ကပ်ဘေးမှာ တပ်နဲ့ လက်နက်ကိုင်အဖွဲ့တချို့ ဆက်ဆံရေးကောင်းလာ

(Unicode)⤵⤵⤵
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အကြောင်းပြုပြီး ဆက်ဆံရေးကောင်းမွန်နေတာ တွေ့လာရပါတယ်။

ထာဝရငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေးတို့အတွက် မျှော်မှန်းထားတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပစ္စည်းတွေ ဒီရက်ပိုင်းအတွင်း ခပ်စိပ်စိပ် လှူဒါန်းနေတာပါ။

မေလ ၁၉ ရက်နေ့က ဝ ဒေသကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး အထောက်အကူ ပစ္စည်းတွေကို တပ်မတော်က သွားရောက်လှူဒါန်းခဲ့ရာမှာ ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝ ဒေသကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီဖိတ်ခေါ်မှုဟာ အဖက်ဖက်က ရင်းနှီးမှု၊ ယုံကြည်မှုတွေ ပိုမိုတိုးတက်ဖို့အတွက် ဖြစ်တယ်လို့ UWSP ရဲ့ လက်နက်ကိုင်အဖွဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောပါတယ်။

“ဖိတ်ခေါ်တာကတော့ အရင်ကတည်းကလည်း ဖိတ်ခေါ်ပါတယ်။ လူကြီးတွေကတော့ အရင်ကတည်းက ခင်မင်မှု ရှိပြီးသားပါ။ အဖက်ဖက်က ယုံကြည်မှု ပိုမိုတိုးတက်ဖို့အတွက် ဖိတ်ခေါ်မှုတွေပါပဲ။ ပြီးရင် ကျွန်တော်တို့ ဝ ပြည်နယ်မှာ လာရောက်ပြီး လေ့လာမှုတွေပြုဖို့၊ နောက်ပြီး လာပြီး ညွှန်ကြားမှုတွေ ပြုလုပ်ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့”

တပ်ချုပ်က သင့်တော်ကောင်းမွန်တဲ့ အချိန်မှာ ဝ ဒေသကို သွားဖြစ်လိမ့်မယ်ဆိုတဲ့ သဘောထားရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေလ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြေကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလက ပန်ဆန်းမြို့မှာ ပြုလုပ်တဲ့ ဝ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဖိတ်ကြားခဲ့တာတွေ ရှိပါတယ်။

တိုင်းရင်းသားအရေးနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ဝ အဖွဲ့ဟာ နေပြည်တော်က ထိပ်တန်းခေါင်းဆောင်တွေကို တင်ပြလိုတာတွေ ရှိတာကြောင့် ဖိတ်ခေါ်နေတာ ဖြစ်နိုင်လို့ သုံးသပ်ပါတယ်။

“ဝ တပ်ဖွဲ့ရဲ့ လောလောဆယ်အနေအထားဟာ အခြေခံဥပဒေအရ တရားဝင် မဟုတ်ဘူးပေါ့။ တရားဝင် အနေအထားတစ်ခုရောက်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားပြီး ကြိုးစားနေတာလို့ မြင်ပါတယ်။ နောက်ပြီး ဝ ဒေသအနေနဲ့ ပြည်နယ်အဆင့်ကို လိုလားပုံရပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော် ခေါင်းဆောင်တွေကို တင်ပြချင်တာ၊ ပြောပြချင်တာရှိလိမ့်မယ်။ လက်ရှိ ဝ ဒေသရဲ့ နိုင်ငံရေး အခြေအနေကို လက်တွေ့ပြသချင်တာလည်း ဖြစ်ပါလိမ့်မယ်”

ဝ တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း ၂၀၀၉ ခုနှစ်အထိ တပ်မတော် အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံခဲ့နောက်ပိုင်း တင်းမာမှုတွေ ရှိခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်ခြင်း မရှိသေးတဲ့ ဝ အဖွဲ့ ထိန်းချုပ်တဲ့ဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ရွေးကောက်ပွဲကော်မရှင်က သွားရောက်ဆွေးနွေးခဲ့သလို တပ်မတော်ကလည်း ကပ်ရောဂါ ထိန်းချုပ်ဟန့်တားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဆေးတပ်ဖွဲ့ စေလွှတ်ခဲ့ပါတယ်။

