ေလာ့ေဒါင္း ကာလမွာ နယူးဇီလန္မွာ ကားအမ်ားအျပား ခိုးယူခံလိုက္ရ

သူခိုးေတြ အတြက္ အခ်ိဳရွာ သကာေတြ႕
(Zawgyi)⤵⤵⤵
ေမာ္ေတာ္ယာဥ္ အငွား ဝန္ေဆာင္မႈ လုပ္ငန္း က ကားေတြ တသီတသန္းႀကီးရပ္ထားၿပီး ေသာ့ေတြကလည္း အဆင္သင့္ ဆိုေတာ့ သူခိုးေတြ အတြက္ အခ်ိဳရွာ သကာေတြ႕ ဆိုသလိုပါပဲ။

ၿပီးေတာ့ နယူးဇီလန္မွာက ကို႐ိုနာ ကာလ အတြင္း တင္းက်ပ္တဲ့ တားဆီး ကန္႔သတ္မႈေတြ ခ်မွတ္ထားလို႔ လမ္းေပၚမွာ လူသူကလည္း မရွိသေလာက္ ျဖစ္ေနပါတယ္။ ဒါဟာ သူတို႔ အတြက္ အလုပ္လုပ္ဖို႔ အခ်ိန္ေကာင္း ေပါ့။

ကားခိုးသူေတြဟာ ေအာ့္ကလန္ မွာရွိတဲ့ ဂ်ဴစီ ကားအငွားဝန္ေဆာင္မႈလုပ္ငန္းရဲ႕ ၿခံစည္း႐ိုေတြကို ျဖတ္ေတာက္ ဝင္လာခဲ့ၾကၿပီး၊ ပင္မဂိတ္တံခါးကို မဖြင့္ကာ ကားေတြကို တစ္စီးၿပီး တစ္စီး ေမာင္းထြက္သြားခဲ့ၾကပါတယ္။

ေလာ့ေဒါင္းေၾကာင့္ လူသူကင္းမဲ့ တိတ္ဆိတ္ေနမႈဟာ ကားသူခိုးေတြအတြက္ လုံးဝ ကို ခိုးရလြယ္ကူတဲ့ အခြင့္ေကာင္းႀကီး တစ္ခုပါပဲ။ ပထမအႀကိမ္၊ ဒုတိယ အႀကိမ္ နဲ႔ ကားေတြကို တစ္စီးၿပီး တစ္စီး ေမာင္းယူၿပီး၊

ကားစုစုေပါင္း ၉၇ စီးကို ခိုးယူသြားခဲ့ၾကပါတယ္။

ဒီလို ကားခိုးယူမႈေတြကို ရက္သတၱပတ္ေပါင္းမ်ားစြာ လူသူကင္းရွင္းေနတဲ့ လမ္းေတြေပၚမွာ ေမာင္းၿပီး ခိုးယူမႈေတြ လုပ္ခဲ့ၾကတာပါ။

ဒါဟာ အရႈိက္ကို ကန္ခံရတာနဲ႔ အလားသ႑န္တူတယ္လို႔ ကားငွားလုပ္ငန္း ဝန္ေဆာင္မႈ အႀကီးအကဲ ျဖစ္သူ တြမ္ ရက္ဒန္ကေလာ့ပ္ က ဆိုပါတယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ ကာလမွာ တစ္ႏိုင္ငံလုံးမွာ လူေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ေဖးေဖးမမ ရွိေနခ်ိန္မွာ ဒီလို ကားခိုးယူ ခံရမႈအတြက္ လုံးဝ ယုံႏိုင္စရာ မရွိဘူးလို႔လည္း ေျပာပါတယ္။

တခုခုေတာ့မွားေနၿပီ

နယူးဇီလန္မွာ ဂ်ဴစီ ကားအငွား ဝန္ေဆာင္မႈလုပ္ငန္းက လူသိမ်ားတဲ့ လုပ္ငန္းတစ္ခုပါ။ အဲဒီကို သြားေရာက္လည္ ပတ္မယ္ ဆိုရင္ ရႈခင္းေတြ ၾကည့္ဖို႔ နဲ႔ လွည့္လည္ သြားလာဖို႔ အတြက္ ခရီးသြားေတြဟာ ဒီကုမၸဏီက အိပ္စင္ ပါတဲ့ ကားေတြ နဲ႔ တျခား ကားပုံစံ အမ်ိဳးအမ်ိဳးကို ငွားေလ့ ရွိၾကပါတယ္။

