AA တပ္ဖြဲ႕ဝင္ေတြရဲ႕ ဝတ္စားဆင္ယင္ မႈေၾကာင့္ သံသယနဲ႔ ဖမ္းဆီးခံရသူ ပိုမ်ားလာ

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ေဒသတခ်ိဳ႕မွာ ရခိုင့္တပ္ေတာ္ AA တပ္ဖြဲ႕ဝင္ေတြက တပ္မေတာ္ကို တိုက္ခိုက္တဲ့ အခ်ိန္၊ ေက်း႐ြာေတြထဲ ဝင္ထြက္သြားလာခ်ိန္ေတြမွာ အရပ္ဝတ္ ဝတ္ဆင္ထားပါတယ္။

ေဒသခံအမ်ားအျပားလည္း AA တပ္ဖြဲ႕ဝင္ဆိုတဲ့  သံသဃနဲ႔ ဖမ္းဆီးစစ္ေဆးခံေနရပါတယ္။ လက္ရွိအခ်ိန္ထိ AA နဲ႔ ဆက္စပ္တယ္ ဆိုတဲ့ သံသယနဲ႔ တပ္နဲ႔အာဏာပိုင္ေတြက တရားစြဲဆိုခံရသူေပါင္း ၅၀၀ ေက်ာ္ရွိပါတယ္။ တပ္မ ေတာ္ဘက္က AA ဟာ အရပ္သားအသြင္ယူ တိုက္ခိုက္တာေတြရွိတယ္လို႔ မၾကာခဏစြပ္စြဲေျပာၾကားေနသလို၊ AA ဘက္ကလည္း အစိုးရ တပ္မေတာ္အေနနဲ႔လည္း အရပ္သားဝတ္နဲ႔ လႈပ္ရွားတိုက္ခိုက္တာေတြရွိတယ္လို႔လည္း ျပန္လည္စြပ္စြဲလိုက္ပါတယ္။

ၿပီးခဲ့တဲ့ မတ္လအတြင္းက ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ကမ္းနီေဒသမွာရွိတဲ့ တပ္မေတာ္ေလ့က်င့္ေရးေက်ာင္း ကို ရခိုင့္တပ္မေတာ္ AA တပ္သားေတြ ဝင္သိမ္းတဲ့ ဗီဒီယိုဖိုင္တစ္ခု ၿပီးခဲ့တဲ့ရက္ပိုင္းက ေဖ့စ္ဘြတ္ စာမ်က္ႏွာေတြ ေပၚ  ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

အဲဒီဗီဒီယိုဖိုင္မွာ AA တပ္သားေတြဟာ အရပ္ဝတ္ေတြနဲ႔ လက္နက္ကိုင္ တိုက္ခိုက္ခဲ့ၾကတာကို ေတြ႕ျမင္ရပါတယ္။

ဒီတိုက္ပြဲမွာ တပ္က ရင္ဆိုင္ခဲ့ရတာကေတာ့ အရပ္ဝတ္ ဝတ္ထားတဲ့ လက္နက္ကိုင္ေတြျဖစ္တယ္လို႔  တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က ေျပာပါတယ္။

"မင္းျပားၿမိဳ႕နယ္ ကမ္းနီေဒသမွာရွိတဲ့ တပ္မေတာ္ေလ့က်င့္ေရးေက်ာင္းကို ဝင္ၿပီးတိုက္တုန္းကပါ။ ႐ြာသား ပုံစံ အနီးနားက ႐ြာက သူတို႔အမာခံေတြ ဝင္တိုက္တာ။  အဲဒီမွာ ေသဆုံးတဲ့သူေတြ လက္နက္နဲ႔မိတဲ့သူေတြ အကုန္လုံးက အရပ္ဝတ္ေတြနဲ႔ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က အရပ္ဝတ္နဲ႔တိုက္တယ္လို႔ ေျပာတာျဖစ္ပါတယ္။"

