YBS ေမာ္ေတာ္ယာဥ္ေတြ COVID-19 ကာကြယ္ေရး အခက္ၾကံဳ


(Zawgyi/Unicode)

ရန္ကုန္တိုင္းက YBS ခရီးသည္တင္ေမာ္ေတာ္ယာဥ္ေတြမွာ COVID-19 ေရာဂါပိုးကာကြယ္ေရးညႊန္ၾကားခ်က္အတိုင္း ေဆာင္ရြက္ဖို႔ အခက္အခဲျဖစ္ေနတဲ့အေျခအေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပပါမယ္။

COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟုိေကာ္မတီက ခ်မွတ္ထားတဲ့ ကုိဗစ္ကာလအတြင္း ခရီးသည္တင္ YBS ယာဥ္လိုင္းေတြ လိုက္နာရမယ့္ညႊန္ၾကားခ်က္ေတြကုိ ေဆာင္ရြက္ရာမွာ အခက္အခဲရွိေနပါတယ္။ ရံုးေတြျပန္ဖြင့္ေတာ့မယ့္ ကာလမွာ ခရီးသည္ေတြ တုိးလာႏိုင္ေပမယ့္ ယာဥ္လိုင္းအားလံုး အစီးေရ လံုလံုေလာက္ေလာက္ေျပးဆြဲႏုိင္ဖို႔ အခက္ႀကံဳေနရျပန္ပါတယ္။

ကုိဗစ္ကာလအတြင္း ခရီးသည္တင္ယာဥ္တစီးမွာ လူဦးေရ ၂၄ ဦးသာ တင္ေဆာင္ၿပီး ခရီးသည္တုိင္း Mask တပ္ဖုိ႔နဲ႔ လက္သန္႔ေဆးရည္သံုးဖုိ႔အတြက္ ကိုဗစ္ဗဟုိေကာ္မတီက YBS ယာဥ္လိုင္းေတြကုိ ညႊန္ၾကားထားတာပါ။ အဲဒီညႊန္ၾကားခ်က္ကုိ ဧၿပီလ ၁၅ ရက္ေန႔ကစၿပီး ယာဥ္လိုင္းတခ်ိဳ႕ လိုက္နာခဲ့ၾကေပမဲ့ တခ်ိဳ႕ယာဥ္လိုင္းေတြမွာေတာ့ အခက္အခဲေတြ ရွိတာေၾကာင့္ ေျပးဆြဲတဲ့အစီးေရေလွ်ာ့ခ်တာအပါအဝင္ ညႊန္ၾကားခ်က္ေတြအတုိင္း မေဆာင္ရြက္ႏုိင္တာေတြလည္း ရွိေနပါတယ္။

ခရီးသည္ေတြကုိ တဦးနဲ႔ တဦး ကြာေဝးေစဖို႔အတြက္ ဘတ္စ္ကားေတြေပၚမွာ ခံုေတြကုိတခံုျခားစီသာ ထုိင္ဖုိ႔ေဆာင္ရြက္ထားတယ္လို႔ သိရပါတယ္။ ကုိဗစ္ေရာဂါကပ္ေဘးကာလမွာ ခရီးသည္တင္ယာဥ္လုိင္းေတြ မျဖစ္မေနေျပးဆြဲေပးေနရတဲ့အေျခအေနကို ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ဝင္ ေဒါက္တာေမာင္ေအာင္က VOA ကိုေျပာပါတယ္။

