ႏွာေခါင္းစည္း မတပ္သူေတြ ရန္ကုန္တုိင္းအစုိးရ အေရးယူမည္


(Zawgyi/Unicode)

ႏွာေခါင္းစည္းေတြကို မျဖစ္မေနတပ္ဖို႔ ရန္ကုန္တိုင္းအတြင္း ညႊန္ၾကားခ်က္ထုတ္ထားေပမယ့္ ကနဦးအဆင့္မွာေတာ့ အေရးယူတာထက္ ပညာေပးတာကို ဦးစားေပးသြားမယ္ဆိုတဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ႏွာေခါင္းစည္းေတြကို မတပ္ဘဲ အျပင္ထြက္သြားလာၾကရင္ အေရးယူမယ္လို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ေမလ ၁၁ ရက္ တနလာၤေန႔က ထုတ္ျပန္လိုက္သလို သက္ဆိုင္ရာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး႐ုံးေတြကလည္း ဒါကို တဆင့္ အမ်ားျပည္သူကို ထုတ္ျပန္ေပးေနပါတယ္။ မျဖစ္မေန လိုက္နာရမယ့္ ေဒသႏၲအမိန႔္အေနနဲ႔ စည္းကမ္းခ်က္ ထုတ္ျပန္တာ ျဖစ္ပါတယ္။

ဒါေပမဲ့ အေစာပိုင္းရက္ေတြမွာေတာ့ အေရးယူတာေတြထက္ ပညာေပးကိစၥေတြကို ပိုဦးစားေပး လုပ္သြားမယ္လို႔ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္တိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက ခုလိုေျပာပါတယ္။

"က်ေနာ္တို႔ လက္ရွိအစိုးရရဲ႕ ျဖတ္သန္းေနတဲ့ အေျခအေနကေတာ့ ျပည္သူလူထုကို ပညာေပးတယ္။ ျပည္သူလူထုကို ေမတၱာရပ္ခံတယ္ဆိုတာမ်ိဳးနဲ႔ အေျခအေနမ်ိဳးနဲ႔ ျဖတ္သန္းေနတာျဖစ္တယ္။ ဒါေၾကာင့္ အမ်ားႀကီး အေရးယူဖို႔ ဆိုတာကေတာ့ သိပ္ၿပီးေတာ့ က်ေနာ္တို႔ ေမွ်ာ္လင့္မထားပါဘူး။”

လႈိင္သာယာၿမိဳ႕နယ္ အေနာက္ပိုင္း အုပ္ခ်ဳပ္ေရးမွဴး ဦးေနမင္းထြန္းကလည္း ႏွာေခါင္းစည္းမတပ္တဲ့သူေတြကို အေရးယူမယ္ဆိုတာက ႏွာေခါင္းစည္း မတပ္ဘဲ အျပင္ထြက္ၾကမွာ ကိုစိုးရိမ္တာေၾကာင့္ လုပ္ရတာျဖစ္တယ္လို႔ ဆိုပါတယ္။

လူတိုင္းႏွာေခါင္းစည္း တပ္ႏိုင္ၾကဖို႔အတြက္ကို ဆင္းရဲႏြမ္းပါးသူေတြအတြက္ ႏွာေခါင္းစည္း အခမဲ့ေပးေဝတာေတြကို မေန႔ကစၿပီး လုပ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ႏွာေခါင္းစည္းေတြ ေဝေပးထားတာမ်ိဳးေတြနဲ႔ ပညာေပးတာေတြ လုပ္မွာျဖစ္ၿပီး အဲ့ဒီေနာက္ပိုင္းမွာ ႏွစ္ေခါင္းစည္း မတပ္ဘဲ အျပင္ထြက္တာမ်ိဳးေတြ ေတြ႕ရင္ေတာ့ ကူးစက္ေရာဂါမ်ား ကာကြယ္ႏိွမ္နင္းေရး ဥပေဒနဲ႔ အေရးယူသြားမယ္လို႔ ဦးေနမင္းထြန္းက ေျပာပါတယ္။

“က်ေနာ္တို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ ရပ္ကြက္က ေစတနာရွင္ ျပည္သူလူထုကလည္း လိုက္ေဝေပးပါတယ္။ ထို႔အတူ ဌာနဆိုင္ရာေတြကိုလည္း က်ေနာ္တို႔ Mask ေတြေဝပါတယ္။ မနက္ျဖန္အထိ က်ေနာတို႔ mask ေတြကို ရသေလာက္ ေဝေပးေနအုံးမွာ ျဖစ္ပါတယ္။ အဓိကကေတာ့ ဆင္းရဲႏြမ္းပါးၿပီးေတာ့ Mask ဝယ္ဖို႔ ခက္ခဲတဲ့ ျပည္သူလူထူကို ေလွ်ာ္လို႔ဖြတ္လို႔ ျပန္ၿပီးေတာ့ အသုံးျပဳလို႔ ရတဲ့ mask မ်ိဳးေတြကို အဓိကထားၿပီးေတာ့ ေဝေပးမွာပါ။ အဲ့ဒါမွာမွ ေဝေပးရဲ႕သားနဲ႔မွ အိမ္မွာ တမင္တကာထားခဲ့ၿပီး အျပင္မထြက္ေအာင္ေပါ့ေနာ္။ ထားခဲ့ၿပီး ထြက္လာရင္ေတာ့ ဒီဥပေဒနဲ႔ အေရးယူပါမယ္။”