တပ္မေတာ္ဘက္က မၾကာခဏေျပာေလ့ရွိတာကေတာ့ AA တပ္ဖြဲ႕ဝင္ေတြဟာ အရပ္သားေတြနဲ႔ ေရာေႏွာ ေနထိုင္ၿပီး အရပ္ဝတ္နဲ႔ တိုက္ခိုက္တဲ့အတြက္ အရပ္သားလား AA လားဆိုတာ ခြဲျခားသိႏိုင္ဖို႔ ခက္ခဲတယ္ ဆိုတာပါပဲ။

AA ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခ ကေတာ့ သူတို႔ တပ္ဖြဲ႕ဝင္ေတြဟာ အရပ္သားဟန္ေဆာင္ေလ့မရွိဘူးလို႔ တုံ႔ျပန္ပါတယ္။

"အရပ္သားနဲ႔ စစ္သားက အေတာ္ကြာျခားတာျဖစ္တယ္။ စစ္သားဆိုတာ ယူနီေဖာင္းမဝတ္လည္း တပ္ရင္း တပ္ဖြဲ႕နဲ႔ သြားလာတာျဖစ္တယ္ ဘယ္စစ္သားမွ တစ္ေယာက္ထဲမသြားဘူး။ အရပ္သား ဟန္ေဆာင္သြားေန တယ္ဆိုတာ ျမန္မာစစ္တပ္က အရပ္သားေတြကို ပစ္သတ္ဖို႔ စြပ္စြဲခ်က္လုပ္ေနတာျဖစ္တယ္။"

တပ္မေတာ္ဘက္က AA ဟာ အရပ္သားအသြင္ယူ တိုက္ခိုက္တာေတြရွိတယ္လို႔ မၾကာခဏစြပ္စြဲေျပာၾကား ေနသလို၊ AA ဘက္ကလည္း အစိုးရ တပ္မေတာ္သားေတြအေနနဲ႔လည္း အရပ္သားဝတ္နဲ႔ လႈပ္ရွားတိုက္ခိုက္တာ ေတြရွိတယ္လို႔လည္း ေျပာခြင့္ရသူ ခိုင္သုခက RFA ကို ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ေပ်ာက္ၾကားတိုက္ပြဲ ဆင္ႏႊဲေလ့ရွိတဲ့  AA တပ္ဖြဲ႕အေနနဲ႔ အေျခခ်စစ္စခန္းဖြင့္ၿပီး ေနရာ အတည္တက်ယူ တိုက္တာမ်ိဳး မဟုတ္တာရယ္၊ နယ္ေျမခံေတြကို အေျခခံတဲ့တပ္သားေတြျဖစ္တဲ့အတြက္ ယူနီေဖာင္းအခက္အခဲ ရွိေနႏိုင္တာရယ္ေၾကာင့္ အရပ္ဝတ္နဲ႔ စစ္တိုက္တာျဖစ္ႏိုင္တယ္လို႔ စစ္ေရးသုံးသပ္ သူေတြက ဆိုပါတယ္။

ဒါေပမဲ့ ဒီလို အရပ္သား တပ္သားခြဲျခားရခက္ခဲေစတာေၾကာင့္ ျဖစ္လာတဲ့ အက်ိဳးဆက္ကေတာ့ သံသယနဲ႔ ဖမ္းဆီးခံရတဲ့ အရပ္သားေတြ တေန႔တျခား ပိုမ်ားလာတာပဲျဖစ္တယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။

AA ဟာ ေက်း႐ြာေတြအတြင္း အရပ္သားေတြနဲ႔ ေရာေႏွာေနၿပီးေနတာေၾကာင့္ အရပ္သား စစ္သား  ခြဲျခားရခက္တာေၾကာင့္ မွားယြင္း ဖမ္းဆီးမႈေတြ ျဖစ္သြားႏိုင္တယ္လို႔ အရပ္ဘက္ သင္းအဖြဲ႕ တစ္ခုျဖစ္တဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားအစည္းအ႐ုံး REC အတြင္းေရးမႉး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

