မီတာခတွေ နောက်နှစ်ပတ်စာ အခမဲ့ပေးမည်


(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ခုခံကာကွယ်တားဆီးရေးကာလမှာ ပြည်သူတွေကြားအလုပ်အကိုင်တွေ ဝင်ငွေတွေ ပုံမှန်မရကြတဲ့အတွက် အိမ်သုံးလျှပ်စစ်မီတာခတွေကို အစိုးရက လျှော့ပေးတဲ့အစီအစဉ်ကို မေလ ၃၁ ရက်နေ့ထိ ဆက်ပေးသွားမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက မနေ့က ကြေညာလိုက်ပါတယ်။

မေလ (၁) ရက်နေ့က (၃၁) ရက်ထိ တလအတွင်း အိမ်သုံးယူနစ် ၁၅၀ အတွက် အခမဲ့ပေးမှာဖြစ်ပါတယ်။ အဲဒီထဲမှာတော့  နိုင်ငံတကာသံရုံးတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ခံစားခွင့်ရမှာမဟုတ် ပါဘူး။

လုပ်ငန်းသုံးတွေအတွက်ကိုလည်း ယူနစ် ၁၅၀ ထိကို အခမဲ့ပေးမှာဖြစ်ပြီး အဲဒီအထက် ကျသင့်ငွေထဲက တစ်သောင်းတစ်ထောင်ကျော်ကို အခမဲ့ပေးမယ်လို့ ဝန်ကြီးဌာနကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
------------------------------------------
(Zawgyi)⤵⤵⤵
မီတာခေတြ ေနာက္ႏွစ္ပတ္စာ အခမဲ့ေပးမည္

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ခုခံကာကြယ္တားဆီးေရးကာလမွာ ျပည္သူေတြၾကားအလုပ္အကိုင္ေတြ ဝင္ေငြေတြ ပုံမွန္မရၾကတဲ့အတြက္ အိမ္သုံးလွ်ပ္စစ္မီတာခေတြကို အစိုးရက ေလွ်ာ့ေပးတဲ့အစီအစဥ္ကို ေမလ ၃၁ ရက္ေန႔ထိ ဆက္ေပးသြားမယ္လို႔ လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနက မေန႔က ေၾကညာလိုက္ပါတယ္။

ေမလ (၁) ရက္ေန႔က (၃၁) ရက္ထိ တလအတြင္း အိမ္သုံးယူနစ္ ၁၅၀ အတြက္ အခမဲ့ေပးမွာျဖစ္ပါတယ္။ အဲဒီထဲမွာေတာ့  ႏိုင္ငံတကာသံ႐ုံးေတြနဲ႔ ကုလသမဂၢအဖြဲ႕အစည္းေတြ ခံစားခြင့္ရမွာမဟုတ္ ပါဘူး။

လုပ္ငန္းသုံးေတြအတြက္ကိုလည္း ယူနစ္ ၁၅၀ ထိကို အခမဲ့ေပးမွာျဖစ္ၿပီး အဲဒီအထက္ က်သင့္ေငြထဲက တစ္ေသာင္းတစ္ေထာင္ေက်ာ္ကို အခမဲ့ေပးမယ္လို႔ ဝန္ႀကီးဌာနေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