Amphan မုန္တိုင္းေၾကာင့္ အိႏိၵယနဲ႔ဘဂၤလားေဒ့ရွ္မွာ ၃၁ ဦးထက္မနည္းေသဆံုး

အိႏၵိယႏုိင္ငံ အေနာက္ဘဂၤလားျပည္နယ္ Shyamnagar ေဒသမွာ Amphan မုန္တိုင္း တိုက္ခတ္ၿပီး ျမင္ကြင္း (ေမ ၂၁၊ ၂၀၂၀)
[Zawgyi/Unicode]

အိႏၵိယႏုိင္ငံ အေရွ႕ပိုင္း နဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံေတြကို ဗုဒၶဟူးေန႔က ၀င္ေရာက္တုိတ္ခတ္ခဲ့တဲ့ Amphan ဆိုင္ကလုန္းမုန္တုိင္းေၾကာင့္ အိႏိၵယနဲ႔ ဘဂၤလားေဒ့ရွ္ႏုိ္င္ငံေတြမွာ လူ ၃၁ ေယာက္ထက္မနည္း ေသဆုံးၿပီး အိမ္ေျခေထာင္နဲ႔ခ်ီ ပ်က္စီးသြားပါတယ္။

အိႏၵိယႏုိင္ငံ အေနာက္ဘဂၤလားျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ Kolkata ၿမိဳ႕ဟာ မုန္တုိင္းဒဏ္ကို အျပင္းထန္ဆုံးခံခဲ့ရၿပီး မုန္တုိင္းေၾကာင့္ ျပည္နယ္တ၀န္း ၁၉ ေယာက္ေသဆုံးၿပီး ေျခာက္ ေယာက္က Kolkata ၿမိဳ႕ကျဖစ္ပါတယ္။ ဒါ့အျပင္ သစ္ပင္ေတြလဲတာ၊ ကားမွန္ေတြကဲြတာျဖစ္ခဲ့သလို မုိးသည္းထန္စြာရြာတာေၾကာင့္ ေရႀကီးခဲ့ပါတယ္။

ဆုိင္ကလုန္းမုန္ုတုိင္း Amphan ဟာ ကုန္းတြင္းပိုင္းကို ၀င္ေရာက္ခ်ိန္မွာေတာ့ ေလတုိက္ႏႈန္း တနာရီကို ၁၁၅ မိုင္ႏႈန္းနဲ႔ ၀င္ေရာက္တုိက္ခတ္ခဲ့တာျဖစ္ပါတယ္။ ျပည္နယ္မွာရွိတဲ့ လူ ၅၀၀,၀၀၀ ကို ေဘးလြတ္ရာကို ေရႊ႕ေျပာင္းေပးခဲ့တယ္လို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္ Mamata Banerjee က ေျပာပါတယ္။ မုိးအဆက္မျပတ္ရြာသြန္းေနတာေၾကာင့္ မုန္တုိင္းဒဏ္အဆုိးဆုံး ခံလိုက္ရတဲ့ေနရာေတြက အေျခအေနေတြကို မသိႏုိင္ေသးဘူးလို႔ ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာေတာ့ မုန္တုိင္းေၾကာင့္ ၁၂ ေယာက္ထက္မနည္းေသဆုံးခဲ့ၿပီး တခ်ိဳ႕ျပည္နယ္ေတြမွာေတာ့ လွ်ပ္စစ္မီးျပတ္ေတာက္တာေတြ ရွိတယ္လို႔ အာဏာပုိင္ေတြက ေျပာပါတယ္။ အခုတပတ္အတြင္းမွာ လူ ၂,၅၀၀,၀၀၀ ခဲြေလာက္ကို မုန္တုိင္း ကယ္ဆယ္ေရးစခန္းေတြကို ေရႊ႕ေျပာင္းေပးခဲ့ၿပီး အဲဒီထဲမွာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြလည္း ပါတယ္လို႔ အာဏာပိုင္ေတြကေျပာပါတယ္။

