အၾကမ္းဖက္လုပ္ရပ္ေတြေၾကာင့္ AA ကို အပစ္အခတ္ရပ္စဲေရးမွာ ခ်န္ခဲ့တာလို႔ အစိုးရေျပာ

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ တပ္မေတာ္က တျခား တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ၾသဂုတ္လကုန္အထိ တစ္ဘက္သတ္ အပစ္အခတ္ ရပ္စဲထားေပမဲ့ အဲဒီအထဲမွာ AA အဖြဲ႕ကို ခ်န္ထားခဲ့တာဟာ အၾကမ္းဖက္ လုပ္ရပ္ေတြေၾကာင့္ ျဖစ္တယ္လို႔ ဒီကေန႔ ေမလ ၁၆ ရက္ေန႔ ေနျပည္ေတာ္မွာ အင္တာနက္ အြန္လိုင္းကေန ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘး က်ေရာက္ေနခ်ိန္မွာ ကမာၻလုံးဆိုင္ရာ အပစ္အခတ္ရပ္စဲေရးလုပ္ဖို႔ ၿဗိတိန္၊ ဥေရာပသမဂၢ ႏိုင္ငံေတြနဲ႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္တို႔က ေတာင္းဆိုထားေပမဲ့ အဲဒီထဲမွာ ISIS လို အၾကမ္းဖက္အဖြဲ႕ေတြ မပါဝင္ဘူးလို႔ ဦးေဇာ္ေဌးက ဆိုပါတယ္။

တပ္မေတာ္ရဲ႕ အပစ္ခတ္ရပ္စဲေရး ေၾကျငာခ်က္မွာ ရခိုင့္တပ္ေတာ္ (AA) ကို ခ်န္ထားတာဟာ ႏိုင္ငံတကာ စံႏႈန္းနဲ႔အညီ လုပ္ေဆာင္တာလို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဒါ့ေၾကာင့္ အစိုးရက အၾကမ္းဖက္အဖြဲ႕ေတြအျဖစ္ တရားဝင္ေၾကညာထားတဲ့AA နဲ႔ ARSA လို အဖြဲ႕မ်ိဳးေတြနဲ႔ အပစ္အခတ္ရပ္စဲေရး မလုပ္ႏိုင္ဘူးလို႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

ေမလ ၃ ရက္ေန႔ကေန လာမဲ့ ၾသဂုတ္လကုန္အထိ တပ္မေတာ္ဘက္က အပစ္အခတ္ရပ္စဲေရး မေၾကညာခင္မွာ အစိုးရနဲ႔ တပ္မေတာ္တို႔ ႀကိဳတင္ညႇိဳႏႈိင္းခဲ့ၾကၿပီး၊ AA အဖြဲ႕ရွိတဲ့ ရခိုင္ျပည္နယ္ကို မထည့္သြင္းဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ဦးေဇာ္ေဌးက ဆက္ရွင္းျပပါတယ္။

AA ရခိုင့္တပ္ေတာ္ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့... ဒါဟာ ရခိုင္မွာ အပစ္အခတ္ရပ္စဲေရး မလုပ္ခ်င္တဲ့အတြက္ AA ကို "အၾကမ္းဖက္အဖြဲ႕အစည္း" ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အစိုးရနဲ႔ တပ္မေတာ္က အေၾကာင္းရွာေနတာသာ ျဖစ္ၿပီး၊ ၿငိမ္းခ်မ္းေရးလုပ္ငန္း မေအာင္ျမင္ေအာင္ တပ္မေတာ္ဘက္က ႀကိဳးစားေနတာ ျဖစ္တယ္လို႔ တုံ႔ျပန္ပါတယ္။

တဆက္တည္းမွာပဲ ရခိုင္ျပည္နယ္မွာ တပ္မေတာ္က က်ဴးလြန္ေနတဲ့ စစ္ရာဇဝတ္မႈေတြနဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရမွာ တာဝန္ရွိတယ္လို႔လည္း ခိုင္သုခက စြပ္စြဲေျပာဆိုပါတယ္။

လက္ရွိ အစိုးရလက္ထက္မွာ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းက ပိတ္ဆို႔ရပ္တန႔္သြားၿပီး တပ္မေတာ္ဘက္က ထိုးစစ္ေတြကသာ ပိုၿပီး ျပင္းထန္လာတာကို ေတြ႕ေနရတယ္လို႔လည္း ခိုင္သုခက ဆက္ေျပာပါတယ္။

