မြောက်ကိုရီးယားက ဗြိတိန်သံရုံး ယာယီပိတ်ထားလိုက်ပြီ

ဗြိတိန်နိုင်ငံရဲ့ အလံ
(Unicode)⤵⤵⤵
မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကြောင့် အဲဒီမှာရှိတဲ့ ဗြိတိန်သံရုံးကို ယာယီပိတ်ထားတယ်လို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ပြောလိုက်ပါတယ်။

ပြုံယမ်းမြို့မှာရှိတဲ့ ဗြိတိန်သံရုံးကို ၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့မှာ ယာယီပိတ်လိုက်ပြီး သံတမန်ဝန်ထမ်းအားလုံးလည်း အခုအခါမှာ မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ခွာသွားကြပြီလို့ သံအမတ်ကြီး Colin Crooks က တွစ်တာကနေ ကြာသပတေးနေ့မှာ ရေးပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို လေ့လာစောင့်ကြည့်နေတဲ့ တောင်ကိုရီးယားအခြေစိုက် NK သတင်းဌာနကတော့ ဗြိတိန်သံရုံးဝန်ထမ်းဟာ နယ်စပ်ကို ဖြတ်ပြီး တရုတ်နိုင်ငံထဲကို ကုန်းကြောင်းကနေ ဝင်သွားတယ်လို့ ပြောပါတယ်။ ပြုံယမ်းမှာရှိတဲ့ ဗြိတိန်သံရုံးက သံဝန်ထမ်းတွေကို ထွက်ဖို့ဆုံးဖြတ်ရတာဟာ ကန့်သတ်ချက်တွေကြောင့် မြောက်ကိုရီးယားနိုင်ငံထဲကို ဝင်ဖို့ မဖြစ်နိုင်တဲ့အတွက် သံဝန်ထမ်းတွေကို အလှည့်ကျလဲလှယ်သွားဖို့ သံရုံးလုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ မဖြစ်နိုင်ဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ ပြုံယမ်းမှာ ရှိတဲ့ သူတို့ရဲ့ သံရုံးကို တတ်နိုင်သမျှအစောဆုံး ပြန်ဖွင့်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ မြောက်ကိုရိးယားဟာ COVID-19 ကပ်ရောဂါကြီးစဖြစ်ချိန်ကစပြီး သူတို့ရဲ့ နယ်စပ်တွေကို ပိတ်ပြီး၊ နိုင်ငံတွင်းမှာနေတဲ့ နိုင်ငံခြားသားတွေကိုလည်း အပြင်မထွက်ဖို့ တင်းတင်းကြပ်ကြပ်ထိန်းချုပ်ခဲ့တာကြောင့် နိုင်ငံအတော်များများ သူတို့ရဲ့ သံအမတ်တွေကို ပြန်ခေါ်ပြီး သံတမန်လုပ်ငန်းစဉ်တွေကို ရပ်ပစ်ခဲ့ရတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
ေျမာက္ကိုရီးယားက ၿဗိတိန္သံ႐ုံး ယာယီပိတ္ထားလိုက္ၿပီ

ေျမာက္ကိုရီးယားႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး တင္းက်ပ္တဲ့ ကန႔္သတ္ခ်က္ေတြေၾကာင့္ အဲဒီမွာရွိတဲ့ ၿဗိတိန္သံ႐ုံးကို ယာယီပိတ္ထားတယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီးက ေျပာလိုက္ပါတယ္။

ၿပဳံယမ္းၿမိဳ႕မွာရွိတဲ့ ၿဗိတိန္သံ႐ုံးကို ၂၀၂၀ ခုႏွစ္ ေမလ ၂၇ ရက္ေန႔မွာ ယာယီပိတ္လိုက္ၿပီး သံတမန္ဝန္ထမ္းအားလုံးလည္း အခုအခါမွာ ေျမာက္ကိုရီးယားႏိုင္ငံကေန ထြက္ခြာသြားၾကၿပီလို႔ သံအမတ္ႀကီး Colin Crooks က တြစ္တာကေန ၾကာသပေတးေန႔မွာ ေရးပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံကို ေလ့လာေစာင့္ၾကည့္ေနတဲ့ ေတာင္ကိုရီးယားအေျခစိုက္ NK သတင္းဌာနကေတာ့ ၿဗိတိန္သံ႐ုံးဝန္ထမ္းဟာ နယ္စပ္ကို ျဖတ္ၿပီး တ႐ုတ္ႏိုင္ငံထဲကို ကုန္းေၾကာင္းကေန ဝင္သြားတယ္လို႔ ေျပာပါတယ္။ ၿပဳံယမ္းမွာရွိတဲ့ ၿဗိတိန္သံ႐ုံးက သံဝန္ထမ္းေတြကို ထြက္ဖို႔ဆုံးျဖတ္ရတာဟာ ကန႔္သတ္ခ်က္ေတြေၾကာင့္ ေျမာက္ကိုရီးယားႏိုင္ငံထဲကို ဝင္ဖို႔ မျဖစ္ႏိုင္တဲ့အတြက္ သံဝန္ထမ္းေတြကို အလွည့္က်လဲလွယ္သြားဖို႔ သံ႐ုံးလုပ္ငန္းေတြကို ဆက္လုပ္သြားဖို႔ မျဖစ္ႏိုင္ဘူးလို႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ၿဗိတိန္အစိုးရအေနနဲ႔ ၿပဳံယမ္းမွာ ရွိတဲ့ သူတို႔ရဲ႕ သံ႐ုံးကို တတ္ႏိုင္သမွ်အေစာဆုံး ျပန္ဖြင့္ႏိုင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ ေျပာပါတယ္။ ေျမာက္ကိုရိးယားဟာ COVID-19 ကပ္ေရာဂါႀကီးစျဖစ္ခ်ိန္ကစၿပီး သူတို႔ရဲ႕ နယ္စပ္ေတြကို ပိတ္ၿပီး၊ ႏိုင္ငံတြင္းမွာေနတဲ့ ႏိုင္ငံျခားသားေတြကိုလည္း အျပင္မထြက္ဖို႔ တင္းတင္းၾကပ္ၾကပ္ထိန္းခ်ဳပ္ခဲ့တာေၾကာင့္ ႏိုင္ငံအေတာ္မ်ားမ်ား သူတို႔ရဲ႕ သံအမတ္ေတြကို ျပန္ေခၚၿပီး သံတမန္လုပ္ငန္းစဥ္ေတြကို ရပ္ပစ္ခဲ့ရတာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/nkorea-british-emabssy/5440807.html
မြောက်ကိုရီးယားက ဗြိတိန်သံရုံး ယာယီပိတ်ထားလိုက်ပြီ မြောက်ကိုရီးယားက ဗြိတိန်သံရုံး ယာယီပိတ်ထားလိုက်ပြီ Reviewed by THITHTOOLWIN on 04:19 Rating: 5
Powered by Blogger.