WHO အတြက္ရန္ပံုေငြ ရပ္ဆိုင္းတဲ့အေပၚ အေမရိကန္ ေဝဖန္ခံရ


(Zawgyi/Unicode)

ကမာၻတ၀ွမ္း ကုိ႐ုိနာဗုိင္းရပ္စ္ ကပ္ေရာဂါနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) အတြက္ ရန္ပုံေငြေတြကုိ ဆုိင္းငံ့ထားဖုိ႔ သမၼတ Donald Trump ဆုံးျဖတ္ခ်က္ဟာ ႏုိင္ငံအားလုံးကုိ ထိခုိက္ႏုိင္ေၾကာင္း တ႐ုတ္ႏုိင္ငံက ဒီကေန႔ပဲ တုံ႔ျပန္လုိက္ပါတယ္။

တ႐ုတ္ႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ စတင္ကူးစက္မႈေတြကုိ WHO က က်က်နန စုံစမ္းစစ္ေဆးတာေတြ မလုပ္ခဲ့ဘူးဆုိၿပီး အေထာက္အပံ့ေတြ ျဖတ္ေတာက္မယ့္အေၾကာင္း သမၼတ Trump မေန႔က ေၾကညာလုိက္တဲ့အေပၚ တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက တုံ႔ျပန္လုိက္တာပါ။

ဂ်ာမနီႏုိင္ငံျခားေရး၀န္ႀကီး Heiko Maas ကလည္း အျပစ္ဖုိ႔ေနတာဟာ အေထာက္အကူ မျဖစ္ဘူးဆုိၿပီး ဒီကေန႔ပဲ WHO ဘက္ကေန ကာကြယ္ေျပာဆုိလုိက္ပါတယ္။ COVID-19 ေရာဂါကုိ အတူလက္တဲြၿပီး ရင္ဆုိင္ရမွာျဖစ္ၿပီး ေရာဂါစမ္းသပ္ပစၥည္းနဲ႔ ကာကြယ္ေဆး ထုတ္လုပ္ျဖန္႔ျဖဴးမႈေတြအတြက္ ကုလသမဂၢ အထူးသျဖင့္ WHO ကုိ ေထာက္ပံ့ကူညီတာကသာ အေကာင္းဆုံး နည္းလမ္းျဖစ္ေၾကာင္းလည္း Twitter လူမႈကြန္ရက္မွာ မွတ္ခ်က္ေပးခဲ့တာပါ။

လတ္တေလာ ကမာၻတ၀ွမ္းမွာ ဗုိင္းရပ္စ္ကူးစက္သူ ၂,၀၀၀,၀၀၀ နီးပါး အတည္ျပဳထားေပမဲ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာ စမ္းသပ္စစ္ေဆးဖုိ႔ အခက္အခဲေတြ ရွိေနဆဲ ျဖစ္တဲ့အတြက္ လက္ေတြ႔အေျခအေနမွာ ကူးစက္သူ အေရအတြက္ ပုိမ်ားႏုိင္တယ္လုိ႔လည္း ကၽြမ္းက်င္သူေတြ ခန္႔မွန္းထားၾကပါတယ္။

အေမရိကန္ျပည္ေထာင္စုက Johns Hopkins တကၠသုိလ္က ဗုဒၶဟူးေန႔အေစာပုိင္း ထုတ္ျပန္ထားတဲ့ ကိန္းဂဏန္းေတြအရ ကမာၻတ၀ွမ္း ေသဆုံးသူ အေရအတြက္ဟာလည္း ၁၂၆,၀၀၀ ေက်ာ္ရွိေနပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------

[Unicode Version]

WHO အတွက်ရန်ပုံငွေ ရပ်ဆိုင်းတဲ့အပေါ် အမေရိကန် ဝေဖန်ခံရ

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အတွက် ရန်ပုံငွေတွေကို ဆိုင်းငံ့ထားဖို့ သမ္မတ Donald Trump ဆုံးဖြတ်ချက်ဟာ နိုင်ငံအားလုံးကို ထိခိုက်နိုင်ကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲ တုံ့ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်မှုတွေကို WHO က ကျကျနန စုံစမ်းစစ်ဆေးတာတွေ မလုပ်ခဲ့ဘူးဆိုပြီး အထောက်အပံ့တွေ ဖြတ်တောက်မယ့်အကြောင်း သမ္မတ Trump မနေ့က ကြေညာလိုက်တဲ့အပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်လိုက်တာပါ။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas ကလည်း အပြစ်ဖို့နေတာဟာ အထောက်အကူ မဖြစ်ဘူးဆိုပြီး ဒီကနေ့ပဲ WHO ဘက်ကနေ ကာကွယ်ပြောဆိုလိုက်ပါတယ်။ COVID-19 ရောဂါကို အတူလက်တွဲပြီး ရင်ဆိုင်ရမှာဖြစ်ပြီး ရောဂါစမ်းသပ်ပစ္စည်းနဲ့ ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဖြူးမှုတွေအတွက် ကုလသမဂ္ဂ အထူးသဖြင့် WHO ကို ထောက်ပံ့ကူညီတာကသာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်းလည်း Twitter လူမှုကွန်ရက်မှာ မှတ်ချက်ပေးခဲ့တာပါ။

လတ်တလော ကမ္ဘာတဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်သူ ၂,၀၀၀,၀၀၀ နီးပါး အတည်ပြုထားပေမဲ့ နေရာတော်တော်များများမှာ စမ်းသပ်စစ်ဆေးဖို့ အခက်အခဲတွေ ရှိနေဆဲ ဖြစ်တဲ့အတွက် လက်တွေ့အခြေအနေမှာ ကူးစက်သူ အရေအတွက် ပိုများနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေ ခန့်မှန်းထားကြပါတယ်။

အမေရိကန်ပြည်ထောင်စုက Johns Hopkins တက္ကသိုလ်က ဗုဒ္ဓဟူးနေ့အစောပိုင်း ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာတဝှမ်း သေဆုံးသူ အရေအတွက်ဟာလည်း ၁၂၆,၀၀၀ ကျော်ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-main/5372687.html
WHO အတြက္ရန္ပံုေငြ ရပ္ဆိုင္းတဲ့အေပၚ အေမရိကန္ ေဝဖန္ခံရ WHO အတြက္ရန္ပံုေငြ ရပ္ဆိုင္းတဲ့အေပၚ အေမရိကန္ ေဝဖန္ခံရ Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.