“အမ်ားျပည္သူသယ္ယူ ပို႔ေဆာင္ေရးဆုိတာကေတာ့ ဒါဘယ္ႏုိင္ငံပဲျဖစ္ျဖစ္ အရမ္းပဲအေရးႀကီးတယ္ေပါ့ေနာ္။ ဘာေၾကာင့္လဲဆုိရင္ ဒီအခ်ိန္မွာ တကယ့္လုိအပ္တဲ့ေနရာကို လုိအပ္တဲ့လူေတြ ကုန္ေတြပုိ႔ဖို႔ဆုိတာ ဒါရွိကိုရွိရမယ္။ ဒီဟာမရွိလို႔ကိုမရတဲ့အတြက္ ဒါက်ေနာ္တို႔လည္း အဲလိုခံယူပါတယ္။ ဒါေၾကာင့္မုိ႔လည္း က်ေနာ္တို႔အပုိင္းကေတာ့ ဒါအေပၚကေတာင္းဆိုလာရင္ တကယ့္အေရးေပၚကိစၥဆုိရင္လည္း မျဖစ္ျဖစ္ေအာင္ က်ေနာ္တို႔ကသြားလာေရးအတြက္က စီစဥ္ေပးေနတယ္ဆိုတာကို သိေစခ်င္ပါတယ္ခင္ဗ်။”

ဗဟုိေကာ္မတီရဲ႕ ညႊန္ၾကားခ်က္ေတြကုိလိုက္နာဖုိ႔အတြက္ ေဆာင္ရြက္ထားေပမယ့္ လက္ရွိအခ်ိန္မွာ ယာဥ္အစီးေရေျပးဆြဲတာ နည္းေနသလို ခရီးသည္အနည္းငယ္မ်ားလာတာေၾကာင့္ ရံုးတက္ရံုးဆင္းခ်ိန္ေတြမွာ ဒီညႊန္ၾကားခ်က္ကို လိုက္နာဖို႔အခက္အခဲ ရွိေနတဲ့အေၾကာင္းကို ေဒါက္တာေမာင္ေအာင္က အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ဘက္က လုပ္ႏိုင္တာေတြက ဒရုိက္ဘာေတြ ကားသန္႔ရွင္းေရးလုပ္တာတို႔ ဒီဒရုိက္ဘာေတြရဲ႕ ျပဳမူေဆာင္ရြက္ခ်က္ေတြကုိေတာ့ ဘာလုပ္ရမယ္ဆုိတာ က်ေနာ္တို႔ကညႊန္ၾကားလုိ႔ရတာေပါ့။ ဒါေပမဲ့ တဘက္ကခရီးသည္ကို လုိက္နာဖုိ႔က်ေတာ့ ေမတၱာရပ္ခံတဲ့သေဘာပဲေပါ့ေနာ္ လုပ္ေတာ့လုပ္တယ္။ ဒါေပမဲ့ ေျပာခ်င္တာကေတာ့ ေန႔ခင္းပိုင္းက်ရင္ေတာ့ အဲဒီဟာကျဖစ္ပါတယ္။ ဒါေပမဲ့ မနက္ပုိင္းတို႔ ညေနပိုင္းတို႔က်ေတာ့ နည္းနည္းေလးခက္တယ္ေပါ့။”

ျပည္တြင္းမွာ ကိုဗစ္ေရာဂါမျဖစ္ခင္ကာလတုန္းက ရန္ကုန္တုိင္းမွာ ခရီးသည္ ၁၈ သိန္းေလာက္ဟာ YBS ယာဥ္လိုင္းေတြကုိ ေန႔စဥ္အသံုးျပဳေနၾကတာပါ။ ဒါေပမဲ့ ကုိဗစ္ေရာဂါကူးစက္ခံရမႈ အမ်ားဆံုးျဖစ္တဲ့ ရန္ကုန္တုိင္းမွာ တေန႔ကို ခရီးသည္ ၃၀၀,၀၀၀ နီးပါးေလာက္သာ အခုကာလမွာ စီးနင္းလုိက္ပါသူရွိေတာ့တယ္လို႔ YRTA ရဲ႕စာရင္းေတြအရ သိရပါတယ္။

ေတာင္ဥကၠလာမွာေနထုိင္တဲ့ ကုိဘုိဘုိကလည္း အခုကာလမွာ YBS စီးေနတဲ့ သူ႔ရဲ႕အေတြ႕အၾကံဳကို အခုလိုေျပာပါတယ္။

