ကိုဗစ္ေၾကာင့္ မူးယစ္ေဆးလုပ္ငန္းထိခိုက္မႈ မရွိလို႔ ကုလထုတ္ျပန္တဲ့ေနာက္ ျမန္မာမွာ မူးယစ္ေဆးေတြ ဆက္တိုက္ဖမ္းမိတာျဖစ္

 ျမန္မာနဲ႔ အေရွ႕ေတာင္အာရွမွာ မူးယစ္ေဆးထုတ္လုပ္မႈေလ်ာ့က်မသြားဘူးလို႔ UNODC ကေျပာပါတယ္။
(Zawgyi)⤵⤵⤵
ရခိုင္နဲ႔ ရွမ္းျပည္နယ္မွာ ေမ ၁၅ ရက္ကေန ၁၇ ရက္အတြင္း က်ပ္သိန္းေပါင္း သုံးေသာင္းခြဲေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြဖမ္းမိတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္ေတြအရေတြ႕ရွိရပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကမာၻတစ္ဝန္း က်န္းမာေရး၊ စီးပြားေရးအပါအဝင္ က႑အသီးသီးမွာ ထိခိုက္မႈေတြရွိေနေပမယ့္ ျမန္မာအပါအဝင္ အေရွ႕နဲ႔ အေရွ႕ေတာင္အာရွေဒသေတြမွာေတာ့ မူးယစ္ေဆးဝါး ေမွာင္ခိုထုတ္လုပ္တဲ့လုပ္ငန္းကို ႀကီးႀကီးမားမား ထိခိုက္မႈမရွိေၾကာင္းကုလသမဂၢမူးယစ္ေဆးဝါးနဲ႔ ျပစ္မႈဆိုင္ရာ႐ုံး(UNODC) က ၿပီးခဲ့တဲ့ရက္ပိုင္းက ထုတ္ျပန္ထားတာပါ။

တစ္ကမာၻလုံး ကိုဗစ္ေၾကာင့္အသြားအလာကန႔္သတ္မႈေတြရွိလို႔ လမ္းပန္းဆက္သြယ္ေရးေတြ ရပ္တန႔္ေနေပမယ့္ ျမန္မာ၊ ထိုင္းနဲ႔ လာအို သုံးႏိုင္ငံထိစပ္ေနတဲ့ ေ႐ႊႀကိဂံေဒသမွာေတာ့ မူးယစ္ေဆးဝါးထုတ္လုပ္မႈေတြက ေလ်ာ့က်မသြားဘူးလို႔ UNODC က ေျပာၾကားထားပါတယ္။

မူးယစ္ေဆးထုတ္ရာမွာ အဓိကလိုအပ္တဲ့ ဓာတုပစၥည္းေတြက တ႐ုတ္ႏိုင္ငံဘက္ကေန ကုန္းလမ္းကတစ္ဆင့္ ေ႐ႊႀကိဂံေဒသထဲေရာက္ရွိေနတယ္လို႔လည္း ကုလ အစီရင္ခံစာက ဆိုပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီးသမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက မူးယစ္ေဆးဝါးထုတ္တဲ့ေဒသေတြဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြရွိတဲ့ နယ္ေျမေတြမွာ ရွိေနၿပီး အစိုးရ အုပ္ခ်ဳပ္မႈအျပည့္အဝမရွိတဲ့ အဲဒီေဒသေတြမွာမူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအတြက္ အခက္အခဲရွိတယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားထားပါတယ္။

UNODC ရဲ႕ ထုတ္ျပန္ခ်က္အၿပီးမွာပဲ ရွမ္းေျမာက္နဲ႔ ရခိုင္ျပည္နယ္မွာ ခုလို လက္နက္နဲ႔ မူးယစ္ေဆးဝါးေတြကို ဆက္တိုက္ ဖမ္းမိခဲ့တာျဖစ္ပါတယ္။

ေမ ၁၅ ရက္ေန ၁၇ ရက္အထိ ဖမ္းမိတဲ့ ျဖစ္စဥ္ငါးခုမွာ ေမာင္ေတာမွာ တစ္ခု၊ မူဆယ္မွာ သုံးခုနဲ႔ တာခ်ီလိတ္တို႔မွာ တစ္ခုတို႔ျဖစ္ပါတယ္။

အဲဒီထဲက ေမာင္ေတာနဲ႔ မူဆယ္က အမႈႏွစ္ခုတို႔မွာ ဆက္စပ္တရားခံေတြဖမ္းမိခဲ့ၿပီး တာခ်ီလိတ္ကျဖစ္စဥ္နဲ႔ မူဆယ္က က်န္ျဖစ္စဥ္တစ္ခုတို႔မွာေတာ့ တရားခံကိုဖမ္းမိထားျခင္းမရွိတာကိုေတြ႕ရပါတယ္။

