မီတာခေလွ်႕ာေပးထားေပမယ့္ မ်ားမ်ားသုံးလွ်င္ မ်ားမ်ားေဆာင္ရမည္


(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ Covid 19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက  ကို႐ိုနာကပ္ေရာဂါျဖစ္ပြားေနတဲ့ ကာလအတြင္း၊ ဧၿပီလအတြက္  အိမ္သုံးအမ်ိဳးအစားထဲမွာ ပါဝင္တဲ့ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈေတြကို ၁၅၀  ယူနစ္အထိ၊ အခမဲ့ သုံးစြဲခြင့္ ျပဳမယ္လို႔ ဧၿပီလ ၆ ရက္ေန႔က ေၾကညာခဲ့ပါတယ္။

ဒီ့အတြက္ ျပည္သူအမ်ားစုက အခု ဧၿပီလမွာ အရင္ကထက္ မီတာခေတြ ေလ်ာ့နည္းသြားမယ္  လို႔ ယူဆခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ မီတာခက်သင့္ေငြ ေဘလ္ေတြ  ထြက္လာတဲ့အခါ အရင္ကထက္ ႏွစ္ဆ၊ သုံးဆ ျမင့္တက္သြားတဲ့အတြက္ ဆိုရွယ္မီဒီယာ အင္တာနက္ အြန္လိုင္းေပၚမွာ ေဝဖန္မႈေတြ ျမင့္တက္ခဲ့ပါတယ္။

ဒ့ါေၾကာင့္ လွ်ပ္စစ္ နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ဒီေန႔ သတင္းစာရွင္းပြဲလုပ္ခဲ့ၿပီး၊ ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္က  “ယူနစ္ ၁၅၀ အထက္ အသုံးျပဳရင္၊ တစ္ယူနစ္ကို ေငြက်ပ္ ၁၂၀ ႏႈန္းနဲ႔ ေကာက္ယူတာေၾကာင့္၊ အရင္ထက္ပိုၿပီး မီတာခေတြ ျမင့္တက္လာတာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။

"က်ေတာ္တို႔ရဲ႕ အဓိကအေျခခံတာက ဆင္းရဲသားမိသားစု၊ ဆိုလိုတဲ့သေဘာက လက္လုပ္လက္စားမိသားစု၊ ခုနကတင္ျပခဲ့တဲ့ မီးေခ်ာင္း ၃ ေခ်ာင္းသုံးမယ္၊ ထမင္းခ်က္တဲ့အိုးတစ္လုံးသုံးမယ္ ဒါကို အေျခခံၿပီးေတာ့ ၁၅၀ ယူနစ္ဆိုတာ ဘယ္ေလာက္အတိုင္းအတာအထိ၊ ဘယ္မိသားစုေလာက္အထိသြားႏိုင္မလဲဆိုတာကို ၁၅၀ ယူနစ္ကို ဆုံးျဖတ္ခဲ့ပါတယ္။ ေနာက္တစ္ပိုင္းက ၁၅၀ ယူနစ္ကို စၿပီးေတာ့ ႏႈန္းထား သတ္မွတ္သြားကတည္းကိုက က်ေတာ္တို႔စၿပီးေတာ့ ျပည္သူကို ေၾကညာကတည္းက ဒီအတိုင္း အေသးစိတ္ထည့္ၿပီးေတာ့ ေၾကညာခဲ့တာပါ။ ၁၅၀ ယူနစ္ကို ေလွ်ာ့ေပးတယ္။ ဆိုလိုတာက ႏိုင္ငံေတာ္၊ ေကာ္မတီဆိုတာကေတာ့ မူဝါဒနဲ႔ ၁၅၀ ယူနစ္လို႔ သုံးတာ။ က်ေတာ္တို႔က ေကာ္မတီရဲ႕ ၫႊန္ၾကားခ်က္ကို လိုက္နာေပးရတဲ့ အစိုးရရဲ႕ ၀န္ႀကီးဌာနပါ"

