ေဖ့စ္ဘြတ္မွာေရးသားခ်က္ေၾကာင့္ လႊတ္ေတာ္အမတ္ကို အန္အယ္လ္ဒီ ပါတီက ထုတ္ပယ္

 ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚေမစိုးဟာ အခုကိစၥအေပၚ အယူခံဝင္မဝင္မဆုံးျဖတ္ရေသးဘူးလို႔ ဆိုပါတယ္။
(Zawgyi)⤵⤵⤵
အန္အယ္လ္ဒီပါတီက ဗိုတေထာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေမစိုးကို ပါတီကေန ထုတ္ပယ္လိုက္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈေၾကာင့္ ေက်ာက္တံတားၿမိဳ႕နယ္က ၃၈ လမ္းေဈးကို ဖ်က္သိမ္းၿပီး ဗိုလ္တေထာင္ၿမိဳ႕နယ္က ခ်မ္းေျမ့ေဈးအတြင္းကို ေျပာင္းေ႐ႊ႕ေနရာခ်ထားေပးမႈနဲ႔ပတ္သက္ၿပီး ဗိုတေထာင္အမတ္ ေဒၚေမစိုးက သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားေျပာၾကားေဝဖန္မႈနဲ႔ပတ္သက္ၿပီး ခုလို ပါတီကို တိုင္ၾကားခံရတာျဖစ္ပါတယ္။

ေဈးသည္ေတြကို ဗိုလ္တေထာင္ၿမိဳ႕ထဲေျပာင္းေ႐ႊ႕မႈနဲ႔ပတ္သက္ၿပီး ညႇိႏႈိင္းဖို႔ေျပာ ဆိုခဲ့ေပမယ့္ ညႇိႏႈိင္းမႈမရွိဘဲ ေျပာင္းေ႐ႊ႕လာတဲ့အေပၚ မေက်နပ္တဲ့အတြက္ လူမႈကြန္ရက္မွာ ေရးသားေျပာဆိုရာကေန ခုလို တိုင္ၾကားခံရတာျဖစ္ၿပီး ပါတီက အေရးယူခံရတာျဖစ္တယ္လို႔ ဆိုပါတယ္။

ခုလို ပါတီကအေရးယူတဲ့အေပၚ ကာယကံရွင္ထံ ေခၚယူညႇိႏႈိင္းတာမရွိဘဲ ထုတ္လိုက္တာဆိုတာပဲ သိရေၾကာင္း ေဒၚေမစိုးက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ မေန႔က ညေနပိုင္းက ပါတီဝင္အျဖစ္ကေန ႐ုတ္သိမ္းေၾကာင္းစာနဲ႔အတူ ေရးသားထားတာေတြ႕ရပါတယ္။

ပါတီက ထုတ္ပယ္ေၾကာင္းစာမွာေတာ့ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးရဲ႕ တင္ျပစာနဲ႔ ေက်ာက္တံတားၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦးရဲ႕ တင္ျပစာတို႔အေပၚ ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က သုံးသပ္ခဲ့တာလို႔ ေဖာ္ျပထားပါတယ္။

"ျဖစ္စဥ္ေတြ လူႀကီးေတြကိုေရးတင္ရပါတယ္။ ကြၽန္ေတာ္တို႔က တိုင္တာမဟုတ္ပါဘူး။ တခ်ိဳ႕ဥစၥာေလးေတြက သူအထင္မွားေနတာေတြရွိတယ္။ ဒါကို သိသိခ်င္းသြားရွင္းျပတယ္။ နံပါတ္တစ္က ခ်မ္းေျမ့ေဈးက သူ႔ဗိုလ္တေထာင္ၿမိဳ႕နယ္ထဲဆိုေပမယ့္ ဗိုလ္ေအာင္ေက်ာ္လမ္းထိပ္က အိုးအိမ္႐ုံး ေနာက္မွာရွိတယ္။ ခ်မ္းေျမ့ေဈးက ၃၈ လမ္းေဈးႀကီးေ႐ႊ႕တုန္းက ခ်မ္းေျမ့ေဈးထဲ ထည့္ခဲ့တာရွိတယ္။ အဲဒါ အရင္တည္းက။ နဝတေခတ္တည္းက။ ၿပီးေတာ့ အဲဒီေဈးသည္ေတြက ျပန္ထြက္လာေတာ့ ၃၈ လမ္းေဈးဆိုၿပီးျဖစ္သြားတာ။ ဒီလို ေဈးေ႐ႊ႕မွာကလည္း လြန္ခဲ့တဲ့ ရွစ္လေလာက္တည္းက ကြၽန္ေတာ္တို႔က တင္ျပထားၿပီးသားပါ။ အခု ကိုဗစ္ျဖစ္သြားေတာ့ ၿမိဳ႕ထဲမွာ လူေနအိမ္ေတြနဲ႔လည္းအရမ္းနီးေနတယ္။ ခ်မ္းေျမ့ေဈးကက်ေတာ့ သီးသန႔္ေလးလိုျဖစ္ေနတယ္ဆိုၿပီး ေ႐ႊ႕လိုက္တာပါ။ နားလည္မႈေတြ သူလြဲကုန္တာပါ" လို႔ ေက်ာက္တံတားၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ိဳးထက္က ဘီဘီစီကို ေျပာပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ကာကယံရွင္ ေဒၚေမစိုးကို ဘီဘီစီက ေမးျမန္းတဲ့အခါ

