ကုိရုိနာဗုိင္းရပ္စ္ရွိသူေတြနဲ႔ထိေတြ႔တာကုိ အလုိအေလ်ာက္အသိေပးမယ့္ App မိတ္ဆက္


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ပိုးရွိသူနဲ႔ ထိေတြ႕ႏိုင္ေခ် ရွိခဲ့တာကို အလိုအေလ်ာက္ အသိေပးမယ့္ လူအမ်ား ေမၽွာ္လင့္ေစာင့္စားေနတဲ့ စမတ္ဖုန္း application တစ္ခုကို Apple နဲ႔ Google နည္းပညာ ကုမၼဏီႏွစ္ခု ပူးေပါင္းၿပီး မိတ္ဆက္ထုတ္ျပန္လိုက္ၿပီ ျဖစ္ပါတယ္။

ႏိုင္ငံေပါင္း ၂၂ နိုင္ငံနဲ႔ အေမရိကန္က ျပည္နယ္အေတာ္မ်ားမ်ားမွာ ဒီ Apps ကို အသုံးျပဳဖို႔ ျပင္ဆင္ေနၾကၿပီလို႔ ကယ္လီဖိုးနီးယားျပည္နယ္ အေျခစိုက္ Apple နဲ႔ Google တို႔ကေျပာပါတယ္။ ႀကိဳးမဲ့ bluetooth စနစ္ကို အေျခခံအသုံးျပဳထားတဲ့ ဒီ Apps ကိုအသုံးျပဳသူ ေတြအေနနဲ႔ သူတို႔ ၊ ကိုရိုနာဗိုင္းရပ္စ္ပိုး ရွိသူနဲ႔ ထိေတြ႕ ဆက္ဆံသြားလာမိခဲ့သလား ဆိုတာကို ေဖာ္ထုတ္ေပးမွာ ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ဖို႔ ဒီလို နည္းပညာသုံး APP မ်ိဳးကို ႏိုင္ငံအေတာ္မ်ားမ်ားက ကုမၼဏီေတြ ကိုယ္ပိုင္တီထြင္ အသုံးျပဳဖို႔ႀကိဳးစား ခဲ့ၾကေပမဲ့ သိပ္မေအာင္ျမင္ေသးပါပါဘူး။ အဲဒီ App အေတာ္မ်ားမ်ားက Apple နဲ႔ Android ဖုန္းေတြနဲ႔ အသုံးျပဳရာမွာ နည္းပညာပိုင္း ဆိုင္ရာ ျပႆနာ ေတြနဲ႔ ၾကဳံေတြ႕ရခဲ့ရၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ အသုံးမျပဳနိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

အရင္ တီထြင္ခဲ့တဲ့ App ေတြက GPS စနစ္အသုံးျပဳၿပီး ဗိုင္းရပ္စ္ပိုးရွိသူနဲ႔ ထိေတြ႕ခဲ့သလား ေျခရာခံေပးတာပါ။ Apple နဲ႔ Google ကုမၼဏီေတြ ကေတာ့ အသုံးျပသူေတြရဲ ပုဂၢိဳလ္ေရး သတင္းအခ်က္အလက္ ဆိုင္ရာ စိုးရိမ္ပူပန္မႈေတြေၾကာင့္ သူတို႔ရဲ့ Apps ေတြမွာ GPS စနစ္ကို အသုံးျပဳမထားပါဘူး။

ဒီ Apple- Google APPS ကို အသုံးျပဳဖို႔ အေမရိကန္က ျပည္နယ္ေတြအပါအဝင္ ဂ်ာမဏီနိုင္ငံ က်န္းမာေရးဌာနကလည္း ေစာင့္ေနတာပါ။ တစ္ခ်ိဳ႕အစိုးရေတြကေတာ့ ဒီ ကုမၼဏီႀကီးေတြရဲ့ ပုဂၢိဳလ္ေရး သတင္းအခ်က္အလက္ ဆိုင္ရာ ကန္႔သတ္ ခ်က္ေတြေၾကာင့္ အသုံးျပဳရာမွာ အခက္အခဲရွိမယ္လို႔လည္း ေျပာပါတယ္။