တပ္ခ်ဳပ္႐ုံးက ထုတ္ျပန္ခ်က္ေတြအရ ရခိုင္မွာ က်ပ္ သိန္းေပါင္း ၉၇၅၀ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ငါးသိန္းနီးပါးကို တင္ေဆာင္လာတဲ့ ကုန္တင္ယာဥ္ကို ေမာင္ေတာၿမိဳ႕နယ္အတြင္း ေမလ ၁၆ ရက္ညပိုင္း မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကဖမ္းမိခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီကုန္တင္ယာဥ္ဟာ အငူေမာ္ဘက္ကေန က်ီးကန္းျပင္ဘက္ကို ေမာင္းႏွင္လာတဲ့ေျခာက္ဘီးကားျဖစ္ၿပီး ယာဥ္ေနာက္ခန္းက ဆာလာအိတ္သုံးအိတ္ထဲမွာ WY စာတန္းပါစိတ္ႂကြ႐ူးသြပ္ ေဆးျပား စုစုေပါင္း ၄၈၇၅၀၀ ကို ဖမ္းမိခဲ့တာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။
 ေမာင္ေတာမွာ ေျခာက္ဘီးကားေပၚကေန စိတ္ႂကြေဆးျပား ငါးသိန္းနီးပါး ဖမ္းမိခဲ့တာျဖစ္ပါတယ္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာေတာ့ မူဆယ္နဲ႔ တာခ်ီလိတ္တို႔မွာ လက္နက္နဲ႔ မူးယစ္ေဆးဝါးေတြဖမ္းမိတဲ့ ျဖစ္စဥ္ေလးခု ရွိထားပါတယ္။

မူဆယ္က ျဖစ္စဥ္ သုံးခုအနက္ တစ္မႈမွာ တရားမဝင္ေနထိုင္တဲ့ တ႐ုတ္ႏိုင္ငံသား ၁၉ ဦးကို လက္နက္၊ မူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းမိထားတယ္လို႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။
မူဆယ္မွာ တ႐ုတ္ႏိုင္ငံသားတခ်ိဳ႕ကို လက္နက္မူးယစ္ေဆးေတြနဲ႔အတူ ဖမ္းမိခဲ့တာပါ။
ေမလ ၁၅ ရက္က မူဆယ္၊ စြမ္ေစာ္ရပ္ကြက္ထဲက ေဖ်ာ္ေျဖေရးစင္တာ၊ အပန္းေျဖ SPA နဲ႔ ေနအိမ္ႏွစ္လုံးကို ဝင္စစ္တဲ့အခါ တရားမဝင္ေနထိုင္ တဲ့တ႐ုတ္ႏိုင္ငံသား ၁၉ ဦး၊ အမ္ ၂၂ အပါအဝင္ လက္နက္ခဲယမ္းေတြနဲ႔ ဘိန္းျဖဴ၊ အိုက္စ္ စိတ္ႂကြ႐ူးသြပ္ေဆးျပား က်ပ္သိန္းေပါင္း ၁၈၀၀၀ ေက်ာ္ ဖမ္းမိတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ မူဆယ္မွာပဲ ေမလ ၁၇ ရက္မွာ မူဆယ္ၿမိဳ႕ခံတစ္ဦးေမာင္းလာတဲ့ဆိုင္ကယ္ေပၚနဲ႔ အဲဒီလူရဲ႕ေနအိမ္ကေန ခန႔္မွန္းတန္ဖိုး က်ပ္သိန္းေျခာက္ေထာင္ ရွိတဲ့ စိတ္ႂကြ႐ူးသြပ္ေဆးျပား သုံးသိန္းကို ဖမ္းမိခဲ့ပါတယ္။ အဲဒီျဖစ္စဥ္ကေန ဆက္စပ္တရားခံ သုံးဦးထိ ဖမ္းမိခဲ့တယ္လို႔ ထုတ္ျပန္ခ်က္ ကေဖာ္ျပထားပါတယ္။

