ဖြည့်စွက်တောင်းခံငွေ မဖြတ်တောက်ဖို့ ကာကွယ်ရေးဝန်ကြီး လွှတ်တော်မှာတင်ပြ

(Unicode)⤵⤵⤵
တပ်မတော်သားတွေဟာ ကပ်ရောဂါကာလမှာတောင် နယ်စပ်ဒေသတွေမှာ တိုင်းပြည်တာဝန်ကို အသက်စွန့်ပြီး ထမ်းဆောင်နေရတာကြောင့်၊ ဖြည့်စွက်ခွင့်ပြုငွေကို မဖြတ်တောက်ဖို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ ကျပ်သန်းပေါင်း နှစ်သိန်းနီးပါး ထဲက၊ ကျပ်သန်းပေါင်း ၁၀,၆၀၀ ကို လျှော့ချဖြတ်တောက်ဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့၊ ဖြည့်စွက်ခွင့်ပြုငွေ ကျပ်သန်းပေါင်း နှစ်သိန်းနီးပါး (၁၉၇,၆၈၈.၉၈၅ ) ထဲက၊ ကျပ်သန်းပေါင်း ၁၀,၆၀၀ ကို လျှော့ချဖြတ်တောက်ဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အစိုးရရဲ့ “အာမခံချက်များ၊ ကတိကဝတ်များနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌ၊ NLD ပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က၊ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ ငွေထဲက၊ ကျပ်သန်းပေါင်း ၂၂,၇၀၀ ကို ဖြတ်တောက်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ မေလ ၂၂ ရက်နေ့က တင်ပြခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကတော့ ကပ်ရောဂါကာလဖြစ်ပေမယ့် တပ်မတော်သား တွေ အနေနဲ့၊ နိုင်ငံတော် လုံခြုံရေးနဲ့ အစိုးရယန္တရား လည်ပတ်ရေးအတွက် နယ်စပ်ဒေသတွေမှာ နေ့စဉ် တာဝန် ထမ်းဆောင်နေတာဖြစ်လို့ ဒီတောင်းခံငွေကို မဖြတ်တောက်ဖို့ တင်ပြသွားပါတယ်။

"လွှတ်တော် ကိုယ်စားလှယ်တော်ကြီးက ကိုဗစ်ကြောင့် ခရီးသွားလာနိုင်ခွင့်မရှိဟုဆိုသော်လည်းပဲ ကျနော် တို့ရဲ့ စစ်သည်တော်များဟာ ဝေးလံခေါင်သီလှတဲ့ နယ်စပ်ဒေသတွေမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား တည်မြဲခိုင်မာနေဖို့ နေ့စဉ်နဲ့အမျှ တိုင်းပြည်တာဝန်ကို သက်စွန့် ကြိုးပမ်း ထမ်းဆောင်နေကြရလျက် ရှိပါတယ်။ ကြုံကြိုက်လို့ တင်ပြရရင် အေအေ အကြမ်းဖက် သောင်းကြမ်းသူများ တိုက်ခိုက်မူနဲ့ ကစ္ဆပနဒီမြစ် ရေကြောင်းကြပ်တဲ့ အခြေအနေများအရ ချင်းပြည်နယ် ပလက်ဝမြို့သို့ တပ်မတော် ရဟတ်ယာဉ်များ အသုံးပြုပြီး ဆောင်ရွက်လျက်ရှိရာမှာ တပ်မတော်သားများအတွက်သာမက ဒေသခံများ၊ နိုင်ငံဝန်ထမ်းများ၊ ဘဏ်ငွေများ၊ အခြေခံပညာ အထက်တန်းစာမေးပွဲ မေးခွန်းများ၊ အဖြေလွှာများ စသဖြင့် နိုင်ငံတော်အတွက် လိုအပ်တဲ့ အထောက်အကူများ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက် ရှိကြောင်း တင်ပြလိုပါတယ်။"

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံဘဏ္ဍာကို ဖြုန်းတီးခြင်း မရှိသလို၊ နိုင်ငံတကာနဲ့ အိမ်နီးချင်း တိုင်းပြည်တွေ က အစိုးရတပ်တွေနဲ့ နှိုင်းယှဉ်ကြည့်ဖို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောသွားပါတယ်။