“ခံုေတြျခားတာတုိ႔ အမွားျခစ္ေတြ ျခစ္ထားေတာ့ လိုက္နာရတယ္။ လိုက္နာရတယ္ဆုိတာက သူကအဲဒီအလယ္ေခါင္မွာ အမွားျခစ္ထားေတာ့ သူတုိ႔ရွိန္ၿပီးေတာ့ ခ်ဲစီးတယ္။ လူေတြကေတာ့ အခုဟာက ကိုဗစ္ကိုသိပ္ၿပီးေတာ့ ဂရုမစုိက္ႏုိင္ေတာ့ဘူး။ စားဝတ္ေနေရးကို ျပန္ၿပီးေတာ့လံုးပမ္းေနတဲ့ပံုေပါက္ေတာ့ စီးေနၾကတာပဲ။”

သႀကၤန္ကာလတုန္းက ခရီးသည္နည္းတာေၾကာင့္ ဗဟုိေကာ္မတီရဲ႕ ညႊန္ၾကားခ်က္အတုိင္း ေဆာင္ရြက္ဖို႔လြယ္ကူၿပီး ယာဥ္လိုင္း တခုကို တနာရီျခား တစီးႏႈန္းနဲ႔ ေျပးဆြဲခဲ့ေပမဲ့ ၂၀ ရက္ ေနာက္ပုိင္းကစၿပီး ၁၅ မိနစ္ျခား တစီးႏႈန္းနဲ႔ ေျပာင္းလဲေျပးဆြဲခဲ့ၾကတာပါ။

ဗဟုိေကာ္မတီရဲ႕ညႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔အတြက္ ဘတ္ဂ်က္သံုးစြဲရတာရွိတာေၾကာင့္ တခ်ိဳ႕ယာဥ္လိုင္းေတြမွာ ေငြေၾကးစုိက္ထုတ္သံုးစြဲဖို႔ အခက္အခဲရွိတယ္လို႔ သိရပါတယ္။ ဒီအခက္အခဲေတြကို ကုိဗစ္ဗဟိုေကာ္မတီနဲ႔ သက္ဆိုင္ရာဌာနေတြက ကူညီေပးေစခ်င္တယ္လို႔ Power Eleven ယာဥ္လိုင္းက တာဝန္ရွိသူ ကိုတရုတ္ေလးက ေျပာပါတယ္။

“သူတုိ႔မွာ ဒီကေန႔ ဒီကားေတြကုိဆြဲတယ္ဆုိတာက ဆီဖိုးေတာင္ျပန္မရတဲ့အခါက်ေတာ့ ဒီလုပ္ငန္းေတြကုိ ဒီကာလအတြင္းမွာလည္ပတ္ႏိုင္ဖို႔ ခက္ခဲသလို အဲဒီသတ္မွတ္ခ်က္ေတြနဲ႔ညီညြတ္ေအာင္ ဆြဲဖုိ႔ဆုိတာလည္း အင္မတန္ခက္ခဲတယ္။ သတ္မွတ္ခ်က္ေတြနဲ႔ မညီညြတ္ရင္လည္း ေရာဂါျပန္႔ပြားမွာစိုးရိမ္ရသလို တဘက္မွာ ကူးစက္ေရာဂါကာကြယ္ေရးနည္းဥပေဒနဲ႔ အေရးယူမယ္ဆုိရင္လည္း ဒါေတြကေတာ္ေတာ္ေလး စုိးရိမ္ဖြယ္ရာရွိတယ္ေပါ့ေနာ္။ အဲဒါေၾကာင့္မုိ႔ ဒီကာလမွာ ဒီခရီးသည္တင္ယာဥ္လုိင္းေတြကုိ ေထာက္ပံ့ေပးေစခ်င္တယ္။”

Power Eleven ကုမၸဏီကေျပးဆြဲတဲ့ ယာဥ္လုိင္းအပါအဝင္ တခ်ိဳ႕ YBS ကားေတြမွာ ညႊန္ၾကားခ်က္ေတြကို လုိက္နာေနေပမဲ့ ခရီးသည္ေတြတုိုးလာခဲ့ရင္ သတ္မွတ္ခ်က္အတုိင္း ေဆာင္ရြက္ေပးဖုိ႔ မလြယ္ေတာ့ဘူးလို႔ ကိုတရုတ္ေလးက ဆက္ေျပာပါတယ္။

