ျမန္မာႏုိင္ငံမွာ ေက်ာင္းေတြ ျပန္ဖြင့္ေရး က်န္းမာေရးနဲ႔ ပညာေရး၀န္ႀကီးဌာနေဆြးေႏြး


(Zawgyi/Unicode)

အခုဇြန္လမွာ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္ဖို႔ အေျခအေနကို က်န္းမာေရးနဲ႔ ပညာေရးႀကီးဌာနတို႔ ပူးတဲြညိွႏိႈင္းေနတယ္ဆိုတဲ့သတင္း ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက တင္ျပေပးပါမယ္။

ပုံမွန္အားျဖင့္ ဇြန္လ ၁ ရက္ေန႔မွာ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္ၾကရမယ္ဆိုေပမဲ့လည္း COVID-19 ေရာဂါ အေျခအေနေတြေၾကာင့္ ေက်ာင္းျပန္ဖြင့္မယ့္ရက္ကိုေတာ့ အတိအက် မသိရေသးပါဘူး။ ဒီလို ေက်ာင္းေတြ ျပန္ဖြင့္ႏိုင္မယ့္ ရက္ကို အတိအက် မေျပာႏိုင္ေသးေပမဲ့လည္း က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ပညာေရးဝန္ႀကီးဌာနတို႔ ေက်ာင္းျပန္ဖြင့္မယ့္ အေျခအေနနဲ႔ ပတ္သက္လို႔ ညႇိႏႈိင္းေဆာင္႐ြက္ေနၾကပါတယ္။

ေက်ာင္းေတြ ျပန္ဖြင့္ရင္ ေက်ာင္းသားေတြကို က်န္းမာေရးနဲ႔ ပတ္သက္လို႔ လုံၿခဳံမႈ ရွိေအာင္ ေဆာင္႐ြက္ဖို႔ ညႇိႏႈိင္းေနၾကတဲ့ အေၾကာင္းကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏိုင္စိုးက ခုလိုေျပာျပပါတယ္။

“အဲ့ဒါက ခု ဝန္ႀကီးဌာနႏွစ္ခု ညႇိႏႈိင္းေနတယ္ ခင္ဗ်။ Social Distancing လည္း လုပ္ရမယ္။ ၿပီးေတာ့ လက္ေဆးတာေတြ၊ Mask တပ္တဲ့ဟာေတြ ေက်ာင္းမွာ ဘယ္လိုပုံစံ Mask တပ္မလဲ၊ အဲ့ဒါေတြကို ဒီဘက္မွာရွိတဲ့ ပညာရွင္အဖြဲ႕ေတြနဲ႔ က်န္းမာေရးဌာနကအဖြဲ႕ေတြ၊ ဟိုဘက္က အေျခခံပညာဦးစီးဌာနက ပညာရွင္ေတြနဲ႔ ညႇိႏႈိင္းေနၾကတယ္ဗ်။ ေက်ာင္းမဖြင့္ခင္မွာေတာ့ ျပတ္ေအာင္ ညႇိၾကမွာပါ။”

Online ကေန သင္လို႔ရတဲ့ အတန္းနဲ႔ သင္လို႔ မရတဲ့ အတန္းခြဲၿပီး ေက်ာင္းသားေတြအတြက္ အဆင္ေျပေအာင္ ညႇိႏႈိင္းေနၾကတယ္လို႔ ေဒါက္တာသန္းႏိုင္စိုးက ဆိုပါတယ္။ ပညာေရးဝန္ႀကီးဌာနဘက္ကေတာ့ ေက်ာင္းျပန္ဖြင့္မယ့္ရက္ကို COVID-19 ေရာဂါတိုက္ဖ်က္ေရး ဗဟိုေကာ္မတီရဲ႕ ညႊန္ၾကားခ်က္ကို ေစာင့္ေနတယ္ဆိုၿပီး အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္းက သတင္းဌာနေတြကို ေျပာထားပါတယ္။

အကယ္၍ ေက်ာင္းေတြကို ပုံမွန္သတ္မွတ္ရက္အတိုင္း ျပန္မဖြင့္ႏိုင္ေသးဘူးဆိုရင္လည္း Online ကေန သင္ယူႏိုင္ဖို႔အတြက္ စဥ္းစားေဆာင္႐ြက္ေနတာ ရွိတယ္ ဆိုၿပီးေတာ့လည္း ယခင္က ေျပာဆိုထားတာ ရွိပါတယ္။