တာခ်ီလိတ္မွာေတာ့ ေမလ ၁၇ ရက္မနက္ပိုင္းက သတင္းအရ တာခ်ီလိတ္ၿမိဳ႕၊ မိုင္းဖုန္း(က)အုပ္စု၊ လြန္းက်ိဳင္းေက်း႐ြာက စိုင္းလွေ႐ႊရဲ႕ေနအိမ္ကို ဝင္ေရာက္ရွာေဖြတဲ့အခါ ကားဂိုေထာင္အတြင္းမွ AK-47 အပါအဝင္လက္နက္ခဲယမ္းေတြနဲ႔ ခန႔္မွန္းတန္းဖိုး သိန္း ၃၃၀၀ ရွိတဲ့ မူးယစ္ေဆးဝါးေတြ ဖမ္းမိခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီျဖစ္စဥ္မွာ မူးယစ္ေဆးဝါးခ်က္လုပ္တဲ့ ကိရိယာေတြနဲ႔ ဓာတုပစၥည္းေတြကိုပါဖမ္းမိခဲ့တာျဖစ္ၿပီး ပိုင္ရွင္မဲ့ဖမ္းမိတာလို႔ ထုတ္ျပန္ထားပါတယ္။

မူဆယ္သခ်ႋဳင္းမွာ ေမလ ၁၆ ရက္ ညပိုင္းက ဆာလာအိတ္နဲ႔ထုပ္ထားတဲ့ လက္နက္ေတြကို ပိုင္ရွင္မဲ့ဖမ္းမိခဲ့တယ္လို႔လည္း တပ္ခ်ဳပ္႐ုံးထုတ္ျပန္ခ်က္က ဆိုပါတယ္။

အခုလို ျမန္မာမွာ မူးယစ္ေဆးဝါးေတြ ဆက္တိုက္ဖမ္းမိတာနဲ႔ပတ္သက္လို႔ UNODC ကျမန္မာႏိုင္ငံဆိုင္ရာတာဝန္ခံရဲ႕ သေဘာထားမွတ္ခ်က္သိရဖို႔ ဘီဘီစီက ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေနပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်ကြောင့် မူးယစ်ဆေးလုပ်ငန်းထိခိုက်မှု မရှိလို့ ကုလထုတ်ပြန်တဲ့နောက် မြန်မာမှာ မူးယစ်ဆေးတွေ ဆက်တိုက်ဖမ်းမိတာဖြစ်

ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ မေ ၁၅ ရက်ကနေ ၁၇ ရက်အတွင်း ကျပ်သိန်းပေါင်း သုံးသောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်တွေအရတွေ့ရှိရပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း ကျန်းမာရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍအသီးသီးမှာ ထိခိုက်မှုတွေရှိနေပေမယ့် မြန်မာအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှဒေသတွေမှာတော့ မူးယစ်ဆေးဝါး မှောင်ခိုထုတ်လုပ်တဲ့လုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်းကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး(UNODC) က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားတာပါ။

တစ်ကမ္ဘာလုံး ကိုဗစ်ကြောင့်အသွားအလာကန့်သတ်မှုတွေရှိလို့ လမ်းပန်းဆက်သွယ်ရေးတွေ ရပ်တန့်နေပေမယ့် မြန်မာ၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံထိစပ်နေတဲ့ ရွှေကြိဂံဒေသမှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေက လျော့ကျမသွားဘူးလို့ UNODC က ပြောကြားထားပါတယ်။

မူးယစ်ဆေးထုတ်ရာမှာ အဓိကလိုအပ်တဲ့ ဓာတုပစ္စည်းတွေက တရုတ်နိုင်ငံဘက်ကနေ ကုန်းလမ်းကတစ်ဆင့် ရွှေကြိဂံဒေသထဲရောက်ရှိနေတယ်လို့လည်း ကုလ အစီရင်ခံစာက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးသမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက မူးယစ်ဆေးဝါးထုတ်တဲ့ဒေသတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ နယ်မြေတွေမှာ ရှိနေပြီး အစိုးရ အုပ်ချုပ်မှုအပြည့်အဝမရှိတဲ့ အဲဒီဒေသတွေမှာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အခက်အခဲရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

UNODC ရဲ့ ထုတ်ပြန်ချက်အပြီးမှာပဲ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်မှာ ခုလို လက်နက်နဲ့ မူးယစ်ဆေးဝါးတွေကို ဆက်တိုက် ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မေ ၁၅ ရက်နေ ၁၇ ရက်အထိ ဖမ်းမိတဲ့ ဖြစ်စဉ်ငါးခုမှာ မောင်တောမှာ တစ်ခု၊ မူဆယ်မှာ သုံးခုနဲ့ တာချီလိတ်တို့မှာ တစ်ခုတို့ဖြစ်ပါတယ်။

အဲဒီထဲက မောင်တောနဲ့ မူဆယ်က အမှုနှစ်ခုတို့မှာ ဆက်စပ်တရားခံတွေဖမ်းမိခဲ့ပြီး တာချီလိတ်ကဖြစ်စဉ်နဲ့ မူဆယ်က ကျန်ဖြစ်စဉ်တစ်ခုတို့မှာတော့ တရားခံကိုဖမ်းမိထားခြင်းမရှိတာကိုတွေ့ရပါတယ်။