"အရပ္ဝတ္နဲ႔တိုက္တာရယ္ သူတို႔က ရပ္႐ြာလူထုနဲ႔ အဆက္အသြယ္အသြားအလာရွိေနတာရယ္ ဒီကိစၥမွာ ရွင္းရွင္းလင္းလင္းရွိမေနဘူး။ အဲဒီအေပၚ တပ္မေတာ္ဘက္က အလြယ္တကူပဲ AA နဲ႔ အရပ္သားကို တေပါင္းထဲထားလိုက္ၿပီး ဖမ္းဆီးတာ ပိုလြယ္ကူသြားတယ္။ အဲလိုမ်ိဳးေတာ့ က်ေနာ္သိထားပါတယ္"

ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္း႐ြာသား အမ်ားအျပား အထိန္းသိမ္းခံခဲ့ရၿပီး သူတို႔ထဲက ေျခာက္ဦးဟာ တစ္ႏွစ္ေက်ာ္ၾကာ အက်ဥ္းခ်ခံရၿပီး ဒီလလယ္ပိုင္းမွာမွ သူတို႔ ျပန္လြတ္လာတာပါ။

ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအၾကား AA နဲ႔ ပတ္သက္မႈရွိတယ္ဆိုၿပီး သံသယနဲ႔ ဖမ္းဆီးႏွိပ္စက္ ခံရတဲ့ အရပ္သားေတြ အမ်ားအျပားရွိေနၿပီး ၂၀၁၉ ခုႏွစ္အတြင္း တရားစြဲ အမႈဖြင့္ခံထားရသူေပါင္း ၅၀၀ ေက်ာ္ ရွိေနတယ္လို႔ စစ္ေတြၿမိဳ႕အေျခစိုက္ သဇင္အေထာက္အကူျပဳ အဖြဲ႕ စာရင္းေတြက ေဖာ္ျပထားပါတယ္။

သံသယရွိရင္ ဖမ္းဆီးႏိုင္တဲ့ ဥပေဒေၾကာင့္ အမွန္တကယ္ ျပည္သူေတြက နစ္နာရတယ္လို႔ သဇင္အေထာက္ အကူျပဳအဖြဲ႕က ဦးမ်ိဳးျမတ္ဟိန္းက ေျပာပါတယ္။

"သံသယနဲ႔ မသကၤာရင္ ဖမ္းဆီးလို႔ရတယ္လို႔ ဥပေဒရွိေနတာကိုး။ တရားစြဲတဲ့အဆင့္ထိေရာက္တာ ေသခ်ာ ခိုင္မာတဲ့အေထာက္အထားရွိဖို႔လိုပါတယ္။ အခု တရား႐ုံးေတြမွာ ေတာ္ေတာ္မ်ားမ်ား လႊတ္သြားတာမ်ိဳးေတြ လည္းရွိပါတယ္။ မေသခ်ာမခိုင္မာဘဲ စြဲလို႔ရၿပီးေရာဆိုရင္ ျပည္သူေတြ ေတာ္ေတာ္နစ္နာပါတယ္။"

ျပည္သူ႔စစ္ပြဲလို႔ ေၾကညာထားတဲ့ ေပ်ာက္ၾကားတိုက္ပြဲေတြဟာ အရပ္သားေတြနဲ႔ ေရာေႏွာေနထိုင္ၿပီး အရပ္ဝတ္နဲ႔ တိုက္ခိုက္ၾကတာ ထုံးစံတစ္ခုပဲလို႔ စစ္ေရးသုံးသပ္သူေတြက ဆိုပါတယ္။

