ကပ္ေဘးကာလမွာ ေက်ာင္းျပန္ဖြင့္ဖို႔ စဥ္းစားေန


(Zawgyi)⤵⤵⤵
မူလတန္းေက်ာင္းေတြဖြင့္မယ္လို႔ ပညာေရးဝန္ႀကီးဌာနက စီစဥ္ထားေပမဲ့ ဆရာမနဲ႔ေက်ာင္းသားမိဘေတြရဲ႕ ေတာင္းဆိုခ်က္ေၾကာင့္ မူလတန္းေတြအစား အလယ္တန္း၊ အထက္တန္းေက်ာင္းေတြကို အရင္ဖြင့္ဖို႔ စဥ္းစား မယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။

ကပ္ေရာဂါအႏၲရာယ္ ရင္ဆိုင္ေနရခ်ိန္မွာ ေက်ာင္းေတြ ဖြင့္လွစ္တဲ့အခါ ႀကဳံေတြ႕ရမယ့္ အခက္အခဲေတြကို အေလးထား ထည့္သြင္းစဥ္းစားေစခ်င္တယ္လို႔ ပညာေရးက႑ ေစာင့္ၾကည့္ေလ့လာသူေတြက ေထာက္ျပၾက ပါတယ္။

လက္ရွိျမန္မာႏိုင္ငံမွာ ေရာဂါပိုးကူးစက္ခံရသူ ကေလးငယ္ေတြဟာ လူႀကီးေတြဆီကေနသာ ကူးစက္တာေတြ႕ရၿပီး လူႀကီးေတြလို ေရာဂါအခံမရွိတာေၾကာင့္ မူလတန္းေက်ာင္းေတြကိုဖြင့္ဖို႔ စီစဥ္ထားတာလို႔ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒီေန႔ ေမ ၁၉ ရက္ အြန္လိုင္းေဆြးေႏြးခန္းမွာ ပညာေရးဝန္ႀကီးဌာန အေျခခံပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာခဲ့ပါတယ္။

ကပ္ေရာဂါျဖစ္ပြားတဲ့ ႏိုင္ငံေပါင္း ၁၈၆ ႏိုင္ငံထဲက ၁၅၈ ႏိုင္ငံမွာေတာ့ ေက်ာင္းေတြပိတ္ထားပါတယ္။ ေနာ္ေဝ၊ ဒိန္းမတ္၊ ဂ်ပန္၊ တ႐ုတ္၊ ထိုင္ဝမ္၊ ဗီယက္နမ္ ႏိုင္ငံေတြကေတာ့ ေက်ာင္းေတြဖြင့္ထားပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြ မွာေတာ့ ေဒသတခ်ိဳ႕ကေက်ာင္းေတြပဲဖြင့္တယ္လို႔   ဦးကိုေလးဝင္းက ေျပာခဲ့ပါတယ္။ ျမန္မာႏိုင္ငံက ၿမိဳ႕နယ္ ၅၀ မွာပဲ အတည္ျပဳလူနာ ရွိခဲ့တာေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာန ၫႊန္ၾကားခ်က္ေတြအတိုင္း လိုက္နာေဆာင္႐ြက္ၿပီး ေရာဂါပိုးအႏၲရာယ္ကို ရင္ဆိုင္ဖို႔ စဥ္းစားထားေၾကာင္း၊  ေက်ာင္းေတြကို အၾကာႀကီး ပိတ္ထားလိုက္ရင္ ပညာေရး အတြက္ နစ္နာႏိုင္တယ္ဆိုတဲ့ အခ်က္ကိုလည္း ထည့္သြင္းစဥ္းစားၿပီး စီစဥ္တာျဖစ္ေၾကာင္း ဦးကိုေလးဝင္းက ေျပာခဲ့ပါတယ္။

ေဆြးေႏြးခန္းမွာ ပါဝင္တဲ့ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ-ဆရာမမ်ား အဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ ေဒၚနီလာဝင္းက စာသင္ေက်ာင္းေတြမွာ အရင္ကတည္းက ဆရာ၊ ဆရာမ အင္အားလိုအပ္ခ်က္ရွိၿပီး စာသင္ခန္းအေရအတြက္ လည္းနည္းတဲ့အတြက္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ခပ္ခြာခြာေနဖို႔ ဆိုတဲ့အခ်က္ဟာ လက္ေတြ႕မွာခက္ခဲႏိုင္တယ္လို႔ ေျပာပါတယ္။