COVID-19 ေရာဂါကို မထိန္းခ်ဳပ္ႏိုင္ေသးပဲ ေက်ာင္းေတြကို အလ်င္စလို ျပန္ဖြင့္တာမ်ိဳး မလုပ္ေစခ်င္ဘူးလို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖြဲ႕ခ်ဳပ္အတြင္းေရးမွဴး Dr.ေဇာမ်ိဳးလႈိင္ က ေျပာပါတယ္။

“Social Distancing လို ကိစၥမ်ိဳးေလ က်ေနာ္တို႔က နဂိုကတည္းကမွ က်ေနာ္တို႔ ေက်ာင္းေတြ မွာ ျပည့္ညွပ္ၾကပ္ေနေအာင္ တစ္ခန္းတစ္ခန္းထဲမွာ ထည့္ထားရတာေလ။ ဒီအေနအထားကေနၿပီးေတာ့ က်ေနာ္တို႔က ၆ ေပခြာ မေျပာနဲ႔ ၃ ေပ ခြာေတာင္မွ အေနအထားခက္ခဲပါတယ္။ ေက်ာင္းဖြင့္တဲ့ အခ်ိန္မွာ က်ရင္ ေက်ာင္းထဲမွာ တစ္ေယာက္တေလကေန စျဖစ္လာခဲ့ရင္ outbreak ျဖစ္သြားရင္ ပိုၿပီးေတာ့ေလ အမ်ားႀကီးျဖစ္သြားႏိုင္တယ္ေပါ့ေနာ္။ ဒါေၾကာင့္မို႔လို႔ ေက်ာင္းေတြကိုလည္း ပထမ အခ်က္အေနနဲ႔ေလ တစ္လတန္သည္၊ ႏွစ္လတန္သည္ ဆိုင္းငံ့ထားေစခ်င္တာပဲ က်ေနာ့္ အျမင္ကေလ။”

ေရာဂါအေျခအေနေၾကာင့္ဆိုၿပီး ေက်ာင္းေတြကို ကာလရွည္ ပိတ္ထားဖို႔က မျဖစ္ႏိုင္တာေၾကာင့္ Online ကေန သင္ၾကားတာမ်ိဳးလုပ္ဖို႔ စီစဥ္ေနတာေတြကို ၾကားေနရေပမဲ့ လက္ရွိ အေျခအေနမွာ အဆင္ေျပႏိုင္မွာ မဟုတ္ေသးဘူးလို႔ Dr.ေဇာမ်ိဳးလႈိင္က ဆိုပါတယ္။

“လက္ရွိမွာေတာ့ က်ေနာ္တို႔က Online လုပ္ဖို႔ အေျခအေနက မေပးေသးဘူး။ မေပးေသးတဲ့အေနအထားမွာ က်ေနာ္တိုပ အျခားနည္းေတြနဲ႔ ၾကိဳးစားသင့္တယ္လို႔ ျမင္ပါတယ္။ တျခားနည္းတြနဲ႔ဆိုတာက ဥပမာ ဒီ လူမႈကြန္ယက္ Facebook ကို သုံးၿပီးေတာ့ Online ေတာ့ မဟုတ္ဘူးေပါ့ Offline အေနနဲ႔ေပါ့ သင္ခန္းစာေတြကို Video ႐ိုက္ၿပီး တင္ေပးမယ္။ အဲ့ဒီဟာေတြကို သက္ဆိုင္ရာ ေဒသေတြမွာရွိတဲ့ ေက်ာင္းသားမိဘေတြက ဒါေတြကို Download ဆြဲမယ္။ သားသမီးေတြကို ဖြင့္ျပမယ္၊ မိဘေတြ အကူအညီနဲ႔ေပါ့ေနာ္။ အျပည္အဝ မေအာင္ျမင္ရင္ေတာင္ က်ေနာ္တို႔ ဒီအတိုင္းေတာ့ ရပ္ထားလို႔မျဖစ္ဘူး။ ကေလးေတြကို အခ်ိန္ေတြ ကုန္မသြားေအာင္ေပါ့ေလ သင္လို႔ရတာေတြကို ႀကိဳသင္ထားမယ္။”

