ကုလလူ႔အခြင့္အေရးကိုယ္စားလွယ္ AA လုပ္ရပ္ေတြကို ေလွ်ာ့ေပါ့ေရးထားဟု သမၼတ႐ုံး ေျပာၾကား

(Zawgyi)⤵⤵⤵
ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိူယ္စားလွယ္ ပါေမာကၡ ယန္ဟီးလီရဲ႕ ေနာက္ဆုံး ထုတ္ျပန္ခ်က္ပါ ေဖာ္ျပထားခ်က္ေတြနဲ႔ ပတ္သက္လို႔ တစ္ဖက္သတ္ ေရးသားထားခ်က္ေတြျဖစ္တယ္လို႔ ႏိုင္ငံေတာ္ သမၼတ႐ုံး ေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာပါတယ္။ တပ္မေတာ္အေနနဲ႔ အၾကမ္းဖက္ႏွိမ္နင္းေရး လုပ္ရတဲ့အခါ မလြဲမေရွာင္သာ အရပ္သား ထိခိုက္မႈေတြရွိတတ္ၿပီး တမင္ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္တာ မရွိဘူးလို႔ ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ဘက္ကသာ ေဒသခံေတြဆီ ပို႔ေဆာင္ေပးတဲ့ ရိကၡာယာဥ္တန္းေတြကို ျဖတ္ေတာက္တာ၊ အရပ္သားေတြကို ပစ္ခတ္တိုက္ခိုက္တာေတြ လုပ္ေဆာင္ေနၿပီး၊ တပ္မေတာ္က ေအေအကို ျပန္လည္ႏွိမ္နင္း တာသာ ျဖစ္တယ္၊ တပ္မေတာ္ဘက္က အဲဒီလို ႏွိမ္နင္းတဲ့အခါ အရပ္သားေတြကို မလႊဲသာမေရွာင္သာ ထိခိုက္မိတာ ျဖစ္ၿပီး၊ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္တာ မရွိဘူးလို႔ ဦးေဇာ္ေဌးက ဆိုပါတယ္။

“အရပ္သားေတြကို အကာအကြယ္ယူၿပီး တိုက္ခိုက္မႈေတြ လုပ္တယ္၊ အရပ္သား အေယာင္ေဆာင္ၿပီး တိုက္ခိုက္မႈေတြ လုပ္တယ္၊ အရပ္သားေတြကို တမင္ထိေအာင္ လုပ္ေနတာက ေအေအက လုပ္ေနတာ၊ ဒါမ်ိဳးလုပ္တဲ့အဖြဲ႕ကို ႏွိမ္နင္းတဲ့အခါမွာ တပ္မေတာ္အေနနဲ႔ ထိခိုက္မိတာေတြ ရွိတယ္၊ သူရည္႐ြယ္ခ်က္ ရွိရွိ လုပ္တာမဟုတ္ဘူး၊ ဒါေတြနဲ႔ပတ္သက္လို႔လည္း တပ္မေတာ္ဘက္က လိုအပ္တဲ့ စုံစမ္းစစ္ေဆးမႈေတြ သူတို႔လုပ္တယ္၊ အရပ္သား ေသဆုံးမႈေတြနဲ႔ပတ္သက္ရင္ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ က်ေနာ္တို႔ သိရတယ္၊ အရပ္သားဟန္ေဆာင္ၿပီး အရပ္သားေတြ ေသဆုံးထိခိုက္ေအာင္ လုပ္တာ ေအေအလုပ္တာ၊ ဒီလိုမ်ိဳး မွ်မွ်တတ မရွိတဲ့၊ မမွ်တတဲ့ အခ်က္ေတြ ပါတဲ့ သူ႔ရဲ႕စုံစမ္းစစ္ေဆးမႈကိုေတာ့ က်ေနာ္တို႔က ဘက္လိုက္မႈ ရွိတယ္၊ မွ်တမႈမရွိဘူးလို႔ ဒီလိုပဲ က်ေနာ္တို႔က ျမင္ပါတယ္။"