ဒီလိုအေျခအေနမွာ အရပ္သားစစ္သားခြဲျခားႏိုင္ဖို႔ တပ္မေတာ္ဟာ ေဒသခံေတြရဲ႕ေထာက္ခံမႈကို လိုအပ္ၿပီး ႐ြာရွိအကုန္ သူပုန္လို႔သတ္မွတ္လို႔ မရဘူးလို႔ ႏိုင္ငံေရး စစ္ေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက ဆိုပါတယ္။

"ျပည္သူ႔စစ္ပြဲလို႔ ေၾကညာၿပီးတိုက္တဲ့ပြဲေတြ ျမန္မာျပည္မွာလည္း ၄၅ ဦး မတ္လေတာ္လွန္ေရး၊ ဗီယက္နမ္ တိုက္ပြဲေတြမွာ ေပ်ာက္ၾကားတပ္ဖြဲ႕ေတြဟာ အရပ္သားေတြနဲ႔ ေရာေႏွာေနေတာ့ အခုတပ္မေတာ္လို႔ေပါ့  ရင္ဆိုင္တဲ့တပ္ဖြဲ႕ေတြက  အားလုံးကိုေရာေႏွာၿပီး ရန္သူလို႔ သတ္မွတ္မလား မသတ္မွတ္ဘူးလားဆိုတာ ေတာ္ေတာ္ႀကီး အေရးႀကီးတဲ့ ျပႆနာျဖစ္ပါတယ္။ တကယ္စစ္ေျမျပင္မွာ နယ္ေျမခံလူထုရဲ႕ ေထာက္ခံမႈက  ေတာ္ေတာ္ႀကီးအေရးႀကီးပါတယ္။ ကူညီဖို႔လိုအပ္ပါတယ္။ အဲဒါမ်ိဳး မဟုတ္ဘဲ ႐ြာတစ္႐ြာကို ဝင္သြားၿပီး ႐ြာရွိအကုန္ သူပုန္ပဲလို႔ သတ္မွတ္လိုက္ရင္ ေနာက္ဆက္တြဲ ရလဒ္ေတြက ေကာင္းမွာမဟုတ္ပါဘူး"

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU၊ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ KIO၊ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS တို႔ရဲ႕ တပ္ေတြနဲ႔ ျဖစ္ပြားတဲ့တိုက္ပြဲေတြမွာလည္း အရပ္ဝတ္နဲ႔ တိုက္ခိုက္တာမ်ိဳးေတြရွိခဲ့ၿပီး ဖမ္းဆီးႏွိပ္စက္ သတ္ျဖတ္ခံရတဲ့ အရပ္သား အမ်ားအျပားရွိခဲ့တယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက ဆိုပါတယ္။

RFA  က ေကာက္ယူရရွိတဲ့ အခ်က္အလက္ေတြအရ တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြေၾကာင့္ ဒီႏွစ္ ဇန္နဝါရီလကေန ေမလ ၂၀ ရက္ေန႔ ေန႔လယ္ပိုင္းအထိ အရပ္သားထိခိုက္ေသဆုံးသူ ၁၄၈ ဦး ရွိေနၿပီး ဒဏ္ရာရရွိသူ ၃၄၇  ဦး ရွိေနၿပီျဖစ္ပါတယ္။

RFA Burmese
-------------------------------

(Unicode)⤵⤵⤵
AA တပ်ဖွဲ့ဝင်တွေရဲ့ ဝတ်စားဆင်ယင် မှုကြောင့် သံသယနဲ့ ဖမ်းဆီးခံရသူ ပိုများလာ

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ဒေသတချို့မှာ ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက တပ်မတော်ကို တိုက်ခိုက်တဲ့ အချိန်၊ ကျေးရွာတွေထဲ ဝင်ထွက်သွားလာချိန်တွေမှာ အရပ်ဝတ် ဝတ်ဆင်ထားပါတယ်။