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္ကို ဝန္ႀကီးဌာနဘက္က မလိုက္နာတာ မဟုတ္ဘဲ၊ အဲဒီထုတ္ျပန္ခ်က္ေပၚ အေျခခံၿပီး အရင္ကရွိထားတဲ့ မီတာခေကာက္ယူတဲ့  စည္းကမ္းခ်က္ေတြအတိုင္း ေဆာင္႐ြက္ခဲ့တာလို႔ သတင္းေထာက္ေတြရဲ႕ ေမးခြန္းကို ဦးစိုးျမင့္က တုံ႔ျပန္ပါတယ္။

သာမန္ျပည္သူေတြကေတာ့ ကိုယ္သုံးစြဲတဲ့ စုစုေပါင္း ယူနစ္ထဲကေန ေလွ်ာ့ေပးမယ္ဆိုတဲ့ ယူနစ္ ၁၅၀ ကိုႏႈတ္ၿပီး၊ က်န္ယူနစ္အတြက္သာ  ေပးေဆာင္ရမွာလို႔ မူလက နားလည္ထားတာပါ။

ဒါေပမဲ့ လွ်ပ္စစ္ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္ရဲ႕  ရွင္းျပခ်က္အရ ယူနစ္ ၁၅၀ ကိုေလွ်ာ့ေပးတာ မဟုတ္ဘဲ၊ ယူနစ္ ၁၅၀ အတြက္  က်သင့္တဲ့ ေငြက်ပ္ တစ္ေသာင္းတစ္ေထာင္ ငါးရာ့ ငါးဆယ္ ( ၁၁၅၅၀ ) ကိုသာ အခမဲ့  ေလွ်ာ့ေပါ့ေပးတာ ျဖစ္ပါတယ္။ ၁၅၀ ယူနစ္အထက္ မ်ားမ်ားသုံးစြဲသူေတြအေနနဲ႔ ယူနစ္ ၁၅၁ ကစၿပီး တစ္ယူနစ္ကို  ၁၂၀ က်ပ္ႏႈန္းနဲ႔အထက္ ေပးေဆာင္ရမယ္ဆိုတာကို၊ ဧၿပီလ ရ ရက္ေန႔ကတည္းက  ထုတ္ျပန္ထားၿပီး ျဖစ္တယ္လို႔ လည္း ဦးစိုးျမင့္က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာေနထိုင္တဲ့ အရပ္ဖက္ လူမႈအဖြဲ႕အစည္းတစ္ခုက ဝန္ထမ္းျဖစ္သူ ေဒၚခင္ၿငိမ္းသစ္က မီတာခေတြ ပုံမွန္ထက္က်သင့္တဲ့အေပၚ  သူ႔အျမင္ကို ေျပာပါတယ္။

"ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ဟုတ္တယ္။ ေစတနာနဲ႔ေတာ့ လုပ္ေပးသြားတယ္။ လုပ္ေပးသြားတဲ့ ေနာက္မွာ ေနာက္ကေနၿပီးေတာ့ ထပ္ၿပီးေတာ့ လိုက္နာတဲ့ EPC ေပါ့ေနာ္။ MOEE တို႔ ဘာတို႔က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေစတနာကို အဖတ္တင္ေအာင္လို႔ လုပ္ေပးသင့္တယ္။ ဘာလို႔လဲဆိုေတာ့ မီတာနဲ႔ ပတ္သက္ရင္ အစထဲကလဲ ပြင့္လင္းျမင္သာမႈမရွိတဲ့ အေၾကာင္းကို အကုန္လုံးကလည္း ေျပာေနတယ္။ ဒီမီတာနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈကို ဘယ္လိုလုပ္ေပးမလဲဆိုတာက အေရးႀကီးတယ္။"

ပုံမွန္အားျဖင့္ အရင္က မီတာခ တစ္လကို ေငြက်ပ္ ေျခာက္ေထာင္ေလာက္သာ ေပးေဆာင္ရေပမယ့္ ဒီဧၿပီလမွာလည္း လွ်ပ္စစ္ကို တိုးျမႇင့္ အသုံးျပဳခဲ့တာမရွိဘဲ ေငြက်ပ္ တစ္ေသာင္းခုႏွစ္ေထာင္ေလာက္အထိ သုံးဆခန႔္တက္သြားတယ္လို႔ သူက ေျပာပါတယ္။