ဒါေပမဲ့ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ မစ္-ယန္းဟီလီရဲ႕ အစီရင္ခံစာမွာေတ့ာ ေအေအ ရဲ႕ လုပ္ရပ္ေတြကို ေဖာ့ထားၿပီး၊ တပ္မေတာ္ဘက္ကိုေတာ့ ျပစ္တင္စြပ္စြဲထားတယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ေအေအ အဖြဲ႕ဟာ ရခိုင္ျပည္နယ္မွာ က်န္းမာေရးဓာတ္ခြဲစစ္ဖို႔ အာေခါင္တို႔ဖတ္ေတြ သယ္လာတဲ့ ကမာၻ႔ က်န္းမာေရးအဖြဲ႕ - WHO ပိုင္ကားကို ပစ္ခတ္႐ုံမက၊ ခ်င္းျပည္နယ္ ပလက္ဝမွာလည္း အစာေရစာ ျပတ္လပ္ေနတဲ့ ေဒသခံေတြကို ဆန္ေထာက္ပံ့ဖို႔ သယ္ယူလာတဲ့ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ WFP ပိုင္ ကားကိုလည္း ပစ္ခတ္ခဲ့တယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဒါဟာ လုံး၀ မလုပ္သင့္တဲ့လုပ္ရပ္ေတြျဖစ္ၿပီး၊ ခ်င္းျပည္နယ္က ပစ္ခတ္မႈေၾကာင့္ ယာဥ္ေမာင္းျဖစ္သူ လက္နက္ငယ္ထိမွန္ၿပီး ပုခုံးနဲ႔ တျခားေနရာေတြမွာ ဒဏ္ရာရရွိခဲ့တယ္လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

ရခိုင္ျပည္နယ္က WHO ပိုင္ကား ပစ္ခတ္ခံရမႈနဲ႔ ပတ္သက္ၿပီး အစိုးရမီဒီယာေတြမွာ ေအေအအဖြဲ႕ရဲ႕ လုပ္ရပ္လို႔ တရားဝင္ေဖာ္ျပထားၿပီးမွ၊ ဘာ့ေၾကာင့္စုံစမ္းေရးေကာ္မတီဖြဲ႕တာလဲ၊ ဒီေကာ္မတီရဲ႕ စုံစမ္းစစ္ေဆးခ်က္ေတြက ဘယ္ေလာက္ထိ တိက်မွန္ကန္မလဲလို႔ RFA က ေမးျမန္းရာမွာေတာ့၊ ေအေအရဲ႕ ပစ္ခတ္မႈေၾကာင့္ ႏိုင္ငံတကာ ဝန္ထမ္းတစ္ဦး ေသဆုံးခဲ့တာမို႔ ႏိုင္ငံတကာက ေက်နပ္ေအာင္ စုံစမ္းစစ္ေဆးေပးရတာ ျဖစ္တယ္။ ေအေအ ပစ္ခတ္တဲ့ လုပ္ရပ္မွန္း ရွင္းေနတာကို ပိုရွင္းေအာင္ စုံစမ္းေပးရတာျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

“နံပါတ္-၁ က ဒါက ေအေအပစ္တာ၊ ရွင္းတယ္၊ ရွင္းေနတယ္၊ ဒါက ရွင္းရွင္းလင္းလင္းျဖစ္တယ္၊ အဲဒါကို ဘာ့ေၾကာင့္ စုံစမ္းစစ္ေဆးရသလဲဆိုေတာ့ WHO-က ဝန္ထမ္းတစ္ေယာက္ေသသြားတယ္၊ ႏိုင္ငံတကာ ဝန္ထမ္းတစ္ေယာက္ေပါ့ေနာ္၊ ေသသြားတဲ့အတြက္ သက္ဆိုင္ရာႏိုင္ငံက ရွင္းရွင္းလင္းလင္း ျဖစ္ေအာင္ ရွင္းေနတာကို ပိုရွင္းေအာင္ စုံစမ္းစစ္ေဆးတာျဖစ္တယ္၊ အဲဒီမွာ ဘယ္လိုနည္းလမ္းနဲ႔ လုပ္မလဲဆိုေတာ့ ႏိုင္ငံတကာစံႏႈန္းေတြ လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ ေဆာင္႐ြက္ဖို႔ က်ေနာ္တို႔ သူ႔ရဲ႕လုပ္ငန္းတာဝန္မွာ ထည့္ထားေပးပါတယ္”