ဒါေပမဲ့လည္း ဗုိင္းရပ္စ္ကူးစက္မႈေတြ မပ်ံ႕ႏွံ႔ရေအာင္လုပ္ေဆာင္ေနတဲ့အတြက္ မုန္တုိင္းကယ္ဆယ္ေရးလုပ္ငန္းေတြမွာလည္း ရႈပ္ေထြးမႈေတြ နဲ႔အခက္အခဲေတြေတာ့ရွိေနပါတယ္။ တခ်ိဳ႕လူေတြကေတာ့ ဗုိင္းရပ္စ္ကူးစက္ခံရမွာစိုးရိမ္တဲ့အတြက္ ကယ္ဆယ္ေရးစခန္းေတြကို မသြားခ်င္ၾကပဲျဖစ္ေနတယ္လို႔ ရဲကေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------
[Unicode Version]

Amphan မုန်တိုင်းကြောင့် အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်မှာ ၃၁ ဦးထက်မနည်းသေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်တိုတ်ခတ်ခဲ့တဲ့ Amphan ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လူ ၃၁ ယောက်ထက်မနည်း သေဆုံးပြီး အိမ်ခြေထောင်နဲ့ချီ ပျက်စီးသွားပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ရဲ့မြို့တော် Kolkata မြို့ဟာ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရပြီး မုန်တိုင်းကြောင့် ပြည်နယ်တဝန်း ၁၉ ယောက်သေဆုံးပြီး ခြောက် ယောက်က Kolkata မြို့ကဖြစ်ပါတယ်။ ဒါ့အပြင် သစ်ပင်တွေလဲတာ၊ ကားမှန်တွေကွဲတာဖြစ်ခဲ့သလို မိုးသည်းထန်စွာရွာတာကြောင့် ရေကြီးခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်ုတိုင်း Amphan ဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာတော့ လေတိုက်နှုန်း တနာရီကို ၁၁၅ မိုင်နှုန်းနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ ပြည်နယ်မှာရှိတဲ့ လူ ၅၀၀,၀၀၀ ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee က ပြောပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မုန်တိုင်းဒဏ်အဆိုးဆုံး ခံလိုက်ရတဲ့နေရာတွေက အခြေအနေတွေကို မသိနိုင်သေးဘူးလို့ ပြောပါတယ်။
ဘဂၤလားေဒ့ရွ္ႏိုင္ငံ Bhasan Char ကြ်န္းမွာ ေတြ႔ရတဲ့ ရိုဟင္ဂ်ာဒုကၡသည္တခ်ိဳ႕။ (ေဖေဖာ္၀ါရီ ၁၄၊ ၂၀၁၈)
SEE ALSO:
Amphan မုန္တိုင္းအႏၲရာယ္ေၾကာင့္ Bhasan Char က ဒုကၡသည္ေတြ ေရႊ႕ေျပာင္းေပးထား

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ မုန်တိုင်းကြောင့် ၁၂ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး တချို့ပြည်နယ်တွေမှာတော့ လျှပ်စစ်မီးပြတ်တောက်တာတွေ ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုတပတ်အတွင်းမှာ လူ ၂,၅၀၀,၀၀၀ ခွဲလောက်ကို မုန်တိုင်း ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းပေးခဲ့ပြီး အဲဒီထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေလည်း ပါတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဒါပေမဲ့လည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မပျံ့နှံ့ရအောင်လုပ်ဆောင်နေတဲ့အတွက် မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း ရှုပ်ထွေးမှုတွေ နဲ့အခက်အခဲတွေတော့ရှိနေပါတယ်။ တချို့လူတွေကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေကို မသွားချင်ကြပဲဖြစ်နေတယ်လို့ ရဲကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/amphan-india-bangla/5430013.html
Amphan မုန္တိုင္းေၾကာင့္ အိႏိၵယနဲ႔ဘဂၤလားေဒ့ရွ္မွာ ၃၁ ဦးထက္မနည္းေသဆံုး Amphan မုန္တိုင္းေၾကာင့္ အိႏိၵယနဲ႔ဘဂၤလားေဒ့ရွ္မွာ ၃၁ ဦးထက္မနည္းေသဆံုး Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.