ဒေသခံအများအပြားလည်း AA တပ်ဖွဲ့ဝင်ဆိုတဲ့  သံသဃနဲ့ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။ လက်ရှိအချိန်ထိ AA နဲ့ ဆက်စပ်တယ် ဆိုတဲ့ သံသယနဲ့ တပ်နဲ့အာဏာပိုင်တွေက တရားစွဲဆိုခံရသူပေါင်း ၅၀၀ ကျော်ရှိပါတယ်။ တပ်မ တော်ဘက်က AA ဟာ အရပ်သားအသွင်ယူ တိုက်ခိုက်တာတွေရှိတယ်လို့ မကြာခဏစွပ်စွဲပြောကြားနေသလို၊ AA ဘက်ကလည်း အစိုးရ တပ်မတော်အနေနဲ့လည်း အရပ်သားဝတ်နဲ့ လှုပ်ရှားတိုက်ခိုက်တာတွေရှိတယ်လို့လည်း ပြန်လည်စွပ်စွဲလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီဒေသမှာရှိတဲ့ တပ်မတော်လေ့ကျင့်ရေးကျောင်း ကို ရခိုင့်တပ်မတော် AA တပ်သားတွေ ဝင်သိမ်းတဲ့ ဗီဒီယိုဖိုင်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက ဖေ့စ်ဘွတ် စာမျက်နှာတွေ ပေါ်  ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီဗီဒီယိုဖိုင်မှာ AA တပ်သားတွေဟာ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။

ဒီတိုက်ပွဲမှာ တပ်က ရင်ဆိုင်ခဲ့ရတာကတော့ အရပ်ဝတ် ဝတ်ထားတဲ့ လက်နက်ကိုင်တွေဖြစ်တယ်လို့  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

"မင်းပြားမြို့နယ် ကမ်းနီဒေသမှာရှိတဲ့ တပ်မတော်လေ့ကျင့်ရေးကျောင်းကို ဝင်ပြီးတိုက်တုန်းကပါ။ ရွာသား ပုံစံ အနီးနားက ရွာက သူတို့အမာခံတွေ ဝင်တိုက်တာ။  အဲဒီမှာ သေဆုံးတဲ့သူတွေ လက်နက်နဲ့မိတဲ့သူတွေ အကုန်လုံးက အရပ်ဝတ်တွေနဲ့ ဒါကြောင့် ကျွန်တော်တို့က အရပ်ဝတ်နဲ့တိုက်တယ်လို့ ပြောတာဖြစ်ပါတယ်။"

တပ်မတော်ဘက်က မကြာခဏပြောလေ့ရှိတာကတော့ AA တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေနဲ့ ရောနှော နေထိုင်ပြီး အရပ်ဝတ်နဲ့ တိုက်ခိုက်တဲ့အတွက် အရပ်သားလား AA လားဆိုတာ ခွဲခြားသိနိုင်ဖို့ ခက်ခဲတယ် ဆိုတာပါပဲ။

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကတော့ သူတို့ တပ်ဖွဲ့ဝင်တွေဟာ အရပ်သားဟန်ဆောင်လေ့မရှိဘူးလို့ တုံ့ပြန်ပါတယ်။

"အရပ်သားနဲ့ စစ်သားက အတော်ကွာခြားတာဖြစ်တယ်။ စစ်သားဆိုတာ ယူနီဖောင်းမဝတ်လည်း တပ်ရင်း တပ်ဖွဲ့နဲ့ သွားလာတာဖြစ်တယ် ဘယ်စစ်သားမှ တစ်ယောက်ထဲမသွားဘူး။ အရပ်သား ဟန်ဆောင်သွားနေ တယ်ဆိုတာ မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်သတ်ဖို့ စွပ်စွဲချက်လုပ်နေတာဖြစ်တယ်။"