တပ်ချုပ်ရုံးက ထုတ်ပြန်ချက်တွေအရ ရခိုင်မှာ ကျပ် သိန်းပေါင်း ၉၇၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းနီးပါးကို တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်ကို မောင်တောမြို့နယ်အတွင်း မေလ ၁၆ ရက်ညပိုင်း မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကုန်တင်ယာဉ်ဟာ အငူမော်ဘက်ကနေ ကျီးကန်းပြင်ဘက်ကို မောင်းနှင်လာတဲ့ခြောက်ဘီးကားဖြစ်ပြီး ယာဉ်နောက်ခန်းက ဆာလာအိတ်သုံးအိတ်ထဲမှာ WY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား စုစုပေါင်း ၄၈၇၅၀၀ ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ မူဆယ်နဲ့ တာချီလိတ်တို့မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေဖမ်းမိတဲ့ ဖြစ်စဉ်လေးခု ရှိထားပါတယ်။

မူဆယ်က ဖြစ်စဉ် သုံးခုအနက် တစ်မှုမှာ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၁၉ ဦးကို လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မေလ ၁၅ ရက်က မူဆယ်၊ စွမ်စော်ရပ်ကွက်ထဲက ဖျော်ဖြေရေးစင်တာ၊ အပန်းဖြေ SPA နဲ့ နေအိမ်နှစ်လုံးကို ဝင်စစ်တဲ့အခါ တရားမဝင်နေထိုင် တဲ့တရုတ်နိုင်ငံသား ၁၉ ဦး၊ အမ် ၂၂ အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ ဘိန်းဖြူ၊ အိုက်စ် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော် ဖမ်းမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မူဆယ်မှာပဲ မေလ ၁၇ ရက်မှာ မူဆယ်မြို့ခံတစ်ဦးမောင်းလာတဲ့ဆိုင်ကယ်ပေါ်နဲ့ အဲဒီလူရဲ့နေအိမ်ကနေ ခန့်မှန်းတန်ဖိုး ကျပ်သိန်းခြောက်ထောင် ရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းကို ဖမ်းမိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကနေ ဆက်စပ်တရားခံ သုံးဦးထိ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက် ကဖော်ပြထားပါတယ်။

တာချီလိတ်မှာတော့ မေလ ၁၇ ရက်မနက်ပိုင်းက သတင်းအရ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)အုပ်စု၊ လွန်းကျိုင်းကျေးရွာက စိုင်းလှရွှေရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေတဲ့အခါ ကားဂိုထောင်အတွင်းမှ AK-47 အပါအဝင်လက်နက်ခဲယမ်းတွေနဲ့ ခန့်မှန်းတန်းဖိုး သိန်း ၃၃၀၀ ရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်မှာ မူးယစ်ဆေးဝါးချက်လုပ်တဲ့ ကိရိယာတွေနဲ့ ဓာတုပစ္စည်းတွေကိုပါဖမ်းမိခဲ့တာဖြစ်ပြီး ပိုင်ရှင်မဲ့ဖမ်းမိတာလို့ ထုတ်ပြန်ထားပါတယ်။

မူဆယ်သင်္ချိုင်းမှာ မေလ ၁၆ ရက် ညပိုင်းက ဆာလာအိတ်နဲ့ထုပ်ထားတဲ့ လက်နက်တွေကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့တယ်လို့လည်း တပ်ချုပ်ရုံးထုတ်ပြန်ချက်က ဆိုပါတယ်။

အခုလို မြန်မာမှာ မူးယစ်ဆေးဝါးတွေ ဆက်တိုက်ဖမ်းမိတာနဲ့ပတ်သက်လို့ UNODC ကမြန်မာနိုင်ငံဆိုင်ရာတာဝန်ခံရဲ့ သဘောထားမှတ်ချက်သိရဖို့ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52703326
ကိုဗစ္ေၾကာင့္ မူးယစ္ေဆးလုပ္ငန္းထိခိုက္မႈ မရွိလို႔ ကုလထုတ္ျပန္တဲ့ေနာက္ ျမန္မာမွာ မူးယစ္ေဆးေတြ ဆက္တိုက္ဖမ္းမိတာျဖစ္ ကိုဗစ္ေၾကာင့္ မူးယစ္ေဆးလုပ္ငန္းထိခိုက္မႈ မရွိလို႔ ကုလထုတ္ျပန္တဲ့ေနာက္ ျမန္မာမွာ မူးယစ္ေဆးေတြ ဆက္တိုက္ဖမ္းမိတာျဖစ္ Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.