"ဒီစာကိုလည္း ကြၽန္မ လိုင္းေပၚမွာေတြ႕လို႔သိရတာပါ။ ကြၽန္မကိုတိုင္တာက ၃၈ လမ္းက လမ္းေဘးေဈးသည္ေတြ လူအေယာက္ ၂၇၀ ေက်ာ္ကို ကြၽန္မတို႔ ခ်မ္းေျမ့ေဈးထဲလာထည့္ပါတယ္။ ကြၽန္မတို႔နဲ႔ ညႇိႏႈိင္းတိုင္ပင္ျခင္းမရွိပါဘူး။ ေနာက္ၿပီးေတာ့ ဒီေဈးကို ကြၽန္မတို႔ဆီပို႔ေပးပါလို႔ လြန္ခဲ့တဲ့တစ္ႏွစ္တည္းက ေျပာထားပါတယ္။ ဒါေပမဲ့အဲဒီတုန္းကမပို႔ခဲ့ပါဘူး။ ေက်ာက္တံတားက လႊတ္ေတာ္ကိုယ္စားလွယ္ေတြက သူတို႔လုံးဝတာဝန္ယူပါတယ္။ သူတို႔ၿမိဳ႕နယ္မွာေဈးမရွိလို႔ဆိုၿပီး သူတို႔ေခၚထားပါတယ္။ ခု ကိုဗစ္ကာလမွာက်ေတာ့ သူတို႔ျပည္သူေတြက လက္မခံဘူးေျပာလို႔ ေန႔ခ်င္းပဲ ၿမိဳ႕ေတာ္ဝန္ကို သြားေျပာေတာ့ ခ်က္ခ်င္းပဲ ပို႔လိုက္တာပါ။ ပို႔တာကိုအျပစ္မေျပာပါဘူး။ ဘာမွ ကြန္ပလိန္းတက္စရာမလိုပါဘူး။ ဒါေပမဲ့ ဒီကာလမွာ ခ်က္ခ်င္းႀကီးပို႔လိုက္တာေတာ့ ေဈးထဲမွာ ေနရာခ်ထားမႈလည္းအဆင္မေျပဘူးလို႔ေျပာတာကို ဦးေမာင္ေမာင္စိုးက ကြၽန္မကိုအေတြ႕လည္းမခံပါဘူး။ ကြၽန္မက ကြၽန္မျပည္သူေတြအေပၚ မတရားေဆာင္႐ြက္ပါတယ္လို႔ ေဖ့စ္ဘြတ္မွာေရးလိုက္လို႔ ဦးေမာင္ေမာင္စိုးက ဗဟိုကို သြားတိုင္ၾကားတာပါ" လို႔ ေဒၚေမစိုးကေျပာပါတယ္။

ေဒၚေမစိုးကို ပါတီက ႏွစ္ႀကိမ္တိုင္တိုင္ စာနဲ႔ အေရးယူထားၿပီးျဖစ္တဲ့အျပင္ အခုကိစၥမွာလည္း လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ဥပေဒေဘာင္အတြင္းကေန တရားဝင္ေဆာင္႐ြက္ရမယ့္ကိစၥေတြကို ေဆာင္႐ြက္ျခင္းမျပဳဘဲ ဆိုရွယ္မီဒီယာေပၚမွာ မလိုလားအပ္တဲ့ေရးသားမႈေတြနဲ႔ အစိုးရကို ထိပါးေစႏိုင္တဲ့ ေဝဖန္ခ်က္ေတြကို ထုတ္ေဖာ္ေနတယ္လို႔ ထပ္မံေတြ႕ရွိရတဲ့အတြက္ ပါတီဝင္အျဖစ္ကေန ႐ုတ္သိမ္းတယ္လို႔လည္း ပါရွိပါတယ္။