အစိမ္းရင့္ေရာင္ အေရာင္အေသြးရွိတဲ့ ကုမၸဏီက ကားေတြဟာ ထင္သာ ျမင္သာရွိၿပီး၊ ခိုးယူ ေမာင္းသြား ရင္ေတာင္ အလြယ္တကူ မိသြား သိသြားႏိုင္တာေၾကာင့္ ဒီကားေတြကို ဘယ္သူေတြက ခိုးယူမွာလဲ။ ဒါေပမဲ့ အခိုးခံရတဲ့ ကားအမ်ားစုက ႐ိုး႐ိုးၿမိဳ႕တြင္းသြားကား ေတြျဖစ္ၿပီး အနည္းအက်ဥ္းကသာ အိပ္စင္ကားေတြပါ။

ေနာက္ ဘာျဖစ္သလဲဆိုေတာ့ ကုမၸဏီဘက္က သူတို႔ကားေတြ ခိုးယူခံရတယ္ ဆိုတာ သိေတာင္ မသိပါဘူး။ ဧၿပီလမွာ ေလာ့ေဒါင္း အခ်ိန္ ဆိုေတာ့ ကားေတြကို ဝန္းထဲမွာ တန္းစီ ရပ္ထားခဲ့ၿပီး သြားေရာက္ စစ္ေဆး တာမ်ိဳးလည္း မရွိခဲ့ပါဘူး။ ရဲက လာအေၾကာင္းၾကားမွပဲ သိခဲ့ရတာပါ။
ခိုးယူ ေမာင္းသြား ရင္ေတာင္ အလြယ္တကူ မိႏိုင္တဲ့ အေရာင္နဲ႔ကားေတြ

ပိတ္ဆို႔မႈေတြ ခ်မွတ္ထားလို႔ လမ္းေပၚမွာ လူက ကင္းမဲ့ေနပါတယ္။ ဒါေပမယ့္ ကင္းလွည့္ေနတဲ့ ရဲကား ေတြေတာ့ ရွိပါတယ္။
အဲဒီလို အခ်ိန္ႀကီးမွာ အငွားကား ကုမၸဏီ က ကားေတြ လမ္းေပၚမွာ ေတြ႕ရလို႔ သံသယ ျဖစ္မိၿပီး ေနာက္က လိုက္ေမးရင္းမွ ကားခိုးလာတာ ဆိုတာကို သိရတာလို႔ ရဲအုပ္ မတ္ ဆာဟြိဳင္က ဘီဘီစီကိုေျပာပါတယ္။

ေနာက္မွ ကုမၸဏီဘက္ကို အေၾကာင္းၾကားခဲ့ရတယ္လို႔ သူက ဆက္ေျပာပါတယ္။

လူေတြရဲ႕ ပံ့ပိုးမႈအမ်ားအျပားရွိခဲ့

ပုံမွန္ အခ်ိန္မွာ ကားေတြကို ခိုးယူတယ္ ဆိုရင္ေတာင္မွ ေတာ္ေတာ္ဆိုးတဲ့ အေျခအေနပါ။ ကပ္ေရာဂါ ေဘးႀကီး အတြင္းမွာ ကားေတြကို ခိုးယူတယ္ဆိုတာကေတာ့ ဆိုး႐ြားလြန္းပါတယ္လို႔လည္း ရဲ တာဝန္ရွိသူက ဆိုပါတယ္။

နယူးဇီလန္မွာ အႀကီးဆုံး ကားခိုးယူမႈ ျဖစ္သြားတဲ့ အတြက္ စိတ္ပ်က္ရတယ္လို႔လည္း ရဲအုပ္ မတ္ ဆာဟြိဳင္ က ေျပာပါတယ္။ ေလာ့ေဒါင္း ကာလ ကို အခြင့္ေကာင္းယူၿပီး ခိုးမႈ က်ဴးလြန္တဲ့ အတြက္ စိတ္မေကာင္း ျဖစ္ရတယ္ လို႔လည္း သူက ဖြင့္ဟ ဝန္ခံပါတယ္။

အဲဒီ အခ်ိန္က ႏိုင္ငံတြင္းမွာ ေလာ့ေဒါင္း အဆင့္သတ္မွတ္ခ်က္ ၄ အထိ တိုးျမႇင့္ထားတာပါ။ ဒါက ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ ပိတ္ပင္ ထားတဲ့ တျခား ႏိုင္ငံေတြထက္ ပိုမိုျပင္းထန္တဲ့ ပိတ္ဆို႔မႈ ျဖစ္ပါတယ္။

