ရုရွားမွာ ကုိဗစ္ကူးစက္သူ အစုိးရအဖြဲ႔၀င္ ၀န္ႀကီး ၄ ဦးအထိ ရွိလာ

Moscow ၿမိဳ႕က ေဆးရံုတခုမွ COVID လူနာမ်ားကို ေတြ႔ရစဥ္
(Zawgyi/Unicode)

ရုရွားႏိုင္ငံမွာ ပညာေရးဝန္ႀကီးမွာလည္း COVID-19 ကူးစက္ခံေနရတယ္လုိ႔ သမၼတ Vladimir Putin က ၾကာသပေတးေန႔မွာ ေျပာၾကားလိုုက္တဲ့ အတြက္ အခုဆို ဝန္ႀကီး ရုရွား ၄ ဦး ဒီ ေရာဂါအကူးစက္ခံေနရၿပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေရာဂါ အကူးစက္ခံရသူ ရုရွားထိပ္တန္းအရာရွိ စုုစုုေပါင္း ၆ ဦးရွိသြားၿပီျဖစ္ၿပီး ႏိုင္ငံတဝွမ္းမွာေတာ့ လူေပါင္း ၂ သိန္းခြဲေက်ာ္ ကိုရိုနာဗုိင္းရပ္ေရာဂါပိုး အကူးစက္ ခံေနရတာ ျဖစ္ပါတယ္။

တရက္ကို ေရာဂါအကူးစက္ခံရသူ တေသာင္းေက်ာ္ေလာက္ သီတင္း ၂ ပတ္ ဆက္တိုက္ ျဖစ္ေနရာကေန အကူးစက္ခံရသူ တေသာင္းေအာက္ ေလ်ာ့သြားတယ္လို႔ အစိုးရက တရားဝင္ ထုတ္ျပန္လိုက္တဲ့ရက္ ေနာက္တရက္မွာေတာ့ ရုရွားက်န္းမာေရးအႀကီးတန္း အရာရွိတဦးျဖစ္တဲ့ Anna Popova က ရုရွားႏိုုင္ငံမွာ ဒီေရာဂါကူးစက္မႈႏႈန္း တိုးမလာေအာင္ လုပ္ေဆာင္ႏိုုင္ၿပီလို႔ ေျပာၾကားခဲ့တာပါ။

သိပၸံနဲ႔ အဆင့္ျမင့္ပညာေရးဝန္ႀကီးဌာန အသက္ ၄၁ ႏွစ္အရြယ္ ဝန္ႀကီး Valery Falkov မွာ ဒီေရာဂါအကူးစက္ခံေနရၿပီလို႔ အြန္လိုုင္းရုပ္သံ ကေန ျပဳလုပ္တဲ့ အစိုးရအဖြဲ႔အစည္းေဝးမွာ သမၼတ Putin က ေျပာခဲ့တာပါ။ သူဟာ ဒီေရာဂါပိုး အကူးစက္ခံရတဲ့ စတုုတၱေျမာက္ ဝန္ႀကီး ျဖစ္ပါတယ္။ ေရာဂါအကူးစက္ခံေနရတဲ့ ဝန္ႀကီးခ်ဳပ္ Mikhail Mishustin ကေတာ့ အခုမွ နလံထူခါစ ျဖစ္ပါတယ္။

ဒီသီတင္းပတ္ အေစာပိုင္းမွာေတာ့ အစိုးရ ေျပာခြင့္ရ Dmitry Peskov မွာ ဒီေရာဂါ အကူးစက္ခံခဲ့ရတာ ျဖစ္ၿပီး ေမာ္စကိုၿမိဳ႕ျပင္က ေနအိမ္မွာ သမၼတ Putin ဟာ သူ႔က်န္းမာေရး အတြက္ အေတာ္ဂရုစိုက္ ေနထုိင္တယ္လုိ႔ အစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။

ရုရွားမွာ ဒီေရာဂါအကူးစက္ခံရသူက ၂ သိန္းခြဲ ေက်ာ္ (၂၅၂,၂၄၅) ရွိ ေနၿပီျဖစ္ပါတယ္။ သမၼတ Putin ရဲ႕ဒီကပ္ေရာဂါ ဆိုင္ရာ ကိုင္တြယ္မႈ အေပၚမွာလည္း ေဝဖန္မႈေတြ တိုးလာေနၿပီး အရင္ ၂ လတုန္းက သူ႔အေပၚ ႀကိဳက္ႏွစ္သက္သူ ၆၃% ရွိရာကေန ၿပီးခဲ့တဲ့လ မွာေတာ့ ၅၉ % အထိ က်ဆင္းသြားခဲ့ တာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------

