ေနျပည္ေတာ္ ပ်ဥ္းမနားမွာ ေရရွားလို႔အခက္ေတြ႕၊ အလႉရွင္ေတြ လာေရာက္လႉဒါန္း

(Zawgyi)⤵⤵⤵
ပ်ဥ္မနားၿမိဳ႕ေပၚက ရပ္ကြက္တခ်ိဳ႕နဲ႔ ေက်း႐ြာေတြမွာ ရာသီဥတုပူျပင္းတာေၾကာင့္ ေရတြင္းေတြမွာ ေရခမ္းေျခာက္တာမ်ိဳးေတြ ရွိေနလို႔ ဒီႏွစ္ေႏြရာသီမွာ ေသာက္သုံးေရျပတ္လတ္တာေတြ ႀကဳံေနရတယ္လို႔ ပ်ဥ္းမနားၿမိဳ႕နယ္ ေဒသခံေတြက ေျပာပါတယ္။

ပ်ဥ္းမနားၿမိဳ႕မွာ ရပ္ကြက္ႀကီး ၅ ရပ္ကြက္ရွိၿပီး စည္ပင္က ေရေပးေဝႏိုင္တာက ၁၀ ရာခိုင္ႏႈန္းေလာက္သာ ရွိပါတယ္။

ဒါေၾကာင့္မို႔ ပ်ဥ္းမနားၿမိဳ႕က အိမ္ေတြေတာ္ေတာ္မ်ားမ်ားမွာ အဝီစိတြင္းတူးၿပီး အဝီစိေရကိုသာ အဓိက ထားအသုံးျပဳေနၾကရတာပါ။ အဝီစိတြင္း မရွိတဲ့အိမ္နဲ႔ လက္လုပ္လက္စား အမ်ားစုကေတာ့ ေရကိုဝယ္ၿပီး သုံးၾကရတာပါ။

ပ်ဥ္းမနားၿမိဳ႕ ဦးမင္းဒင္ရပ္ကြက္မွာ ေနထိုင္တဲ့ ေဒၚခိုင္မာကေတာ့ အခုလို ကပ္ေရာဂါျဖစ္ေနတဲ့ကာလ စားဝတ္ေနေရးၾကပ္တည္းေနတဲ့အခ်ိန္မွာ ေရဝယ္သုံးဖို႔ အခက္အခဲရွိေနတယ္လို႔ ေျပာပါတယ္။

အရင္က ေသာက္သုံးေရအတြက္ကို ရပ္ကြက္ထဲက ဘုန္းႀကီးေက်ာင္းကေန သြားခပ္ေလ့ရွိေပမယ့္၊ အခုအခါမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ လူအဝင္အထြက္ ကန႔္သတ္တာမ်ိဳးေတြ ေဆာင္႐ြက္ေနလို႔၊ ေရကအရင္လို လိုသေလာက္မရေတာ့ဘဲ အကန႔္အသတ္နဲ႔သာ ရေတာ့တယ္လို႔ ပ်ဥ္းမနားၿမိဳ႕ ေတာင္သာရပ္ကြက္က ဦးျမင့္သိန္းက ေျပာပါတယ္။

အခုလို ေသာက္သုံးေရ အခက္အခဲရွိေနတာေၾကာင့္ ပ်ဥ္းမနားၿမိဳ႕ေပၚက ပရဟိတအသင္းတခ်ိဳ႕က ေရအခက္အခဲ ႀကဳံေနရတဲ့ လက္လုပ္လက္စားရပ္ကြက္ေတြကို ဦးစားေပးၿပီး ေသာက္သုံးေရေတြ လႉဒါန္းေပးေနပါတယ္။

ပ်ဥ္းမနားၿမိဳ႕အေျခစိုက္ မွ်ေဝေသာလက္မ်ား ပရဟိတအဖြဲ႕က ပ်ဥ္းမနားၿမိဳ႕နယ္တြင္းက ေတာင္သာရပ္ကြက္နဲ႔ ဦးမင္းဒင္ရပ္ကြက္က ေရခက္ခဲတဲ့ေနရာ သုံးေနရာမွာ ေသာက္သုံးေရေတြ ဒီေန႔ေပးလႉခဲ့တာ ေတြ႕ရပါတယ္။

မွ်ေဝေသာလက္မ်ား ပရဟိတအဖြဲ႕က ဒုဥကၠ႒ ဦးေက်ာ္သူရက ပရဟိတအသင္းအေနနဲ႔ အခုလို ေရေပးလႉႏိုင္တာဟာ ေရတိုအတြက္သာျဖစ္ၿပီး ေရရွည္အတြက္ကိုေတာ့ အစိုးရအေနနဲ႔ အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးဖို႔ လိုအပ္တယ္လို႔အႀကံျပဳပါတယ္။

ပ်ဥ္းမနားၿမိဳ႕နယ္မွာ ေရတြင္းအနက္ ေပ ၁၀၀ ပတ္ခ်ာလည္ေလာက္ တြင္းေတြမွာ ေရခမ္းေျခာက္တာေတြျဖစ္ၿပီး အရင္ႏွစ္ေတြမွာ ေရမျပတ္ခဲ့ဘူးတဲ့ ရပ္ကြက္ေတြမွာေတာင္၊ ဒီႏွစ္ ေရျပတ္လတ္တာေတြ ႀကဳံေနတာပါ။

အသင္းအေနနဲ႔ ေရလႉေပးတဲ့ ေလးႏွစ္အတြင္းမွာ၊ ပ်ဥ္းမနားၿမိဳ႕မွာ အခုအႀကိမ္ ေရျပတ္လပ္တာက အဆိုးဆုံးျဖစ္တယ္လို႔ ဦးေက်ာ္သူရက ေျပာပါတယ္။

ပ်ဥ္းမနားၿမိဳ႕က ရပ္ကြက္ေတြကို ပ်ဥ္းမနားၿမိဳ႕ စည္ပင္က အဝီစိတြင္း ရွစ္တြင္းကေန ေရေပးေဝေနတာ ျဖစ္ေပမယ့္ လုံေလာက္မႈမရွိပါဘူး။ ဒါ့ေၾကာင့္ ဒီႏွစ္ေႏြရာသီမွာ ေရအခက္အခဲ အဆင္ေျပႏိုင္ဖို႔အတြက္ ဂါလံ ၈၀၀ ဆန႔္ကားနဲ႔ ေရမရတဲ့ရပ္ကြက္ေတြကို၊ လွည့္ၿပီး ေရေပးသြားမယ္လို႔ ပ်ဥ္းမနားၿမိဳ႕နယ္ စည္ ပင္သာယာ႐ုံးအဖြဲ႕  လက္ေထာက္အင္ဂ်င္နီယာ ဦးေအာင္ၿမိဳင္က RFA ကို ေျပာပါတယ္။

ပ်ဥ္းမနားၿမိဳ႕လိုပဲ က်န္တဲ့ အပူခ်ိန္ျမင့္မားတဲ့ေဒသတစ္ခ်ိဳ႕ျဖစ္တဲ့ မေကြးတိုင္းတြင္းက ေက်း႐ြာေတြမွာလည္း ေရအခက္အခဲေတြ ႀကဳံေတြ႕ေနရတဲ့အတြက္ အလႉရွင္တစ္ခ်ိဳ႕က လႉဒါန္းေပးေနရတယ္လို႔ သိရပါတယ္။

RFA Burmese
-----------------------------

(Unicode)⤵⤵⤵
နေပြည်တော် ပျဉ်းမနားမှာ ရေရှားလို့အခက်တွေ့၊ အလှူရှင်တွေ လာရောက်လှူဒါန်း

ပျဉ်မနားမြို့ပေါ်က ရပ်ကွက်တချို့နဲ့ ကျေးရွာတွေမှာ ရာသီဥတုပူပြင်းတာကြောင့် ရေတွင်းတွေမှာ ရေခမ်းခြောက်တာမျိုးတွေ ရှိနေလို့ ဒီနှစ်နွေရာသီမှာ သောက်သုံးရေပြတ်လတ်တာတွေ ကြုံနေရတယ်လို့ ပျဉ်းမနားမြို့နယ် ဒေသခံတွေက ပြောပါတယ်။

ပျဉ်းမနားမြို့မှာ ရပ်ကွက်ကြီး ၅ ရပ်ကွက်ရှိပြီး စည်ပင်က ရေပေးဝေနိုင်တာက ၁၀ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။

ဒါကြောင့်မို့ ပျဉ်းမနားမြို့က အိမ်တွေတော်တော်များများမှာ အဝီစိတွင်းတူးပြီး အဝီစိရေကိုသာ အဓိက ထားအသုံးပြုနေကြရတာပါ။ အဝီစိတွင်း မရှိတဲ့အိမ်နဲ့ လက်လုပ်လက်စား အများစုကတော့ ရေကိုဝယ်ပြီး သုံးကြရတာပါ။

ပျဉ်းမနားမြို့ ဦးမင်းဒင်ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်ခိုင်မာကတော့ အခုလို ကပ်ရောဂါဖြစ်နေတဲ့ကာလ စားဝတ်နေရေးကြပ်တည်းနေတဲ့အချိန်မှာ ရေဝယ်သုံးဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။

အရင်က သောက်သုံးရေအတွက်ကို ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းကနေ သွားခပ်လေ့ရှိပေမယ့်၊ အခုအခါမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူအဝင်အထွက် ကန့်သတ်တာမျိုးတွေ ဆောင်ရွက်နေလို့၊ ရေကအရင်လို လိုသလောက်မရတော့ဘဲ အကန့်အသတ်နဲ့သာ ရတော့တယ်လို့ ပျဉ်းမနားမြို့ တောင်သာရပ်ကွက်က ဦးမြင့်သိန်းက ပြောပါတယ်။

အခုလို သောက်သုံးရေ အခက်အခဲရှိနေတာကြောင့် ပျဉ်းမနားမြို့ပေါ်က ပရဟိတအသင်းတချို့က ရေအခက်အခဲ ကြုံနေရတဲ့ လက်လုပ်လက်စားရပ်ကွက်တွေကို ဦးစားပေးပြီး သောက်သုံးရေတွေ လှူဒါန်းပေးနေပါတယ်။

ပျဉ်းမနားမြို့အခြေစိုက် မျှဝေသောလက်များ ပရဟိတအဖွဲ့က ပျဉ်းမနားမြို့နယ်တွင်းက တောင်သာရပ်ကွက်နဲ့ ဦးမင်းဒင်ရပ်ကွက်က ရေခက်ခဲတဲ့နေရာ သုံးနေရာမှာ သောက်သုံးရေတွေ ဒီနေ့ပေးလှူခဲ့တာ တွေ့ရပါတယ်။

မျှဝေသောလက်များ ပရဟိတအဖွဲ့က ဒုဥက္ကဋ္ဌ ဦးကျော်သူရက ပရဟိတအသင်းအနေနဲ့ အခုလို ရေပေးလှူနိုင်တာဟာ ရေတိုအတွက်သာဖြစ်ပြီး ရေရှည်အတွက်ကိုတော့ အစိုးရအနေနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့အကြံပြုပါတယ်။

ပျဉ်းမနားမြို့နယ်မှာ ရေတွင်းအနက် ပေ ၁၀၀ ပတ်ချာလည်လောက် တွင်းတွေမှာ ရေခမ်းခြောက်တာတွေဖြစ်ပြီး အရင်နှစ်တွေမှာ ရေမပြတ်ခဲ့ဘူးတဲ့ ရပ်ကွက်တွေမှာတောင်၊ ဒီနှစ် ရေပြတ်လတ်တာတွေ ကြုံနေတာပါ။

အသင်းအနေနဲ့ ရေလှူပေးတဲ့ လေးနှစ်အတွင်းမှာ၊ ပျဉ်းမနားမြို့မှာ အခုအကြိမ် ရေပြတ်လပ်တာက အဆိုးဆုံးဖြစ်တယ်လို့ ဦးကျော်သူရက ပြောပါတယ်။

ပျဉ်းမနားမြို့က ရပ်ကွက်တွေကို ပျဉ်းမနားမြို့ စည်ပင်က အဝီစိတွင်း ရှစ်တွင်းကနေ ရေပေးဝေနေတာ ဖြစ်ပေမယ့် လုံလောက်မှုမရှိပါဘူး။ ဒါ့ကြောင့် ဒီနှစ်နွေရာသီမှာ ရေအခက်အခဲ အဆင်ပြေနိုင်ဖို့အတွက် ဂါလံ ၈၀၀ ဆန့်ကားနဲ့ ရေမရတဲ့ရပ်ကွက်တွေကို၊ လှည့်ပြီး ရေပေးသွားမယ်လို့ ပျဉ်းမနားမြို့နယ် စည် ပင်သာယာရုံးအဖွဲ့  လက်ထောက်အင်ဂျင်နီယာ ဦးအောင်မြိုင်က RFA ကို ပြောပါတယ်။

ပျဉ်းမနားမြို့လိုပဲ ကျန်တဲ့ အပူချိန်မြင့်မားတဲ့ဒေသတစ်ချို့ဖြစ်တဲ့ မကွေးတိုင်းတွင်းက ကျေးရွာတွေမှာလည်း ရေအခက်အခဲတွေ ကြုံတွေ့နေရတဲ့အတွက် အလှူရှင်တစ်ချို့က လှူဒါန်းပေးနေရတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/pyinmana-water-shortage-05112020122151.html
ေနျပည္ေတာ္ ပ်ဥ္းမနားမွာ ေရရွားလို႔အခက္ေတြ႕၊ အလႉရွင္ေတြ လာေရာက္လႉဒါန္း ေနျပည္ေတာ္ ပ်ဥ္းမနားမွာ ေရရွားလို႔အခက္ေတြ႕၊ အလႉရွင္ေတြ လာေရာက္လႉဒါန္း Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.