ဒီလို ကားေတြ ခိုးယူခံရတယ္ ဆိုတဲ့ သတင္းေတြ ဆိုင္းဘုတ္ႀကီးေတြနဲ႔ ေနရာ အႏွံ႔အျပားမွာ ေဖာ္ျပ ခဲ့ၿပီးေနာက္မွာ လူေတြက ရဲေတြဆီကို တိုင္ၾကားမႈတခ်ိဳ႕ လုပ္လာၾကပါတယ္။
 ေလာ့ေဒါင္းကာလ အစားအေသာက္ပို႔တဲ့ဝန္ေဆာင္မႈလုပ္ေပးတဲ့ ဂ်ဴစီရဲ႕ကား

အဲဒါကေတာ့ အင္တာနက္မွာ တန္ဖိုးနည္း တဲ့ ကားေတြ ေရာင္းခ်ဖို႔ ေၾကာ္ျငာတင္ထားတာ ေတြ႕ရတယ္လို႔ ေျပာလာၾကတာပါ။ ဒီေၾကာ္ျငာေတြက သံသယ ျဖစ္စရာ ေကာင္းေနတယ္လို႔လည္း သူတို႔ေတြက ေျပာျပ ၾကပါတယ္။
ရဲနဲ႔ လူေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ ကားေတြ ျပန္ရ

ေလာ့ေဒါင္းေၾကာင့္ အလြယ္တကူ ခိုးယူ ခံရတဲ့ ကားေတြကို ေျခရာခံလိုက္ရာမွာ ေလာ့ေဒါင္းေၾကာင့္ပဲ လြယ္ကူလွ်င္ျမန္စြာ နဲ႔ ျပန္ရွာႏိုင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ တဝန္ရွိသူက ေျပာပါတယ္။

တစ္စီးၿပီး တစ္စီး ေျခရာခံ လိုက္ခဲ့ရာမွာ ကားအေတာ္မ်ားမ်ားကို ျပန္ရခဲ့ပါတယ္။ ေနာက္ဆုံးမွာ ကား စုစုေပါင္း ၈၅ စီးကို ကုမၸဏီဘက္ကို ျပန္ေပးႏိုင္ခဲ့ပါတယ္။ ကားခိုးယူမႈမွာ ပါဝင္တဲ့ လူ ၂၉ ေယာက္ကိုလည္း ရွာေဖြ ေဖာ္ထုတ္ ႏိုင္ခဲ့ပါတယ္။

အဲဒီလူေတြဟာ ေဒသေတြင္းက လူဆိုးဂိုဏ္း ေတြနဲ႔ ဆက္ႏႊယ္ေနတဲ့ လူေတြ ျဖစ္ပါတယ္။ ကားေတြ ခိုးဖို႔ ေသခ်ာ စီစဥ္ ခဲ့ပုံလည္း မရပါဘူး။

ကားကုမၸဏီဘက္ကေတာ့ သင္ခန္းစာ အႀကီးအက်ယ္ ရခဲ့ပါတယ္။ ဒါေပမယ့္ ကား အေတာ္မ်ားမ်ား ျပန္ရတဲ့ အတြက္ လုပ္ငန္း ျပန္လည္ လည္ပတ္ဖို႔ေတာ့ အသင့္အေနအထား ရွိေနပါၿပီ။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ နိင္ခဲ့တဲ့ နယူးဇီလန္ ဟာ အခုေတာ့ လမ္းေတြ ျပန္ဖြင့္ေပးလိုက္ၿပီး၊ စီးပြားေရး လုပ္ငန္းေတြလည္း ျပန္လည္ လည္ပတ္ေနပါၿပီ။

ကားအငွားလုပ္ငန္းေတြလည္း လုပ္ငန္း ျပန္စတင္ဖို႔ တာဆူေနပါၿပီ။ ကားခိုးခံရတဲ့ အတြက္ ထိခိုက္မႈေတာ့ ရွိခဲ့တာ အမွန္ပဲလို႔ ဂ်ဳစီ ကားအငွားလုပ္ငန္း တည္ေထာင္သူ တင္ အပ္လ္ က ဆိုပါတယ္။