အခု တောင်းခံငွေထဲမှာ ပလက်ဝမြို့နယ်က ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို၊ ရဟတ်ယာဉ်တွေ သုံးပြီး ထောက်ပံ့ပေးရတဲ့ ကုန်ကျစရိတ်တွေ ပါဝင်ကြောင်းနဲ့ အစိုးရရဲ့ တစ်ခြား ဝန်ကြီးဌာနတစ်ခုမှာ ရဟတ်ယာဉ် တစ်စီး ဝယ်ယူထားတာလည်းရှိလို့၊ ရဟတ်ယာဉ်အတွက် ကုန်ကျစရိတ် ဘယ်လောက်ရှိသလဲ ဆိုတာကို လေ့လာစေလိုတယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်းခံငွေစာရင်းထဲမှာ ဓာတ်ဆီ၊ စက်သုံးဆီ အသုံးစရိတ်၊ ခရီးစရိတ်၊ နေ့တွက် စရိတ်၊ အမှုထမ်းပို့ဆောင်ရေး၊ အဆောက်အဦ ထိန်းသိမ်းရေး၊ ပညာရှင်ငှားရမ်းခ ၊ တပ်မြို့ စည်ပင်သာယာရေး အတွက် လိုအပ်ငွေ၊ တပ်သိမ်းမြေတွေအတွက် မြေယာလျော်ကြေးပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် ဖြည့်စွက် ခွင့်ပြုငွေထဲကနေ၊ ကျပ်သန်းပေါင်း ၁၀,၆၀၀ ကို လျှော့ချဖြတ်တောက်မယ်လို့ လွှတ်တော်မှာ ပြောပါတယ်။

"ပညာရှင် ငှားရမ်းခကိုတော့ မူလပြင်ဆင်အဆိုပြုတဲ့အတိုင်း ကျပ် သန်း ၃၀၀ စိစစ်လျှော့ချဖို့၊ စုစုပေါင်း ကျပ်သန်းပေါင်း ၆၀၀၀ ကျနော်တို့ စိစစ်လျော့ချဖို့ ညှိနှိုင်းဆွေးနွေးပြီးတော့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီပြင်ဆင် အဆိုပြုချက်မှာ စိစစ်ဖြတ်တောက်တဲ့ ကျပ်သန်းပေါင်း ၆၀၀၀ အပါအဝင် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ စီစစ်ဖြတ်တောက်ချက် ကျပ်သန်းပေါင်း ၄၆၀၀ နဲ့ ပေါင်းမယ်ဆိုလို့ရှိရင် ကာကွယ်ရေးဝန်ကြီးဌာနကို စိစစ်ဖြတ်တောက်တဲ့ ငွေစုစုပေါင်းဟာ ကျပ်သန်းပေါင်း တစ်သောင်းနဲ့ခြောက်ရာ ( ၁၀, ၆၀၀ ) ဖြစ်မှာ ဖြစ်ပါတယ်။"

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်အလိုက် ဘတ်ဂျက်တောင်းခံမူနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ “ပြည်သူ့လွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌ ဒေါက်တာ မေဝင်းမြင့်ကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့‌ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးနိုင်ကတော့၊ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်စွက်ရန်ပုံငွေ ဘယ်လောက်တောင်းခံခဲ့တယ်ဆိုတာ မမှတ်မိပေမယ့်၊ တောင်းသမျှကို ဖြတ်တောက်တာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကျပ်သန်းပေါင်း ၂၂,၇၀၀ကို လျှော့ချဖြတ်တောက်ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က တင်ပြခဲ့ပြီး မေလ ၂၅ ရက်နေ့မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ကျပ်သန်းပေါင်း ၁၀,၆၀၀ သာ လျှော့ချဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

နေ့လယ်ပိုင်း လွှတ်တော်အစည်းအဝေး ပြန်စချိန်မှာတော့ လွှတ်တော်က အခုလို ဖြတ်တောက်တာကို ကန့်ကွက်ဖို့ မရှိဘူးလို့၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောကြားသွားပါတယ်။

ဒီနေ့ လွှတ်တော်အစည်းအဝေးကို နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန ၁၁ ခုက တာဝန်ရှိသူတွေ လာရောက် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပေါ် ပြင်ဆင်ချက်ကို၊ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ၊ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ပါတယ်။

သီဟထွန်း / RFA Burmese
------------------------------------------

(Zawgyi)⤵⤵⤵
ျဖည့္စြက္ေတာင္းခံေငြ မျဖတ္ေတာက္ဖို႔ ကာကြယ္ေရးဝန္ႀကီး လႊတ္ေတာ္မွာတင္ျပ