တပ်မတော်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)  ထိန်းချုပ်နယ်မြေ မိုင်ဆာပါကို မေလ ၂၀ ရက်နေ့က သွားရောက်ပြီး ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး အထောက်အကူပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။

ကပ်ဘေးအန္တရာယ်ကို ပူးတွဲရင်ဆိုင်ကြသလို တခြားပြဿနာတွေကိုလည်း ညှိနှိုင်းဖြေရှင်းသင့်တယ်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“ဒီ Covid-19 ရောဂါ တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းက အားလုံးပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းကနေတဆင့် ငြိမ်းချမ်းရေးရရှိဖို့ တပ်မတော်က ပစ်ခတ်ရပ်ဆိုင်းရေးကို အခြေခံပြီးမှ နိုင်ငံရေးဆွေးနွေးမှုဘက်ကို ဦးတည်သွားနိုင်ရင် ကျွန်တော်တို့အတွက် အကျိုးရှိမယ်လို့ သဘောထားရှိပါတယ်”

KIA ကလည်း အပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုးခြင်း မရှိသေးပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ မကြာခင်ရက်ပိုင်းကပဲ သဘောတူခဲ့တဲ့အထိ နှစ်ဖက်ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာနေပါတယ်။

မြန်မာပြည်တောင်ပိုင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ရဲ့ ကျန်းမာရေး စစ်ဆေးမှု လုပ်ငန်းတချို့ကို တပ်က ဟန့်တားခဲ့တဲ့အတွက် တင်းတင်းမာမာဖြစ်ခဲ့ပါတယ်။

မေလ ၂၂ ရက်နေ့မှာတော့   တပ်မတော်က KNU ကရင်အမျိုးသား အစည်းအရုံးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး အထောက်အကူပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလုပ်ကိုင်ရာမှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO ၁၀ ဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေလ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“EAO အဖွဲ့တစ်ဖွဲ့မှာ Covid 19 ဖြစ်နေပြီဆိုရင်လည်း စွမ်းအား ယုတ်လျော့စေပါတယ်။ စွမ်းအား ယုတ်လျော့တယ်ဆိုတာ ဆိုလိုတာက နိုင်ငံစွမ်းအားပါပဲ။ သူတို့သည်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့က ဆောင်ရွက်နေခြင်းဖြစ်တယ်။ ဒီကနေတဆင့် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ဟာသည် ထာဝရငြိမ်းချမ်းရေးအတွက် မျှော်မှန်းတယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက်လည်း မျှော်မှန်းတယ်၊ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်အတွက်လည်း မျှော်မှန်းတယ်လို့ ကျွန်တော် ပြောလိုပါတယ်”

တပ်မတော်အနေနဲ့ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့အဖွဲ့အစည်းတွေရှိရာ နယ်မြေမှအပ ကျန်တဲ့နေရာတွေမှာ မေလ (၁၀) ရက်ကစလို့ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒါကြောင့် ဒီနှစ်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကတော့ တပ်မတော်ရဲ့ အပစ်ရပ် ကြေညာချက်ထဲမှာ မပါဝင်ပါဘူး။

လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တက်ရောက်မယ့် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို မေလဆန်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကပ်ရောဂါကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။

နှေးကွေးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ကပ်ရောဂါကြောင့် တုံ့ဆိုင်းလာနေတာကြောင့် ဒီရောဂါ ပြန့်ပွားမှု အရှိန်မသေအချင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အရှိန်ပြန်မြှင့်တင်ဖို့ အလှမ်းဝေးနေမှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

နေမျိုးထွန်း / RFA Burmese
-----------------------------------------------

(Zawgyi)⤵⤵⤵
ကပ္ေဘးမွာ တပ္နဲ႔ လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ ဆက္ဆံေရးေကာင္းလာ

တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး အေၾကာင္းျပဳၿပီး ဆက္ဆံေရးေကာင္းမြန္ေနတာ ေတြ႕လာရပါတယ္။

ထာဝရၿငိမ္းခ်မ္းေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးနဲ႔ ယုံၾကည္မႈ တည္ေဆာက္ေရးတို႔အတြက္ ေမွ်ာ္မွန္းထားတယ္လို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။

တပ္မေတာ္က တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ကို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ကုသေရး အေထာက္အကူပစၥည္းေတြ ဒီရက္ပိုင္းအတြင္း ခပ္စိပ္စိပ္ လႉဒါန္းေနတာပါ။

ေမလ ၁၉ ရက္ေန႔က ဝ ေဒသကို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရး အေထာက္အကူ ပစၥည္းေတြကို တပ္မေတာ္က သြားေရာက္လႉဒါန္းခဲ့ရာမွာ ဝ ျပည္ေသြးစည္းညီၫြတ္ေရး ပါတီ UWSP ဥကၠ႒ ဦးေပါက္ယိုခ်န္းက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ဝ ေဒသကို လာေရာက္ဖို႔ ဖိတ္ေခၚလိုက္ပါတယ္။

ဒီဖိတ္ေခၚမႈဟာ အဖက္ဖက္က ရင္းႏွီးမႈ၊ ယုံၾကည္မႈေတြ ပိုမိုတိုးတက္ဖို႔အတြက္ ျဖစ္တယ္လို႔ UWSP ရဲ႕ လက္နက္ကိုင္အဖြဲ႕ ဝ ျပည္ ေသြးစည္းညီၫြတ္ေရး တပ္မေတာ္ UWSA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးညီရမ္းက ေျပာပါတယ္။

“ဖိတ္ေခၚတာကေတာ့ အရင္ကတည္းကလည္း ဖိတ္ေခၚပါတယ္။ လူႀကီးေတြကေတာ့ အရင္ကတည္းက ခင္မင္မႈ ရွိၿပီးသားပါ။ အဖက္ဖက္က ယုံၾကည္မႈ ပိုမိုတိုးတက္ဖို႔အတြက္ ဖိတ္ေခၚမႈေတြပါပဲ။ ၿပီးရင္ ကြၽန္ေတာ္တို႔ ဝ ျပည္နယ္မွာ လာေရာက္ၿပီး ေလ့လာမႈေတြျပဳဖို႔၊ ေနာက္ၿပီး လာၿပီး ၫႊန္ၾကားမႈေတြ ျပဳလုပ္ေပးႏိုင္ဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ေပါ့”

တပ္ခ်ဳပ္က သင့္ေတာ္ေကာင္းမြန္တဲ့ အခ်ိန္မွာ ဝ ေဒသကို သြားျဖစ္လိမ့္မယ္ဆိုတဲ့ သေဘာထားရွိတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေမလ ၂၂ ရက္ေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပၾကားခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ ဧၿပီလက ပန္ဆန္းၿမိဳ႕မွာ ျပဳလုပ္တဲ့ ဝ ျပည္နယ္ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ ႏွစ္ ၃၀ ျပည့္ အခမ္းအနားကို တက္ေရာက္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔ကို ဖိတ္ၾကားခဲ့တာေတြ ရွိပါတယ္။

တိုင္းရင္းသားအေရးနဲ႔ ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ ဝ အဖြဲ႕ဟာ ေနျပည္ေတာ္က ထိပ္တန္းေခါင္းေဆာင္ေတြကို တင္ျပလိုတာေတြ ရွိတာေၾကာင့္ ဖိတ္ေခၚေနတာ ျဖစ္ႏိုင္လို႔ သုံးသပ္ပါတယ္။

