ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ လက္နက္ႏွင့္ က်ည္ဆံမ်ား ဖမ္းမိခဲ့သည့္အမႈမွ အဓိကက်ဴးလြန္သူကို ဖမ္းမိ


(Zawgyi)⤵⤵⤵
ေျမာက္ဥကၠလာပၿမိဳ႕နယ္က ေနအိမ္တစ္အိမ္ကေန လက္နက္ နဲ႔ က်ည္ဆံ အေျမာက္အျမား ဖမ္းဆီးခဲ့တဲ့ အမႈက အဓိက က်ဴးလြန္သူကို ဖမ္းမိၿပီလို႔ ေျမာက္ဥကၠလာပၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင့္က အတည္ျပဳ ေျပာဆိုပါတယ္။

လက္နက္ေတြနဲ႔ က်ည္ဆံေတြ ေတြ႕ရွိရမိတဲ့ ေနအိမ္မွာ ေနထိုင္တဲ့ ကိုျပည့္စုံဝင္းဗိုလ္ကို ဧၿပီ ၂၉ ရက္၊ ည ၁၀ နာရီခန္႔က မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ သိမ္ဇရပ္နယ္ေျမ ရဲစခန္းအပိုင္ စစ္ေတာင္းတံတားေဟာင္းအနီးမွာ ဖမ္းမိတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အမႈကို ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေရး အဖြဲ႕ဖြဲ႕ၿပီး ကြင္းဆက္ေတြကို ဆက္လက္ ေဖာ္ထုတ္ေနတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင္က ေျပာပါတယ္။

 ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဈ) ရပ္ကြက္၊ စကၠဝတ္ (၃) လမ္းရွိ ေနအိမ္တစ္အိမ္မွာ ဧၿပီ ၂၈ ရက္၊ ညပိုင္းက သတင္းအရ ရဲတပ္ဖြဲ႕က သြားေရာက္ဖမ္းဆီးရာ လက္နက္၊ ဓား နဲ႔ က်ည္ဆံ အေျမာက္အျမား ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။ အမႈနဲ႔ ပတ္သက္လို႔ ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းမွာ လက္နက္ဥပေဒပုဒ္မနဲ႔ အမႈဖြင့္ အေရးယူထားပါတယ္။

သတင္း-ေဝယံထက္ဝင္း
ဓာတ္ပုံ- Cincds
One News Myanmar
--------------------------------
(Unicode)⤵⤵⤵
မြောက်ဥက္ကလာပမြို့နယ်တွင် လက်နက်နှင့် ကျည်ဆံများ ဖမ်းမိခဲ့သည့်အမှုမှ အဓိကကျူးလွန်သူကို ဖမ်းမိ

မြောက်ဥက္ကလာပမြို့နယ်က နေအိမ်တစ်အိမ်ကနေ လက်နက် နဲ့ ကျည်ဆံ အမြောက်အမြား ဖမ်းဆီးခဲ့တဲ့ အမှုက အဓိက ကျူးလွန်သူကို ဖမ်းမိပြီလို့ မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင့်က အတည်ပြု ပြောဆိုပါတယ်။

လက်နက်တွေနဲ့ ကျည်ဆံတွေ တွေ့ရှိရမိတဲ့ နေအိမ်မှာ နေထိုင်တဲ့ ကိုပြည့်စုံဝင်းဗိုလ်ကို ဧပြီ ၂၉ ရက်၊ ည ၁၀ နာရီခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်နယ်မြေ ရဲစခန်းအပိုင် စစ်တောင်းတံတားဟောင်းအနီးမှာ ဖမ်းမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး ကွင်းဆက်တွေကို ဆက်လက် ဖော်ထုတ်နေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောပါတယ်။

 ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ စက္ကဝတ် (၃) လမ်းရှိ နေအိမ်တစ်အိမ်မှာ ဧပြီ ၂၈ ရက်၊ ညပိုင်းက သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာ လက်နက်၊ ဓား နဲ့ ကျည်ဆံ အမြောက်အမြား ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အမှုနဲ့ ပတ်သက်လို့ မြောက်ဥက္ကလာပမြို့မရဲစခန်းမှာ လက်နက်ဥပဒေပုဒ်မနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-ဝေယံထက်ဝင်း
ဓာတ်ပုံ- Cincds
One News Myanmar
https://www.facebook.com/onenewsmyan/
ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ လက္နက္ႏွင့္ က်ည္ဆံမ်ား ဖမ္းမိခဲ့သည့္အမႈမွ အဓိကက်ဴးလြန္သူကို ဖမ္းမိ ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ လက္နက္ႏွင့္ က်ည္ဆံမ်ား ဖမ္းမိခဲ့သည့္အမႈမွ အဓိကက်ဴးလြန္သူကို ဖမ္းမိ Reviewed by THITHTOOLWIN on 00:02 Rating: 5
Powered by Blogger.