ဒုတိယအၿမဲတမ္း အတြင္းဝန္ ဦးစိုးျမင့္ကေတာ့ ဒီဧၿပီလအတြက္ မီတာခႏႈန္းထားေတြ ထြက္လာတဲ့အေပၚ ေက်နပ္မူမရွိရင္၊ သက္ဆိုင္ရာ လွ်ပ္စစ္နဲ႔ စြမ္းအင္ ဝန္ႀကီးဌာနကို တိုင္ၾကားႏိုင္ၿပီး တာဝန္ရွိသူေတြက လာေရာက္ ေျဖရွင္းေပးမယ္လို႔ ဆိုပါတယ္။

လွ်ပ္စစ္မီတာဖတ္တဲ့ ဝန္ထမ္းအင္အား မလုံေလာက္တာရယ္၊ မီတာဖတ္တဲ့ နည္းပညာက ရႈပ္ေထြးၿပီး အားနည္းတာရယ္ေၾကာင့္၊ လွ်ပ္စစ္ဝန္ႀကီးဌာနဘက္က  ခ်ိဳ႕ယြင္းခ်က္ေတြရ ရွိေကာင္းရွိႏိုင္ပါတယ္လို႔လည္း ဦးစိုးျမင့္က ေျပာပါတယ္။ ဒါ့ေၾကာင့္ ဝန္ထမ္းေတြ တိုးခ်ဲ႕ ခန႔္အပ္ဖို႔ တင္ျပခဲ့ၿပီး၊  ခြင့္ျပဳခ်က္လည္း ရထားၿပီလို႔ ဦးစိုးျမင့္က ဆိုပါတယ္။

တဆက္တည္းမွာပဲ လက္ကိုင္ဖုန္းေတြကေန မီတာအသုံးျပဳခအတြက္ က်သင့္ေငြ ေဘလ္ကို ကိုယ္တိုင္ ၾကည့္ႏိုင္ၿပီး၊ တယ္လီဖုန္းေတြကေန မီတာခ ေပးသြင္းႏိုင္မယ့္ ေခတ္မီနည္းစနစ္ကို အေကာင္အထည္ေဖာ္ဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာန ဒုတိယအၿမဲတမ္း အတြင္းဝန္ ဦးစိုးျမင့္က ရွင္းျပသြားပါတယ္။

သီဟထြန္း / RFA Burmese
--------------------------------------

(Unicode)⤵⤵⤵
မီတာခလျှေ့ာပေးထားပေမယ့် များများသုံးလျှင် များများဆောင်ရမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက  ကိုရိုနာကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း၊ ဧပြီလအတွက်  အိမ်သုံးအမျိုးအစားထဲမှာ ပါဝင်တဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွေကို ၁၅၀  ယူနစ်အထိ၊ အခမဲ့ သုံးစွဲခွင့် ပြုမယ်လို့ ဧပြီလ ၆ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဒီ့အတွက် ပြည်သူအများစုက အခု ဧပြီလမှာ အရင်ကထက် မီတာခတွေ လျော့နည်းသွားမယ်  လို့ ယူဆခဲ့ပေမယ့် လက်တွေ့မှာတော့ မီတာခကျသင့်ငွေ ဘေလ်တွေ  ထွက်လာတဲ့အခါ အရင်ကထက် နှစ်ဆ၊ သုံးဆ မြင့်တက်သွားတဲ့အတွက် ဆိုရှယ်မီဒီယာ အင်တာနက် အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဒ့ါကြောင့် လျှပ်စစ် နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ သတင်းစာရှင်းပွဲလုပ်ခဲ့ပြီး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က  “ယူနစ် ၁၅၀ အထက် အသုံးပြုရင်၊ တစ်ယူနစ်ကို ငွေကျပ် ၁၂၀ နှုန်းနဲ့ ကောက်ယူတာကြောင့်၊ အရင်ထက်ပိုပြီး မီတာခတွေ မြင့်တက်လာတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