မူလတန္းအ႐ြယ္ေတြ ထက္စာရင္ အလယ္တန္း၊ အထက္တန္းေက်ာင္းသားေတြက ပိုၿပီး စည္းကမ္းလိုက္နာ ႏိုင္မယ္လို႔ ေဒၚနီလာဝင္းက သူ႔ယူဆခ်က္ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို တင္ျပပါတယ္။

အထက္တန္းေက်ာင္းသားေတြကို အရင္ဖြင့္လိုက္ရင္ ေက်ာင္းနားေနရတဲ့ မူလတန္းျပ ဆရာ ဆရာမ အင္အားဟာ ေက်ာင္းသားေတြရဲ႕ ကိုယ္အပူခ်ိန္တိုင္းတာေတြမွာ ပူးေပါင္းကူညီသြားႏိုင္မယ္လို႔လည္း ေျပာပါတယ္။

ေဒၚနီလာဝင္းရဲ႕တင္ျပခ်က္ဟာ ထည့္သြင္းစဥ္းစားစရာျဖစ္တာေၾကာင့္ ဘယ္အတန္းေတြကို အရင္စဖြင့္မလဲ ဆိုတာ စဥ္းစားမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒီမိုကရက္တစ္ပညာေရးရႈေထာင့္က ေဒၚေထြးေထြးသန္းကေတာ့ ေက်ာင္းတိုင္းမွာ မတူညီတဲ့စိန္ေခၚမႈေတြ အေတာ္မ်ားမ်ားရွိႏိုင္တဲ့အတြက္ လက္ေတြ႕ရင္ဆိုင္ရမယ့္ ဆရာ၊ ဆရာမေတြ၊ ေက်ာင္းအုပ္ေတြရဲ႕ အျမင္ေတြကို အေလးထားစဥ္းစားသင့္တယ္လို႔ ေျပာပါတယ္။

ဒီအခက္အခဲေတြဟာ ၿမိဳ႕ေပၚ စာသင္ေက်ာင္းေတြတင္မကဘဲ ေဝးလံတဲ့ေဒသေတြက ေက်ာင္းေတြမွာဆိုရင္ ပိုႀကဳံေတ့ြႏိုင္ပါတယ္။

ကယားျပည္နယ္ ဒီေမာဆိုးၿမိဳ႕နယ္က အထက္တန္းျပေက်ာင္းဆရာမ ဂ်ဴးစဖင္းက ခပ္ခြာခြာေနရမယ္ဆိုရင္ ေက်ာင္းခန္းေတြကို ခ်ဲ႕ရမွာျဖစ္ၿပီး အဲဒီေက်ာင္းခန္းေတြအလိုက္ သင္ေပးႏိုင္မယ့္ ဆရာမ အင္အား မလုံမေလာက္ ျဖစ္ႏိုင္တယ္လို႔ ယူဆပါတယ္။

ေက်ာင္းေတြကို ဖြင့္ျဖစ္မယ္ဆိုရင္ေတာင္ ဇူလိုင္လဆန္းေလာက္မွ ျဖစ္ႏိုင္ေျခရွိၿပီး စဥ္းစားခ်ိန္ရေသးတဲ့ အေၾကာင္း၊ ေက်ာင္းတက္တဲ့အခါမွာလည္း ဖ်ားၿပီဆိုရင္ ဆရာျဖစ္ျဖစ္ ေက်ာင္းသားျဖစ္ျဖစ္ ခြင့္ယူရမွာျဖစ္ၿပီး၊ အသက္အ႐ြယ္ႀကီးသူေတြ ေက်ာင္းအႀကိဳအပို႔လုပ္တာ၊ ေက်ာင္းဝန္းက်င္မွာ မုန႔္ေရာင္းတာေတြကို ထိန္းခ်ဳပ္ ရမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ေက်ာင္းေတြမွာလည္း ေစာင့္ၾကည့္စင္တာေတြ လုပ္ထားတာျဖစ္တဲ့အတြက္ အဲဒါေတြကိုလည္း ျပန္ျပင္ဆင္ရ ဦးမယ့္အေၾကာင္း၊ ဒါ့အျပင္ ေမလအတြင္းမွာ ထိုင္းနယ္စပ္ကျပန္လာမယ့္ အလုပ္သမားေတြအတြက္ ျပင္ဆင္ ထားေပမယ့္ ထိုင္းႏိုင္ငံ စည္းမ်ဥ္းတခ်ိဳ႕ေၾကာင့္ ျပန္မလာႏိုင္ၾကတဲ့အေၾကာင္း၊ သူတို႔ေတြ ဇြန္လမွာ ျပန္လာရင္ ထားဖို႔အတြက္လည္း ထည့္သြင္းစဥ္းစားရမယ့္အေၾကာင္းေတြကို အတိုင္ပင္ခံက ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး မရွိေသးေပမယ့္လည္း ေက်ာင္းေတြ ျပန္ဖြင့္ရမယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ေဒၚေအာင္ဆန္းစုၾကည္ ေျပာၿပီးေနာက္ပိုင္း ဗိုင္းရပ္စ္ပိုး အႏၲရာယ္ေၾကာင့္ မဖြင့္သင့္ေသးဘူးဆိုၿပီး စိုးရိမ္ ၾကသူေတြရွိသလို စာသင္ေနာက္က်မွာစိုးရိမ္သူေတြရဲ႕ အျမင္ေတြနဲ႔ အမ်ိဳးမ်ိဳးကြဲေနၾကပါတယ္။