တပ်မတော်ဘက်က AA ဟာ အရပ်သားအသွင်ယူ တိုက်ခိုက်တာတွေရှိတယ်လို့ မကြာခဏစွပ်စွဲပြောကြား နေသလို၊ AA ဘက်ကလည်း အစိုးရ တပ်မတော်သားတွေအနေနဲ့လည်း အရပ်သားဝတ်နဲ့ လှုပ်ရှားတိုက်ခိုက်တာ တွေရှိတယ်လို့လည်း ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပျောက်ကြားတိုက်ပွဲ ဆင်နွှဲလေ့ရှိတဲ့  AA တပ်ဖွဲ့အနေနဲ့ အခြေချစစ်စခန်းဖွင့်ပြီး နေရာ အတည်တကျယူ တိုက်တာမျိုး မဟုတ်တာရယ်၊ နယ်မြေခံတွေကို အခြေခံတဲ့တပ်သားတွေဖြစ်တဲ့အတွက် ယူနီဖောင်းအခက်အခဲ ရှိနေနိုင်တာရယ်ကြောင့် အရပ်ဝတ်နဲ့ စစ်တိုက်တာဖြစ်နိုင်တယ်လို့ စစ်ရေးသုံးသပ် သူတွေက ဆိုပါတယ်။

ဒါပေမဲ့ ဒီလို အရပ်သား တပ်သားခွဲခြားရခက်ခဲစေတာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကတော့ သံသယနဲ့ ဖမ်းဆီးခံရတဲ့ အရပ်သားတွေ တနေ့တခြား ပိုများလာတာပဲဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

AA ဟာ ကျေးရွာတွေအတွင်း အရပ်သားတွေနဲ့ ရောနှောနေပြီးနေတာကြောင့် အရပ်သား စစ်သား  ခွဲခြားရခက်တာကြောင့် မှားယွင်း ဖမ်းဆီးမှုတွေ ဖြစ်သွားနိုင်တယ်လို့ အရပ်ဘက် သင်းအဖွဲ့ တစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

"အရပ်ဝတ်နဲ့တိုက်တာရယ် သူတို့က ရပ်ရွာလူထုနဲ့ အဆက်အသွယ်အသွားအလာရှိနေတာရယ် ဒီကိစ္စမှာ ရှင်းရှင်းလင်းလင်းရှိမနေဘူး။ အဲဒီအပေါ် တပ်မတော်ဘက်က အလွယ်တကူပဲ AA နဲ့ အရပ်သားကို တပေါင်းထဲထားလိုက်ပြီး ဖမ်းဆီးတာ ပိုလွယ်ကူသွားတယ်။ အဲလိုမျိုးတော့ ကျနော်သိထားပါတယ်"

ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသား အများအပြား အထိန်းသိမ်းခံခဲ့ရပြီး သူတို့ထဲက ခြောက်ဦးဟာ တစ်နှစ်ကျော်ကြာ အကျဉ်းချခံရပြီး ဒီလလယ်ပိုင်းမှာမှ သူတို့ ပြန်လွတ်လာတာပါ။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြား AA နဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးနှိပ်စက် ခံရတဲ့ အရပ်သားတွေ အများအပြားရှိနေပြီး ၂၀၁၉ ခုနှစ်အတွင်း တရားစွဲ အမှုဖွင့်ခံထားရသူပေါင်း ၅၀၀ ကျော် ရှိနေတယ်လို့ စစ်တွေမြို့အခြေစိုက် သဇင်အထောက်အကူပြု အဖွဲ့ စာရင်းတွေက ဖော်ပြထားပါတယ်။

သံသယရှိရင် ဖမ်းဆီးနိုင်တဲ့ ဥပဒေကြောင့် အမှန်တကယ် ပြည်သူတွေက နစ်နာရတယ်လို့ သဇင်အထောက် အကူပြုအဖွဲ့က ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။

"သံသယနဲ့ မသင်္ကာရင် ဖမ်းဆီးလို့ရတယ်လို့ ဥပဒေရှိနေတာကိုး။ တရားစွဲတဲ့အဆင့်ထိရောက်တာ သေချာ ခိုင်မာတဲ့အထောက်အထားရှိဖို့လိုပါတယ်။ အခု တရားရုံးတွေမှာ တော်တော်များများ လွှတ်သွားတာမျိုးတွေ လည်းရှိပါတယ်။ မသေချာမခိုင်မာဘဲ စွဲလို့ရပြီးရောဆိုရင် ပြည်သူတွေ တော်တော်နစ်နာပါတယ်။"