သမၼတ႐ုံး ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးကေတာ့ AA အပါအဝင္ ေျမာက္ပိုင္းေလးဖြဲ႕နဲ႔ ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရး လက္မွတ္ေရးထိုးႏိုင္ဖို႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္က ႀကိဳးစားခဲ့ေပမယ့္ ၿငိမ္းခ်မ္းေရး ခရီး ေရွ႕ဆက္ႏိုင္ဖို႔ အဲဒီအဖြဲ႕ေတြဘက္က လုံေလာက္တဲ့တုံ႔ျပန္မႈ မရဘူးလို႔ ေဝဖန္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားေနတဲ့ ကာလအတြင္း အပစ္အခတ္ရပ္စဲေရး လက္မွတ္မထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ အြန္လိုင္းကေန ေဆြးေႏြးဖို႔ စီစဥ္ေနၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ေအာင္ျမင္ဖို႔က ႏွစ္ဘက္လုံး ဆႏၵရွိမွ ျဖစ္ႏိုင္မွာလို႔လည္း ဦး‌ေဇာ္ေဌးက ေျပာပါတယ္။

ေမလ ၁၅ ရက္ေန႔ကေတာ့ ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရး ေဆြးေႏြးခဲ့ၿပီး၊ ရခိုင္ျပည္နယ္က တိုက္ပြဲေတြေၾကာင့္ အရပ္သားေတြ ထိခိုက္နစ္နာေနရတဲ့အေပၚ စိုးရိမ္ပူပန္ေၾကာင္းနဲ႔ ရခိုင္ျပည္နယ္ အပါအဝင္ တစ္ႏိုင္ငံလုံးမွာ အပစ္အခတ္ရပ္စဲေရး လုပ္ေဆာင္ဖို႔ ၿဗိတိန္နဲ႔  EU ဥေရာပသမဂၢ ႏိုင္ငံေတြက ေတာင္းဆိုခဲ့ၾကပါတယ္။

ရခိုင္မွာ ကုလသမဂၢ ေအဂ်င္စီကားေတြ ပစ္ခတ္ခံရၿပီး WHO ဝန္ထမ္းေသဆုံးခဲ့တဲ့ ကိစၥမ်ိဳးေတြ ထပ္မျဖစ္ဖို႔၊ ဒီကိစၥ တာဝန္ရွိသူေတြကို စုံစမ္းေဖာ္ထုတ္ႏိုင္ဖို႔အတြက္ဆိုရင္ လုံးလုံးလ်ားလ်ား အပစ္အခတ္ရပ္စဲေရး ေၾကညာဖို႔ လိုအပ္တယ္လို႔လည္း ကုလဆိုင္ရာ အေမရိကန္သံအမတ္ႀကီးက မေန႔က ျပဳလုပ္တဲ့ ျမန္မာ့အေရးဆိုင္ရာ လုံၿခဳံေရး‌‌ေကာင္စီ အစည္းအေဝးမွာ ထည့္သြင္းေျပာၾကားသြားပါတယ္။

ဒီေန႔သတင္းစာရွင္းလင္းပြဲမွာ ဦးေဇာ္ေဌးက ၿငိမ္းခ်မ္းေရးကိစၥအျပင္၊ ဘဂၤလားေဒ့ရ္ွႏိုင္ငံဘက္က ဒုကၡသည္စခန္းေတြမွာ ႐ိုဟင္ဂ်ာတစ္ခ်ိဳ႕ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့အတြက္ ျမန္မာဘက္က ဒုကၡသည္ေတြ ျပန္လက္ခံေရးကိစၥ ေႏွာင့္ေႏွးႏိုင္ေၾကာင္းလည္း ရွင္းျပသြားပါတယ္။

သက္စုေအာင္၊ သီဟထြန္း / RFA Burmese
-------------------------------

(Unicode)⤵⤵⤵
အကြမ်းဖက်လုပ်ရပ်တွေကြောင့် AA ကို အပစ်အခတ်ရပ်စဲရေးမှာ ချန်ခဲ့တာလို့ အစိုးရပြော

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တပ်မတော်က တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သြဂုတ်လကုန်အထိ တစ်ဘက်သတ် အပစ်အခတ် ရပ်စဲထားပေမဲ့ အဲဒီအထဲမှာ AA အဖွဲ့ကို ချန်ထားခဲ့တာဟာ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ဖြစ်တယ်လို့ ဒီကနေ့ မေလ ၁၆ ရက်နေ့ နေပြည်တော်မှာ အင်တာနက် အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ကျရောက်နေချိန်မှာ ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ဗြိတိန်၊ ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့က တောင်းဆိုထားပေမဲ့ အဲဒီထဲမှာ ISIS လို အကြမ်းဖက်အဖွဲ့တွေ မပါဝင်ဘူးလို့ ဦးဇော်ဌေးက ဆိုပါတယ်။