ဇာဏီထြဏ္း / RFA Burmese
-----------------------------------

(Unicode)⤵⤵⤵
ကပ်ဘေးကာလမှာ ကျောင်းပြန်ဖွင့်ဖို့ စဉ်းစားနေ

မူလတန်းကျောင်းတွေဖွင့်မယ်လို့ ပညာရေးဝန်ကြီးဌာနက စီစဉ်ထားပေမဲ့ ဆရာမနဲ့ကျောင်းသားမိဘတွေရဲ့ တောင်းဆိုချက်ကြောင့် မူလတန်းတွေအစား အလယ်တန်း၊ အထက်တန်းကျောင်းတွေကို အရင်ဖွင့်ဖို့ စဉ်းစား မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကပ်ရောဂါအန္တရာယ် ရင်ဆိုင်နေရချိန်မှာ ကျောင်းတွေ ဖွင့်လှစ်တဲ့အခါ ကြုံတွေ့ရမယ့် အခက်အခဲတွေကို အလေးထား ထည့်သွင်းစဉ်းစားစေချင်တယ်လို့ ပညာရေးကဏ္ဍ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြကြ ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ကလေးငယ်တွေဟာ လူကြီးတွေဆီကနေသာ ကူးစက်တာတွေ့ရပြီး လူကြီးတွေလို ရောဂါအခံမရှိတာကြောင့် မူလတန်းကျောင်းတွေကိုဖွင့်ဖို့ စီစဉ်ထားတာလို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ မေ ၁၉ ရက် အွန်လိုင်းဆွေးနွေးခန်းမှာ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောခဲ့ပါတယ်။

ကပ်ရောဂါဖြစ်ပွားတဲ့ နိုင်ငံပေါင်း ၁၈၆ နိုင်ငံထဲက ၁၅၈ နိုင်ငံမှာတော့ ကျောင်းတွေပိတ်ထားပါတယ်။ နော်ဝေ၊ ဒိန်းမတ်၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ် နိုင်ငံတွေကတော့ ကျောင်းတွေဖွင့်ထားပါတယ်။ တချို့နိုင်ငံတွေ မှာတော့ ဒေသတချို့ကကျောင်းတွေပဲဖွင့်တယ်လို့   ဦးကိုလေးဝင်းက ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက မြို့နယ် ၅၀ မှာပဲ အတည်ပြုလူနာ ရှိခဲ့တာကြောင့် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီး ရောဂါပိုးအန္တရာယ်ကို ရင်ဆိုင်ဖို့ စဉ်းစားထားကြောင်း၊  ကျောင်းတွေကို အကြာကြီး ပိတ်ထားလိုက်ရင် ပညာရေး အတွက် နစ်နာနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစားပြီး စီစဉ်တာဖြစ်ကြောင်း ဦးကိုလေးဝင်းက ပြောခဲ့ပါတယ်။

ဆွေးနွေးခန်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ-ဆရာမများ အဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်နီလာဝင်းက စာသင်ကျောင်းတွေမှာ အရင်ကတည်းက ဆရာ၊ ဆရာမ အင်အားလိုအပ်ချက်ရှိပြီး စာသင်ခန်းအရေအတွက် လည်းနည်းတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ခပ်ခွာခွာနေဖို့ ဆိုတဲ့အချက်ဟာ လက်တွေ့မှာခက်ခဲနိုင်တယ်လို့ ပြောပါတယ်။

မူလတန်းအရွယ်တွေ ထက်စာရင် အလယ်တန်း၊ အထက်တန်းကျောင်းသားတွေက ပိုပြီး စည်းကမ်းလိုက်နာ နိုင်မယ်လို့ ဒေါ်နီလာဝင်းက သူ့ယူဆချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြပါတယ်။