“ဝ တပ္ဖြဲ႕ရဲ႕ ေလာေလာဆယ္အေနအထားဟာ အေျခခံဥပေဒအရ တရားဝင္ မဟုတ္ဘူးေပါ့။ တရားဝင္ အေနအထားတစ္ခုေရာက္လာေအာင္ ဘယ္လိုလုပ္မလဲ ဆိုတာကို စဥ္းစားၿပီး ႀကိဳးစားေနတာလို႔ ျမင္ပါတယ္။ ေနာက္ၿပီး ဝ ေဒသအေနနဲ႔ ျပည္နယ္အဆင့္ကို လိုလားပုံရပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္ ေခါင္းေဆာင္ေတြကို တင္ျပခ်င္တာ၊ ေျပာျပခ်င္တာရွိလိမ့္မယ္။ လက္ရွိ ဝ ေဒသရဲ႕ ႏိုင္ငံေရး အေျခအေနကို လက္ေတြ႕ျပသခ်င္တာလည္း ျဖစ္ပါလိမ့္မယ္”

ဝ တပ္ဖြဲ႕ဟာ ၁၉၈၉ ခုႏွစ္ အစိုးရနဲ႔ အပစ္အခတ္ရပ္စဲခဲ့ၿပီးေနာက္ပိုင္း ၂၀၀၉ ခုႏွစ္အထိ တပ္မေတာ္ အစိုးရနဲ႔ ဆက္ဆံေရးေကာင္းမြန္ခဲ့ပါတယ္။ ၂၀၀၉ ခုႏွစ္ နယ္ျခားေစာင့္တပ္ ဖြဲ႕စည္းေရး လက္မခံခဲ့ေနာက္ပိုင္း တင္းမာမႈေတြ ရွိခဲ့ပါတယ္။

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA မွာ ပါဝင္ျခင္း မရွိေသးတဲ့ ဝ အဖြဲ႕ ထိန္းခ်ဳပ္တဲ့ေဒသမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ေ႐ြးေကာက္ပြဲေကာ္မရွင္က သြားေရာက္ေဆြးေႏြးခဲ့သလို တပ္မေတာ္ကလည္း ကပ္ေရာဂါ ထိန္းခ်ဳပ္ဟန႔္တားေရးလုပ္ငန္းေတြ လုပ္ေဆာင္ဖို႔ ေဆးတပ္ဖြဲ႕ ေစလႊတ္ခဲ့ပါတယ္။

တပ္မေတာ္က ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA)  ထိန္းခ်ဳပ္နယ္ေျမ မိုင္ဆာပါကို ေမလ ၂၀ ရက္ေန႔က သြားေရာက္ၿပီး ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ကုသေရး အေထာက္အကူပစၥည္းေတြ ေပးအပ္ခဲ့ပါတယ္။

ကပ္ေဘးအႏၲရာယ္ကို ပူးတြဲရင္ဆိုင္ၾကသလို တျခားျပႆနာေတြကိုလည္း ညႇိႏႈိင္းေျဖရွင္းသင့္တယ္လို႔ KIA ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူက RFA ကို ေျပာပါတယ္။

“ဒီ Covid-19 ေရာဂါ တိုက္ဖ်က္ႏွိမ္နင္းေရးလုပ္ငန္းက အားလုံးပူးေပါင္းေဆာင္႐ြက္တဲ့ လုပ္ငန္းကေနတဆင့္ ၿငိမ္းခ်မ္းေရးရရွိဖို႔ တပ္မေတာ္က ပစ္ခတ္ရပ္ဆိုင္းေရးကို အေျခခံၿပီးမွ ႏိုင္ငံေရးေဆြးေႏြးမႈဘက္ကို ဦးတည္သြားႏိုင္ရင္ ကြၽန္ေတာ္တို႔အတြက္ အက်ိဳးရွိမယ္လို႔ သေဘာထားရွိပါတယ္”

KIA ကလည္း အပစ္ရပ္စာခ်ဳပ္မွာ ပါဝင္လက္မွတ္ထိုးျခင္း မရွိေသးေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရးမွာ အတူတကြ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ မၾကာခင္ရက္ပိုင္းကပဲ သေဘာတူခဲ့တဲ့အထိ ႏွစ္ဖက္ဆက္ဆံေရးေတြ တိုးတက္ေကာင္းမြန္လာေနပါတယ္။