“အကယ္၍ ခရီးသည္ေတြသာတုိးလာမယ္ဆုိရင္ ညႊန္ၾကားသတ္မွတ္ခ်က္အတုိင္း ဆြဲဖုိ႔ကမလြယ္ဘူး။ သတ္မွတ္ခ်က္နဲ႔ညီေအာင္ ဆြဲဖို႔ဆုိတာက စက္သံုးဆီေထာက္ပံ့ေပးမွပဲျဖစ္မွာ။ ဒီကေန႔ကာလမွာ ညႊန္ၾကားခ်က္နဲ႔အညီဆြဲတယ္ဆုိတာက ယာဥ္လိုင္းအနည္းစုေလာက္ပဲ ဆြဲႏုိင္တယ္။ ယာဥ္လုိင္းေတာ္ေတာ္မ်ားမ်ားက ဒါကိုမဆြဲႏုိင္ဘူး။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ ေန႔လည္ထုတ္ျပန္ၿပီးခ်ိန္အထိဆုိ ကိုဗစ္လူနာေပါင္း ၁၅၀ ရွိခဲ့ၿပီး အဲဒီထဲက ေသဆံုးသူ ၆ ဦးနဲ႔ ေရာဂါေပ်ာက္ကင္းသူ ၂၃ ဦးအထိရွိထားၿပီျဖစ္ပါတယ္။

ကိုဗစ္ေရာဂါနဲ႔ပတ္သက္ၿပီး ဗဟုိေကာ္မတီကထုတ္ျပန္ထားတဲ့ ညႊန္ၾကားခ်က္ေတြကို ဧၿပီလ ၃၀ ကေန ေမလ ၁၅ရက္ေန႔အထိ တုိးျမွင့္သတ္မွတ္ဖို႔ ျပည္ေထာင္စုအစုိးရက ေၾကညာခဲ့ေပမယ့္ အဲဒီထဲမွာ ရံုးေတြျပန္ဖြင့္၊ မဖြင့္ဆုိတဲ့ သတ္မွတ္ခ်က္ကိုေတာ့ ညႊန္ၾကားထားတာမရွိပါဘူး။

အဲဒါေၾကာင့္ ေရာဂါကူးစက္သူဦးေရ အမ်ားဆံုးရွိေနတဲ့ ရန္ကုန္တုိင္းေဒသႀကီးမွာ လာမယ့္အပတ္ကစၿပီး ရံုးေတြျပန္ဖြင့္ႏုိင္ဖြယ္ရွိတာေၾကာင့္ အမ်ားသံုးခရီးသည္တင္ ယာဥ္အသံုးျပဳသူေတြဟာ ဒီအေျခအေနမွာ ကိုဗစ္ေရာဂါကူးစက္မႈ မရွိေစဖုိ႔ကို အမ်ားကလုိလားေနၾကတာပါ။

➣ စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------
[Unicode Version]

YBS မော်တော်ယာဉ်တွေ COVID-19 ကာကွယ်ရေး အခက်ကြုံ

ရန်ကုန်တိုင်းက YBS ခရီးသည်တင်မော်တော်ယာဉ်တွေမှာ COVID-19 ရောဂါပိုးကာကွယ်ရေးညွှန်ကြားချက်အတိုင်း ဆောင်ရွက်ဖို့ အခက်အခဲဖြစ်နေတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပါမယ်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ချမှတ်ထားတဲ့ ကိုဗစ်ကာလအတွင်း ခရီးသည်တင် YBS ယာဉ်လိုင်းတွေ လိုက်နာရမယ့်ညွှန်ကြားချက်တွေကို ဆောင်ရွက်ရာမှာ အခက်အခဲရှိနေပါတယ်။ ရုံးတွေပြန်ဖွင့်တော့မယ့် ကာလမှာ ခရီးသည်တွေ တိုးလာနိုင်ပေမယ့် ယာဉ်လိုင်းအားလုံး အစီးရေ လုံလုံလောက်လောက်ပြေးဆွဲနိုင်ဖို့ အခက်ကြုံနေရပြန်ပါတယ်။