ဒါေပမယ့္ လူေတြရဲ႕ ကူညီမႈကေတာ့ အံ့မခန္းပဲလို႔ သူက ေျပာပါတယ္။ ရဲေတြနဲ႔ အကူအညီေပးခဲ့ၾကတဲ့ လူေတြကို ေက်းဇူး တင္တယ္လို႔လည္း သူက ေျပာပါတယ္။

ေလာေလာဆယ္မွာ ကား ၈၅ စီး ကို ျပန္ရပါၿပီ။ က်န္တဲ့ ၁၂ စီးကိုလည္း ျပန္မရႏိုင္စရာ မရွိဘူးလို႔ ရဲအုပ္ မတ္ ဆာဟြိဳင္က ယုံၾကည္ေနပါတယ္။

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵
လော့ဒေါင်း ကာလမှာ နယူးဇီလန်မှာ ကားအများအပြား ခိုးယူခံလိုက်ရ

မော်တော်ယာဉ် အငှား ဝန်ဆောင်မှု လုပ်ငန်း က ကားတွေ တသီတသန်းကြီးရပ်ထားပြီး သော့တွေကလည်း အဆင်သင့် ဆိုတော့ သူခိုးတွေ အတွက် အချိုရှာ သကာတွေ့ ဆိုသလိုပါပဲ။

ပြီးတော့ နယူးဇီလန်မှာက ကိုရိုနာ ကာလ အတွင်း တင်းကျပ်တဲ့ တားဆီး ကန့်သတ်မှုတွေ ချမှတ်ထားလို့ လမ်းပေါ်မှာ လူသူကလည်း မရှိသလောက် ဖြစ်နေပါတယ်။ ဒါဟာ သူတို့ အတွက် အလုပ်လုပ်ဖို့ အချိန်ကောင်း ပေါ့။

ကားခိုးသူတွေဟာ အော့်ကလန် မှာရှိတဲ့ ဂျူစီ ကားအငှားဝန်ဆောင်မှုလုပ်ငန်းရဲ့ ခြံစည်းရိုတွေကို ဖြတ်တောက် ဝင်လာခဲ့ကြပြီး၊ ပင်မဂိတ်တံခါးကို မဖွင့်ကာ ကားတွေကို တစ်စီးပြီး တစ်စီး မောင်းထွက်သွားခဲ့ကြပါတယ်။

လော့ဒေါင်းကြောင့် လူသူကင်းမဲ့ တိတ်ဆိတ်နေမှုဟာ ကားသူခိုးတွေအတွက် လုံးဝ ကို ခိုးရလွယ်ကူတဲ့ အခွင့်ကောင်းကြီး တစ်ခုပါပဲ။ ပထမအကြိမ်၊ ဒုတိယ အကြိမ် နဲ့ ကားတွေကို တစ်စီးပြီး တစ်စီး မောင်းယူပြီး၊

ကားစုစုပေါင်း ၉၇ စီးကို ခိုးယူသွားခဲ့ကြပါတယ်။

ဒီလို ကားခိုးယူမှုတွေကို ရက်သတ္တပတ်ပေါင်းများစွာ လူသူကင်းရှင်းနေတဲ့ လမ်းတွေပေါ်မှာ မောင်းပြီး ခိုးယူမှုတွေ လုပ်ခဲ့ကြတာပါ။

ဒါဟာ အရှိုက်ကို ကန်ခံရတာနဲ့ အလားသဏ္ဍန်တူတယ်လို့ ကားငှားလုပ်ငန်း ဝန်ဆောင်မှု အကြီးအကဲ ဖြစ်သူ တွမ် ရက်ဒန်ကလော့ပ် က ဆိုပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ကာလမှာ တစ်နိုင်ငံလုံးမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဖေးဖေးမမ ရှိနေချိန်မှာ ဒီလို ကားခိုးယူ ခံရမှုအတွက် လုံးဝ ယုံနိုင်စရာ မရှိဘူးလို့လည်း ပြောပါတယ်။

တခုခုတော့မှားနေပြီ

နယူးဇီလန်မှာ ဂျူစီ ကားအငှား ဝန်ဆောင်မှုလုပ်ငန်းက လူသိများတဲ့ လုပ်ငန်းတစ်ခုပါ။ အဲဒီကို သွားရောက်လည် ပတ်မယ် ဆိုရင် ရှုခင်းတွေ ကြည့်ဖို့ နဲ့ လှည့်လည် သွားလာဖို့ အတွက် ခရီးသွားတွေဟာ ဒီကုမ္ပဏီက အိပ်စင် ပါတဲ့ ကားတွေ နဲ့ တခြား ကားပုံစံ အမျိုးအမျိုးကို ငှားလေ့ ရှိကြပါတယ်။