APPLE နဲ႔ GOOGLE ကေတာ့ သူတို႔ ရဲ့ Apps ေတြက လက္ရွိ ေဆာင္ရြက္ေနတဲ့ COVID-19 ေရာဂါ ေျခရာခံ လုပ္ငန္းကို အစားထိုးဖို႔ ႀကိဳးစားတာမဟုတ္ပဲ ေရာဂါပိုးရွိသူနဲ႔ ထိေတြ႕နိုင္ေခ် ဘယ္ေလာက္ ရွိခဲ့သလဲ သတိေပးတဲ့ စနစ္ပဲ ျဖစ္တယ္လို႔ေျပာပါတယ္။ အခု နည္းပညာ အသစ္က ၿပိင္ဘက္ ကုမၼဏီႀကီး ၂ ခုရဲ့ ျဖစ္ေတာင့္ျဖစ္ခဲ ပူးေပါင္းတီထြင္ထုတ္လုပ္မႈလည္းျဖစ္ပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------

ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေနဲ့ထိတွေ့တာကို အလိုအလျောက်အသိပေးမယ့် App မိတ်ဆက်

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူနဲ့ ထိတွေ့နိုင်ချေ ရှိခဲ့တာကို အလိုအလျောက် အသိပေးမယ့် လူအများ မျှော်လင့်စောင့်စားနေတဲ့ စမတ်ဖုန်း application တစ်ခုကို Apple နဲ့ Google နည်းပညာ ကုမ္မဏီနှစ်ခု ပူးပေါင်းပြီး မိတ်ဆက်ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၂ နိုင်ငံနဲ့ အမေရိကန်က ပြည်နယ်အတော်များများမှာ ဒီ Apps ကို အသုံးပြုဖို့ ပြင်ဆင်နေကြပြီလို့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Apple နဲ့ Google တို့ကပြောပါတယ်။ ကြိုးမဲ့ bluetooth စနစ်ကို အခြေခံအသုံးပြုထားတဲ့ ဒီ Apps ကိုအသုံးပြုသူ တွေအနေနဲ့ သူတို့ ၊ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိသူနဲ့ ထိတွေ့ ဆက်ဆံသွားလာမိခဲ့သလား ဆိုတာကို ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ဒီလို နည်းပညာသုံး APP မျိုးကို နိုင်ငံအတော်များများက ကုမ္မဏီတွေ ကိုယ်ပိုင်တီထွင် အသုံးပြုဖို့ကြိုးစား ခဲ့ကြပေမဲ့ သိပ်မအောင်မြင်သေးပါပါဘူး။ အဲဒီ App အတော်များများက Apple နဲ့ Android ဖုန်းတွေနဲ့ အသုံးပြုရာမှာ နည်းပညာပိုင်း ဆိုင်ရာ ပြဿနာ တွေနဲ့ ကြုံတွေ့ရခဲ့ရပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အရင် တီထွင်ခဲ့တဲ့ App တွေက GPS စနစ်အသုံးပြုပြီး ဗိုင်းရပ်စ်ပိုးရှိသူနဲ့ ထိတွေ့ခဲ့သလား ခြေရာခံပေးတာပါ။ Apple နဲ့ Google ကုမ္မဏီတွေ ကတော့ အသုံးပြသူတွေရဲ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက် ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် သူတို့ရဲ့ Apps တွေမှာ GPS စနစ်ကို အသုံးပြုမထားပါဘူး။

ဒီ Apple- Google APPS ကို အသုံးပြုဖို့ အမေရိကန်က ပြည်နယ်တွေအပါအဝင် ဂျာမဏီနိုင်ငံ ကျန်းမာရေးဌာနကလည်း စောင့်နေတာပါ။ တစ်ချို့အစိုးရတွေကတော့ ဒီ ကုမ္မဏီကြီးတွေရဲ့ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက် ဆိုင်ရာ ကန့်သတ် ချက်တွေကြောင့် အသုံးပြုရာမှာ အခက်အခဲရှိမယ်လို့လည်း ပြောပါတယ်။

APPLE နဲ့ GOOGLE ကတော့ သူတို့ ရဲ့ Apps တွေက လက်ရှိ ဆောင်ရွက်နေတဲ့ COVID-19 ရောဂါ ခြေရာခံ လုပ်ငန်းကို အစားထိုးဖို့ ကြိုးစားတာမဟုတ်ပဲ ရောဂါပိုးရှိသူနဲ့ ထိတွေ့နိုင်ချေ ဘယ်လောက် ရှိခဲ့သလဲ သတိပေးတဲ့ စနစ်ပဲ ဖြစ်တယ်လို့ပြောပါတယ်။ အခု နည်းပညာ အသစ်က ပြိင်ဘက် ကုမ္မဏီကြီး ၂ ခုရဲ့ ဖြစ်တောင့်ဖြစ်ခဲ ပူးပေါင်းတီထွင်ထုတ်လုပ်မှုလည်းဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/coronavirus-apple-google-application-/5430687.html

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား