တ႐ုတ္ရာဇဝတ္ဂိုဏ္းရဲ႕ ကရင္ျပည္နယ္ၿမိဳ႕သစ္စီမံကိန္းေတြမွာ ကရင္ BGF နဲ႔ အပစ္ရပ္အဖြဲ႕ေတြ ဆက္စပ္ေနႏိုင္ (ဦးေဇာ္ေဌး)


(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ ကရင္ျပည္နယ္ထဲက ၿမိဳ႕သစ္စီမံကိန္းမွာ တ႐ုတ္ရာဇဝတ္ဂိုဏ္းသားေတြ ပါဝင္ပတ္သက္ေနတယ္ဆိုတဲ့ သတင္းအေပၚ အစိုးရဘက္က ဘယ္လို တံု႔ျပန္လဲဆိုတာကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုစည္သူက ေျပာျပေပးပါမယ္။

ကရင္ျပည္နယ္ ထိုင္းနယ္စပ္ ျမဝတီၿမိဳ႕အနီး တ႐ုတ္ကုမၸဏီေတြ ေဆာက္လုပ္ေနတဲ့ ၿမိဳ႕သစ္ ၂ ခုရဲ႕ ဦးေဆာင္သူေတြထဲ တ႐ုတ္ရာဇဝတ္ဂိုဏ္းဝင္ေတြ ပါဝင္ပတ္သတ္ေနတာကို အစိုးရက အခ်က္အလက္ ရရွိထားေၾကာင္း အတိုင္ပင္ခံ႐ုံးၫႊန္ၾကားေရးမႉးခ်ဳပ္ အစိုးရေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက VOA ကို ေျပာပါတယ္။

“အဲဒါကေျမပုံေတြ ဒီလူရဲ႕ အခ်က္အလက္ေတြေပါ့ေနာ္။ ကေမာၻဒီးယားမွာ ကာဆီႏို လုပ္ခဲ့တယ္ ၿပီးရင္ Criminal နဲ႔ သူေနလို႔မရေတာ့ ျမန္မာႏိုင္ငံမွာ တခ်ိဳ႕ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ဆက္စပ္ၿပီးေတာ့ လာလုပ္တာ အဲဒါ information အေစာႀကီးကတည္းက ရပါတယ္။”

ျမဝတီၿမိဳ႕ေျမာက္ဘက္ ထိုင္းနယ္စပ္နားမွာေဆာက္လုပ္ေနတဲ့ အထူးစီးပြားေရးစီမံကိန္းမွာ ဟိုတယ္ေတြ ၊ အိမ္ရာစီမံကိန္းေတြနဲ႔ ကာစီႏိုေလာင္းကစား႐ုံေတြ ေဆာက္လုပ္ေနတာဟာ စိုးရိမ္စရာျဖစ္တယ္လို႔ အေမရိကန္ ၿငိမ္းခ်မ္းေရးအင္စတီက်ဴ႕ (USIP) က ဧၿပီလ ၂၀ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

ဒီစီမံကိန္းမွာ တ႐ုတ္ရာဇဝတ္ဂိုဏ္းသားေတြ ပါဝင္ေနတာဟာ ျမန္မာစစ္တပ္လက္ေအာက္ခံ နယ္ျခားေစာင့္တပ္နဲ႔ ဆက္စပ္ေနတာအျပင္ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ အဖြဲ႕ေတြနဲ႔လည္း ဆက္စပ္ႏိုင္တာမို႔ လက္နက္ကိုင္အဖြဲ႕ေတြကို ညႇိႏႈိင္းထားတယ္လို႔ အတိုင္ပင္ခံ႐ုံးၫႊန္ၾကားေရးမႉးခ်ဳပ္ အစိုးရ ေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာပါတယ္။

“က်ေနာ္တို႔မွာႏွစ္ပိုင္းရွိပါတယ္ တစ္ပိုင္းက NCA လတ္မွတ္ေရးထိုးထားတဲ့ EAO ေတြေပ့ါေနာ္ ... ကရင္ျပည္နယ္မွာဆိုရင္ သုံးဖြဲ႕ရွိတယ္။ ဒီသုံးဖြဲ႕နဲ႔ ဆက္စပ္တာေတြဆိုရင္ေတာ့ က်ေနာ္တို႔ အစိုးရကေနၿပီးေတာ့ ဒီ EAO ေတြကို ဆက္သြယ္ၿပီးေတာ့ လုပ္တာေတြ ရွိတယ္။ တခ်ိဳ႕အဖြဲ႕အစည္းေတြက်ေတာ့ အရင္တုန္းကေတာ့ EAO ျဖစ္တယ္။ လတ္တေလာမွာေတာ့ တပ္မေတာ္ရဲ႕ ကြပ္ကဲမႈေအာက္မွာ ေရာက္ေနတဲ့အဖြဲ႕ေတြ ရွိတယ္။ ဥပမာ BGF ေပ့ါေနာ္ ... BGF နယ္ေျမက်ရင္ေတာ့ တပ္မေတာ္ကို information ေပးတယ္ တပ္မေတာ္ရဲ႕ လက္ေအာက္အဖြဲ႕အစည္းျဖစ္တဲ့အတြက္ ၾကပ္မတ္သြားဖို႔ေပ့ါေနာ္။”