တပ္မေတာ္သားေတြဟာ ကပ္ေရာဂါကာလမွာေတာင္ နယ္စပ္ေဒသေတြမွာ တိုင္းျပည္တာဝန္ကို အသက္စြန႔္ၿပီး ထမ္းေဆာင္ေနရတာေၾကာင့္၊ ျဖည့္စြက္ခြင့္ျပဳေငြကို မျဖတ္ေတာက္ဖို႔ ကာကြယ္ေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းက ေတာင္းဆိုလိုက္ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ကေတာ့ ကာကြယ္ေရးဝန္ႀကီးဌာနက ေတာင္းခံထားတဲ့ က်ပ္သန္းေပါင္း ႏွစ္သိန္းနီးပါး ထဲက၊ က်ပ္သန္းေပါင္း ၁၀,၆၀၀ ကို ေလွ်ာ့ခ်ျဖတ္ေတာက္ဖို႔ ဒီကေန႔ ဆုံးျဖတ္လိုက္ပါတယ္။

၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္အတြက္ ကာကြယ္ေရးဝန္ႀကီးဌာနက ေတာင္းခံထားတဲ့၊ ျဖည့္စြက္ခြင့္ျပဳေငြ က်ပ္သန္းေပါင္း ႏွစ္သိန္းနီးပါး (၁၉၇,၆၈၈.၉၈၅ ) ထဲက၊ က်ပ္သန္းေပါင္း ၁၀,၆၀၀ ကို ေလွ်ာ့ခ်ျဖတ္ေတာက္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က ဒီေန႔ အတည္ျပဳလိုက္ပါတယ္။

အစိုးရရဲ႕ “အာမခံခ်က္မ်ား၊ ကတိကဝတ္မ်ားနဲ႔ တာဝန္ခံခ်က္မ်ား စိစစ္ေရးေကာ္မတီ” ဥကၠ႒၊ NLD ပါတီ၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ေမဝင္းျမင့္က၊ ကာကြယ္ေရးဝန္ႀကီးဌာနက ေတာင္းခံထားတဲ့ ေငြထဲက၊ က်ပ္သန္းေပါင္း ၂၂,၇၀၀ ကို ျဖတ္ေတာက္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေမလ ၂၂ ရက္ေန႔က တင္ျပခဲ့တာပါ။

ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းကေတာ့ ကပ္ေရာဂါကာလျဖစ္ေပမယ့္ တပ္မေတာ္သား ေတြ အေနနဲ႔၊ ႏိုင္ငံေတာ္ လုံၿခဳံေရးနဲ႔ အစိုးရယႏၲရား လည္ပတ္ေရးအတြက္ နယ္စပ္ေဒသေတြမွာ ေန႔စဥ္ တာဝန္ ထမ္းေဆာင္ေနတာျဖစ္လို႔ ဒီေတာင္းခံေငြကို မျဖတ္ေတာက္ဖို႔ တင္ျပသြားပါတယ္။

"လႊတ္ေတာ္ ကိုယ္စားလွယ္ေတာ္ႀကီးက ကိုဗစ္ေၾကာင့္ ခရီးသြားလာႏိုင္ခြင့္မရွိဟုဆိုေသာ္လည္းပဲ က်ေနာ္ တို႔ရဲ႕ စစ္သည္ေတာ္မ်ားဟာ ေဝးလံေခါင္သီလွတဲ့ နယ္စပ္ေဒသေတြမွာ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ အစိုးရရဲ႕ အုပ္ခ်ဳပ္ေရးယႏၲရား တည္ၿမဲခိုင္မာေနဖို႔ ေန႔စဥ္နဲ႔အမွ် တိုင္းျပည္တာဝန္ကို သက္စြန႔္ ႀကိဳးပမ္း ထမ္းေဆာင္ေနၾကရလ်က္ ရွိပါတယ္။ ႀကဳံႀကိဳက္လို႔ တင္ျပရရင္ ေအေအ အၾကမ္းဖက္ ေသာင္းၾကမ္းသူမ်ား တိုက္ခိုက္မူနဲ႔ ကစၦပနဒီျမစ္ ေရေၾကာင္းၾကပ္တဲ့ အေျခအေနမ်ားအရ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕သို႔ တပ္မေတာ္ ရဟတ္ယာဥ္မ်ား အသုံးျပဳၿပီး ေဆာင္႐ြက္လ်က္ရွိရာမွာ တပ္မေတာ္သားမ်ားအတြက္သာမက ေဒသခံမ်ား၊ ႏိုင္ငံဝန္ထမ္းမ်ား၊ ဘဏ္ေငြမ်ား၊ အေျခခံပညာ အထက္တန္းစာေမးပြဲ ေမးခြန္းမ်ား၊ အေျဖလႊာမ်ား စသျဖင့္ ႏိုင္ငံေတာ္အတြက္ လိုအပ္တဲ့ အေထာက္အကူမ်ား အားလုံးကို က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္ေပးလ်က္ ရွိေၾကာင္း တင္ျပလိုပါတယ္။"

ကာကြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ ႏိုင္ငံဘ႑ာကို ျဖဳန္းတီးျခင္း မရွိသလို၊ ႏိုင္ငံတကာနဲ႔ အိမ္နီးခ်င္း တိုင္းျပည္ေတြ က အစိုးရတပ္ေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္ဖို႔လည္း ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း က ေျပာသြားပါတယ္။

အခု ေတာင္းခံေငြထဲမွာ ပလက္ဝၿမိဳ႕နယ္က ေဒသခံေတြအတြက္ စားနပ္ရိကၡာနဲ႔ ေဆးဝါးေတြကို၊ ရဟတ္ယာဥ္ေတြ သုံးၿပီး ေထာက္ပံ့ေပးရတဲ့ ကုန္က်စရိတ္ေတြ ပါဝင္ေၾကာင္းနဲ႔ အစိုးရရဲ႕ တစ္ျခား ဝန္ႀကီးဌာနတစ္ခုမွာ ရဟတ္ယာဥ္ တစ္စီး ဝယ္ယူထားတာလည္းရွိလို႔၊ ရဟတ္ယာဥ္အတြက္ ကုန္က်စရိတ္ ဘယ္ေလာက္ရွိသလဲ ဆိုတာကို ေလ့လာေစလိုတယ္လို႔လည္း သူက ေဝဖန္ခဲ့ပါတယ္။

ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေတာင္းခံေငြစာရင္းထဲမွာ ဓာတ္ဆီ၊ စက္သုံးဆီ အသုံးစရိတ္၊ ခရီးစရိတ္၊ ေန႔တြက္ စရိတ္၊ အမႈထမ္းပို႔ေဆာင္ေရး၊ အေဆာက္အဦ ထိန္းသိမ္းေရး၊ ပညာရွင္ငွားရမ္းခ ၊ တပ္ၿမိဳ႕ စည္ပင္သာယာေရး အတြက္ လိုအပ္ေငြ၊ တပ္သိမ္းေျမေတြအတြက္ ေျမယာေလ်ာ္ေၾကးေပးဖို႔ စတဲ့ အခ်က္ေတြ ပါဝင္ပါတယ္။

ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီ ဒုတိယ ဥကၠ႒ ဦးေအာင္မင္းက ကာကြယ္ေရးဝန္ႀကီးဌာနအတြက္ ျဖည့္စြက္ ခြင့္ျပဳေငြထဲကေန၊ က်ပ္သန္းေပါင္း ၁၀,၆၀၀ ကို ေလွ်ာ့ခ်ျဖတ္ေတာက္မယ္လို႔ လႊတ္ေတာ္မွာ ေျပာပါတယ္။

"ပညာရွင္ ငွားရမ္းခကိုေတာ့ မူလျပင္ဆင္အဆိုျပဳတဲ့အတိုင္း က်ပ္ သန္း ၃၀၀ စိစစ္ေလွ်ာ့ခ်ဖို႔၊ စုစုေပါင္း က်ပ္သန္းေပါင္း ၆၀၀၀ က်ေနာ္တို႔ စိစစ္ေလ်ာ့ခ်ဖို႔ ညႇိႏႈိင္းေဆြးေႏြးၿပီးေတာ့ သေဘာတူညီခ်က္ ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ ဒီျပင္ဆင္ အဆိုျပဳခ်က္မွာ စိစစ္ျဖတ္ေတာက္တဲ့ က်ပ္သန္းေပါင္း ၆၀၀၀ အပါအဝင္ ျပည္သူ႔ ေငြစာရင္း ပူးေပါင္းေကာ္မတီရဲ႕ စီစစ္ျဖတ္ေတာက္ခ်က္ က်ပ္သန္းေပါင္း ၄၆၀၀ နဲ႔ ေပါင္းမယ္ဆိုလို႔ရွိရင္ ကာကြယ္ေရးဝန္ႀကီးဌာနကို စိစစ္ျဖတ္ေတာက္တဲ့ ေငြစုစုေပါင္းဟာ က်ပ္သန္းေပါင္း တစ္ေသာင္းနဲ႔ေျခာက္ရာ ( ၁၀, ၆၀၀ ) ျဖစ္မွာ ျဖစ္ပါတယ္။"

ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ႏွစ္အလိုက္ ဘတ္ဂ်က္ေတာင္းခံမူနဲ႔ ပတ္သက္ၿပီး ေမးျမန္းဖို႔ “ျပည္သူ႔လႊတ္ေတာ္ အစိုးရရဲ႕ အာမခံခ်က္မ်ား၊ ကတိမ်ားႏွင့္ တာဝန္ခံခ်က္မ်ား စိစစ္ေရးေကာ္မတီ” ဥကၠ႒ ေဒါက္တာ ေမဝင္းျမင့္ကို ဖုန္းနဲ႔ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့‌ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

အဲဒီေကာ္မတီအဖြဲ႕ဝင္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမ်ိဳးႏိုင္ကေတာ့၊ ၿပီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ အတြက္ ကာကြယ္ေရးဝန္ႀကီးဌာနက ျဖည့္စြက္ရန္ပုံေငြ ဘယ္ေလာက္ေတာင္းခံခဲ့တယ္ဆိုတာ မမွတ္မိေပမယ့္၊ ေတာင္းသမွ်ကို ျဖတ္ေတာက္တာမ်ိဳး မရွိခဲ့ဘူးလို႔ ေျပာပါတယ္။

ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီ ဒုဥကၠ႒ ဦးေအာင္မင္းက ကာကြယ္ေရးဝန္ႀကီးဌာနအတြက္ က်ပ္သန္းေပါင္း ၂၂,၇၀၀ကို ေလွ်ာ့ခ်ျဖတ္ေတာက္ဖို႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ေမဝင္းျမင့္က တင္ျပခဲ့ၿပီး ေမလ ၂၅ ရက္ေန႔မွာ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီးေနာက္ က်ပ္သန္းေပါင္း ၁၀,၆၀၀ သာ ေလွ်ာ့ခ်ဖို႔ ဆုံးျဖတ္ခဲ့တာလို႔ ေျပာပါတယ္။

ေန႔လယ္ပိုင္း လႊတ္ေတာ္အစည္းအေဝး ျပန္စခ်ိန္မွာေတာ့ လႊတ္ေတာ္က အခုလို ျဖတ္ေတာက္တာကို ကန႔္ကြက္ဖို႔ မရွိဘူးလို႔၊ ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းက ေျပာၾကားသြားပါတယ္။

ဒီေန႔ လႊတ္ေတာ္အစည္းအေဝးကို ႏိုင္ငံျခားေရး၊ ကာကြယ္ေရး၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ အလုပ္သမား လူဝန္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီးဌာန စတဲ့ ဝန္ႀကီးဌာန ၁၁ ခုက တာဝန္ရွိသူေတြ လာေရာက္ ရွင္းလင္းခဲ့တာ ျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ ေနာက္ထပ္ဘ႑ာေငြ ခြဲေဝသုံးစြဲေရး ဥပေဒၾကမ္းအေပၚ ျပင္ဆင္ခ်က္ကို၊ ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ရာမွာ၊ ကန႔္ကြက္သူမရွိဘဲ အတည္ျပဳခဲ့ပါတယ္။

သီဟထြန္း / RFA Burmese
https://www.rfa.org/burmese/news/defense-minister-submitted-not-to-cut-supplemental-budget-05272020065037.html
ဖြည့်စွက်တောင်းခံငွေ မဖြတ်တောက်ဖို့ ကာကွယ်ရေးဝန်ကြီး လွှတ်တော်မှာတင်ပြ ဖြည့်စွက်တောင်းခံငွေ မဖြတ်တောက်ဖို့ ကာကွယ်ရေးဝန်ကြီး လွှတ်တော်မှာတင်ပြ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.