ေရွ႕မွာ ႏွစ္ႀကိမ္ ပါတီက စာနဲ႔သတိေပးခံရတယ္ဆိုတဲ့အေပၚလည္း ေဒၚေမစိုးက ခုလိုေျပာပါတယ္။

တစ္ႀကိမ္က ၅၂ လမ္းမွာ ကန္ထ႐ိုက္တိုက္ခန္းအသစ္ျပန္ေဆာက္ခ်င္တဲ့ကိစၥကေန အျငင္းပြားၿပီး ေရျဖတ္မီးျဖတ္ကိစၥေတြျဖစ္လာလို႔ သူ႔ကိုအကူအညီေတာင္းလာတဲ့အေပၚ ျပည္သူတစ္ဦးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးအေနနဲ႔ စည္ပင္ကို စာတင္ၿပီး ေတာင္းဆိုခဲ့တာရွိတဲ့အေပၚ ပါတီကို အသိမေပးဘဲလုပ္တာျဖစ္တယ္ဆိုၿပီး အေရးယူခံတာျဖစ္တယ္လို႔ ေဒၚေမစိုးက ဆိုပါတယ္။ အဲဒီတုန္းက အသနားခံစာ၊ ေခ်ပလႊာနဲ႔ အယူခံေတြတင္ခဲ့ေပမယ့္ စာနဲ႔သတိေပးတာကို ပယ္ဖ်က္ခံရတာမရွိခဲ့ဘူးလို႔ ဆိုပါတယ္။

ေနာက္တစ္ႀကိမ္ကေတာ့ လႊတ္ေတာ္မွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ျပဳျပင္ေျပာင္းလဲေရးအတြက္ ကြန္ပလိန္းစင္တာေတြတည္ေထာင္ဖို႔ အဆိုတင္တဲ့အခါ ဒီအဆိုဟာ အမ်ိဳးသားရင္ၾကားေစ့ေရးကို ထိခိုက္ေစတယ္ဆိုၿပီး အဆိုကိုလည္း ပယ္ဖ်က္ခံရသလို သူလည္းအေရးယူခံရတယ္လို႔ ေဒၚေမစိုးကေျပာပါတယ္။

အဲဒီအဆိုဟာ ျပည္သူအတြက္ တင္ဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး အဆိုထဲမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ လုပ္ရပ္ေၾကာင့္လက္ရွိအစိုးရ ပုံရိပ္က်ဆင္းေနရတယ္ဆိုတဲ့စကားလုံး ပါသြားတဲ့အတြက္ ထိေရာက္စြာအေရးယူခံရတာျဖစ္တယ္လို႔ သူက ဆက္ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ပါတီက ေျပာေရးဆိုခြင့္ရွိသူေတြကို ဆက္သြယ္ေပမယ့္ အဆက္အသြယ္မရရွိေသးပါဘူး။
 ျပန္စမယ့္လႊတ္ေတာ္အစည္းအေဝးေတြတက္ဖို႔ မနက္ျဖန္ ေနျပည္ေတာ္ကို သြားမယ္လို႔ ေဒၚေမစိုးက ဆိုပါတယ္။
ဗိုလ္တေထာင္ၿမိဳ႕နယ္ဟာ ကိုဗစ္ ၁၉ အတည္ျပဳလူနာ ၃ ဦး ေတြ႕ရွိထားတဲ့ၿမိဳ႕နယ္ျဖစ္ၿပီး သၾကၤန္အၿပီးမွာ အသြားအလာကန႔္သတ္ထားတဲ့ ၿမိဳ႕နယ္ဆယ္ခုထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကေန ၿပီးခဲ့တဲ့ လပိုင္းေတြအတြင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကို ပါတီကေန ထုတ္ပယ္ထားတာရွိပါတယ္။