လႊတ္ေတာ္ကိုယ္စားလွယ္ေတြ စုေပါင္းၿပီး ႏွာေခါင္းစည္း မဝယ္ႏိုင္တဲ့သူေတြကို အခမဲ့ေဝေပးႏိုင္ဖို႔အတြက္ ႏွာေခါင္းစည္းေတြ စုေဆာင္းေနၿပီး mask camping ေတြ လုပ္ဖို႔၊ ျပည္သူလူထုကို ႏွာေခါင္းစည္းတပ္ဖို႔ စည္း႐ုံးလႈံေဆာ္တာေတြ ေဆာင္႐ြက္သြားမယ္လို႔လည္း မဂ္လာေတာင္ၫႊန္႔ၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက ဆိုပါတယ္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး ဗဟိုေကာ္မတီကေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ဌာနက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကို ေမလ ၁၅ ရက္ေန႔အထိ ထပ္တိုးလိုက္နာၾကဖို႔ ထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့ အခု ေမလ ၁၅ ရက္ေန႔ကေန ဒီအမိန႔္ကို ထပ္တိုးမတိုး မက်ိန္းေသေပမဲ့လို႔ သက္ဆိုင္ရာ ေဒသႏၲရအမိန႔္ေတြ ကေတာ့ ဆက္ရွိေနဦးမွာျဖစ္ပါတယ္။ အခု ထုတ္ျပန္တဲ့ ရန္ကုန္တိုင္း ေဒသႏၲရအမိန႔္ထဲမွာေတာ့ ျပင္ပထြက္တဲ့အခါ ႏွာေခါင္းစည္းကို မျဖစ္မေန တပ္ဖို႔အျပင္ မလိုအပ္ဘဲ လူ ၅ ေယာက္ ထက္ပိုၿပီး မစုေဝးဖို႔ဆိုတာလည္း ပါဝင္ပါတယ္။

တိုင္းႏွင့္ျပည္နယ္နဲ႔ ေဒသအလိုက္ ည ၁၀ နာရီကေန မနက္ ၄ နာရီအထိ အိမ္ျပင္မထြက္ၾကဖို႔ကိုလည္း ေဒသႏၲရအမိန႔္ေတြ ထုတ္ျပန္ထားသလို ဒီလို ၫႊန္ၾကားခ်က္ေတြကို လိုက္နာမႈ မရွိရင္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏိုင္နင္းေရးဥပေဒနဲ႔ အေရးယူသြားမယ္လို႔ ထုတ္ျပန္ထားပါတယ္ရွင္။

➣ အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------
[Unicode Version]

နှာခေါင်းစည်း မတပ်သူတွေ ရန်ကုန်တိုင်းအစိုးရ အရေးယူမည်

နှာခေါင်းစည်းတွေကို မဖြစ်မနေတပ်ဖို့ ရန်ကုန်တိုင်းအတွင်း ညွှန်ကြားချက်ထုတ်ထားပေမယ့် ကနဦးအဆင့်မှာတော့ အရေးယူတာထက် ပညာပေးတာကို ဦးစားပေးသွားမယ်ဆိုတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

နှာခေါင်းစည်းတွေကို မတပ်ဘဲ အပြင်ထွက်သွားလာကြရင် အရေးယူမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က မေလ ၁၁ ရက် တနလာၤနေ့က ထုတ်ပြန်လိုက်သလို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးတွေကလည်း ဒါကို တဆင့် အများပြည်သူကို ထုတ်ပြန်ပေးနေပါတယ်။ မဖြစ်မနေ လိုက်နာရမယ့် ဒေသန္တအမိန့်အနေနဲ့ စည်းကမ်းချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အစောပိုင်းရက်တွေမှာတော့ အရေးယူတာတွေထက် ပညာပေးကိစ္စတွေကို ပိုဦးစားပေး လုပ်သွားမယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ခုလိုပြောပါတယ်။

"ကျနော်တို့ လက်ရှိအစိုးရရဲ့ ဖြတ်သန်းနေတဲ့ အခြေအနေကတော့ ပြည်သူလူထုကို ပညာပေးတယ်။ ပြည်သူလူထုကို မေတ္တာရပ်ခံတယ်ဆိုတာမျိုးနဲ့ အခြေအနေမျိုးနဲ့ ဖြတ်သန်းနေတာဖြစ်တယ်။ ဒါကြောင့် အများကြီး အရေးယူဖို့ ဆိုတာကတော့ သိပ်ပြီးတော့ ကျနော်တို့ မျှော်လင့်မထားပါဘူး။”