တကၠသိုလ္ဝင္ စာေမးပြဲေတြကို မတ္လ ၂၀ ရက္ေန႔မွာ ေျဖဆိုၿပီးစီးခဲ့ေပမဲ့ မတ္လ ၂၃ ရက္ေန႔မွာပဲ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ေၾကညာလိုက္တဲ့အတြက္ အေျဖလႊာစစ္ေဆးျခင္း လုပ္ငန္းေတြကို ရက္အကန္႔အသတ္မရွိ ရပ္ဆိုင္းထားခဲ့ရပါတယ္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------

[Unicode Version]

မြန်မာနိုင်ငံမှာ ကျောင်းတွေ ပြန်ဖွင့်ရေး ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာနဆွေးနွေး

အခုဇွန်လမှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့ အခြေအနေကို ကျန်းမာရေးနဲ့ပညာရေးကြီးဌာနတို့ ပူးတွဲညှိနှိုင်းနေတယ်ဆိုတဲ့သတင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

ပုံမှန်အားဖြင့် ဇွန်လ ၁ ရက်နေ့မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ကြရမယ်ဆိုပေမဲ့လည်း COVID-19 ရောဂါ အခြေအနေတွေကြောင့် ကျောင်းပြန်ဖွင့်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီလို ကျောင်းတွေ ပြန်ဖွင့်နိုင်မယ့် ရက်ကို အတိအကျ မပြောနိုင်သေးပေမဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ကျောင်းပြန်ဖွင့်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။

ကျောင်းတွေ ပြန်ဖွင့်ရင် ကျောင်းသားတွေကို ကျန်းမာရေးနဲ့ ပတ်သက်လို့ လုံခြုံမှု ရှိအောင် ဆောင်ရွက်ဖို့ ညှိနှိုင်းနေကြတဲ့ အကြောင်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ခုလိုပြောပြပါတယ်။

“အဲ့ဒါက ခု ဝန်ကြီးဌာနနှစ်ခု ညှိနှိုင်းနေတယ် ခင်ဗျ။ Social Distancing လည်း လုပ်ရမယ်။ ပြီးတော့ လက်ဆေးတာတွေ၊ Mask တပ်တဲ့ဟာတွေ ကျောင်းမှာ ဘယ်လိုပုံစံ Mask တပ်မလဲ၊ အဲ့ဒါတွေကို ဒီဘက်မှာရှိတဲ့ ပညာရှင်အဖွဲ့တွေနဲ့ ကျန်းမာရေးဌာနကအဖွဲ့တွေ၊ ဟိုဘက်က အခြေခံပညာဦးစီးဌာနက ပညာရှင်တွေနဲ့ ညှိနှိုင်းနေကြတယ်ဗျ။ ကျောင်းမဖွင့်ခင်မှာတော့ ပြတ်အောင် ညှိကြမှာပါ။”

Online ကနေ သင်လို့ရတဲ့ အတန်းနဲ့ သင်လို့ မရတဲ့ အတန်းခွဲပြီး ကျောင်းသားတွေအတွက် အဆင်ပြေအောင် ညှိနှိုင်းနေကြတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။ ပညာရေးဝန်ကြီးဌာနဘက်ကတော့ ကျောင်းပြန်ဖွင့်မယ့်ရက်ကို COVID-19 ရောဂါတိုက်ဖျက်ရေး ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်ကို စောင့်နေတယ်ဆိုပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက သတင်းဌာနတွေကို ပြောထားပါတယ်။

အကယ်၍ ကျောင်းတွေကို ပုံမှန်သတ်မှတ်ရက်အတိုင်း ပြန်မဖွင့်နိုင်သေးဘူးဆိုရင်လည်း Online ကနေ သင်ယူနိုင်ဖို့အတွက် စဉ်းစားဆောင်ရွက်နေတာ ရှိတယ် ဆိုပြီးတော့လည်း ယခင်က ပြောဆိုထားတာ ရှိပါတယ်။