ခ်မ္းေျမ့ေဈးကို ဧၿပီလ ၂၀ ရက္ေနာက္ပိုင္းမွာ ေျပာင္းေ႐ႊ႕လာတဲ့ေဈးသည္ေတြနဲ႔ပတ္သက္လို႔ ေဒၚေမစိုးက ေက်ာက္တံတားျပည္သူေတြေရာဂါကင္းစင္ဖို႔ အေရး ဗိုလ္တေထာင္မွာ ျဖစ္ခ်င္ရာျဖစ္ေစ ဆိုတဲ့ ေစတနာေတြလား လို႔လည္း ေမးခြန္းထုတ္ေရးသားခဲ့တာေတြရွိပါတယ္။

ဒါ့အျပင္ "ၿမိဳ႕ေတာ္ဝန္နဲ႔ ေကာ္မတီဝင္မ်ားအားလုံး မတရားသျဖင့္ လုပ္ေဆာင္ေနၾကတယ္။ ဗိုလ္တေထာင္ၿမိဳ႕နယ္အေပၚ မတရားဘူး" ဆိုတဲ့ ပို႔စ္ကိုလည္း ဧၿပီ ၂၁ ရက္မွာ တင္ထားတာေတြ႕ရပါတယ္။

ခုလို ေဒၚေမစိုးကို ပါတီကေန ႐ုတ္သိမ္းတာဟာ ေဒါက္တာသက္သက္ခိုင္တည္ေထာင္ထားတဲ့ PPP ပါတီနဲ႔ နီးစပ္တာေၾကာင့္လို႔ သတင္းေတြ ထြက္ေပၚ ေနပါတယ္။

ေဒၚေမစိုးက သူ႔မွာ မိတ္ေဆြေပါမ်ားၿပီး တပ္မေတာ္၊ ႀကံ့ခိုင္ေရးနဲ႔ တိုင္းရင္းသားလူမ်ိဳးစုပါတီအမတ္ေတြနဲ႔ ခင္မင္တာေတြရွိတယ္လို႔ ေျပာပါတယ္။ ေဒၚသက္သက္ခိုင္နဲ႔လည္း ႏွစ္ေပါင္းမ်ားစြာ ခင္မင္တဲ့မိတ္ေဆြေတြျဖစ္တယ္လို႔ သူက ဆိုပါတယ္။ ဒါေပမဲ့ ပါတီအျမင္မွာေတာ့ ဒီလူေတြနဲ႔ ေရာတယ္ဆိုတဲ့အျမင္နဲ႔ ေဒါက္တာသက္သက္ခိုင္နဲ႔ခင္တာဟာလည္း သူ႔ပါတီကို သြားခ်င္လို႔ဆိုတဲ့အျမင္ေတြရွိလာတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ လာမယ့္ေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္ကိုယ္စားလွယ္ဆက္ျဖစ္ေရးအတြက္ တျခားပါတီေတြကို သြားဝင္စရာအေၾကာင္းမရွိဘူးလို႔ သူကဆိုပါတယ္။

ကိုဗစ္ ၁၉ ေရာဂါျဖစ္ပြားလာခ်ိန္မွာ အဲဒီ ၃၈ လမ္းေဈးကို ရပ္ကြက္ေနျပည္သူတခ်ိဳ႕ တိုင္ၾကားမႈေၾကာင့္ အခ်ိန္နဲ႔ သတ္မွတ္ၿပီးေရာင္းခ်ဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမဲ့ ေဈးသည္တခ်ိဳ႕က မေက်နပ္လို႔ ဧၿပီ ၂၀ နဲ႔ ၂၁ ရက္မွာ အေနာ္ရထားလမ္းမႀကီးေပၚမွာ လမ္းပိတ္ဆႏၵျပမႈတခ်ိဳ႕ ျဖစ္လာတာေၾကာင့္ ၃၈ လမ္းေဈး ကို အၿပီးပိတ္သိမ္းၿပီး ခ်မ္းေျမ့ေဈးကို ေျပာင္းေ႐ႊ႕ေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
ဖေ့စ်ဘွတ်မှာရေးသားချက်ကြောင့် လွှတ်တော်အမတ်ကို အန်အယ်လ်ဒီ ပါတီက ထုတ်ပယ်

အန်အယ်လ်ဒီပါတီက ဗိုတထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးကို ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျောက်တံတားမြို့နယ်က ၃၈ လမ်းဈေးကို ဖျက်သိမ်းပြီး ဗိုလ်တထောင်မြို့နယ်က ချမ်းမြေ့ဈေးအတွင်းကို ပြောင်းရွှေ့နေရာချထားပေးမှုနဲ့ပတ်သက်ပြီး ဗိုတထောင်အမတ် ဒေါ်မေစိုးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပြောကြားဝေဖန်မှုနဲ့ပတ်သက်ပြီး ခုလို ပါတီကို တိုင်ကြားခံရတာဖြစ်ပါတယ်။

