စစ်တွေမြို့ စက်ရုံစု (နာဇီ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံး


(Unicode)⤵⤵⤵
နိရဉ္စရာ၊ မေ ၂၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစု (နာဇီ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှှိုင် အသက် (၄ဝ)နှစ်သည် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဓားထိုးခံရသဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

ဓားထိုးမှုဖြစ်ပွားစဉ်မှာ ဦးသိန်းလှှိုင်အား စစ်တွေမြို့၊ မောလိပ်ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ပန်းခြံ လမ်းထောင့်တွင် အမည်အသိသောလူနှစ်ဦးကလာရောက်ပြီး နောက်မှတစ်ယောက်ကဖမ်းချုပ်ကာ တစ်ဦးက ဓားဖြင့်ထိုးသတ်သွားခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောပြချက်အရ သိရှိရသည်ဟု ဦးသိန်းလှိုင်၏ ညီဖြစ်သူ ကိုညွန့်ဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ကိုညွန့်ဝင်းက “မှုခင်းဖြစ်တာကတော့ မနက် ၈ နာရီလောက်က ဖြစ်တာ။ သူက အဲဒီနားက ကွမ်းယာဆိုင်မှာ ကွမ်းယာစားနေကျဆိုတော့ အဲဆိုင်ကို ကွမ်းစားဖို့ဆိုပြီးသွားတာ။ အဲဒီမှာ mask တပ်ထားတဲ့ လူနှစ်ဦးက လာပြီးတော့ တစ်ဦးက နောက်ကနေဖမ်းချုပ်ပြီးတော့ နောက်တစ်ယောက်က ရှေ့ကနေပြီး ဓားနဲ့ ထိုးသတ်သွားတယ်လို့ပြောတယ်။ ဓားဒဏ်ရာကတော့ မေးစေ့၊ လည်ပင်း၊ ဝမ်းဗိုက်တို့ရရှိသွားတယ်။”ဟု ပြောသည်။

၎င်းတွင် ယခင်ကလည်း ရန်ငြိုးရန်စမရှိကြောင်း၊ သို့သော်လည်း အမည်မသိသော လူတွေက ၃ ကြိမ်၊ ၄ ကြိမ်ခန့် ဖုန်းဖြင့် ရန်ငြိုးတာတွေရှိကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါအမှုအတွက် သက်ဆိုင်ရာကိုတိုင်းကြားပြီး ဥပဒေအရ အမှုဖွင့်သွားမည်ဖြစ်ကြောင်း ကိုညွန့်ဝင်းက ပြောသည်။

စစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ဓါးထိုးခံရ၍ သေဆုံးကြောင်းကို အတည်ပြုသော်လည်း ဒဏ်ရာဒဏ်ချက် ဘယ်နှစ်ချက်ပါတယ်ဆိုတာကို မသိရှိရကြောင်းနှင့် မျက်မြင်သက်သေများကို ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ အိမ်စိုးဖြူ / Narinjara
--------------------------------------------------------------------
(Zawgyi)⤵⤵⤵
စစ္ေတြၿမိဳ႕ စက္႐ုံစု (နာဇီ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဓားထိုးခံရ၍ ပြဲခ်င္းၿပီးေသဆုံး

နိရၪၥရာ၊ ေမ ၂၅ / ၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၊ စက္႐ုံစု (နာဇီ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းလွႈိင္ အသက္ (၄ဝ)ႏွစ္သည္ ယေန႔ နံနက္ ၈ နာရီအခ်ိန္ခန႔္က ဓားထိုးခံရသျဖင့္ ပြဲခ်င္းၿပီးေသဆုံးသြားေၾကာင္း သိရွိရသည္။

ဓားထိုးမႈျဖစ္ပြားစဥ္မွာ ဦးသိန္းလွႈိင္အား စစ္ေတြၿမိဳ႕၊ ေမာလိပ္ရပ္ကြက္၊ ကုန္သည္လမ္းႏွင့္ ပန္းၿခံ လမ္းေထာင့္တြင္ အမည္အသိေသာလူႏွစ္ဦးကလာေရာက္ၿပီး ေနာက္မွတစ္ေယာက္ကဖမ္းခ်ဳပ္ကာ တစ္ဦးက ဓားျဖင့္ထိုးသတ္သြားခဲ့ေၾကာင္း မ်က္ျမင္သက္ေသမ်ား၏ ေျပာျပခ်က္အရ သိရွိရသည္ဟု ဦးသိန္းလႈိင္၏ ညီျဖစ္သူ ကိုၫြန႔္ဝင္းက နိရၪၥရာသတင္းဌာနသို႔ ေျပာသည္။

ကိုၫြန႔္ဝင္းက “မႈခင္းျဖစ္တာကေတာ့ မနက္ ၈ နာရီေလာက္က ျဖစ္တာ။ သူက အဲဒီနားက ကြမ္းယာဆိုင္မွာ ကြမ္းယာစားေနက်ဆိုေတာ့ အဲဆိုင္ကို ကြမ္းစားဖို႔ဆိုၿပီးသြားတာ။ အဲဒီမွာ mask တပ္ထားတဲ့ လူႏွစ္ဦးက လာၿပီးေတာ့ တစ္ဦးက ေနာက္ကေနဖမ္းခ်ဳပ္ၿပီးေတာ့ ေနာက္တစ္ေယာက္က ေရွ႕ကေနၿပီး ဓားနဲ႔ ထိုးသတ္သြားတယ္လို႔ေျပာတယ္။ ဓားဒဏ္ရာကေတာ့ ေမးေစ့၊ လည္ပင္း၊ ဝမ္းဗိုက္တို႔ရရွိသြားတယ္။”ဟု ေျပာသည္။

၎တြင္ ယခင္ကလည္း ရန္ၿငိဳးရန္စမရွိေၾကာင္း၊ သို႔ေသာ္လည္း အမည္မသိေသာ လူေတြက ၃ ႀကိမ္၊ ၄ ႀကိမ္ခန႔္ ဖုန္းျဖင့္ ရန္ၿငိဳးတာေတြရွိေၾကာင္း ၎ကဆက္ေျပာသည္။

အဆိုပါအမႈအတြက္ သက္ဆိုင္ရာကိုတိုင္းၾကားၿပီး ဥပေဒအရ အမႈဖြင့္သြားမည္ျဖစ္ေၾကာင္း ကိုၫြန႔္ဝင္းက ေျပာသည္။

စစ္ေတြၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူ ရဲအရာရွိတစ္ဦးက ဓါးထိုးခံရ၍ ေသဆုံးေၾကာင္းကို အတည္ျပဳေသာ္လည္း ဒဏ္ရာဒဏ္ခ်က္ ဘယ္ႏွစ္ခ်က္ပါတယ္ဆိုတာကို မသိရွိရေၾကာင္းႏွင့္ မ်က္ျမင္သက္ေသမ်ားကို ရဲစခန္းတြင္ ေခၚယူစစ္ေဆးေနေၾကာင္း ေျပာၾကားခဲ့သည္။

ထြန္းခိုင္ (ေတာင္ရင္းကြၽန္း)၊ အိမ္စိုးျဖဴ / Narinjara
https://www.facebook.com/narinjara.info/
စစ်တွေမြို့ စက်ရုံစု (နာဇီ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံး စစ်တွေမြို့ စက်ရုံစု (နာဇီ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.