"ကျတော်တို့ရဲ့ အဓိကအခြေခံတာက ဆင်းရဲသားမိသားစု၊ ဆိုလိုတဲ့သဘောက လက်လုပ်လက်စားမိသားစု၊ ခုနကတင်ပြခဲ့တဲ့ မီးချောင်း ၃ ချောင်းသုံးမယ်၊ ထမင်းချက်တဲ့အိုးတစ်လုံးသုံးမယ် ဒါကို အခြေခံပြီးတော့ ၁၅၀ ယူနစ်ဆိုတာ ဘယ်လောက်အတိုင်းအတာအထိ၊ ဘယ်မိသားစုလောက်အထိသွားနိုင်မလဲဆိုတာကို ၁၅၀ ယူနစ်ကို ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ပိုင်းက ၁၅၀ ယူနစ်ကို စပြီးတော့ နှုန်းထား သတ်မှတ်သွားကတည်းကိုက ကျတော်တို့စပြီးတော့ ပြည်သူကို ကြေညာကတည်းက ဒီအတိုင်း အသေးစိတ်ထည့်ပြီးတော့ ကြေညာခဲ့တာပါ။ ၁၅၀ ယူနစ်ကို လျှော့ပေးတယ်။ ဆိုလိုတာက နိုင်ငံတော်၊ ကော်မတီဆိုတာကတော့ မူဝါဒနဲ့ ၁၅၀ ယူနစ်လို့ သုံးတာ။ ကျတော်တို့က ကော်မတီရဲ့ ညွှန်ကြားချက်ကို လိုက်နာပေးရတဲ့ အစိုးရရဲ့ ဝန်ကြီးဌာနပါ"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီရဲ့ ထုတ်ပြန်ချက်ကို ဝန်ကြီးဌာနဘက်က မလိုက်နာတာ မဟုတ်ဘဲ၊ အဲဒီထုတ်ပြန်ချက်ပေါ် အခြေခံပြီး အရင်ကရှိထားတဲ့ မီတာခကောက်ယူတဲ့  စည်းကမ်းချက်တွေအတိုင်း ဆောင်ရွက်ခဲ့တာလို့ သတင်းထောက်တွေရဲ့ မေးခွန်းကို ဦးစိုးမြင့်က တုံ့ပြန်ပါတယ်။

သာမန်ပြည်သူတွေကတော့ ကိုယ်သုံးစွဲတဲ့ စုစုပေါင်း ယူနစ်ထဲကနေ လျှော့ပေးမယ်ဆိုတဲ့ ယူနစ် ၁၅၀ ကိုနှုတ်ပြီး၊ ကျန်ယူနစ်အတွက်သာ  ပေးဆောင်ရမှာလို့ မူလက နားလည်ထားတာပါ။