ဈေးသည်တွေကို ဗိုလ်တထောင်မြို့ထဲပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး ညှိနှိုင်းဖို့ပြော ဆိုခဲ့ပေမယ့် ညှိနှိုင်းမှုမရှိဘဲ ပြောင်းရွှေ့လာတဲ့အပေါ် မကျေနပ်တဲ့အတွက် လူမှုကွန်ရက်မှာ ရေးသားပြောဆိုရာကနေ ခုလို တိုင်ကြားခံရတာဖြစ်ပြီး ပါတီက အရေးယူခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ခုလို ပါတီကအရေးယူတဲ့အပေါ် ကာယကံရှင်ထံ ခေါ်ယူညှိနှိုင်းတာမရှိဘဲ ထုတ်လိုက်တာဆိုတာပဲ သိရကြောင်း ဒေါ်မေစိုးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မနေ့က ညနေပိုင်းက ပါတီဝင်အဖြစ်ကနေ ရုတ်သိမ်းကြောင်းစာနဲ့အတူ ရေးသားထားတာတွေ့ရပါတယ်။

ပါတီက ထုတ်ပယ်ကြောင်းစာမှာတော့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးရဲ့ တင်ပြစာနဲ့ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ တင်ပြစာတို့အပေါ် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က သုံးသပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

"ဖြစ်စဉ်တွေ လူကြီးတွေကိုရေးတင်ရပါတယ်။ ကျွန်တော်တို့က တိုင်တာမဟုတ်ပါဘူး။ တချို့ဥစ္စာလေးတွေက သူအထင်မှားနေတာတွေရှိတယ်။ ဒါကို သိသိချင်းသွားရှင်းပြတယ်။ နံပါတ်တစ်က ချမ်းမြေ့ဈေးက သူ့ဗိုလ်တထောင်မြို့နယ်ထဲဆိုပေမယ့် ဗိုလ်အောင်ကျော်လမ်းထိပ်က အိုးအိမ်ရုံး နောက်မှာရှိတယ်။ ချမ်းမြေ့ဈေးက ၃၈ လမ်းဈေးကြီးရွှေ့တုန်းက ချမ်းမြေ့ဈေးထဲ ထည့်ခဲ့တာရှိတယ်။ အဲဒါ အရင်တည်းက။ နဝတခေတ်တည်းက။ ပြီးတော့ အဲဒီဈေးသည်တွေက ပြန်ထွက်လာတော့ ၃၈ လမ်းဈေးဆိုပြီးဖြစ်သွားတာ။ ဒီလို ဈေးရွှေ့မှာကလည်း လွန်ခဲ့တဲ့ ရှစ်လလောက်တည်းက ကျွန်တော်တို့က တင်ပြထားပြီးသားပါ။ အခု ကိုဗစ်ဖြစ်သွားတော့ မြို့ထဲမှာ လူနေအိမ်တွေနဲ့လည်းအရမ်းနီးနေတယ်။ ချမ်းမြေ့ဈေးကကျတော့ သီးသန့်လေးလိုဖြစ်နေတယ်ဆိုပြီး ရွှေ့လိုက်တာပါ။ နားလည်မှုတွေ သူလွဲကုန်တာပါ" လို့ ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က ဘီဘီစီကို ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကာကယံရှင် ဒေါ်မေစိုးကို ဘီဘီစီက မေးမြန်းတဲ့အခါ