အစိမ်းရင့်ရောင် အရောင်အသွေးရှိတဲ့ ကုမ္ပဏီက ကားတွေဟာ ထင်သာ မြင်သာရှိပြီး၊ ခိုးယူ မောင်းသွား ရင်တောင် အလွယ်တကူ မိသွား သိသွားနိုင်တာကြောင့် ဒီကားတွေကို ဘယ်သူတွေက ခိုးယူမှာလဲ။ ဒါပေမဲ့ အခိုးခံရတဲ့ ကားအများစုက ရိုးရိုးမြို့တွင်းသွားကား တွေဖြစ်ပြီး အနည်းအကျဉ်းကသာ အိပ်စင်ကားတွေပါ။

နောက် ဘာဖြစ်သလဲဆိုတော့ ကုမ္ပဏီဘက်က သူတို့ကားတွေ ခိုးယူခံရတယ် ဆိုတာ သိတောင် မသိပါဘူး။ ဧပြီလမှာ လော့ဒေါင်း အချိန် ဆိုတော့ ကားတွေကို ဝန်းထဲမှာ တန်းစီ ရပ်ထားခဲ့ပြီး သွားရောက် စစ်ဆေး တာမျိုးလည်း မရှိခဲ့ပါဘူး။ ရဲက လာအကြောင်းကြားမှပဲ သိခဲ့ရတာပါ။

ပိတ်ဆို့မှုတွေ ချမှတ်ထားလို့ လမ်းပေါ်မှာ လူက ကင်းမဲ့နေပါတယ်။ ဒါပေမယ့် ကင်းလှည့်နေတဲ့ ရဲကား တွေတော့ ရှိပါတယ်။

အဲဒီလို အချိန်ကြီးမှာ အငှားကား ကုမ္ပဏီ က ကားတွေ လမ်းပေါ်မှာ တွေ့ရလို့ သံသယ ဖြစ်မိပြီး နောက်က လိုက်မေးရင်းမှ ကားခိုးလာတာ ဆိုတာကို သိရတာလို့ ရဲအုပ် မတ် ဆာဟွိုင်က ဘီဘီစီကိုပြောပါတယ်။

နောက်မှ ကုမ္ပဏီဘက်ကို အကြောင်းကြားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
လူတွေရဲ့ ပံ့ပိုးမှုအများအပြားရှိခဲ့

ပုံမှန် အချိန်မှာ ကားတွေကို ခိုးယူတယ် ဆိုရင်တောင်မှ တော်တော်ဆိုးတဲ့ အခြေအနေပါ။ ကပ်ရောဂါ ဘေးကြီး အတွင်းမှာ ကားတွေကို ခိုးယူတယ်ဆိုတာကတော့ ဆိုးရွားလွန်းပါတယ်လို့လည်း ရဲ တာဝန်ရှိသူက ဆိုပါတယ်။

နယူးဇီလန်မှာ အကြီးဆုံး ကားခိုးယူမှု ဖြစ်သွားတဲ့ အတွက် စိတ်ပျက်ရတယ်လို့လည်း ရဲအုပ် မတ် ဆာဟွိုင် က ပြောပါတယ်။ လော့ဒေါင်း ကာလ ကို အခွင့်ကောင်းယူပြီး ခိုးမှု ကျူးလွန်တဲ့ အတွက် စိတ်မကောင်း ဖြစ်ရတယ် လို့လည်း သူက ဖွင့်ဟ ဝန်ခံပါတယ်။

အဲဒီ အချိန်က နိုင်ငံတွင်းမှာ လော့ဒေါင်း အဆင့်သတ်မှတ်ချက် ၄ အထိ တိုးမြှင့်ထားတာပါ။ ဒါက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပိတ်ပင် ထားတဲ့ တခြား နိုင်ငံတွေထက် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှု ဖြစ်ပါတယ်။

ဒီလို ကားတွေ ခိုးယူခံရတယ် ဆိုတဲ့ သတင်းတွေ ဆိုင်းဘုတ်ကြီးတွေနဲ့ နေရာ အနှံ့အပြားမှာ ဖော်ပြ ခဲ့ပြီးနောက်မှာ လူတွေက ရဲတွေဆီကို တိုင်ကြားမှုတချို့ လုပ်လာကြပါတယ်။

