ကုိဗစ္လူနာသစ္ ေလ်ာ့က်လာေၾကာင္း ျမန္မာက်န္းမာေရး၀န္ႀကီးဌာန သတင္းထုတ္ျပန္

ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ တားဆီးႏိုင္ေရး ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ပိုးသတ္ေဆး ပက္ဖ်န္းေနသည့္ မီးသတ္တပ္ဖြဲ႔ဝင္မ်ားႏွင့္ ေစတနာ့ဝန္ထမ္းမ်ား။ (ဧၿပီ ၈၊ ၂၀၂၀)
(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ေမလဆန္းကစလုိ႔ COVID-19 ကပ္ေရာဂါ ကူးစက္သူ လူနာသစ္ ထပ္မေတြ႔ေတာ့တဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေျပာလုိက္ပါတယ္။

ဧၿပီလ ၃၀ ရက္ေန႔မွာ ေနာက္ဆုံးလူနာ ၁ ဦးကုိ အတည္ျပဳခဲ့ခ်ိန္ကစလုိ႔ အခုအခ်ိန္အထိဆုိရင္ ေသဆုံးသူ ၆ ဦး အပါအ၀င္ စုစုေပါင္း ကူးစက္သူ ၁၅၁ ေယာက္ ရွိေၾကာင္းလည္း တနဂၤေႏြေန႔ ညေန ၆ နာရီ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

က်န္းမာေရး ၀န္ႀကီးဌာနကေတာ့ ကူးစက္မႈအသစ္ေတြ ေလ်ာ့နည္းသြားတာဟာ ဓာတ္ခဲြအတည္ျပဳ လူနာေတြနဲ႔ အနီးကပ္ထိေတြ႔သူေတြကုိ ေစာေစာစီးစီး ရွာေဖြေဖာ္ထုတ္ၿပီး အသြားအလာကန္႔သတ္စစ္ေဆးမႈေတြရဲ႕ ရလဒ္အျဖစ္ ေျပာဆုိခဲ့တာပါ။

ေရာဂါကူးစက္ခံရတယ္လုိ႔ သံသယရွိသူေတြကုိ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္စစ္ေဆးခဲ့တာေတြ၊ ျပည္ပက၀င္လာသူေတြကုိ သတ္မွတ္ထားတဲ့ ေနရာေတြမွာ အသြားအလာ ကန္႔သတ္ထားၿပီး ေစာင့္ၾကည့္မႈေတြရဲ႕ အက်ဳိးဆက္အျဖစ္နဲ႔လည္း ေျပာဆုိခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ေရာဂါပိုး စတင္ေတြ႕ရွိခ်ိန္ မတ္လ ၂၃ ရက္ေန႔ကစလုိ႔ ဧၿပီလ ဒုတိယပတ္နဲ႔ တတိယပတ္ေတြမွာ ကူးစက္မႈႏႈန္း မ်ားျပားခဲ့ၿပီး ဧၿပီလေႏွာင္းပိုင္းမွာ ေလ်ာ့သြားခဲ့တယ္လို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ဒါေပမယ့္ ေရာဂါကူးစက္မႈေတြ ႀကံဳေနရတဲ့ ျပည္ပႏိုင္ငံေတြကေန ျပန္လာသူ ျမန္မာႏိုင္ငံသားေတြ အမ်ားအျပား ရွိေနဆဲျဖစ္သလို စက္႐ုံေတြနဲ႔ စီးပြားေရး လုပ္ငန္းေတြလည္း ျပန္လည္ ဖြင့္လွစ္ေတာ့မွာျဖစ္လို႔ ကူးစက္မႈႏႈန္း ျပန္လည္ ျမင့္တက္လာႏိုင္ေျခ ရွိတယ္လို႔လည္း သတိေပးထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------

(Unicode)

ကိုဗစ်လူနာသစ် လျော့ကျလာကြောင်း မြန်မာကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ မေလဆန်းကစလို့ COVID-19 ကပ်ရောဂါ ကူးစက်သူ လူနာသစ် ထပ်မတွေ့တော့တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဧပြီလ ၃၀ ရက်နေ့မှာ နောက်ဆုံးလူနာ ၁ ဦးကို အတည်ပြုခဲ့ချိန်ကစလို့ အခုအချိန်အထိဆိုရင် သေဆုံးသူ ၆ ဦး အပါအဝင် စုစုပေါင်း ကူးစက်သူ ၁၅၁ ယောက် ရှိကြောင်းလည်း တနင်္ဂနွေနေ့ ညနေ ၆ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ကျန်းမာရေး ဝန်ကြီးဌာနကတော့ ကူးစက်မှုအသစ်တွေ လျော့နည်းသွားတာဟာ ဓာတ်ခွဲအတည်ပြု လူနာတွေနဲ့ အနီးကပ်ထိတွေ့သူတွေကို စောစောစီးစီး ရှာဖွေဖော်ထုတ်ပြီး အသွားအလာကန့်သတ်စစ်ဆေးမှုတွေရဲ့ ရလဒ်အဖြစ် ပြောဆိုခဲ့တာပါ။

ရောဂါကူးစက်ခံရတယ်လို့ သံသယရှိသူတွေကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်စစ်ဆေးခဲ့တာတွေ၊ ပြည်ပကဝင်လာသူတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြည့်မှုတွေရဲ့ အကျိုးဆက်အဖြစ်နဲ့လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါပိုး စတင်တွေ့ရှိချိန် မတ်လ ၂၃ ရက်နေ့ကစလို့ ဧပြီလ ဒုတိယပတ်နဲ့ တတိယပတ်တွေမှာ ကူးစက်မှုနှုန်း များပြားခဲ့ပြီး ဧပြီလနှောင်းပိုင်းမှာ လျော့သွားခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမယ့် ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ ပြည်ပနိုင်ငံတွေကနေ ပြန်လာသူ မြန်မာနိုင်ငံသားတွေ အများအပြား ရှိနေဆဲဖြစ်သလို စက်ရုံတွေနဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ပြန်လည် ဖွင့်လှစ်တော့မှာဖြစ်လို့ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာနိုင်ခြေ ရှိတယ်လို့လည်း သတိပေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-myanmar/5402959.html
ကုိဗစ္လူနာသစ္ ေလ်ာ့က်လာေၾကာင္း ျမန္မာက်န္းမာေရး၀န္ႀကီးဌာန သတင္းထုတ္ျပန္ ကုိဗစ္လူနာသစ္ ေလ်ာ့က်လာေၾကာင္း ျမန္မာက်န္းမာေရး၀န္ႀကီးဌာန သတင္းထုတ္ျပန္ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.