ဒါပေမဲ့ လျှပ်စစ်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်ရဲ့  ရှင်းပြချက်အရ ယူနစ် ၁၅၀ ကိုလျှော့ပေးတာ မဟုတ်ဘဲ၊ ယူနစ် ၁၅၀ အတွက်  ကျသင့်တဲ့ ငွေကျပ် တစ်သောင်းတစ်ထောင် ငါးရာ့ ငါးဆယ် ( ၁၁၅၅၀ ) ကိုသာ အခမဲ့  လျှော့ပေါ့ပေးတာ ဖြစ်ပါတယ်။ ၁၅၀ ယူနစ်အထက် များများသုံးစွဲသူတွေအနေနဲ့ ယူနစ် ၁၅၁ ကစပြီး တစ်ယူနစ်ကို  ၁၂၀ ကျပ်နှုန်းနဲ့အထက် ပေးဆောင်ရမယ်ဆိုတာကို၊ ဧပြီလ ရ ရက်နေ့ကတည်းက  ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့ လည်း ဦးစိုးမြင့်က ပြောပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတစ်ခုက ဝန်ထမ်းဖြစ်သူ ဒေါ်ခင်ငြိမ်းသစ်က မီတာခတွေ ပုံမှန်ထက်ကျသင့်တဲ့အပေါ်  သူ့အမြင်ကို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကတော့ ဟုတ်တယ်။ စေတနာနဲ့တော့ လုပ်ပေးသွားတယ်။ လုပ်ပေးသွားတဲ့ နောက်မှာ နောက်ကနေပြီးတော့ ထပ်ပြီးတော့ လိုက်နာတဲ့ EPC ပေါ့နော်။ MOEE တို့ ဘာတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေတနာကို အဖတ်တင်အောင်လို့ လုပ်ပေးသင့်တယ်။ ဘာလို့လဲဆိုတော့ မီတာနဲ့ ပတ်သက်ရင် အစထဲကလဲ ပွင့်လင်းမြင်သာမှုမရှိတဲ့ အကြောင်းကို အကုန်လုံးကလည်း ပြောနေတယ်။ ဒီမီတာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုကို ဘယ်လိုလုပ်ပေးမလဲဆိုတာက အရေးကြီးတယ်။"

ပုံမှန်အားဖြင့် အရင်က မီတာခ တစ်လကို ငွေကျပ် ခြောက်ထောင်လောက်သာ ပေးဆောင်ရပေမယ့် ဒီဧပြီလမှာလည်း လျှပ်စစ်ကို တိုးမြှင့် အသုံးပြုခဲ့တာမရှိဘဲ ငွေကျပ် တစ်သောင်းခုနှစ်ထောင်လောက်အထိ သုံးဆခန့်တက်သွားတယ်လို့ သူက ပြောပါတယ်။

ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်ကတော့ ဒီဧပြီလအတွက် မီတာခနှုန်းထားတွေ ထွက်လာတဲ့အပေါ် ကျေနပ်မူမရှိရင်၊ သက်ဆိုင်ရာ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနကို တိုင်ကြားနိုင်ပြီး တာဝန်ရှိသူတွေက လာရောက် ဖြေရှင်းပေးမယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီတာဖတ်တဲ့ ဝန်ထမ်းအင်အား မလုံလောက်တာရယ်၊ မီတာဖတ်တဲ့ နည်းပညာက ရှုပ်ထွေးပြီး အားနည်းတာရယ်ကြောင့်၊ လျှပ်စစ်ဝန်ကြီးဌာနဘက်က  ချို့ယွင်းချက်တွေရ ရှိကောင်းရှိနိုင်ပါတယ်လို့လည်း ဦးစိုးမြင့်က ပြောပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းတွေ တိုးချဲ့ ခန့်အပ်ဖို့ တင်ပြခဲ့ပြီး၊  ခွင့်ပြုချက်လည်း ရထားပြီလို့ ဦးစိုးမြင့်က ဆိုပါတယ်။

တဆက်တည်းမှာပဲ လက်ကိုင်ဖုန်းတွေကနေ မီတာအသုံးပြုခအတွက် ကျသင့်ငွေ ဘေလ်ကို ကိုယ်တိုင် ကြည့်နိုင်ပြီး၊ တယ်လီဖုန်းတွေကနေ မီတာခ ပေးသွင်းနိုင်မယ့် ခေတ်မီနည်းစနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်လို့လည်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ရှင်းပြသွားပါတယ်။

သီဟထွန်း / RFA Burmese
https://www.rfa.org/burmese/news/electric-bills-raise-during-pandemic-05152020121553.html
မီတာခေလွ်႕ာေပးထားေပမယ့္ မ်ားမ်ားသုံးလွ်င္ မ်ားမ်ားေဆာင္ရမည္ မီတာခေလွ်႕ာေပးထားေပမယ့္ မ်ားမ်ားသုံးလွ်င္ မ်ားမ်ားေဆာင္ရမည္ Reviewed by THITHTOOLWIN on 23:22 Rating: 5
Powered by Blogger.