အထက်တန်းကျောင်းသားတွေကို အရင်ဖွင့်လိုက်ရင် ကျောင်းနားနေရတဲ့ မူလတန်းပြ ဆရာ ဆရာမ အင်အားဟာ ကျောင်းသားတွေရဲ့ ကိုယ်အပူချိန်တိုင်းတာတွေမှာ ပူးပေါင်းကူညီသွားနိုင်မယ်လို့လည်း ပြောပါတယ်။

ဒေါ်နီလာဝင်းရဲ့တင်ပြချက်ဟာ ထည့်သွင်းစဉ်းစားစရာဖြစ်တာကြောင့် ဘယ်အတန်းတွေကို အရင်စဖွင့်မလဲ ဆိုတာ စဉ်းစားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီမိုကရက်တစ်ပညာရေးရှုထောင့်က ဒေါ်ထွေးထွေးသန်းကတော့ ကျောင်းတိုင်းမှာ မတူညီတဲ့စိန်ခေါ်မှုတွေ အတော်များများရှိနိုင်တဲ့အတွက် လက်တွေ့ရင်ဆိုင်ရမယ့် ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ်တွေရဲ့ အမြင်တွေကို အလေးထားစဉ်းစားသင့်တယ်လို့ ပြောပါတယ်။

ဒီအခက်အခဲတွေဟာ မြို့ပေါ် စာသင်ကျောင်းတွေတင်မကဘဲ ဝေးလံတဲ့ဒေသတွေက ကျောင်းတွေမှာဆိုရင် ပိုကြုံတေ့ွနိုင်ပါတယ်။

ကယားပြည်နယ် ဒီမောဆိုးမြို့နယ်က အထက်တန်းပြကျောင်းဆရာမ ဂျူးစဖင်းက ခပ်ခွာခွာနေရမယ်ဆိုရင် ကျောင်းခန်းတွေကို ချဲ့ရမှာဖြစ်ပြီး အဲဒီကျောင်းခန်းတွေအလိုက် သင်ပေးနိုင်မယ့် ဆရာမ အင်အား မလုံမလောက် ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

ကျောင်းတွေကို ဖွင့်ဖြစ်မယ်ဆိုရင်တောင် ဇူလိုင်လဆန်းလောက်မှ ဖြစ်နိုင်ခြေရှိပြီး စဉ်းစားချိန်ရသေးတဲ့ အကြောင်း၊ ကျောင်းတက်တဲ့အခါမှာလည်း ဖျားပြီဆိုရင် ဆရာဖြစ်ဖြစ် ကျောင်းသားဖြစ်ဖြစ် ခွင့်ယူရမှာဖြစ်ပြီး၊ အသက်အရွယ်ကြီးသူတွေ ကျောင်းအကြိုအပို့လုပ်တာ၊ ကျောင်းဝန်းကျင်မှာ မုန့်ရောင်းတာတွေကို ထိန်းချုပ် ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကျောင်းတွေမှာလည်း စောင့်ကြည့်စင်တာတွေ လုပ်ထားတာဖြစ်တဲ့အတွက် အဲဒါတွေကိုလည်း ပြန်ပြင်ဆင်ရ ဦးမယ့်အကြောင်း၊ ဒါ့အပြင် မေလအတွင်းမှာ ထိုင်းနယ်စပ်ကပြန်လာမယ့် အလုပ်သမားတွေအတွက် ပြင်ဆင် ထားပေမယ့် ထိုင်းနိုင်ငံ စည်းမျဉ်းတချို့ကြောင့် ပြန်မလာနိုင်ကြတဲ့အကြောင်း၊ သူတို့တွေ ဇွန်လမှာ ပြန်လာရင် ထားဖို့အတွက်လည်း ထည့်သွင်းစဉ်းစားရမယ့်အကြောင်းတွေကို အတိုင်ပင်ခံက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မရှိသေးပေမယ့်လည်း ကျောင်းတွေ ပြန်ဖွင့်ရမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ပြောပြီးနောက်ပိုင်း ဗိုင်းရပ်စ်ပိုး အန္တရာယ်ကြောင့် မဖွင့်သင့်သေးဘူးဆိုပြီး စိုးရိမ် ကြသူတွေရှိသလို စာသင်နောက်ကျမှာစိုးရိမ်သူတွေရဲ့ အမြင်တွေနဲ့ အမျိုးမျိုးကွဲနေကြပါတယ်။

ဇာဏီထွဏ်း / RFA Burmese
https://www.rfa.org/burmese/program_2/school-reopen-05192020062908.html
ကပ္ေဘးကာလမွာ ေက်ာင္းျပန္ဖြင့္ဖို႔ စဥ္းစားေန ကပ္ေဘးကာလမွာ ေက်ာင္းျပန္ဖြင့္ဖို႔ စဥ္းစားေန Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.