ပြည်သူ့စစ်ပွဲလို့ ကြေညာထားတဲ့ ပျောက်ကြားတိုက်ပွဲတွေဟာ အရပ်သားတွေနဲ့ ရောနှောနေထိုင်ပြီး အရပ်ဝတ်နဲ့ တိုက်ခိုက်ကြတာ ထုံးစံတစ်ခုပဲလို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။

ဒီလိုအခြေအနေမှာ အရပ်သားစစ်သားခွဲခြားနိုင်ဖို့ တပ်မတော်ဟာ ဒေသခံတွေရဲ့ထောက်ခံမှုကို လိုအပ်ပြီး ရွာရှိအကုန် သူပုန်လို့သတ်မှတ်လို့ မရဘူးလို့ နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုပါတယ်။

"ပြည်သူ့စစ်ပွဲလို့ ကြေညာပြီးတိုက်တဲ့ပွဲတွေ မြန်မာပြည်မှာလည်း ၄၅ ဦး မတ်လတော်လှန်ရေး၊ ဗီယက်နမ် တိုက်ပွဲတွေမှာ ပျောက်ကြားတပ်ဖွဲ့တွေဟာ အရပ်သားတွေနဲ့ ရောနှောနေတော့ အခုတပ်မတော်လို့ပေါ့  ရင်ဆိုင်တဲ့တပ်ဖွဲ့တွေက  အားလုံးကိုရောနှောပြီး ရန်သူလို့ သတ်မှတ်မလား မသတ်မှတ်ဘူးလားဆိုတာ တော်တော်ကြီး အရေးကြီးတဲ့ ပြဿနာဖြစ်ပါတယ်။ တကယ်စစ်မြေပြင်မှာ နယ်မြေခံလူထုရဲ့ ထောက်ခံမှုက  တော်တော်ကြီးအရေးကြီးပါတယ်။ ကူညီဖို့လိုအပ်ပါတယ်။ အဲဒါမျိုး မဟုတ်ဘဲ ရွာတစ်ရွာကို ဝင်သွားပြီး ရွာရှိအကုန် သူပုန်ပဲလို့ သတ်မှတ်လိုက်ရင် နောက်ဆက်တွဲ ရလဒ်တွေက ကောင်းမှာမဟုတ်ပါဘူး"

ကရင်အမျိုးသားအစည်းအရုံး KNU၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ရဲ့ တပ်တွေနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်း အရပ်ဝတ်နဲ့ တိုက်ခိုက်တာမျိုးတွေရှိခဲ့ပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရတဲ့ အရပ်သား အများအပြားရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

RFA  က ကောက်ယူရရှိတဲ့ အချက်အလက်တွေအရ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် ဒီနှစ် ဇန်နဝါရီလကနေ မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းအထိ အရပ်သားထိခိုက်သေဆုံးသူ ၁၄၈ ဦး ရှိနေပြီး ဒဏ်ရာရရှိသူ ၃၄၇  ဦး ရှိနေပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese/program_2/aa-soldiers-wear-like-civilians-attack-government-army-05212020065532.html
AA တပ္ဖြဲ႕ဝင္ေတြရဲ႕ ဝတ္စားဆင္ယင္ မႈေၾကာင့္ သံသယနဲ႔ ဖမ္းဆီးခံရသူ ပိုမ်ားလာ AA တပ္ဖြဲ႕ဝင္ေတြရဲ႕ ဝတ္စားဆင္ယင္ မႈေၾကာင့္ သံသယနဲ႔ ဖမ္းဆီးခံရသူ ပိုမ်ားလာ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.