ဆိုင်ကလုန်းမုန်တိုင်း Amphan ကြောင့် အိန္ဒိယမှာ ဒေါ်လာ သန်းထောင်ချီ ဆုံးရှုံ

အနောက်ဘန်ဂေါပြည်နယ်မှာ ဆိုင်ကလုန်းမုန်တိုင်း Amphan ကြောင့် လမ်းပေါ်လဲကျနေတဲ့ သစ်ပင်ကြား ဖြတ်သန်းသွားလာနေသူတဦး။ (မေ ၂၁၊ ၂၀၂၀)
(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက အနောက်ဘန်ဂေါပြည်နယ်ကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်တိုက်ခတ်သွားတဲ့ အင်အားပြင်း မုန်တိုင်း Amphan ကြောင့် သီးနှံတွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ရှိတယ်လို့ အနောက်ဘန်ဂေါပြည်နယ် အရာရှိတွေက ပြောပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ပဏာမ တွက်ချက်မှုတွေအရ အမေရိကန်ဒေါ်လာ သန်း ၁၃၀ ဆုံးရှုံးတယ်လို့ ခန့်မှန်းထားပေမယ့် ပိုများလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆယ်စုနှစ်အတွင်း အင်အားအပြင်းထန်ဆုံးဖြစ်တဲ့ Amphan ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အနည်းဆုံး လူ ၁၀၂ ဦး သေဆုံးခဲ့ရာမှာ အများစုက အိမ်တွေပြိုကျတာနဲ့ ဓာတ်လိုက်ခံရတာကြောင့် သေဆုံးခဲ့တာပါ။

မုန်တိုင်းမလာခင် လူ ၃ သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခဲ့တာကြောင့်လည်း အသေအပျောက် များပြားနိုင်တာကို ရှောင်ရှားနိုင်ခဲ့ပါတယ်။

မုန်တိုင်းဒဏ်ကို ခံလိုက်ရသူပေါင်း ၁၃ သန်းကျော်ရှိပြီး အိမ်ပေါင်း ၁ သန်းခွဲ ထိခိုက် ပျက်စီးခဲ့တယ်လို့လည်း အနောက်ဘန်ဂေါပြည်နယ် အရာရှိတွေက ရိုက်တာသတင်းကို ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း မြေနိမ့်ပိုင်းက စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

စနေနေ့မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က Amphan မုန်တိုင်းကြောင့် ဆုံးရှုံးမှုတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ကုလသမဂ္ဂအနေနဲ့ အကူအညီ အထောက်အပံ့ပေးဖို့ အသင့်ရှိကြောင်း ပြောခဲ့တယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
ဆိုင္ကလုန္းမုန္တိုင္း Amphan ေၾကာင့္ အိႏၵိယမွာ ေဒၚလာ သန္းေထာင္ခ်ီ ဆံုး႐ႈံး

အိႏၵိယႏုိင္ငံ အေရွ႕ပိုင္းက အေနာက္ဘန္ေဂါျပည္နယ္ကို ဗုဒၶဟူးေန႔က ဝင္ေရာက္တိုက္ခတ္သြားတဲ့ အင္အားျပင္း မုန္တိုင္း Amphan ေၾကာင့္ သီးႏွံေတြနဲ႔ အေျခခံအေဆာက္အအုံေတြ ပ်က္စီးဆုံး႐ႈံးမႈ တန္ဖိုးေငြ အေမရိကန္ေဒၚလာ ၁၃ ဘီလီယံ ရွိတယ္လို႔ အေနာက္ဘန္ေဂါျပည္နယ္ အရာရွိေတြက ေျပာပါတယ္။

အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာေတာ့ ပဏာမ တြက္ခ်က္မႈေတြအရ အေမရိကန္ေဒၚလာ သန္း ၁၃၀ ဆုံး႐ႈံးတယ္လို႔ ခန္႔မွန္းထားေပမယ့္ ပိုမ်ားလာႏုိင္တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဆယ္စုႏွစ္အတြင္း အင္အားအျပင္းထန္ဆုံးျဖစ္တဲ့ Amphan ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံထဲ အနည္းဆုံး လူ ၁၀၂ ဦး ေသဆုံးခဲ့ရာမွာ အမ်ားစုက အိမ္ေတြၿပိဳက်တာနဲ႔ ဓာတ္လိုက္ခံရတာေၾကာင့္ ေသဆုံးခဲ့တာပါ။

မုန္တိုင္းမလာခင္ လူ ၃ သန္းေက်ာ္ကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းႏုိင္ခဲ့တာေၾကာင့္လည္း အေသအေပ်ာက္ မ်ားျပားႏုိင္တာကို ေရွာင္ရွားႏုိင္ခဲ့ပါတယ္။

မုန္တိုင္းဒဏ္ကို ခံလိုက္ရသူေပါင္း ၁၃ သန္းေက်ာ္ရွိၿပီး အိမ္ေပါင္း ၁ သန္းခြဲ ထိခိုက္ ပ်က္စီးခဲ့တယ္လို႔လည္း အေနာက္ဘန္ေဂါျပည္နယ္ အရာရွိေတြက ႐ုိက္တာသတင္းကို ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာလည္း ေျမနိမ့္ပိုင္းက စိုက္ပ်ိဳးေျမေတြ ပ်က္စီးဆုံး႐ႈံးခဲ့ပါတယ္။

စေနေန႔မွာပဲ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က Amphan မုန္တိုင္းေၾကာင့္ ဆုံး႐ႈံးမႈေတြအတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္း သဝဏ္လႊာေပးပို႔ခဲ့ၿပီး ကုလသမဂၢအေနနဲ႔ အကူအညီ အေထာက္အပံ့ေပးဖို႔ အသင့္ရွိေၾကာင္း ေျပာခဲ့တယ္လို႔ ကုလအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/cyclone-amphan-india/5433435.html
ဆိုင်ကလုန်းမုန်တိုင်း Amphan ကြောင့် အိန္ဒိယမှာ ဒေါ်လာ သန်းထောင်ချီ ဆုံးရှုံ ဆိုင်ကလုန်းမုန်တိုင်း Amphan ကြောင့် အိန္ဒိယမှာ ဒေါ်လာ သန်းထောင်ချီ ဆုံးရှုံ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.