"ဒီစာကိုလည်း ကျွန်မ လိုင်းပေါ်မှာတွေ့လို့သိရတာပါ။ ကျွန်မကိုတိုင်တာက ၃၈ လမ်းက လမ်းဘေးဈေးသည်တွေ လူအယောက် ၂၇၀ ကျော်ကို ကျွန်မတို့ ချမ်းမြေ့ဈေးထဲလာထည့်ပါတယ်။ ကျွန်မတို့နဲ့ ညှိနှိုင်းတိုင်ပင်ခြင်းမရှိပါဘူး။ နောက်ပြီးတော့ ဒီဈေးကို ကျွန်မတို့ဆီပို့ပေးပါလို့ လွန်ခဲ့တဲ့တစ်နှစ်တည်းက ပြောထားပါတယ်။ ဒါပေမဲ့အဲဒီတုန်းကမပို့ခဲ့ပါဘူး။ ကျောက်တံတားက လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့လုံးဝတာဝန်ယူပါတယ်။ သူတို့မြို့နယ်မှာဈေးမရှိလို့ဆိုပြီး သူတို့ခေါ်ထားပါတယ်။ ခု ကိုဗစ်ကာလမှာကျတော့ သူတို့ပြည်သူတွေက လက်မခံဘူးပြောလို့ နေ့ချင်းပဲ မြို့တော်ဝန်ကို သွားပြောတော့ ချက်ချင်းပဲ ပို့လိုက်တာပါ။ ပို့တာကိုအပြစ်မပြောပါဘူး။ ဘာမှ ကွန်ပလိန်းတက်စရာမလိုပါဘူး။ ဒါပေမဲ့ ဒီကာလမှာ ချက်ချင်းကြီးပို့လိုက်တာတော့ ဈေးထဲမှာ နေရာချထားမှုလည်းအဆင်မပြေဘူးလို့ပြောတာကို ဦးမောင်မောင်စိုးက ကျွန်မကိုအတွေ့လည်းမခံပါဘူး။ ကျွန်မက ကျွန်မပြည်သူတွေအပေါ် မတရားဆောင်ရွက်ပါတယ်လို့ ဖေ့စ်ဘွတ်မှာရေးလိုက်လို့ ဦးမောင်မောင်စိုးက ဗဟိုကို သွားတိုင်ကြားတာပါ" လို့ ဒေါ်မေစိုးကပြောပါတယ်။

ဒေါ်မေစိုးကို ပါတီက နှစ်ကြိမ်တိုင်တိုင် စာနဲ့ အရေးယူထားပြီးဖြစ်တဲ့အပြင် အခုကိစ္စမှာလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဥပဒေဘောင်အတွင်းကနေ တရားဝင်ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဆောင်ရွက်ခြင်းမပြုဘဲ ဆိုရှယ်မီဒီယာပေါ်မှာ မလိုလားအပ်တဲ့ရေးသားမှုတွေနဲ့ အစိုးရကို ထိပါးစေနိုင်တဲ့ ဝေဖန်ချက်တွေကို ထုတ်ဖော်နေတယ်လို့ ထပ်မံတွေ့ရှိရတဲ့အတွက် ပါတီဝင်အဖြစ်ကနေ ရုတ်သိမ်းတယ်လို့လည်း ပါရှိပါတယ်။

ရှေ့မှာ နှစ်ကြိမ် ပါတီက စာနဲ့သတိပေးခံရတယ်ဆိုတဲ့အပေါ်လည်း ဒေါ်မေစိုးက ခုလိုပြောပါတယ်။

တစ်ကြိမ်က ၅၂ လမ်းမှာ ကန်ထရိုက်တိုက်ခန်းအသစ်ပြန်ဆောက်ချင်တဲ့ကိစ္စကနေ အငြင်းပွားပြီး ရေဖြတ်မီးဖြတ်ကိစ္စတွေဖြစ်လာလို့ သူ့ကိုအကူအညီတောင်းလာတဲ့အပေါ် ပြည်သူတစ်ဦးအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ စည်ပင်ကို စာတင်ပြီး တောင်းဆိုခဲ့တာရှိတဲ့အပေါ် ပါတီကို အသိမပေးဘဲလုပ်တာဖြစ်တယ်ဆိုပြီး အရေးယူခံတာဖြစ်တယ်လို့ ဒေါ်မေစိုးက ဆိုပါတယ်။ အဲဒီတုန်းက အသနားခံစာ၊ ချေပလွှာနဲ့ အယူခံတွေတင်ခဲ့ပေမယ့် စာနဲ့သတိပေးတာကို ပယ်ဖျက်ခံရတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

နောက်တစ်ကြိမ်ကတော့ လွှတ်တော်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ကွန်ပလိန်းစင်တာတွေတည်ထောင်ဖို့ အဆိုတင်တဲ့အခါ ဒီအဆိုဟာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတယ်ဆိုပြီး အဆိုကိုလည်း ပယ်ဖျက်ခံရသလို သူလည်းအရေးယူခံရတယ်လို့ ဒေါ်မေစိုးကပြောပါတယ်။