ရခိုင္ဘက္မွာ တိုက္ပြဲေတြ ျပင္းထန္ေနၿပီး ထိခိုက္ဒဏ္ရာရတဲ့ အရပ္သားေတြကို ေဆး႐ုံပို႔ရာမွာ၊ တပ္မေတာ္ စစ္ေဆးေရး ဂိတ္ေတြက အစစ္အေဆး မ်ားလြန္းတာေၾကာင့္၊ မေသသင့္ဘဲ ေသဆုံးထိခိုက္မႈေတြနဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြက ေမးျမန္းရာမွာ “အဲဒီကိစၥ အျမန္ဆုံး ေျဖရွင္းႏိုင္ဖို႔အတြက္ ရခိုင္ျပည္နယ္အစိုးရနဲ႔ ေဒသအေျခစိုက္ တပ္မေတာ္တို႔ ညႇိႏႈိင္းေနတယ္” လို႔ ဦးေဇာ္ေဌးက ရွင္းျပသြားပါတယ္။

အခုလို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားေနတဲ့ကာလမွာ ရခိုင္ျပည္နယ္မွာ အင္တာနက္ေတြ ျပန္ဖြင့္ေပးဖို႔ မရွိဘူးလားဆိုတဲ့ RFA ရဲ႕ အေမးကိုေတာ့

“အင္တာနက္ေတြ ျပန္မဖြင့္ေပးေပမယ့္၊ မိုဘုန္းဖုန္းေတြက တစ္ဆင့္ ကို႐ိုနာဗိုင္းရပ္ ပညာ‌ေပး အစီအစဥ္ကို ေဒသခံေတြ ၾကည့္ရႉနားဆင္လို႔ရေအာင္ အစိုးရက ျဖန႔္‌ေဝေပးေနတယ္လို႔ ဦးေဇာ္ေဌးက ရွင္းျပပါတယ္။ ဒီအတြက္ စစ္ေဘးေရွာင္ အိုင္ဒီပီေတြပါ ကိုဗစ္-ႏိုင္တီးန္ နဲ႔ပတ္သက္တဲ့ ပညာေပးအစီအစဥ္ေတြကို သိရွိနားလည္ေနတယ္" လို႔လည္း ဦးေဇာ္ေဌးက ရွင္းျပသြားပါတယ္။

မၾကာခင္ ရခိုင္ဘက္မွာ မုန္တိုင္းလာႏိုင္တယ္လို႔ သတိေပးေၾကျငာထားတာေၾကာင့္ ရခိုင္ျပည္နယ္ ကမ္းလြန္ ပင္လယ္က ႐ိုဟင္ဂ်ာ ဒုကၡသည္ ေလွ ႏွစ္စီးကို ကယ္တင္ဖို႔ရွိပါသလားဆိုတဲ့ AFP သတင္းေထာက္ရဲ႕ အေမးကိုေတာ့ အဲဒီကိစၥ စုံစမ္းစစ္ေဆးေနဆဲလို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

"က်ေနာ္တို႔ သိသေလာက္ကေတာ့ ဟိုဘက္မွာရွိတဲ့ စခန္းေတြ၊ ကမ့္ေတြကေန သြားတယ္လို႔ က်ေနာ္တို႔ သိရတယ္။ သို႔ေသာ္လည္းပဲ က်ေနာ္တို႔ confirm ေတာ့ မျဖစ္ေသးဘူး၊ က်ေနာ္တို႔ ႏိုင္ငံရဲ႕ မူဝါဒကေတာ့ အရင္လည္း တပ္မေတာ္ ေရ ကေနၿပီးေတာ့ က်ေနာ္တို႔ရဲ႕ ပိုင္နက္ပင္လယ္ျပင္မွာ သြားတဲ့ ေလွေတြဆို ေခၚယူၿပီးေတာ့ မူရင္းေဒသ ဘဂၤလားေဒ့ရွ္ကို ျပန္ပို႔ခဲ့တာရွိတယ္။ တခ်ိဳ႕ ရခိုင္က လူနည္းစု ပါပါတယ္၊ အဲဒါေတြလည္း သူေဒသကို ျပန္ပို႔တာရွိတယ္ ဒါမ်ိဳးပဲ လုပ္သြားဖို႔ရွိပါတယ္။ သို႔ေသာ္လည္းပဲ ဒီလူေတြက ဘယ္က လူေတြလည္း ဆိုတာကိုေတာ့ စိစစ္ေနတယ္၊ ဘယ္ေနရာေရာက္ေနလဲ အဲဒါလည္း က်ေနာ္တို႔ ေမးထားပါတယ္။"