တပ်မတော်ရဲ့ အပစ်ခတ်ရပ်စဲရေး ကြေငြာချက်မှာ ရခိုင့်တပ်တော် (AA) ကို ချန်ထားတာဟာ နိုင်ငံတကာ စံနှုန်းနဲ့အညီ လုပ်ဆောင်တာလို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့ကြောင့် အစိုးရက အကြမ်းဖက်အဖွဲ့တွေအဖြစ် တရားဝင်ကြေညာထားတဲ့AA နဲ့ ARSA လို အဖွဲ့မျိုးတွေနဲ့ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်ဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

မေလ ၃ ရက်နေ့ကနေ လာမဲ့ သြဂုတ်လကုန်အထိ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေး မကြေညာခင်မှာ အစိုးရနဲ့ တပ်မတော်တို့ ကြိုတင်ညှိုနှိုင်းခဲ့ကြပြီး၊ AA အဖွဲ့ရှိတဲ့ ရခိုင်ပြည်နယ်ကို မထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဦးဇော်ဌေးက ဆက်ရှင်းပြပါတယ်။

AA ရခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့... ဒါဟာ ရခိုင်မှာ အပစ်အခတ်ရပ်စဲရေး မလုပ်ချင်တဲ့အတွက် AA ကို "အကြမ်းဖက်အဖွဲ့အစည်း" ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရနဲ့ တပ်မတော်က အကြောင်းရှာနေတာသာ ဖြစ်ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်း မအောင်မြင်အောင် တပ်မတော်ဘက်က ကြိုးစားနေတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ တပ်မတော်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရမှာ တာဝန်ရှိတယ်လို့လည်း ခိုင်သုခက စွပ်စွဲပြောဆိုပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလမ်းကြောင်းက ပိတ်ဆို့ရပ်တန့်သွားပြီး တပ်မတော်ဘက်က ထိုးစစ်တွေကသာ ပိုပြီး ပြင်းထန်လာတာကို တွေ့နေရတယ်လို့လည်း ခိုင်သုခက ဆက်ပြောပါတယ်။

သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ AA အပါအဝင် မြောက်ပိုင်းလေးဖွဲ့နဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က ကြိုးစားခဲ့ပေမယ့် ငြိမ်းချမ်းရေး ခရီး ရှေ့ဆက်နိုင်ဖို့ အဲဒီအဖွဲ့တွေဘက်က လုံလောက်တဲ့တုံ့ပြန်မှု မရဘူးလို့ ဝေဖန်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ ကာလအတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးဖို့ စီစဉ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ဖို့က နှစ်ဘက်လုံး ဆန္ဒရှိမှ ဖြစ်နိုင်မှာလို့လည်း ဦး‌ဇော်ဌေးက ပြောပါတယ်။

မေလ ၁၅ ရက်နေ့ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးခဲ့ပြီး၊ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်နစ်နာနေရတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးမှာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ ဗြိတိန်နဲ့  EU ဥရောပသမဂ္ဂ နိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်မှာ ကုလသမဂ္ဂ အေဂျင်စီကားတွေ ပစ်ခတ်ခံရပြီး WHO ဝန်ထမ်းသေဆုံးခဲ့တဲ့ ကိစ္စမျိုးတွေ ထပ်မဖြစ်ဖို့၊ ဒီကိစ္စ တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့အတွက်ဆိုရင် လုံးလုံးလျားလျား အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ လိုအပ်တယ်လို့လည်း ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးက မနေ့က ပြုလုပ်တဲ့ မြန်မာ့အရေးဆိုင်ရာ လုံခြုံရေး‌‌ကောင်စီ အစည်းအဝေးမှာ ထည့်သွင်းပြောကြားသွားပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ငြိမ်းချမ်းရေးကိစ္စအပြင်၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာတစ်ချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့အတွက် မြန်မာဘက်က ဒုက္ခသည်တွေ ပြန်လက်ခံရေးကိစ္စ နှောင့်နှေးနိုင်ကြောင်းလည်း ရှင်းပြသွားပါတယ်။

သက်စုအောင်၊ သီဟထွန်း / RFA Burmese
https://www.rfa.org/burmese/news/president-office-press-05162020073621.html
အၾကမ္းဖက္လုပ္ရပ္ေတြေၾကာင့္ AA ကို အပစ္အခတ္ရပ္စဲေရးမွာ ခ်န္ခဲ့တာလို႔ အစိုးရေျပာ အၾကမ္းဖက္လုပ္ရပ္ေတြေၾကာင့္ AA ကို အပစ္အခတ္ရပ္စဲေရးမွာ ခ်န္ခဲ့တာလို႔ အစိုးရေျပာ Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.