COVID-19 ရောဂါကို မထိန်းချုပ်နိုင်သေးပဲ ကျောင်းတွေကို အလျင်စလို ပြန်ဖွင့်တာမျိုး မလုပ်စေချင်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အတွင်းရေးမှူး Dr.ဇောမျိုးလှိုင် က ပြောပါတယ်။

“Social Distancing လို ကိစ္စမျိုးလေ ကျနော်တို့က နဂိုကတည်းကမှ ကျနော်တို့ ကျောင်းတွေ မှာ ပြည့်ညှပ်ကြပ်နေအောင် တစ်ခန်းတစ်ခန်းထဲမှာ ထည့်ထားရတာလေ။ ဒီအနေအထားကနေပြီးတော့ ကျနော်တို့က ၆ ပေခွာ မပြောနဲ့ ၃ ပေ ခွာတောင်မှ အနေအထားခက်ခဲပါတယ်။ ကျောင်းဖွင့်တဲ့ အချိန်မှာ ကျရင် ကျောင်းထဲမှာ တစ်ယောက်တလေကနေ စဖြစ်လာခဲ့ရင် outbreak ဖြစ်သွားရင် ပိုပြီးတော့လေ အများကြီးဖြစ်သွားနိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ကျောင်းတွေကိုလည်း ပထမ အချက်အနေနဲ့လေ တစ်လတန်သည်၊ နှစ်လတန်သည် ဆိုင်းငံ့ထားစေချင်တာပဲ ကျနော့် အမြင်ကလေ။”

ရောဂါအခြေအနေကြောင့်ဆိုပြီး ကျောင်းတွေကို ကာလရှည် ပိတ်ထားဖို့က မဖြစ်နိုင်တာကြောင့် Online ကနေ သင်ကြားတာမျိုးလုပ်ဖို့ စီစဉ်နေတာတွေကို ကြားနေရပေမဲ့ လက်ရှိ အခြေအနေမှာ အဆင်ပြေနိုင်မှာ မဟုတ်သေးဘူးလို့ Dr.ဇောမျိုးလှိုင်က ဆိုပါတယ်။

“လက်ရှိမှာတော့ ကျနော်တို့က Online လုပ်ဖို့ အခြေအနေက မပေးသေးဘူး။ မပေးသေးတဲ့အနေအထားမှာ ကျနော်တိုပ အခြားနည်းတွေနဲ့ ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။ တခြားနည်းတွနဲ့ဆိုတာက ဥပမာ ဒီ လူမှုကွန်ယက် Facebook ကို သုံးပြီးတော့ Online တော့ မဟုတ်ဘူးပေါ့ Offline အနေနဲ့ပေါ့ သင်ခန်းစာတွေကို Video ရိုက်ပြီး တင်ပေးမယ်။ အဲ့ဒီဟာတွေကို သက်ဆိုင်ရာ ဒေသတွေမှာရှိတဲ့ ကျောင်းသားမိဘတွေက ဒါတွေကို Download ဆွဲမယ်။ သားသမီးတွေကို ဖွင့်ပြမယ်၊ မိဘတွေ အကူအညီနဲ့ပေါ့နော်။ အပြည်အဝ မအောင်မြင်ရင်တောင် ကျနော်တို့ ဒီအတိုင်းတော့ ရပ်ထားလို့မဖြစ်ဘူး။ ကလေးတွေကို အချိန်တွေ ကုန်မသွားအောင်ပေါ့လေ သင်လို့ရတာတွေကို ကြိုသင်ထားမယ်။”

တက္ကသိုလ်ဝင် စာမေးပွဲတွေကို မတ်လ ၂၀ ရက်နေ့မှာ ဖြေဆိုပြီးစီးခဲ့ပေမဲ့ မတ်လ ၂၃ ရက်နေ့မှာပဲ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ကြေညာလိုက်တဲ့အတွက် အဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ရပါတယ်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-education/5414637.html
ျမန္မာႏုိင္ငံမွာ ေက်ာင္းေတြ ျပန္ဖြင့္ေရး က်န္းမာေရးနဲ႔ ပညာေရး၀န္ႀကီးဌာနေဆြးေႏြး ျမန္မာႏုိင္ငံမွာ ေက်ာင္းေတြ ျပန္ဖြင့္ေရး က်န္းမာေရးနဲ႔ ပညာေရး၀န္ႀကီးဌာနေဆြးေႏြး Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.