႐ိုဟင္ဂ်ာ ေလွစီးဒုကၡသည္ေတြနဲ႔ ပတ္သက္ၿပီး ဦးေဇာ္ေဌး ရွင္းျပသြားတာပါ။

ဒီကေန႔ သတင္းစာရွင္းပြဲမွာ ရခိုင္ေျမာက္ပိုင္း ျပႆနာ၊ ခ်င္းျပည္နယ္ကို အခ်ိန္မီ ဆန္ေထာက္ပံ့ႏိုင္ေရး ကိစၥေတြအျပင္၊ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ထိခိုက္ပ်က္ဆီးေနတဲ့ ျမန္မာ့စီးပြားေရး နလန္ထူေရး အစိုးရရဲ႕အစီအစဥ္အေၾကာင္းနဲ႔ ၿငိမ္းခ်မ္းလုပ္ေဆာင္ေနမႈေတြကိုလည္း ဦးေဇာ္ေဌးက ထည့္သြင္း ရွင္းလင္းသြားပါတယ္။

ကို႐ိုနာကပ္ေရာဂါျဖစ္ေနေပမယ့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကိုေတာ့ မရပ္တန႔္ဘဲ မူလအတိုင္းသြားဖို႔ရွိ ေမလထဲမွာ ေဆြးေႏြးႏိုင္ဖို႔ နည္းလမ္း ႏွစ္မ်ိဳး လ်ာထားတယ္လို႔ ဦးေဇာ္ေဌးက ဆိုပါတယ္။

“ပထမနည္းလမ္းက ရန္ကုန္မွာရွိတဲ့ EAO အလုပ္အဖြဲ႕နဲ႔ေတြ႕ၿပီး ေဆြးေႏြးမယ္။ ၿပီးရင္ တစ္ရက္နားမယ္၊ အဲဒီနားေနတဲ့တစ္ရက္မွာ EAO အလုပ္အဖြဲ႕ကလည္း သူတို႔အဖြဲ႕ကို ျပန္ေဆြးေႏြး၊ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရး အဖြဲ႕ကလည္း ဒီဘက္မွာ အစိုးရတပ္တို႔နဲ႔ ျပန္ေဆြးေႏြးမယ္၊ ၿပီးတာနဲ႔ ေနာက္တစ္ရက္မွာ EAO အလုပ္အဖြဲ႕နဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးအဖြဲ႕နဲ႔ ျပန္ထိုင္ေဆြးေႏြးသြားမယ္” လို႔ ဆိုပါတယ္။

ဒုတိယနည္းလမ္းကေတာ့ အြန္လိုင္းနဲ႔ ေဆြးေႏြးတာမ်ိဳး လုပ္သြားဖို႔ရွိတယ္၊ အခုကေတာ့ ဘယ္နည္းလမ္းနဲ႔ သြားမယ္ဆိုတာေတာ့ အတည္မျဖစ္ေသးဘူး” လို႔ သမၼတအိမ္ေတာ္ ေျပာခြင့္ရ ဦးေဇာ္ေဌးက ဒီေန႔ သတင္းစာ ရွင္းလင္းပြဲ မွာ ထည့္သြင္း ရွင္းျပသြားပါတယ္။

ဒီေန႔ ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ AA အဖြဲ႕နဲ႔ပတ္သက္လို႔ သမၼတ႐ုံး ေျဖၾကားခ်က္ေတြနဲ႔ ပတ္သက္လို႔ အခု သတင္းေရးသားေနခ်ိန္ ညေန ၅ နာရီအခ်ိန္ အထိ AA အဖြဲ႕က တစ္စုံတရာ ထုတ္ျပန္ေျပာၾကားတာ မရွိေသးပါဘူး။

သီဟထြန္း၊ သက္စုေအာင္ / RFA Burmese
--------------------------------------------

(Unicode)⤵⤵⤵
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် AA လုပ်ရပ်တွေကို လျှော့ပေါ့ရေးထားဟု သမ္မတရုံး ပြောကြား