လှိုင်သာယာမြို့နယ် အနောက်ပိုင်း အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းကလည်း နှာခေါင်းစည်းမတပ်တဲ့သူတွေကို အရေးယူမယ်ဆိုတာက နှာခေါင်းစည်း မတပ်ဘဲ အပြင်ထွက်ကြမှာ ကိုစိုးရိမ်တာကြောင့် လုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

လူတိုင်းနှာခေါင်းစည်း တပ်နိုင်ကြဖို့အတွက်ကို ဆင်းရဲနွမ်းပါးသူတွေအတွက် နှာခေါင်းစည်း အခမဲ့ပေးဝေတာတွေကို မနေ့ကစပြီး လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နှာခေါင်းစည်းတွေ ဝေပေးထားတာမျိုးတွေနဲ့ ပညာပေးတာတွေ လုပ်မှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ နှစ်ခေါင်းစည်း မတပ်ဘဲ အပြင်ထွက်တာမျိုးတွေ တွေ့ရင်တော့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့ ဦးနေမင်းထွန်းက ပြောပါတယ်။

“ကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရပ်ကွက်က စေတနာရှင် ပြည်သူလူထုကလည်း လိုက်ဝေပေးပါတယ်။ ထို့အတူ ဌာနဆိုင်ရာတွေကိုလည်း ကျနော်တို့ Mask တွေဝေပါတယ်။ မနက်ဖြန်အထိ ကျနောတို့ mask တွေကို ရသလောက် ဝေပေးနေအုံးမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဆင်းရဲနွမ်းပါးပြီးတော့ Mask ဝယ်ဖို့ ခက်ခဲတဲ့ ပြည်သူလူထူကို လျှော်လို့ဖွတ်လို့ ပြန်ပြီးတော့ အသုံးပြုလို့ ရတဲ့ mask မျိုးတွေကို အဓိကထားပြီးတော့ ဝေပေးမှာပါ။ အဲ့ဒါမှာမှ ဝေပေးရဲ့သားနဲ့မှ အိမ်မှာ တမင်တကာထားခဲ့ပြီး အပြင်မထွက်အောင်ပေါ့နော်။ ထားခဲ့ပြီး ထွက်လာရင်တော့ ဒီဥပဒေနဲ့ အရေးယူပါမယ်။”

လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး နှာခေါင်းစည်း မဝယ်နိုင်တဲ့သူတွေကို အခမဲ့ဝေပေးနိုင်ဖို့အတွက် နှာခေါင်းစည်းတွေ စုဆောင်းနေပြီး mask camping တွေ လုပ်ဖို့၊ ပြည်သူလူထုကို နှာခေါင်းစည်းတပ်ဖို့ စည်းရုံးလှုံဆော်တာတွေ ဆောင်ရွက်သွားမယ်လို့လည်း မဂ်လာတောင်ညွှန့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုပါတယ်။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို မေလ ၁၅ ရက်နေ့အထိ ထပ်တိုးလိုက်နာကြဖို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အခု မေလ ၁၅ ရက်နေ့ကနေ ဒီအမိန့်ကို ထပ်တိုးမတိုး မကျိန်းသေပေမဲ့လို့ သက်ဆိုင်ရာ ဒေသန္တရအမိန့်တွေ ကတော့ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အခု ထုတ်ပြန်တဲ့ ရန်ကုန်တိုင်း ဒေသန္တရအမိန့်ထဲမှာတော့ ပြင်ပထွက်တဲ့အခါ နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဖို့အပြင် မလိုအပ်ဘဲ လူ ၅ ယောက် ထက်ပိုပြီး မစုဝေးဖို့ဆိုတာလည်း ပါဝင်ပါတယ်။

တိုင်းနှင့်ပြည်နယ်နဲ့ ဒေသအလိုက် ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ အိမ်ပြင်မထွက်ကြဖို့ကိုလည်း ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားသလို ဒီလို ညွှန်ကြားချက်တွေကို လိုက်နာမှု မရှိရင် ကူးစက်ရောဂါများ ကာကွယ်နိုင်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်ရှင်။

➣ အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-mask/5416511.html
ႏွာေခါင္းစည္း မတပ္သူေတြ ရန္ကုန္တုိင္းအစုိးရ အေရးယူမည္  ႏွာေခါင္းစည္း မတပ္သူေတြ ရန္ကုန္တုိင္းအစုိးရ အေရးယူမည္ Reviewed by THITHTOOLWIN on 00:16 Rating: 5
Powered by Blogger.