ကိုဗစ်ကာလအတွင်း ခရီးသည်တင်ယာဉ်တစီးမှာ လူဦးရေ ၂၄ ဦးသာ တင်ဆောင်ပြီး ခရီးသည်တိုင်း Mask တပ်ဖို့နဲ့ လက်သန့်ဆေးရည်သုံးဖို့အတွက် ကိုဗစ်ဗဟိုကော်မတီက YBS ယာဉ်လိုင်းတွေကို ညွှန်ကြားထားတာပါ။ အဲဒီညွှန်ကြားချက်ကို ဧပြီလ ၁၅ ရက်နေ့ကစပြီး ယာဉ်လိုင်းတချို့ လိုက်နာခဲ့ကြပေမဲ့ တချို့ယာဉ်လိုင်းတွေမှာတော့ အခက်အခဲတွေ ရှိတာကြောင့် ပြေးဆွဲတဲ့အစီးရေလျှော့ချတာအပါအဝင် ညွှန်ကြားချက်တွေအတိုင်း မဆောင်ရွက်နိုင်တာတွေလည်း ရှိနေပါတယ်။

ခရီးသည်တွေကို တဦးနဲ့ တဦး ကွာဝေးစေဖို့အတွက် ဘတ်စ်ကားတွေပေါ်မှာ ခုံတွေကိုတခုံခြားစီသာ ထိုင်ဖို့ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ကိုဗစ်ရောဂါကပ်ဘေးကာလမှာ ခရီးသည်တင်ယာဉ်လိုင်းတွေ မဖြစ်မနေပြေးဆွဲပေးနေရတဲ့အခြေအနေကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ဝင် ဒေါက်တာမောင်အောင်က VOA ကိုပြောပါတယ်။

“အများပြည်သူသယ်ယူ ပို့ဆောင်ရေးဆိုတာကတော့ ဒါဘယ်နိုင်ငံပဲဖြစ်ဖြစ် အရမ်းပဲအရေးကြီးတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုရင် ဒီအချိန်မှာ တကယ့်လိုအပ်တဲ့နေရာကို လိုအပ်တဲ့လူတွေ ကုန်တွေပို့ဖို့ဆိုတာ ဒါရှိကိုရှိရမယ်။ ဒီဟာမရှိလို့ကိုမရတဲ့အတွက် ဒါကျနော်တို့လည်း အဲလိုခံယူပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့အပိုင်းကတော့ ဒါအပေါ်ကတောင်းဆိုလာရင် တကယ့်အရေးပေါ်ကိစ္စဆိုရင်လည်း မဖြစ်ဖြစ်အောင် ကျနော်တို့ကသွားလာရေးအတွက်က စီစဉ်ပေးနေတယ်ဆိုတာကို သိစေချင်ပါတယ်ခင်ဗျ။”

ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်တွေကိုလိုက်နာဖို့အတွက် ဆောင်ရွက်ထားပေမယ့် လက်ရှိအချိန်မှာ ယာဉ်အစီးရေပြေးဆွဲတာ နည်းနေသလို ခရီးသည်အနည်းငယ်များလာတာကြောင့် ရုံးတက်ရုံးဆင်းချိန်တွေမှာ ဒီညွှန်ကြားချက်ကို လိုက်နာဖို့အခက်အခဲ ရှိနေတဲ့အကြောင်းကို ဒေါက်တာမောင်အောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ဘက်က လုပ်နိုင်တာတွေက ဒရိုက်ဘာတွေ ကားသန့်ရှင်းရေးလုပ်တာတို့ ဒီဒရိုက်ဘာတွေရဲ့ ပြုမူဆောင်ရွက်ချက်တွေကိုတော့ ဘာလုပ်ရမယ်ဆိုတာ ကျနော်တို့ကညွှန်ကြားလို့ရတာပေါ့။ ဒါပေမဲ့ တဘက်ကခရီးသည်ကို လိုက်နာဖို့ကျတော့ မေတ္တာရပ်ခံတဲ့သဘောပဲပေါ့နော် လုပ်တော့လုပ်တယ်။ ဒါပေမဲ့ ပြောချင်တာကတော့ နေ့ခင်းပိုင်းကျရင်တော့ အဲဒီဟာကဖြစ်ပါတယ်။ ဒါပေမယ့် မနက်ပိုင်းတို့ ညနေပိုင်းတို့ကျတော့ နည်းနည်းလေးခက်တယ်ပေါ့။”