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိူယ်စားလှယ် ပါမောက္ခ ယန်ဟီးလီရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ပါ ဖော်ပြထားချက်တွေနဲ့ ပတ်သက်လို့ တစ်ဖက်သတ် ရေးသားထားချက်တွေဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ တပ်မတော်အနေနဲ့ အကြမ်းဖက်နှိမ်နင်းရေး လုပ်ရတဲ့အခါ မလွဲမရှောင်သာ အရပ်သား ထိခိုက်မှုတွေရှိတတ်ပြီး တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ မရှိဘူးလို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ဘက်ကသာ ဒေသခံတွေဆီ ပို့ဆောင်ပေးတဲ့ ရိက္ခာယာဉ်တန်းတွေကို ဖြတ်တောက်တာ၊ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး၊ တပ်မတော်က အေအေကို ပြန်လည်နှိမ်နင်း တာသာ ဖြစ်တယ်၊ တပ်မတော်ဘက်က အဲဒီလို နှိမ်နင်းတဲ့အခါ အရပ်သားတွေကို မလွှဲသာမရှောင်သာ ထိခိုက်မိတာ ဖြစ်ပြီး၊ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ မရှိဘူးလို့ ဦးဇော်ဌေးက ဆိုပါတယ်။

“အရပ်သားတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်မှုတွေ လုပ်တယ်၊ အရပ်သား အယောင်ဆောင်ပြီး တိုက်ခိုက်မှုတွေ လုပ်တယ်၊ အရပ်သားတွေကို တမင်ထိအောင် လုပ်နေတာက အေအေက လုပ်နေတာ၊ ဒါမျိုးလုပ်တဲ့အဖွဲ့ကို နှိမ်နင်းတဲ့အခါမှာ တပ်မတော်အနေနဲ့ ထိခိုက်မိတာတွေ ရှိတယ်၊ သူရည်ရွယ်ချက် ရှိရှိ လုပ်တာမဟုတ်ဘူး၊ ဒါတွေနဲ့ပတ်သက်လို့လည်း တပ်မတော်ဘက်က လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ သူတို့လုပ်တယ်၊ အရပ်သား သေဆုံးမှုတွေနဲ့ပတ်သက်ရင် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကျနော်တို့ သိရတယ်၊ အရပ်သားဟန်ဆောင်ပြီး အရပ်သားတွေ သေဆုံးထိခိုက်အောင် လုပ်တာ အေအေလုပ်တာ၊ ဒီလိုမျိုး မျှမျှတတ မရှိတဲ့၊ မမျှတတဲ့ အချက်တွေ ပါတဲ့ သူ့ရဲ့စုံစမ်းစစ်ဆေးမှုကိုတော့ ကျနော်တို့က ဘက်လိုက်မှု ရှိတယ်၊ မျှတမှုမရှိဘူးလို့ ဒီလိုပဲ ကျနော်တို့က မြင်ပါတယ်။"

ဒါပေမဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ်-ယန်းဟီလီရဲ့ အစီရင်ခံစာမှာတေ့ာ အေအေ ရဲ့ လုပ်ရပ်တွေကို ဖော့ထားပြီး၊ တပ်မတော်ဘက်ကိုတော့ ပြစ်တင်စွပ်စွဲထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အေအေ အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဓာတ်ခွဲစစ်ဖို့ အာခေါင်တို့ဖတ်တွေ သယ်လာတဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ - WHO ပိုင်ကားကို ပစ်ခတ်ရုံမက၊ ချင်းပြည်နယ် ပလက်ဝမှာလည်း အစာရေစာ ပြတ်လပ်နေတဲ့ ဒေသခံတွေကို ဆန်ထောက်ပံ့ဖို့ သယ်ယူလာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ပိုင် ကားကိုလည်း ပစ်ခတ်ခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါဟာ လုံး၀ မလုပ်သင့်တဲ့လုပ်ရပ်တွေဖြစ်ပြီး၊ ချင်းပြည်နယ်က ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ လက်နက်ငယ်ထိမှန်ပြီး ပုခုံးနဲ့ တခြားနေရာတွေမှာ ဒဏ်ရာရရှိခဲ့တယ်လည်း ဦးဇော်ဌေးက ပြောပါတယ်။

