကိုေတာ့ ရာထူးက ထုတ္ပယ္လိုက္ၿပီ ျဖစ္ၿပီး ဒီအမႈနဲ႔ ပတ္သက္လို႔ အေရးယူထား ပါတယ္။

အသက္ ၄၄ ႏွစ္အ႐ြယ္ ဒဲရက္ေခ်ာ္ဗင္ဟာ တနလၤာေန႔မွာ ပထမဆုံး တရား႐ုံးမွာ လာေရာက္ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52861164
အမေရိကန်တဝန်း တရားမျှမှုတောင်းဆိုတဲ့ ဆန္ဒပြမှုတွေကနေ အဓိကရုဏ်းဖြစ် အမေရိကန်တဝန်း တရားမျှမှုတောင်းဆိုတဲ့ ဆန္ဒပြမှုတွေကနေ အဓိကရုဏ်းဖြစ် Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.