ပြည်တွင်းမှာ ကိုဗစ်ရောဂါမဖြစ်ခင်ကာလတုန်းက ရန်ကုန်တိုင်းမှာ ခရီးသည် ၁၈ သိန်းလောက်ဟာ YBS ယာဉ်လိုင်းတွေကို နေ့စဉ်အသုံးပြုနေကြတာပါ။ ဒါပေမဲ့ ကိုဗစ်ရောဂါကူးစက်ခံရမှု အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာ တနေ့ကို ခရီးသည် ၃၀၀,၀၀၀ နီးပါးလောက်သာ အခုကာလမှာ စီးနင်းလိုက်ပါသူရှိတော့တယ်လို့ YRTA ရဲ့စာရင်းတွေအရ သိရပါတယ်။

တောင်ဥက္ကလာမှာနေထိုင်တဲ့ ကိုဘိုဘိုကလည်း အခုကာလမှာ YBS စီးနေတဲ့ သူ့ရဲ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

“ခုံတွေခြားတာတို့ အမှားခြစ်တွေ ခြစ်ထားတော့ လိုက်နာရတယ်။ လိုက်နာရတယ်ဆိုတာက သူကအဲဒီအလယ်ခေါင်မှာ အမှားခြစ်ထားတော့ သူတို့ရှိန်ပြီးတော့ ချဲစီးတယ်။ လူတွေကတော့ အခုဟာက ကိုဗစ်ကိုသိပ်ပြီးတော့ ဂရုမစိုက်နိုင်တော့ဘူး။ စားဝတ်နေရေးကို ပြန်ပြီးတော့လုံးပမ်းနေတဲ့ပုံပေါက်တော့ စီးနေကြတာပဲ။”

သင်္ကြန်ကာလတုန်းက ခရီးသည်နည်းတာကြောင့် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ဖို့လွယ်ကူပြီး ယာဉ်လိုင်း တခုကို တနာရီခြား တစီးနှုန်းနဲ့ ပြေးဆွဲခဲ့ပေမဲ့ ၂၀ ရက် နောက်ပိုင်းကစပြီး ၁၅ မိနစ်ခြား တစီးနှုန်းနဲ့ ပြောင်းလဲပြေးဆွဲခဲ့ကြတာပါ။

ဗဟိုကော်မတီရဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့အတွက် ဘတ်ဂျက်သုံးစွဲရတာရှိတာကြောင့် တချို့ယာဉ်လိုင်းတွေမှာ ငွေကြေးစိုက်ထုတ်သုံးစွဲဖို့ အခက်အခဲရှိတယ်လို့ သိရပါတယ်။ ဒီအခက်အခဲတွေကို ကိုဗစ်ဗဟိုကော်မတီနဲ့ သက်ဆိုင်ရာဌာနတွေက ကူညီပေးစေချင်တယ်လို့ Power Eleven ယာဉ်လိုင်းက တာဝန်ရှိသူ ကိုတရုတ်လေးက ပြောပါတယ်။