ရခိုင်ပြည်နယ်က WHO ပိုင်ကား ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး အစိုးရမီဒီယာတွေမှာ အေအေအဖွဲ့ရဲ့ လုပ်ရပ်လို့ တရားဝင်ဖော်ပြထားပြီးမှ၊ ဘာ့ကြောင့်စုံစမ်းရေးကော်မတီဖွဲ့တာလဲ၊ ဒီကော်မတီရဲ့ စုံစမ်းစစ်ဆေးချက်တွေက ဘယ်လောက်ထိ တိကျမှန်ကန်မလဲလို့ RFA က မေးမြန်းရာမှာတော့၊ အေအေရဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံတကာ ဝန်ထမ်းတစ်ဦး သေဆုံးခဲ့တာမို့ နိုင်ငံတကာက ကျေနပ်အောင် စုံစမ်းစစ်ဆေးပေးရတာ ဖြစ်တယ်။ အေအေ ပစ်ခတ်တဲ့ လုပ်ရပ်မှန်း ရှင်းနေတာကို ပိုရှင်းအောင် စုံစမ်းပေးရတာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“နံပါတ်-၁ က ဒါက အေအေပစ်တာ၊ ရှင်းတယ်၊ ရှင်းနေတယ်၊ ဒါက ရှင်းရှင်းလင်းလင်းဖြစ်တယ်၊ အဲဒါကို ဘာ့ကြောင့် စုံစမ်းစစ်ဆေးရသလဲဆိုတော့ WHO-က ဝန်ထမ်းတစ်ယောက်သေသွားတယ်၊ နိုင်ငံတကာ ဝန်ထမ်းတစ်ယောက်ပေါ့နော်၊ သေသွားတဲ့အတွက် သက်ဆိုင်ရာနိုင်ငံက ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းနေတာကို ပိုရှင်းအောင် စုံစမ်းစစ်ဆေးတာဖြစ်တယ်၊ အဲဒီမှာ ဘယ်လိုနည်းလမ်းနဲ့ လုပ်မလဲဆိုတော့ နိုင်ငံတကာစံနှုန်းတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ကျနော်တို့ သူ့ရဲ့လုပ်ငန်းတာဝန်မှာ ထည့်ထားပေးပါတယ်”

ရခိုင်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေကို ဆေးရုံပို့ရာမှာ၊ တပ်မတော် စစ်ဆေးရေး ဂိတ်တွေက အစစ်အဆေး များလွန်းတာကြောင့်၊ မသေသင့်ဘဲ သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ “အဲဒီကိစ္စ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့အတွက် ရခိုင်ပြည်နယ်အစိုးရနဲ့ ဒေသအခြေစိုက် တပ်မတော်တို့ ညှိနှိုင်းနေတယ်” လို့ ဦးဇော်ဌေးက ရှင်းပြသွားပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ကာလမှာ ရခိုင်ပြည်နယ်မှာ အင်တာနက်တွေ ပြန်ဖွင့်ပေးဖို့ မရှိဘူးလားဆိုတဲ့ RFA ရဲ့ အမေးကိုတော့

“အင်တာနက်တွေ ပြန်မဖွင့်ပေးပေမယ့်၊ မိုဘုန်းဖုန်းတွေက တစ်ဆင့် ကိုရိုနာဗိုင်းရပ် ပညာ‌ပေး အစီအစဉ်ကို ဒေသခံတွေ ကြည့်ရှူနားဆင်လို့ရအောင် အစိုးရက ဖြန့်‌ဝေပေးနေတယ်လို့ ဦးဇော်ဌေးက ရှင်းပြပါတယ်။ ဒီအတွက် စစ်ဘေးရှောင် အိုင်ဒီပီတွေပါ ကိုဗစ်-နိုင်တီးန် နဲ့ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေကို သိရှိနားလည်နေတယ်" လို့လည်း ဦးဇော်ဌေးက ရှင်းပြသွားပါတယ်။

မကြာခင် ရခိုင်ဘက်မှာ မုန်တိုင်းလာနိုင်တယ်လို့ သတိပေးကြေငြာထားတာကြောင့် ရခိုင်ပြည်နယ် ကမ်းလွန် ပင်လယ်က ရိုဟင်ဂျာ ဒုက္ခသည် လှေ နှစ်စီးကို ကယ်တင်ဖို့ရှိပါသလားဆိုတဲ့ AFP သတင်းထောက်ရဲ့ အမေးကိုတော့ အဲဒီကိစ္စ စုံစမ်းစစ်ဆေးနေဆဲလို့ ဦးဇော်ဌေးက ပြောပါတယ်။

