ျမန္မာက အတည္ျပဳလူနာ ၅၈ ရာခိုင္ႏႈန္းဟာ ေရာဂါလကၡဏာမျပသူေတြျဖစ္

ဖ်ားနာကုသမႈေဆးခန္းေတြဟာ ကိုဗစ္ေၾကာင့္ ေပၚေပါက္လာပါတယ္။
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံက ကိုဗစ္-၁၉ အတည္ျပဳလူနာေတြအနက္ ၅၈ ရာခိုင္ႏႈန္းဟာ ေရာဂါလကၡဏာမျပသူေတြျဖစ္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးကေျပာပါတယ္။

ဒီအခ်က္ေၾကာင့္ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ခံရသူေတြနဲ႔ ျပည္သူေတြအေနနဲ႔ ဝန္ႀကီးဌာနက ထုတ္ထားတဲ့ ေဆာင္ရန္ေရွာင္ရန္ေတြကို ေသခ်ာလိုက္နာမွသာ ေရာဂါကူးစက္ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ႏိုင္မယ္လို႔ ဆိုပါတယ္။

ဒီအခ်ိန္မွာ အားစိုက္ႀကိဳးပမ္းမွ လာမယ့္ကာလေတြမွာ ျပည္သူေတြေရာဂါကူးစက္ခံရမႈနဲ႔ ေသဆုံးမႈနည္းသြားမယ္လို႔လည္း ဝန္ႀကီးက ဆိုပါတယ္။

ေမလ ၃ ရက္က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ကိုဗစ္ထိန္းခ်ဳပ္ကာကြယ္ေရးလုပ္ငန္းအစည္းအေဝးမွာ ဝန္ႀကီးကေျပာခဲ့တာျဖစ္ပါတယ္။

ျမန္မာမွာ ေမလ ၃ ရက္ မနက္ပိုင္းထိ အတည္ျပဳလူနာ ၁၅၁ ဦး၊ ေစာင့္ၾကည့္လူနာ ၃၂၂၇ နဲ႔ ဓာတ္ခြဲစစ္ေဆးသူေပါင္း ၈၄၆၀ ဦး ျဖစ္ပါတယ္။ ျပန္လည္က်န္းမာလာသူ ၃၇ ဦးရွိၿပီး ေသဆုံးသူ ၆ ဦးျဖစ္ပါတယ္။

 ျပန္လည္က်န္းမာလာလို႔ ေဆး႐ုံဆင္းခြင့္ရတဲ့ လူနာနံပါတ္ ၁၄။
ေနာက္ဆုံးေတြ႕ရွိထားတဲ့ လူနာနံပါတ္ ၁၅၁ ဟာ ခရီးသြားရာဇဝင္နဲ႔ အတည္ျပဳလူနာနဲ႔ထိေတြ႕မႈမရွိဘူးလို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့ သူနဲ႔ထိေတြ႕သူေတြကို ထပ္မံစုံစမ္းတဲ့အခါ သူ႔ရဲ႕အခန္းေဖာ္ဟာ ပုဂၢလိက အထူးကုေဆး႐ုံက သူနာျပဳတစ္ဦးျဖစ္တယ္ဆိုတာ သိရွိရၿပီး လိုအပ္တဲ့ အသြားအလာကန႔္သတ္မႈေတြလုပ္ထားတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။

BBC Burmese
--------------------------------
(Unicode)⤵⤵⤵
 မြန်မာက အတည်ပြုလူနာ ၅၈ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြသူတွေဖြစ်

မြန်မာနိုင်ငံက ကိုဗစ်-၁၉ အတည်ပြုလူနာတွေအနက် ၅၈ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

ဒီအချက်ကြောင့် အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူတွေနဲ့ ပြည်သူတွေအနေနဲ့ ဝန်ကြီးဌာနက ထုတ်ထားတဲ့ ဆောင်ရန်ရှောင်ရန်တွေကို သေချာလိုက်နာမှသာ ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာ အားစိုက်ကြိုးပမ်းမှ လာမယ့်ကာလတွေမှာ ပြည်သူတွေရောဂါကူးစက်ခံရမှုနဲ့ သေဆုံးမှုနည်းသွားမယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

မေလ ၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းအစည်းအဝေးမှာ ဝန်ကြီးကပြောခဲ့တာဖြစ်ပါတယ်။

မြန်မာမှာ မေလ ၃ ရက် မနက်ပိုင်းထိ အတည်ပြုလူနာ ၁၅၁ ဦး၊ စောင့်ကြည့်လူနာ ၃၂၂၇ နဲ့ ဓာတ်ခွဲစစ်ဆေးသူပေါင်း ၈၄၆၀ ဦး ဖြစ်ပါတယ်။ ပြန်လည်ကျန်းမာလာသူ ၃၇ ဦးရှိပြီး သေဆုံးသူ ၆ ဦးဖြစ်ပါတယ်။

နောက်ဆုံးတွေ့ရှိထားတဲ့ လူနာနံပါတ် ၁၅၁ ဟာ ခရီးသွားရာဇဝင်နဲ့ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိဘူးလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ သူနဲ့ထိတွေ့သူတွေကို ထပ်မံစုံစမ်းတဲ့အခါ သူ့ရဲ့အခန်းဖော်ဟာ ပုဂ္ဂလိက အထူးကုဆေးရုံက သူနာပြုတစ်ဦးဖြစ်တယ်ဆိုတာ သိရှိရပြီး လိုအပ်တဲ့ အသွားအလာကန့်သတ်မှုတွေလုပ်ထားတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52518408
ျမန္မာက အတည္ျပဳလူနာ ၅၈ ရာခိုင္ႏႈန္းဟာ ေရာဂါလကၡဏာမျပသူေတြျဖစ္  ျမန္မာက အတည္ျပဳလူနာ ၅၈ ရာခိုင္ႏႈန္းဟာ ေရာဂါလကၡဏာမျပသူေတြျဖစ္ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.