ျမန္မာျပည္ေတာင္ပိုင္းမွာေတာ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ တခ်ိဳ႕ရဲ႕ က်န္းမာေရး စစ္ေဆးမႈ လုပ္ငန္းတခ်ိဳ႕ကို တပ္က ဟန႔္တားခဲ့တဲ့အတြက္ တင္းတင္းမာမာျဖစ္ခဲ့ပါတယ္။

ေမလ ၂၂ ရက္ေန႔မွာေတာ့   တပ္မေတာ္က KNU ကရင္အမ်ိဳးသား အစည္းအ႐ုံးကို ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္ ကုသေရး အေထာက္အကူပစၥည္းေတြ လႉဒါန္းခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းလုပ္ကိုင္ရာမွာ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ EAO ၁၀ ဖြဲ႕နဲ႔လည္း ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေမလ ၂၂ ရက္ေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“EAO အဖြဲ႕တစ္ဖြဲ႕မွာ Covid 19 ျဖစ္ေနၿပီဆိုရင္လည္း စြမ္းအား ယုတ္ေလ်ာ့ေစပါတယ္။ စြမ္းအား ယုတ္ေလ်ာ့တယ္ဆိုတာ ဆိုလိုတာက ႏိုင္ငံစြမ္းအားပါပဲ။ သူတို႔သည္လည္း ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံသားေတြပဲ။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔အေနနဲ႔က ေဆာင္႐ြက္ေနျခင္းျဖစ္တယ္။ ဒီကေနတဆင့္ ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းထားတဲ့ဟာသည္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္မွန္းတယ္၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးအတြက္လည္း ေမွ်ာ္မွန္းတယ္၊ ယုံၾကည္မႈတည္ေဆာက္ေရး လုပ္ငန္းစဥ္အတြက္လည္း ေမွ်ာ္မွန္းတယ္လို႔ ကြၽန္ေတာ္ ေျပာလိုပါတယ္”

တပ္မေတာ္အေနနဲ႔ ႏိုင္ငံေတာ္က အၾကမ္းဖက္အဖြဲ႕လို႔ သတ္မွတ္ထားတဲ့အဖြဲ႕အစည္းေတြရွိရာ နယ္ေျမမွအပ က်န္တဲ့ေနရာေတြမွာ ေမလ (၁၀) ရက္ကစလို႔ ၾသဂုတ္လကုန္အထိ အပစ္ရပ္ထားမယ္လို႔ ေၾကညာခဲ့ပါတယ္။ အဲဒါေၾကာင့္ ဒီႏွစ္ပိုင္းအတြင္း တိုက္ပြဲေတြျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္ကေတာ့ တပ္မေတာ္ရဲ႕ အပစ္ရပ္ ေၾကညာခ်က္ထဲမွာ မပါဝင္ပါဘူး။

လက္နက္ကိုင္အဖြဲ႕ေတြ ပါဝင္တက္ေရာက္မယ့္ ၂၁ ရာစု ပင္လုံ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံကို ေမလဆန္းပိုင္းမွာ က်င္းပဖို႔ စီစဥ္ထားခဲ့ေပမယ့္ ကပ္ေရာဂါေၾကာင့္ မက်င္းပျဖစ္ခဲ့ပါဘူး။

ေႏွးေကြးတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြဟာ ကပ္ေရာဂါေၾကာင့္ တုံ႔ဆိုင္းလာေနတာေၾကာင့္ ဒီေရာဂါ ျပန႔္ပြားမႈ အရွိန္မေသအခ်င္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ အရွိန္ျပန္ျမႇင့္တင္ဖို႔ အလွမ္းေဝးေနမွာ ျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြက သုံးသပ္ေနၾကပါတယ္။

ေနမ်ိဳးထြန္း / RFA Burmese
https://www.rfa.org/burmese/news/army-ethnic-groups-relationships-05232020050012.html
ကပ်ဘေးမှာ တပ်နဲ့ လက်နက်ကိုင်အဖွဲ့တချို့ ဆက်ဆံရေးကောင်းလာ ကပ်ဘေးမှာ တပ်နဲ့ လက်နက်ကိုင်အဖွဲ့တချို့ ဆက်ဆံရေးကောင်းလာ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.