"ကျနော်တို့ သိသလောက်ကတော့ ဟိုဘက်မှာရှိတဲ့ စခန်းတွေ၊ ကမ့်တွေကနေ သွားတယ်လို့ ကျနော်တို့ သိရတယ်။ သို့သော်လည်းပဲ ကျနော်တို့ confirm တော့ မဖြစ်သေးဘူး၊ ကျနော်တို့ နိုင်ငံရဲ့ မူဝါဒကတော့ အရင်လည်း တပ်မတော် ရေ ကနေပြီးတော့ ကျနော်တို့ရဲ့ ပိုင်နက်ပင်လယ်ပြင်မှာ သွားတဲ့ လှေတွေဆို ခေါ်ယူပြီးတော့ မူရင်းဒေသ ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ခဲ့တာရှိတယ်။ တချို့ ရခိုင်က လူနည်းစု ပါပါတယ်၊ အဲဒါတွေလည်း သူဒေသကို ပြန်ပို့တာရှိတယ် ဒါမျိုးပဲ လုပ်သွားဖို့ရှိပါတယ်။ သို့သော်လည်းပဲ ဒီလူတွေက ဘယ်က လူတွေလည်း ဆိုတာကိုတော့ စိစစ်နေတယ်၊ ဘယ်နေရာရောက်နေလဲ အဲဒါလည်း ကျနော်တို့ မေးထားပါတယ်။"

ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဦးဇော်ဌေး ရှင်းပြသွားတာပါ။

ဒီကနေ့ သတင်းစာရှင်းပွဲမှာ ရခိုင်မြောက်ပိုင်း ပြဿနာ၊ ချင်းပြည်နယ်ကို အချိန်မီ ဆန်ထောက်ပံ့နိုင်ရေး ကိစ္စတွေအပြင်၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ထိခိုက်ပျက်ဆီးနေတဲ့ မြန်မာ့စီးပွားရေး နလန်ထူရေး အစိုးရရဲ့အစီအစဉ်အကြောင်းနဲ့ ငြိမ်းချမ်းလုပ်ဆောင်နေမှုတွေကိုလည်း ဦးဇော်ဌေးက ထည့်သွင်း ရှင်းလင်းသွားပါတယ်။

ကိုရိုနာကပ်ရောဂါဖြစ်နေပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ မရပ်တန့်ဘဲ မူလအတိုင်းသွားဖို့ရှိ မေလထဲမှာ ဆွေးနွေးနိုင်ဖို့ နည်းလမ်း နှစ်မျိုး လျာထားတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“ပထမနည်းလမ်းက ရန်ကုန်မှာရှိတဲ့ EAO အလုပ်အဖွဲ့နဲ့တွေ့ပြီး ဆွေးနွေးမယ်။ ပြီးရင် တစ်ရက်နားမယ်၊ အဲဒီနားနေတဲ့တစ်ရက်မှာ EAO အလုပ်အဖွဲ့ကလည်း သူတို့အဖွဲ့ကို ပြန်ဆွေးနွေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ကလည်း ဒီဘက်မှာ အစိုးရတပ်တို့နဲ့ ပြန်ဆွေးနွေးမယ်၊ ပြီးတာနဲ့ နောက်တစ်ရက်မှာ EAO အလုပ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ပြန်ထိုင်ဆွေးနွေးသွားမယ်” လို့ ဆိုပါတယ်။

ဒုတိယနည်းလမ်းကတော့ အွန်လိုင်းနဲ့ ဆွေးနွေးတာမျိုး လုပ်သွားဖို့ရှိတယ်၊ အခုကတော့ ဘယ်နည်းလမ်းနဲ့ သွားမယ်ဆိုတာတော့ အတည်မဖြစ်သေးဘူး” လို့ သမ္မတအိမ်တော် ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ မှာ ထည့်သွင်း ရှင်းပြသွားပါတယ်။

ဒီနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ AA အဖွဲ့နဲ့ပတ်သက်လို့ သမ္မတရုံး ဖြေကြားချက်တွေနဲ့ ပတ်သက်လို့ အခု သတင်းရေးသားနေချိန် ညနေ ၅ နာရီအချိန် အထိ AA အဖွဲ့က တစ်စုံတရာ ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

သီဟထွန်း၊ သက်စုအောင် / RFA Burmese
https://www.rfa.org/burmese/news/presidential-spokeman-press-05012020064330.html
ကုလလူ႔အခြင့္အေရးကိုယ္စားလွယ္ AA လုပ္ရပ္ေတြကို ေလွ်ာ့ေပါ့ေရးထားဟု သမၼတ႐ုံး ေျပာၾကား ကုလလူ႔အခြင့္အေရးကိုယ္စားလွယ္ AA လုပ္ရပ္ေတြကို ေလွ်ာ့ေပါ့ေရးထားဟု သမၼတ႐ုံး ေျပာၾကား Reviewed by THITHTOOLWIN on 23:20 Rating: 5
Powered by Blogger.