အဲဒါကတော့ အင်တာနက်မှာ တန်ဖိုးနည်း တဲ့ ကားတွေ ရောင်းချဖို့ ကြော်ငြာတင်ထားတာ တွေ့ရတယ်လို့ ပြောလာကြတာပါ။ ဒီကြော်ငြာတွေက သံသယ ဖြစ်စရာ ကောင်းနေတယ်လို့လည်း သူတို့တွေက ပြောပြ ကြပါတယ်။

ရဲနဲ့ လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကားတွေ ပြန်ရ

လော့ဒေါင်းကြောင့် အလွယ်တကူ ခိုးယူ ခံရတဲ့ ကားတွေကို ခြေရာခံလိုက်ရာမှာ လော့ဒေါင်းကြောင့်ပဲ လွယ်ကူလျှင်မြန်စွာ နဲ့ ပြန်ရှာနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ တဝန်ရှိသူက ပြောပါတယ်။

တစ်စီးပြီး တစ်စီး ခြေရာခံ လိုက်ခဲ့ရာမှာ ကားအတော်များများကို ပြန်ရခဲ့ပါတယ်။ နောက်ဆုံးမှာ ကား စုစုပေါင်း ၈၅ စီးကို ကုမ္ပဏီဘက်ကို ပြန်ပေးနိုင်ခဲ့ပါတယ်။ ကားခိုးယူမှုမှာ ပါဝင်တဲ့ လူ ၂၉ ယောက်ကိုလည်း ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ပါတယ်။

အဲဒီလူတွေဟာ ဒေသတွေင်းက လူဆိုးဂိုဏ်း တွေနဲ့ ဆက်နွှယ်နေတဲ့ လူတွေ ဖြစ်ပါတယ်။ ကားတွေ ခိုးဖို့ သေချာ စီစဉ် ခဲ့ပုံလည်း မရပါဘူး။

ကားကုမ္ပဏီဘက်ကတော့ သင်ခန်းစာ အကြီးအကျယ် ရခဲ့ပါတယ်။ ဒါပေမယ့် ကား အတော်များများ ပြန်ရတဲ့ အတွက် လုပ်ငန်း ပြန်လည် လည်ပတ်ဖို့တော့ အသင့်အနေအထား ရှိနေပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ် နိင်ခဲ့တဲ့ နယူးဇီလန် ဟာ အခုတော့ လမ်းတွေ ပြန်ဖွင့်ပေးလိုက်ပြီး၊ စီးပွားရေး လုပ်ငန်းတွေလည်း ပြန်လည် လည်ပတ်နေပါပြီ။

ကားအငှားလုပ်ငန်းတွေလည်း လုပ်ငန်း ပြန်စတင်ဖို့ တာဆူနေပါပြီ။ ကားခိုးခံရတဲ့ အတွက် ထိခိုက်မှုတော့ ရှိခဲ့တာ အမှန်ပဲလို့ ဂျုစီ ကားအငှားလုပ်ငန်း တည်ထောင်သူ တင် အပ်လ် က ဆိုပါတယ်။

ဒါပေမယ့် လူတွေရဲ့ ကူညီမှုကတော့ အံ့မခန်းပဲလို့ သူက ပြောပါတယ်။ ရဲတွေနဲ့ အကူအညီပေးခဲ့ကြတဲ့ လူတွေကို ကျေးဇူး တင်တယ်လို့လည်း သူက ပြောပါတယ်။

လောလောဆယ်မှာ ကား ၈၅ စီး ကို ပြန်ရပါပြီ။ ကျန်တဲ့ ၁၂ စီးကိုလည်း ပြန်မရနိုင်စရာ မရှိဘူးလို့ ရဲအုပ် မတ် ဆာဟွိုင်က ယုံကြည်နေပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52562799
ေလာ့ေဒါင္း ကာလမွာ နယူးဇီလန္မွာ ကားအမ်ားအျပား ခိုးယူခံလိုက္ရ ေလာ့ေဒါင္း ကာလမွာ နယူးဇီလန္မွာ ကားအမ်ားအျပား ခိုးယူခံလိုက္ရ Reviewed by THITHTOOLWIN on 00:40 Rating: 5
Powered by Blogger.