“သူတို့မှာ ဒီကနေ့ ဒီကားတွေကိုဆွဲတယ်ဆိုတာက ဆီဖိုးတောင်ပြန်မရတဲ့အခါကျတော့ ဒီလုပ်ငန်းတွေကို ဒီကာလအတွင်းမှာလည်ပတ်နိုင်ဖို့ ခက်ခဲသလို အဲဒီသတ်မှတ်ချက်တွေနဲ့ညီညွတ်အောင် ဆွဲဖို့ဆိုတာလည်း အင်မတန်ခက်ခဲတယ်။ သတ်မှတ်ချက်တွေနဲ့ မညီညွတ်ရင်လည်း ရောဂါပြန့်ပွားမှာစိုးရိမ်ရသလို တဘက်မှာ ကူးစက်ရောဂါကာကွယ်ရေးနည်းဥပဒေနဲ့ အရေးယူမယ်ဆိုရင်လည်း ဒါတွေကတော်တော်လေး စိုးရိမ်ဖွယ်ရာရှိတယ်ပေါ့နော်။ အဲဒါကြောင့်မို့ ဒီကာလမှာ ဒီခရီးသည်တင်ယာဉ်လိုင်းတွေကို ထောက်ပံ့ပေးစေချင်တယ်။”

Power Eleven ကုမ္ပဏီကပြေးဆွဲတဲ့ ယာဉ်လိုင်းအပါအဝင် တချို့ YBS ကားတွေမှာ ညွှန်ကြားချက်တွေကို လိုက်နာနေပေမဲ့ ခရီးသည်တွေတိုးလာခဲ့ရင် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပေးဖို့ မလွယ်တော့ဘူးလို့ ကိုတရုတ်လေးက ဆက်ပြောပါတယ်။

“အကယ်၍ ခရီးသည်တွေသာတိုးလာမယ်ဆိုရင် ညွှန်ကြားသတ်မှတ်ချက်အတိုင်း ဆွဲဖို့ကမလွယ်ဘူး။ သတ်မှတ်ချက်နဲ့ညီအောင် ဆွဲဖို့ဆိုတာက စက်သုံးဆီထောက်ပံ့ပေးမှပဲဖြစ်မှာ။ ဒီကနေ့ကာလမှာ ညွှန်ကြားချက်နဲ့အညီဆွဲတယ်ဆိုတာက ယာဉ်လိုင်းအနည်းစုလောက်ပဲ ဆွဲနိုင်တယ်။ ယာဉ်လိုင်းတော်တော်များများက ဒါကိုမဆွဲနိုင်ဘူး။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ နေ့လည်ထုတ်ပြန်ပြီးချိန်အထိဆို ကိုဗစ်လူနာပေါင်း ၁၅၀ ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပျောက်ကင်းသူ ၂၃ ဦးအထိရှိထားပြီဖြစ်ပါတယ်။

ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ဗဟိုကော်မတီကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ဧပြီလ ၃၀ ကနေ မေလ ၁၅ရ က်နေ့အထိ တိုးမြှင့်သတ်မှတ်ဖို့ ပြည်ထောင်စုအစိုးရက ကြေညာခဲ့ပေမယ့် အဲဒီထဲမှာ ရုံးတွေပြန်ဖွင့်၊ မဖွင့်ဆိုတဲ့ သတ်မှတ်ချက်ကိုတော့ ညွှန်ကြားထားတာမရှိပါဘူး။

အဲဒါကြောင့် ရောဂါကူးစက်သူဦးရေ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ လာမယ့်အပတ်ကစပြီး ရုံးတွေပြန်ဖွင့်နိုင်ဖွယ်ရှိတာကြောင့် အများသုံးခရီးသည်တင် ယာဉ်အသုံးပြုသူတွေဟာ ဒီအခြေအနေမှာ ကိုဗစ်ရောဂါကူးစက်မှု မရှိစေဖို့ကို အများကလိုလားနေကြတာပါ။

➣ စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-ybs-covid/5397089.html
YBS ေမာ္ေတာ္ယာဥ္ေတြ COVID-19 ကာကြယ္ေရး အခက္ၾကံဳ YBS ေမာ္ေတာ္ယာဥ္ေတြ COVID-19 ကာကြယ္ေရး အခက္ၾကံဳ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.