အဲဒီအဆိုဟာ ပြည်သူအတွက် တင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အဆိုထဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကြောင့်လက်ရှိအစိုးရ ပုံရိပ်ကျဆင်းနေရတယ်ဆိုတဲ့စကားလုံး ပါသွားတဲ့အတွက် ထိရောက်စွာအရေးယူခံရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီက ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။

ဗိုလ်တထောင်မြို့နယ်ဟာ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃ ဦး တွေ့ရှိထားတဲ့မြို့နယ်ဖြစ်ပြီး သင်္ကြန်အပြီးမှာ အသွားအလာကန့်သတ်ထားတဲ့ မြို့နယ်ဆယ်ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီကနေ ထုတ်ပယ်ထားတာရှိပါတယ်။

ချမ်းမြေ့ဈေးကို ဧပြီလ ၂၀ ရက်နောက်ပိုင်းမှာ ပြောင်းရွှေ့လာတဲ့ဈေးသည်တွေနဲ့ပတ်သက်လို့ ဒေါ်မေစိုးက ကျောက်တံတားပြည်သူတွေရောဂါကင်းစင်ဖို့ အရေး ဗိုလ်တထောင်မှာ ဖြစ်ချင်ရာဖြစ်စေ ဆိုတဲ့ စေတနာတွေလား လို့လည်း မေးခွန်းထုတ်ရေးသားခဲ့တာတွေရှိပါတယ်။

ဒါ့အပြင် "မြို့တော်ဝန်နဲ့ ကော်မတီဝင်များအားလုံး မတရားသဖြင့် လုပ်ဆောင်နေကြတယ်။ ဗိုလ်တထောင်မြို့နယ်အပေါ် မတရားဘူး" ဆိုတဲ့ ပို့စ်ကိုလည်း ဧပြီ ၂၁ ရက်မှာ တင်ထားတာတွေ့ရပါတယ်။

ခုလို ဒေါ်မေစိုးကို ပါတီကနေ ရုတ်သိမ်းတာဟာ ဒေါက်တာသက်သက်ခိုင်တည်ထောင်ထားတဲ့ PPP ပါတီနဲ့ နီးစပ်တာကြောင့်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဒေါ်မေစိုးက သူ့မှာ မိတ်ဆွေပေါများပြီး တပ်မတော်၊ ကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသားလူမျိုးစုပါတီအမတ်တွေနဲ့ ခင်မင်တာတွေရှိတယ်လို့ ပြောပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့လည်း နှစ်ပေါင်းများစွာ ခင်မင်တဲ့မိတ်ဆွေတွေဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ပါတီအမြင်မှာတော့ ဒီလူတွေနဲ့ ရောတယ်ဆိုတဲ့အမြင်နဲ့ ဒေါက်တာသက်သက်ခိုင်နဲ့ခင်တာဟာလည်း သူ့ပါတီကို သွားချင်လို့ဆိုတဲ့အမြင်တွေရှိလာတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လာမယ့်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်ဆက်ဖြစ်ရေးအတွက် တခြားပါတီတွေကို သွားဝင်စရာအကြောင်းမရှိဘူးလို့ သူကဆိုပါတယ်။

ကိုဗစ် ၁၉ ရောဂါဖြစ်ပွားလာချိန်မှာ အဲဒီ ၃၈ လမ်းဈေးကို ရပ်ကွက်နေပြည်သူတချို့ တိုင်ကြားမှုကြောင့် အချိန်နဲ့ သတ်မှတ်ပြီးရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ဈေးသည်တချို့က မကျေနပ်လို့ ဧပြီ ၂၀ နဲ့ ၂၁ ရက်မှာ အနော်ရထားလမ်းမကြီးပေါ်မှာ လမ်းပိတ်ဆန္ဒပြမှုတချို့ ဖြစ်လာတာကြောင့် ၃၈ လမ်းဈေး ကို အပြီးပိတ်သိမ်းပြီး ချမ်းမြေ့ဈေးကို ပြောင်းရွှေ့ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52596793
ေဖ့စ္ဘြတ္မွာေရးသားခ်က္ေၾကာင့္ လႊတ္ေတာ္အမတ္ကို အန္အယ္လ္ဒီ ပါတီက ထုတ္ပယ္ ေဖ့စ္ဘြတ္မွာေရးသားခ်က္ေၾကာင့္ လႊတ္ေတာ္အမတ္ကို အန္အယ္လ္ဒီ ပါတီက ထုတ္ပယ္ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.