ထိုင္းျမန္မာနယ္စပ္က စီမံကိန္းအသစ္ေတြမွာ တပ္မေတာ္လက္ေအာက္ခံ BGF နဲ႔ ၿငိမ္းခ်မ္းေရး လတ္မွတ္ထိုးထားတဲ့ KNU လက္နက္ကိုင္ေတြရဲ႕ နယ္ေျမထဲမွာျဖစ္တာမို႔ျမန္မာအစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ အျပည့္အဝ မရွိဘူးလို႔ USIP ရဲ႕ စာတမ္းမွာ ေဖာ္ျပထားပါတယ္။

ၿမိဳ႕သစ္တည္ေဆာက္ေရး တ႐ုတ္ကုမၸဏီမွာ ပါဝင္တဲ့အထဲက ရာဇဝတ္ဂိုဏ္းသားဟာ ကေမာၻဒီးယားႏိုင္ငံ ၿမိဳ႕သစ္တခုမွာ ရာဇဝတ္မႈမ်ိဳးစုံ က်ဴးလြန္ခဲ့ဖူးၿပီး တ႐ုတ္ရဲတပ္ဖြဲ႕ရဲ႕ အကူအညီနဲ႔ ႏွိမ္ႏွင္းခဲ့ရဖူးတယ္လို႔ USIP ရဲ႕ စာတမ္းမွာ ပါဝင္ေရးသားသူ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ အႀကီးတန္း သံတမန္ေဟာင္း တဦးျဖစ္တဲ့ Priscilla Clapp က VOA နဲ႔ ေတြ႕ဆုံေမးျမန္းခန္း တစ္ခုမွာ ေျပာထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ ကရင္ျပည္နယ္ထဲမွာ တ႐ုတ္ကုမၸဏီပိုင္ စီမံကိန္း သုံးခု ရွိေနၿပီး တ႐ုတ္ကုမၸဏီေတြနဲ႔ ျမန္မာလက္နက္ကိုင္တပ္ဖြဲ႕ေတြရဲ႕ ပူးတြဲေဆာင္႐ြက္ခ်က္ေတြဟာ ျမန္မာအစိုးရရဲ႕ ဒီမိုကေရစီေဖာ္ေဆာင္ေရး ၿငိမ္းခ်မ္းေရးတည္ေဆာက္ေရးအျပင္ အခုလို ရာဇဝတ္ပတ္သတ္မႈေၾကာင့္ တ႐ုတ္ရဲ႕ ပိုးလမ္းမစီမံကိန္း ပုံရိပ္ကိုပါ ထိခိုက္ႏိုင္တယ္လို႔ အေမရိကန္ၿငိမ္းခ်မ္းေရးအင္စတီက်ဴ႕ (USIP) ရဲ႕ စာတမ္းမွာေရးသားထားပါတယ္ခင္ဗ်ာ။

▷ ကိုစည္သူ   / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------
[Unicode Version]

တရုတ်ရာဇဝတ်ဂိုဏ်းရဲ့ ကရင်ပြည်နယ်မြို့သစ်စီမံကိန်းတွေမှာ ကရင် BGF နဲ့ အပစ်ရပ်အဖွဲ့တွေ ဆက်စပ်နေနိုင် (ဦးဇော်ဌေး)

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက မြို့သစ်စီမံကိန်းမှာ တရုတ်ရာဇဝတ်ဂိုဏ်းသားတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းအပေါ် အစိုးရဘက်က ဘယ်လို တုံ့ပြန်လဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုစည်သူက ပြောပြပေးပါမယ်။

ကရင်ပြည်နယ် ထိုင်းနယ်စပ် မြဝတီမြို့အနီး တရုတ်ကုမ္ပဏီတွေ ဆောက်လုပ်နေတဲ့ မြို့သစ် ၂ ခုရဲ့ ဦးဆောင်သူတွေထဲ တရုတ်ရာဇဝတ်ဂိုဏ်းဝင်တွေ ပါဝင်ပတ်သတ်နေတာကို အစိုးရက အချက်အလက် ရရှိထားကြောင်း အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက VOA ကို ပြောပါတယ်။

“အဲဒါကမြေပုံတွေ ဒီလူရဲ့ အချက်အလက်တွေပေါ့နော်။ ကမ္ဘောဒီးယားမှာ ကာဆီနို လုပ်ခဲ့တယ် ပြီးရင် Criminal နဲ့ သူနေလို့မရတော့ မြန်မာနိုင်ငံမှာ တချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီးတော့ လာလုပ်တာ အဲဒါ information အစောကြီးကတည်းက ရပါတယ်။”

မြဝတီမြို့မြောက်ဘက် ထိုင်းနယ်စပ်နားမှာဆောက်လုပ်နေတဲ့ အထူးစီးပွားရေးစီမံကိန်းမှာ ဟိုတယ်တွေ ၊ အိမ်ရာစီမံကိန်းတွေနဲ့ ကာစီနိုလောင်းကစားရုံတွေ ဆောက်လုပ်နေတာဟာ စိုးရိမ်စရာဖြစ်တယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူ့ (USIP) က ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီစီမံကိန်းမှာ တရုတ်ရာဇဝတ်ဂိုဏ်းသားတွေ ပါဝင်နေတာဟာ မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ဆက်စပ်နေတာအပြင် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့လည်း ဆက်စပ်နိုင်တာမို့ လက်နက်ကိုင်အဖွဲ့တွေကို ညှိနှိုင်းထားတယ်လို့ အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် အစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့မှာနှစ်ပိုင်းရှိပါတယ် တစ်ပိုင်းက NCA လတ်မှတ်ရေးထိုးထားတဲ့ EAO တွေပေ့ါနော် ... ကရင်ပြည်နယ်မှာဆိုရင် သုံးဖွဲ့ရှိတယ်။ ဒီသုံးဖွဲ့နဲ့ ဆက်စပ်တာတွေဆိုရင်တော့ ကျနော်တို့ အစိုးရကနေပြီးတော့ ဒီ EAO တွေကို ဆက်သွယ်ပြီးတော့ လုပ်တာတွေ ရှိတယ်။ တချို့အဖွဲ့အစည်းတွေကျတော့ အရင်တုန်းကတော့ EAO ဖြစ်တယ်။ လတ်တလောမှာတော့ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရောက်နေတဲ့အဖွဲ့တွေ ရှိတယ်။ ဥပမာ BGF ပေ့ါနော် ... BGF နယ်မြေကျရင်တော့ တပ်မတော်ကို information ပေးတယ် တပ်မတော်ရဲ့ လက်အောက်အဖွဲ့အစည်းဖြစ်တဲ့အတွက် ကြပ်မတ်သွားဖို့ပေ့ါနော်။”

ထိုင်းမြန်မာနယ်စပ်က စီမံကိန်းအသစ်တွေမှာ တပ်မတော်လက်အောက်ခံ BGF နဲ့ ငြိမ်းချမ်းရေး လတ်မှတ်ထိုးထားတဲ့ KNU လက်နက်ကိုင်တွေရဲ့ နယ်မြေထဲမှာဖြစ်တာမို့မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝ မရှိဘူးလို့ USIP ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

မြို့သစ်တည်ဆောက်ရေး တရုတ်ကုမ္ပဏီမှာ ပါဝင်တဲ့အထဲက ရာဇဝတ်ဂိုဏ်းသားဟာ ကမ္ဘောဒီးယားနိုင်ငံ မြို့သစ်တခုမှာ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့ဖူးပြီး တရုတ်ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ နှိမ်နှင်းခဲ့ရဖူးတယ်လို့ USIP ရဲ့ စာတမ်းမှာ ပါဝင်ရေးသားသူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင်း တဦးဖြစ်တဲ့ Priscilla Clapp က VOA နဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ ပြောထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်ထဲမှာ တရုတ်ကုမ္ပဏီပိုင် စီမံကိန်း သုံးခု ရှိနေပြီး တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပူးတွဲဆောင်ရွက်ချက်တွေဟာ မြန်မာအစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ငြိမ်းချမ်းရေးတည်ဆောက်ရေးအပြင် အခုလို ရာဇဝတ်ပတ်သတ်မှုကြောင့် တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်း ပုံရိပ်ကိုပါ ထိခိုက်နိုင်တယ်လို့ အမေရိကန်ငြိမ်းချမ်းေရးအင်စတီကျူ့ (USIP) ရဲ့ စာတမ်းမှာရေးသားထားပါတယ်ခင်ဗျာ။

▷ ကိုစည်သူ   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/china-kayin-bgf-zaw-htay/5400950.html
တ႐ုတ္ရာဇဝတ္ဂိုဏ္းရဲ႕ ကရင္ျပည္နယ္ၿမိဳ႕သစ္စီမံကိန္းေတြမွာ ကရင္ BGF နဲ႔ အပစ္ရပ္အဖြဲ႕ေတြ ဆက္စပ္ေနႏိုင္ (ဦးေဇာ္ေဌး) တ႐ုတ္ရာဇဝတ္ဂိုဏ္းရဲ႕ ကရင္ျပည္နယ္ၿမိဳ႕သစ္စီမံကိန္းေတြမွာ ကရင္ BGF နဲ႔ အပစ္ရပ္အဖြဲ႕ေတြ ဆက္စပ္ေနႏိုင္ (ဦးေဇာ္ေဌး) Reviewed by THITHTOOLWIN on 23:17 Rating: 5
Powered by Blogger.