ရုရှားမှာ ကိုဗစ်ကူးစက်သူ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၄ ဦးအထိ ရှိလာ

(Unicode)

ရုရှားနိုင်ငံမှာ ပညာရေးဝန်ကြီးမှာလည်း COVID-19 ကူးစက်ခံနေရတယ်လို့ သမ္မတ Vladimir Putin က ကြာသပတေးနေ့မှာ ပြောကြားလိုက်တဲ့ အတွက် အခုဆို ဝန်ကြီး ရုရှား ၄ ဦး ဒီ ရောဂါအကူးစက်ခံနေရပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဒီရောဂါ အကူးစက်ခံရသူ ရုရှားထိပ်တန်းအရာရှိ စုစုပေါင်း ၆ ဦးရှိသွားပြီဖြစ်ပြီး နိုင်ငံတဝှမ်းမှာတော့ လူပေါင်း ၂ သိန်းခွဲကျော် ကိုရိုနာဗိုင်းရပ်ရောဂါပိုး အကူးစက် ခံနေရတာ ဖြစ်ပါတယ်။

တရက်ကို ရောဂါအကူးစက်ခံရသူ တသောင်းကျော်လောက် သီတင်း ၂ ပတ် ဆက်တိုက် ဖြစ်နေရာကနေ အကူးစက်ခံရသူ တသောင်းအောက် လျော့သွားတယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်လိုက်တဲ့ရက် နောက်တရက်မှာတော့ ရုရှားကျန်းမာရေးအကြီးတန်း အရာရှိတဦးဖြစ်တဲ့ Anna Popova က ရုရှားနိုင်ငံမှာ ဒီရောဂါကူးစက်မှုနှုန်း တိုးမလာအောင် လုပ်ဆောင်နိုင်ပြီလို့ ပြောကြားခဲ့တာပါ။

သိပ္ပံနဲ့ အဆင့်မြင့်ပညာရေးဝန်ကြီးဌာန အသက် ၄၁ နှစ်အရွယ် ဝန်ကြီး Valery Falkov မှာ ဒီရောဂါအကူးစက်ခံနေရပြီလို့ အွန်လိုင်းရုပ်သံ ကနေ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းဝေးမှာ သမ္မတ Putin က ပြောခဲ့တာပါ။ သူဟာ ဒီရောဂါပိုး အကူးစက်ခံရတဲ့ စတုတ္တမြောက် ဝန်ကြီး ဖြစ်ပါတယ်။ ရောဂါအကူးစက်ခံနေရတဲ့ ဝန်ကြီးချုပ် Mikhail Mishustin ကတော့ အခုမှ နလံထူခါစ ဖြစ်ပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာတော့ အစိုးရ ပြောခွင့်ရ Dmitry Peskov မှာ ဒီရောဂါ အကူးစက်ခံခဲ့ရတာ ဖြစ်ပြီး မော်စကိုမြို့ပြင်က နေအိမ်မှာ သမ္မတ Putin ဟာ သူ့ကျန်းမာရေး အတွက် အတော်ဂရုစိုက် နေထိုင်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားမှာ ဒီရောဂါအကူးစက်ခံရသူက ၂ သိန်းခွဲ ကျော် (၂၅၂,၂၄၅) ရှိ နေပြီဖြစ်ပါတယ်။ သမ္မတ Putin ရဲ့ဒီကပ်ရောဂါ ဆိုင်ရာ ကိုင်တွယ်မှု အပေါ်မှာလည်း ဝေဖန်မှုတွေ တိုးလာနေပြီး အရင် ၂ လတုန်းက သူ့အပေါ် ကြိုက်နှစ်သက်သူ ၆၃% ရှိရာကနေ ပြီးခဲ့တဲ့လ မှာတော့ ၅၉ % အထိ ကျဆင်းသွားခဲ့ တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/russia-covid-case-/5420355.html
ရုရွားမွာ ကုိဗစ္ကူးစက္သူ အစုိးရအဖြဲ႔၀င္ ၀န္ႀကီး ၄ ဦးအထိ ရွိလာ ရုရွားမွာ ကုိဗစ္ကူးစက္သူ အစုိးရအဖြဲ႔၀င္ ၀န္ႀကီး ၄ ဦးအထိ ရွိလာ Reviewed by THITHTOOLWIN on 06:22 Rating: 5
Powered by Blogger.