မိုးမိတ်-တွင်းငယ်ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား (၃)ဦး သေဆုံး၊ (၈)ဦး ဒဏ်ရာရ


(Unicode)⤵⤵⤵
သပိတ်ကျင်း မေ ၂၇

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် မိုးမိတ်-တွင်းငယ် ကားလမ်းတွင် ထင်းများတင်ဆောင်လာသည့်ကား အရှိန်လွန် တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါလာသူ (၃)ဦး သေဆုံးပြီး၊ (၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရှိရသည်။

ဖြစ်စဉ်မှာ မေ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက  တွင်းငယ်ရဲစခန်းမှူး ရဲအုပ်ရဲထွန်း၊ တွင်းငယ်ကျေး ရွာအရှေ့ဘက် မိုးမိတ်-တွင်းငယ်ကားလမ်း၊ မိုင်တိုင်အမှတ်(ဝ/၁)နှင့်(ဝ/၂)ကြား၊ မိုးမိတ်ဘက်မှတွင်းငယ် ဘက်သို့ ယာဉ်မောင်းစံလင်းထွန်း(တွင်းငယ်)မောင်းနှင်လာသော GMC အမျိုးအစား အစိမ်းရောင် ဓ/----- ထင်းများတင်ဆောင်လာပြီး လူ(၁၁)ပါလာသည့်ကားသည် လမ်းကွေ့အရောက်တွင် အရှိန်လွန်တိမ်းမှောက် ခဲ့ရာ ယာဉ်ပေါ်ပါလာသူများအနက် တွင်းငယ်ကျေးရွာနေ မောင်စံလင်းထွန်း၊ မောင်အောင်ကိုလင်း၊ ကိုငွေခဲစိန်တို့ (၃)ဦးမှာ နေရာတွင်သေဆုံးခဲ့ပြီး ကိုသန်းထူး၊ ကိုမိုးခိုင်၊ ကိုတင်စိုးခိုင်၊ ကိုသန်းထိုက်အောင်တို့ (၄)ဦးမှာ (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကာ မန္တလေးဆေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးပို့အပ်ခဲ့ပြီး ကိုကျော်ညွှန့်အောင်၊ ကိုကျော်ကျော်ဇင်၊ ကိုဇော်လှိုင်မိုး၊ ကိုရန်နိုင်ဝင်းတို့ (၄)ဦးမှာ (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ရာ တွင်းငယ်တိုက်ငယ်ဆေးရုံးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 သို့ပါ၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းစံလင်းထွန်း(တွင်းငယ်)အား သပိတ်ကျင်း မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး အရေးယူ လျက်ရှိကြောင်းသိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း) / Myanmaalinn
-----------------------------------------------
(Zawgyi)⤵⤵⤵
မိုးမိတ္-တြင္းငယ္ကားလမ္းတြင္ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြား (၃)ဦး ေသဆုံး၊ (၈)ဦး ဒဏ္ရာရ

သပိတ္က်င္း ေမ ၂၇

မႏၲေလးတိုင္းေဒသႀကီး သပိတ္က်င္းၿမိဳ႕နယ္ မိုးမိတ္-တြင္းငယ္ ကားလမ္းတြင္ ထင္းမ်ားတင္ေဆာင္လာသည့္ကား အရွိန္လြန္ တိမ္းေမွာက္ခဲ့ရာ ယာဥ္ေပၚပါလာသူ (၃)ဦး ေသဆုံးၿပီး၊ (၈)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွတ္တမ္းမ်ားအရ သိရွိရသည္။

ျဖစ္စဥ္မွာ ေမ ၂၆ ရက္ မြန္းလြဲ ၂ နာရီခြဲက  တြင္းငယ္ရဲစခန္းမႉး ရဲအုပ္ရဲထြန္း၊ တြင္းငယ္ေက်း ႐ြာအေရွ႕ဘက္ မိုးမိတ္-တြင္းငယ္ကားလမ္း၊ မိုင္တိုင္အမွတ္(၀/၁)ႏွင့္(၀/၂)ၾကား၊ မိုးမိတ္ဘက္မွတြင္းငယ္ ဘက္သို႔ ယာဥ္ေမာင္းစံလင္းထြန္း(တြင္းငယ္)ေမာင္းႏွင္လာေသာ GMC အမ်ိဳးအစား အစိမ္းေရာင္ ဓ/----- ထင္းမ်ားတင္ေဆာင္လာၿပီး လူ(၁၁)ပါလာသည့္ကားသည္ လမ္းေကြ႕အေရာက္တြင္ အရွိန္လြန္တိမ္းေမွာက္ ခဲ့ရာ ယာဥ္ေပၚပါလာသူမ်ားအနက္ တြင္းငယ္ေက်း႐ြာေန ေမာင္စံလင္းထြန္း၊ ေမာင္ေအာင္ကိုလင္း၊ ကိုေငြခဲစိန္တို႔ (၃)ဦးမွာ ေနရာတြင္ေသဆုံးခဲ့ၿပီး ကိုသန္းထူး၊ ကိုမိုးခိုင္၊ ကိုတင္စိုးခိုင္၊ ကိုသန္းထိုက္ေအာင္တို႔ (၄)ဦးမွာ (စိုးရိမ္ရ) ဒဏ္ရာမ်ားရရွိခဲ့ကာ မႏၲေလးေဆးျပည္သူ႔ေဆး႐ုံသို႔ လႊဲေျပာင္းေပးပို႔အပ္ခဲ့ၿပီး ကိုေက်ာ္ၫႊန္႔ေအာင္၊ ကိုေက်ာ္ေက်ာ္ဇင္၊ ကိုေဇာ္လႈိင္မိုး၊ ကိုရန္ႏိုင္ဝင္းတို႔ (၄)ဦးမွာ (မစိုးရိမ္ရ) ဒဏ္ရာမ်ားရရွိခဲ့ရာ တြင္းငယ္တိုက္ငယ္ေဆး႐ုံးတြင္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။

 သို႔ပါ၍ ယာဥ္အားမဆင္မျခင္ေမာင္းႏွင္သူ ယာဥ္ေမာင္းစံလင္းထြန္း(တြင္းငယ္)အား သပိတ္က်င္း ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္စစ္ေဆး အေရးယူ လ်က္ရွိေၾကာင္းသိရသည္။

စိုးႏိုင္ဝင္း(သပိတ္က်င္း) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးမိတ်-တွင်းငယ်ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား (၃)ဦး သေဆုံး၊ (၈)ဦး ဒဏ်ရာရ မိုးမိတ်-တွင်းငယ်ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား (၃)ဦး သေဆုံး၊ (၈)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 06:07 Rating: 5
Powered by Blogger.